fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အသည်းရောင် အသားဝါ ဘီပိုး

137
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/04/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

ေမာင္ႏိုင္တစ္ေယာက္ အလုပ္က အျပန္ သူငယ္ခ်င္းမ်ားႏွင့္ လက္ဖက္ရည္ဆိုင္ထိုင္ေနရင္ းဖုန္း ဝင္လာသည္။  သူငယ္ခ်င္းေဇာ္ႀကီး တစ္ေယာက္ ဆိုက္ကယ္ေမွာက္သျဖင့္ ေဆး႐ုံသို႔ေရာက္ေနသည္။ မိသားစု ဝင္မ်ားက ေမာင္ႏိုင္တို႔ကို အားကိုးသႀကီးဖုန္းလွမ္းဆက္ျခင္းျဖစ္သည္။ ေဆး႐ုံသို႔ အေျပးအလြား ေမာင္ႏိုင္တို႔လူစု ေျပးၾကသည္။  ေဇာ္ႀကီးကား အေရးေပၚခြဲခန္းသို႔ဝင္ရမည္ျဖစ္ေသာ    ေၾကာင့္  ေသြးလိုသည္ဟု ဆရာဝန္ေတြက ေျပာေနသည္။ ေမာင္ႏိုင္တစ္ေယာက္ လိုအပ္ေသာ ေသြးကို သူငယ္ခ်င္းအားလႉရန္ဆုံးျဖတ္လိုက္သည္။ ေသြးလႉရန္အတြက္ ေသြးသြားစစ္ရသည္။

မိနစ္၃၀ ေလာက္ေနရင္ အေျဖသိရမည္ဟုေျပာသျဖင့္ ေမာင္ႏိုင္တစ္ေယာက္ ေသြးအေျဖကိုေစာင့္ေနလိုက္သည္။ ေမာင္ႏိုင္တြင္ HIV ပိုး၊ အသည္းေရာင္ အသားဝါ B ပိုး ၊ C ပိုးရွိမရွိႏွင့္ ကာလသားေရာဂါရွိမရွိကို အရင္စစ္ေဆးၾကည့္သည္။ ေရာဂါကင္းရွင္းလွ်င္ ေသြးလႉလို႔ရမည္ဟုေျပာသည္။ ေမာင္ႏိုင္တစ္ေယာက္ ကိုယ့္ဘာသာယုံၾကည္ခ်က္ရွိသည္။ မိမိသည္ မိန္းမကိစၥ ကင္းရွင္းေသာေၾကာင့္ ဒီလိုမ်ိဳးေရာဂါေတြ မရွိႏိုင္လို႔ ထင္ေနသည္။ အေျဖကားထြက္လာၿပီ။ ေမာင္ႏိုင္တစ္ေယာက္ ေသြးလႉလို႔မရပါ။ ေမာင္ႏိုင္တြင္ အသည္းေရာင္ အသားဝါ ဘီပိုးရွိေနသည္။ ေမာင္ႏိုင္တစ္ေယာက္ ေသြး အေျဖကို မယုံၾကည္ႏိုင္သလိုျဖစ္ရသည္။ ဘာေၾကာင့္ မိမိတြင္ အသည္းေရာင္အသားဝါ ဘီပိုးရွိေနသည္ကို မခန႔္မွန္းတတ္ဖူးျဖစ္ေနသည္။သူငယ္ခ်င္းျဖစ္သူအတြက္ တျခားလူ၏ ေသြးရွာေပးခဲ့ၿပီး အိမ္သို႔ ျပန္လာခဲ့သည္။ အေျဖမ်ားမွားေနသလားလို႔လဲ စဥ္းစားခန္းဖြင့္ေနမိသည္။ ညသန္းေခါင္ေက်ာ္သည္အထိ အေတြးမ်ားေနၿပီး အိပ္မေပ်ာ္မိ။

ေနာက္တစ္ေန႔မနက္ေစာေစာ ႏိုးေနသည္။ မနက္စာထမင္းေတာင္ မစားႏိုင္ပဲေမာင္ႏိုင္တစ္ေယာက္သူငယ္ခ်င္း ဆရာဝန္တစ္ေယာက္ထံသို႔ သြား၍ အသည္းေရာင္အသားဝါဘီပိုး ကို ေနာက္တစ္ႀကိမ္ ထပ္စစ္မည္ဟု ဆုံးျဖတ္လိုက္သည္။ သူငယ္ခ်င္းအား အက်ိဳးအေၾကာင္းကို ေသေသခ်ာခ်ာ ရွင္းျပလိုက္သည္။ ေနာက္တစ္ခါ ထပ္စစ္ၾကည့္ခ်င္သည္ဟုလည္း ေတာင္းဆိုလိုက္သည္။ ေနာက္တစ္ႀကိမ္ ထပ္စစ္ေဆးသည္။ အသည္းေရာင္အသားဝါ ဘီပိုးရွိေနသည္ဟုပဲ ျပေနသည္။ ေမာင္ႏိုင္တစ္ေယာက္ စိတ္ဓာတ္က်သြားသည္။ ကူးစက္ပုံနည္းလမ္းမ်ားကို ေနာက္တစ္ႀကီမ္ထပ္ေမးသည္။ သူသိသည္မ်ားကိုလည္း ေျပာျပေနသည္။

” ငါသိထားတဲ့ ဘီပိုးကူးစက္ပုံ က ကိုယ္ဝန္ေဆာင္မိခင္ကေန ကေလးကို ကူးစက္မယ္။ ဒါကေတာ့ ငါ့မွာမျဖစ္ႏိုင္ဘူး။ ဟိုးအရင္တုန္းက ေဆးစစ္တုန္းက ငါ့မွာ အသည္းေရာင္အသားဝါ ဘီပိုးမရွိဘူး။ ေရာဂါရွိတဲ့သူနဲ႔ အေဖာ္မပါပဲ လိင္ဆက္ဆံမိရင္ကူးစက္မယ္။ ငါ့အခုအခ်ိန္ထိ အေဖာ္မပါပဲ လိင္မဆက္ဆံဖူးဘူး။ ေရာဂါပိုးရွိသူနဲ႔ ေဆးထိုးအပ္တစ္ေခ်ာင္းထဲကို အတူတူ သုံးမိရင္ ကူးစက္ႏိုင္တယ္။ အမ်ားဆုံးက မူးယစ္ေဆး သုံးစြဲတဲ့သူေတြမွာေပါ့။ ငါက ေဆးထိုးရမွာနည္းနည္းေၾကာက္ေတာ့ ေဆးလုံးဝမထိုးဘူး သူငယ္ခ်င္း။ ငါ့ရဲ႕အသည္းေရာင္ အသားဝါ ဘီပိုးဟာ ဘယ္ကေနကူးစက္လာတယ္လို႔မင္းထင္လဲ။ ငါမစဥ္းစားတတ္ေအာင္ပဲကြာ” ေမာင္ႏိုင္တစ္ေယာက္ မ်က္ႏွာေပၚရွိ ေခြၽးမ်ားကို လက္ကိုင္ပဝါႏွင့္ သုတ္ရင္း သူသိသည္မ်ားကို ရွင္းျပလိုက္သည္။
“မင္းက အျဖစ္မ်ားတာကိုပဲ သိေနတာကိုး။တစ္ျခား အသည္းေရာင္အသားဝါ ဘီပိုး ကူးစက္တဲ့နည္းေတြ ရွိေသးတယ္ေလ။ေရာဂါပိုးပါတဲ့ အပ္နဲ႔ တက္တူးထိုးတာ၊ အပ္စိုက္ကုသတာ၊ နားေပါက္ေဖာက္တာေတြေၾကာင့္လည္း ျဖစ္တတ္တယ္။ မင္းအခုလက္မွာထိုးထားတဲ့ တက္တူးက ဘယ္မွာထိုးလာတာလဲ။ ထိုးတဲ့အခ်ိန္မွာ သုံးတဲ့ ပစၥည္းေတြကေရာ သန႔္ရဲ႕လား။ တစ္ခါသုံးေတြေရာ ဟုတ္ရဲ႕လား။ ”

ေမာင္ႏိုင္တစ္ေယာက္ လက္ဖ်ံေပၚတြင္ ရွိေနေသာ တက္တူးေလးကို ၾကည့္ရင္း ငိုင္သြားမိသည္။ ခ်စ္သူ၏ နာမည္ကို အမွတ္တရျဖစ္ေအာင္ ထိုးထားျခင္းျဖစ္သည္။ ဒီတက္တူးထိုးတုန္းက တစ္ခါသုံးအပ္ႏွင့္ ပစၥည္းေတြႏွင့္ ထိုးသည္ဟုေတာ့ ထိုးေပးသူကေျပာသည္။ သို႔ေသာ္  တစ္ခါသုံးပစၥည္းမ်ား ဟုတ္မဟုတ္ကိုေတာ့ ေမာင္ႏိုင္တစ္ေယာက္ မသိ။
ခ်စ္သူနာမည္ တက္တူးထိုးမိသည္ကို ေနာင္တရခ်င္သလိုလို ျဖစ္မိသည္။ မိမိတြင္ ရွိေနၿပီဆိုေတာ့ လည္း ေမာင္ႏိုင္တစ္ေယာက္ ဘာတတ္ႏိုင္မည္နည္း။ ေနာက္လူေတြကို မကူးစက္ေအာင္သာ လုပ္ရမည္။
” ငါ့ရည္းစားကို စိုးရိမ္တယ္ကြာ။ သူ႔ကို ကူးစက္မွာ အရမ္းေၾကာက္တယ္။”
“မင္းရည္းစားကို အခုပဲ အသည္းေရာင္အသားဝါ ဘီပိုးရွိမရွိ ေသြးစစ္ခိုင္းလိုက္ပါ။ မရွိဘူးဆိုရင္ သူ႔ကို အသည္းေရာင္အသားဝါ ဘီပိုးကာကြယ္ေဆးထိုးထားလို႔ရတယ္။ ထိုးခိုင္းလိုက္ပါ ”
“ဒါဆို ငါတို႔၂ ေယာက္လက္ထပ္လို႔ရတယ္ေပါ့ေနာ္ ”
“ေအး ရပါတယ္။  ” ေမာင္ႏိုင္မ်က္ႏွာ အနည္းငယ္ ေျပေလ်ာ့သြားသည္။ အနည္းငယ္ စိတ္ ေပါ့ပါးသြားပုံရသည္။

” အခုမွပဲ စိတ္ေအးရေတာ့တယ္။ ငါရည္းစားကို ကူးမွာ အရမ္းစိုးရိမ္တယ္ကြာ။လက္ထပ္လို႔လည္း ရတယ္ေပါ့ေနာ္” ေမာင္ႏိုင္တစ္ေယာက္ စိုးရိမ္စိတ္ႏွင့္ ထပ္ခါတလဲလဲ ေမးေနမိသည္။
“ရပါတယ္ ”
“ေမြးလာတဲ့ ကေလးကိုေရာ ေရာဂါကူးစက္ႏိုင္လား သူငယ္ခ်င္း။ ”  အနာဂတ္အတြက္ ႀကိဳတင္ေတြးပူေနျပန္သည္။
” အေမက ကာကြယ္ေဆးထိုးထားတယ္။ အသည္းေရာင္အသားဝါ ဘီပိုးကာကြယ္ေဆးထိုးထားတယ္ဆိုရင္ ကေလးကို ကူးစရာအေၾကာင္းမရွိပါဘူး။ အခုဆိုရင္ အေမမွာ ဘီပိုးရွိခဲ့တယ္ဆိုရင္ေတာင္  ကေလးကို မကူးစက္ေအာင္ ကေလးေမြးေမြးၿပီးခ်င္း ထိုးရတဲ့ ေခတ္မီ ေဆးဝါးေတြ ေပၚေပါက္ေနပါၿပီ။ ကေလးကို မကူးစက္ေအာင္ ကာကြယ္လို႔ရေနၿပီ”
“ေအးကြာ ေက်းဇူးပါပဲ အခုမွပဲ စိတ္ေအးရေတာ့တယ္။ ” ေမာင္ႏိုင္မ်က္ႏွာေပၚ  အၿပဳံးတစ္ခ်က္ သန္းသြားသည္။
”မင္းမွာ အသည္းေရာင္အသည္းဝါ ဘီပိုးရွိေနၿပီဆိုေတာ့ ဒီေန႔ကစၿပီး အရက္မေသာက္နဲ႔ေတာ့သူငယ္ခ်င္း။ အရက္ က အသည္းကို ထိခိုက္ပ်က္စီးေစတယ္။ ဘီပိုးကလည္း အသည္းကို ပ်က္စီးေစတယ္။ ဒါေၾကာင့္ အသည္းပ်က္စီးေစတဲ့ အေၾကာင္းေတြအားလုံးကို ေရွာင္ရမယ္။ ” သူငယ္ခ်င္းမွ စိုးရိမ္စြာႏွင့္ ေမာင္ႏိုင္ကို ရွင္းျပေနသည္။
“ေအးပါ သူငယ္ခ်င္း။ ငါေရွာင္ပါမယ္။ ဘာေတြ ထပ္ေရွာင္ရမလဲ ေျပာျပပါဦး သူငယ္ခ်င္း “
” အရက္ဘီယာ မေသာက္ရပါဘူး။ င႐ုတ္သီးမႈိတက္ေတြမစားရဘူး။ င႐ုတ္သီးမႈိတက္တာေတြက အျပင္စာေတြမွာ အမ်ားဆုံးပါတတ္တယ္။ အျပင္စာေတြ ကို ျဖစ္ႏိုင္ရင္ မစားရဘူး.။အသည္းကို ထိခိုက္ေစတဲ့ အကိုက္အခဲေပ်ာက္ေဆးေတြကိုလည္း ကိုယ့္သေဘာနဲ႔ကို မေသာက္ရဘူး။ ဆရာဝန္ၫြန္ၾကားမွ   ေသာက္တာ အေကာင္းဆုံးပဲ ”  သူငယ္ခ်င္း ဆရာဝန္မွ စိတ္ရွည္ရွည္ႏွင့္ ရွင္းျပေပးေနသည္။
” ေက်းဇူးပါ သူငယ္ခ်င္းရယ္။ ကုသဖို႔က်ေတာ့ေရာ သူငယ္ခ်င္း”
“ငါ ဆရာတစ္ေယာက္ဆီ စာေရးေပးလိုက္မယ္။ အသည္း အတြက္ လိုအပ္တာေတြ စစ္ေဆးတာ ကုသတာေတြကို ေတာ့ ဆက္လုပ္ရမယ္ ”
“ေအးပါ ငါသြားျပလိုက္ပါမယ္။ ” ေမာင္ႏိုင္တစ္ေယာက္ ေဆးခန္းထဲမွ ျပန္အထြက္တြင္ စိတ္လက္ေပါ့ပါးေနသည္။ ရည္းစားကို မကူးေအာင္ ကာကြယ္လို႔ရသည္။ ေမြးလာမည့္ကေလးမ်ားကို လည္း    ေရာဂါ မကူးစက္ေအာင္ ကာကြယ္လို႔ရၿပီဆိုေတာ့ ေမာင္ႏိုင္တစ္ေယာက္ စိတ္ေအးရေပၿပီ။ သူငယ္ခ်င္းမွာၾကားသည္မ်ားကို ေရွာင္လိုက္လွ်င္ မိမိသည္လည္း လူေကာင္းပကတိအတိုင္း ေနထိုင္ႏိုင္    မည္ျဖစ္သည္။  စိတ္ဓာတ္မက်ႏွင့္လို႔ ကိုယ့္ကိုယ္ ကို အားေပးရင္း အိမ္အျပန္ေျခလွမ္းမ်ားက သြက္လက္ေနသည္။

Author: Dr.ေအးခ်မ္းမိုး

(Unicode)

မောင်နိုင်တစ်ယောက် အလုပ်က အပြန် သူငယ်ချင်းများနှင့် လက်ဖက်ရည်ဆိုင်ထိုင်နေရင် း ဖုန်း ဝင်လာသည်။  သူငယ်ချင်းဇော်ကြီး တစ်ယောက် ဆိုက်ကယ်မှောက်သဖြင့် ဆေးရုံသို့ရောက်နေသည်။ မိသားစု ဝင်များက မောင်နိုင်တို့ကို အားကိုးသကြီးဖုန်းလှမ်းဆက်ခြင်းဖြစ်သည်။ ဆေးရုံသို့ အပြေးအလွား မောင်နိုင်တို့လူစု ပြေးကြသည်။  ဇော်ကြီးကား အရေးပေါ်ခွဲခန်းသို့ဝင်ရမည်ဖြစ်သော    ကြောင့်  သွေးလိုသည်ဟု ဆရာဝန်တွေက ပြောနေသည်။ မောင်နိုင်တစ်ယောက် လိုအပ်သော သွေးကို သူငယ်ချင်းအားလှူရန်ဆုံးဖြတ်လိုက်သည်။ သွေးလှူရန်အတွက် သွေးသွားစစ်ရသည်။

မိနစ်၃၀ လောက်နေရင် အဖြေသိရမည်ဟုပြောသဖြင့် မောင်နိုင်တစ်ယောက် သွေးအဖြေကိုစောင့်နေလိုက်သည်။ မောင်နိုင်တွင် HIV ပိုး၊ အသည်းရောင် အသားဝါ B ပိုး ၊ C ပိုးရှိမရှိနှင့် ကာလသားရောဂါရှိမရှိကို အရင်စစ်ဆေးကြည့်သည်။ ရောဂါကင်းရှင်းလျှင် သွေးလှူလို့ရမည်ဟုပြောသည်။ မောင်နိုင်တစ်ယောက် ကိုယ့်ဘာသာယုံကြည်ချက်ရှိသည်။ မိမိသည် မိန်းမကိစ္စ ကင်းရှင်းသောကြောင့် ဒီလိုမျိုးရောဂါတွေ မရှိနိုင်လို့ ထင်နေသည်။ အဖြေကားထွက်လာပြီ။ မောင်နိုင်တစ်ယောက် သွေးလှူလို့မရပါ။ မောင်နိုင်တွင် အသည်းရောင် အသားဝါ ဘီပိုးရှိနေသည်။ မောင်နိုင်တစ်ယောက် သွေး အဖြေကို မယုံကြည်နိုင်သလိုဖြစ်ရသည်။ ဘာကြောင့် မိမိတွင် အသည်းရောင်အသားဝါ ဘီပိုးရှိနေသည်ကို မခန့်မှန်းတတ်ဖူးဖြစ်နေသည်။သူငယ်ချင်းဖြစ်သူအတွက် တခြားလူ၏ သွေးရှာပေးခဲ့ပြီး အိမ်သို့ ပြန်လာခဲ့သည်။ အဖြေများမှားနေသလားလို့လဲ စဉ်းစားခန်းဖွင့်နေမိသည်။ ညသန်းခေါင်ကျော်သည်အထိ အတွေးများနေပြီး အိပ်မပျော်မိ။

နောက်တစ်နေ့မနက်စောစော နိုးနေသည်။ မနက်စာထမင်းတောင် မစားနိုင်ပဲမောင်နိုင်တစ်ယောက်သူငယ်ချင်း ဆရာဝန်တစ်ယောက်ထံသို့ သွား၍ အသည်းရောင်အသားဝါဘီပိုး ကို နောက်တစ်ကြိမ် ထပ်စစ်မည်ဟု ဆုံးဖြတ်လိုက်သည်။ သူငယ်ချင်းအား အကျိုးအကြောင်းကို သေသေချာချာ ရှင်းပြလိုက်သည်။ နောက်တစ်ခါ ထပ်စစ်ကြည့်ချင်သည်ဟုလည်း တောင်းဆိုလိုက်သည်။ နောက်တစ်ကြိမ် ထပ်စစ်ဆေးသည်။ အသည်းရောင်အသားဝါ ဘီပိုးရှိနေသည်ဟုပဲ ပြနေသည်။ မောင်နိုင်တစ်ယောက် စိတ်ဓာတ်ကျသွားသည်။ ကူးစက်ပုံနည်းလမ်းများကို နောက်တစ်ကြီမ်ထပ်မေးသည်။ သူသိသည်များကိုလည်း ပြောပြနေသည်။

” ငါသိထားတဲ့ ဘီပိုးကူးစက်ပုံ က ကိုယ်ဝန်ဆောင်မိခင်ကနေ ကလေးကို ကူးစက်မယ်။ ဒါကတော့ ငါ့မှာမဖြစ်နိုင်ဘူး။ ဟိုးအရင်တုန်းက ဆေးစစ်တုန်းက ငါ့မှာ အသည်းရောင်အသားဝါ ဘီပိုးမရှိဘူး။ ရောဂါရှိတဲ့သူနဲ့ အဖော်မပါပဲ လိင်ဆက်ဆံမိရင်ကူးစက်မယ်။ ငါ့အခုအချိန်ထိ အဖော်မပါပဲ လိင်မဆက်ဆံဖူးဘူး။ ရောဂါပိုးရှိသူနဲ့ ဆေးထိုးအပ်တစ်ချောင်းထဲကို အတူတူ သုံးမိရင် ကူးစက်နိုင်တယ်။ အများဆုံးက မူးယစ်ဆေး သုံးစွဲတဲ့သူတွေမှာပေါ့။ ငါက ဆေးထိုးရမှာနည်းနည်းကြောက်တော့ ဆေးလုံးဝမထိုးဘူး သူငယ်ချင်း။ ငါ့ရဲ့အသည်းရောင် အသားဝါ ဘီပိုးဟာ ဘယ်ကနေကူးစက်လာတယ်လို့မင်းထင်လဲ။ ငါမစဉ်းစားတတ်အောင်ပဲကွာ” မောင်နိုင်တစ်ယောက် မျက်နှာပေါ်ရှိ ချွေးများကို လက်ကိုင်ပဝါနှင့် သုတ်ရင်း သူသိသည်များကို ရှင်းပြလိုက်သည်။
“မင်းက အဖြစ်များတာကိုပဲ သိနေတာကိုး။တစ်ခြား အသည်းရောင်အသားဝါ ဘီပိုး ကူးစက်တဲ့နည်းတွေ ရှိသေးတယ်လေ။ရောဂါပိုးပါတဲ့ အပ်နဲ့ တက်တူးထိုးတာ၊ အပ်စိုက်ကုသတာ၊ နားပေါက်ဖောက်တာတွေကြောင့်လည်း ဖြစ်တတ်တယ်။ မင်းအခုလက်မှာထိုးထားတဲ့ တက်တူးက ဘယ်မှာထိုးလာတာလဲ။ ထိုးတဲ့အချိန်မှာ သုံးတဲ့ ပစ္စည်းတွေကရော သန့်ရဲ့လား။ တစ်ခါသုံးတွေရော ဟုတ်ရဲ့လား။ ”

မောင်နိုင်တစ်ယောက် လက်ဖျံပေါ်တွင် ရှိနေသော တက်တူးလေးကို ကြည့်ရင်း ငိုင်သွားမိသည်။ ချစ်သူ၏ နာမည်ကို အမှတ်တရဖြစ်အောင် ထိုးထားခြင်းဖြစ်သည်။ ဒီတက်တူးထိုးတုန်းက တစ်ခါသုံးအပ်နှင့် ပစ္စည်းတွေနှင့် ထိုးသည်ဟုတော့ ထိုးပေးသူကပြောသည်။ သို့သော်  တစ်ခါသုံးပစ္စည်းများ ဟုတ်မဟုတ်ကိုတော့ မောင်နိုင်တစ်ယောက် မသိ။
ချစ်သူနာမည် တက်တူးထိုးမိသည်ကို နောင်တရချင်သလိုလို ဖြစ်မိသည်။ မိမိတွင် ရှိနေပြီဆိုတော့ လည်း မောင်နိုင်တစ်ယောက် ဘာတတ်နိုင်မည်နည်း။ နောက်လူတွေကို မကူးစက်အောင်သာ လုပ်ရမည်။
” ငါ့ရည်းစားကို စိုးရိမ်တယ်ကွာ။ သူ့ကို ကူးစက်မှာ အရမ်းကြောက်တယ်။”
“မင်းရည်းစားကို အခုပဲ အသည်းရောင်အသားဝါ ဘီပိုးရှိမရှိ သွေးစစ်ခိုင်းလိုက်ပါ။ မရှိဘူးဆိုရင် သူ့ကို အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးထိုးထားလို့ရတယ်။ ထိုးခိုင်းလိုက်ပါ ”
“ဒါဆို ငါတို့၂ ယောက်လက်ထပ်လို့ရတယ်ပေါ့နော် ”
“အေး ရပါတယ်။  ” မောင်နိုင်မျက်နှာ အနည်းငယ် ပြေလျော့သွားသည်။ အနည်းငယ် စိတ် ပေါ့ပါးသွားပုံရသည်။

” အခုမှပဲ စိတ်အေးရတော့တယ်။ ငါရည်းစားကို ကူးမှာ အရမ်းစိုးရိမ်တယ်ကွာ။လက်ထပ်လို့လည်း ရတယ်ပေါ့နော်” မောင်နိုင်တစ်ယောက် စိုးရိမ်စိတ်နှင့် ထပ်ခါတလဲလဲ မေးနေမိသည်။
“ရပါတယ် ”
“မွေးလာတဲ့ ကလေးကိုရော ရောဂါကူးစက်နိုင်လား သူငယ်ချင်း။ ”  အနာဂတ်အတွက် ကြိုတင်တွေးပူနေပြန်သည်။
” အမေက ကာကွယ်ဆေးထိုးထားတယ်။ အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးထိုးထားတယ်ဆိုရင် ကလေးကို ကူးစရာအကြောင်းမရှိပါဘူး။ အခုဆိုရင် အမေမှာ ဘီပိုးရှိခဲ့တယ်ဆိုရင်တောင်  ကလေးကို မကူးစက်အောင် ကလေးမွေးမွေးပြီးချင်း ထိုးရတဲ့ ခေတ်မီ ဆေးဝါးတွေ ပေါ်ပေါက်နေပါပြီ။ ကလေးကို မကူးစက်အောင် ကာကွယ်လို့ရနေပြီ”
“အေးကွာ ကျေးဇူးပါပဲ အခုမှပဲ စိတ်အေးရတော့တယ်။ ” မောင်နိုင်မျက်နှာပေါ်  အပြုံးတစ်ချက် သန်းသွားသည်။
”မင်းမှာ အသည်းရောင်အသည်းဝါ ဘီပိုးရှိနေပြီဆိုတော့ ဒီနေ့ကစပြီး အရက်မသောက်နဲ့တော့သူငယ်ချင်း။ အရက် က အသည်းကို ထိခိုက်ပျက်စီးစေတယ်။ ဘီပိုးကလည်း အသည်းကို ပျက်စီးစေတယ်။ ဒါကြောင့် အသည်းပျက်စီးစေတဲ့ အကြောင်းတွေအားလုံးကို ရှောင်ရမယ်။ ” သူငယ်ချင်းမှ စိုးရိမ်စွာနှင့် မောင်နိုင်ကို ရှင်းပြနေသည်။
“အေးပါ သူငယ်ချင်း။ ငါရှောင်ပါမယ်။ ဘာတွေ ထပ်ရှောင်ရမလဲ ပြောပြပါဦး သူငယ်ချင်း “
” အရက်ဘီယာ မသောက်ရပါဘူး။ ငရုတ်သီးမှိုတက်တွေမစားရဘူး။ ငရုတ်သီးမှိုတက်တာတွေက အပြင်စာတွေမှာ အများဆုံးပါတတ်တယ်။ အပြင်စာတွေ ကို ဖြစ်နိုင်ရင် မစားရဘူး.။အသည်းကို ထိခိုက်စေတဲ့ အကိုက်အခဲပျောက်ဆေးတွေကိုလည်း ကိုယ့်သဘောနဲ့ကို မသောက်ရဘူး။ ဆရာဝန်ညွန်ကြားမှ   သောက်တာ အကောင်းဆုံးပဲ ”  သူငယ်ချင်း ဆရာဝန်မှ စိတ်ရှည်ရှည်နှင့် ရှင်းပြပေးနေသည်။
” ကျေးဇူးပါ သူငယ်ချင်းရယ်။ ကုသဖို့ကျတော့ရော သူငယ်ချင်း”
“ငါ ဆရာတစ်ယောက်ဆီ စာရေးပေးလိုက်မယ်။ အသည်း အတွက် လိုအပ်တာတွေ စစ်ဆေးတာ ကုသတာတွေကို တော့ ဆက်လုပ်ရမယ် ”
“အေးပါ ငါသွားပြလိုက်ပါမယ်။ ” မောင်နိုင်တစ်ယောက် ဆေးခန်းထဲမှ ပြန်အထွက်တွင် စိတ်လက်ပေါ့ပါးနေသည်။ ရည်းစားကို မကူးအောင် ကာကွယ်လို့ရသည်။ မွေးလာမည့်ကလေးများကို လည်း    ရောဂါ မကူးစက်အောင် ကာကွယ်လို့ရပြီဆိုတော့ မောင်နိုင်တစ်ယောက် စိတ်အေးရပေပြီ။ သူငယ်ချင်းမှာကြားသည်များကို ရှောင်လိုက်လျှင် မိမိသည်လည်း လူကောင်းပကတိအတိုင်း နေထိုင်နိုင်    မည်ဖြစ်သည်။  စိတ်ဓာတ်မကျနှင့်လို့ ကိုယ့်ကိုယ် ကို အားပေးရင်း အိမ်အပြန်ခြေလှမ်းများက သွက်လက်နေသည်။

Author: Dr.အေးချမ်းမိုး

Previous Post

ကလေးနို့စို့တိုင်း စပ်တက်စပ်တက်

Next Post

၀မ်းကိုက်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
868
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.4k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

၀မ်းကိုက်ခြင်း

မင်္ဂလာမောင်မယ် စကားဝိုင်း (ဝမ်းချုပ်ခြင်းနှင့်ဓာတ်စာ)

အူရောင်ငန်းဖျားလား တိုက်ဖွိုက်လား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.