အူအတက်က ခန္ဓာကိုယ်မှာ အရေးကြီးလား၊အပိုလား။တချို့တွေပြောတတ်ကြတယ်။ခရီးသွားမယ်သူတွေ၊ သင်္ဘောလိုက်တဲ့သူတွေမှာ အားတဲ့ အခါ အူအတက် ဖြတ်ထားလိုက်ပါလားဆိုပြီး၊ ဒီလိုလွယ်လွယ်ဖြတ်လို့ ရလားပေါ့၊ဒါဆို ဒီအူအတက်က အပိုကြီးလားပေါ့။
အူအတက်က အပိုမဟုတ်ပါဘူး၊ ဒီလိုဘဲ ခန္ဓာကိုယ်မှာ ရှိသမျှ သော အဂါၤအစိတ်အပိုင်းတိုင်းက အပိုမဟုတ်ပါဘူး၊ သူ့နေရာနဲ့သူ၊ သူ့တာဝန်နဲ့သူပါ။ အူအတက်က အစာခြေစနစ်မှာလည်းပါဝင်သလို ရောဂါကာကွယ်ပေးတဲ့ Lymphoid system ထဲမှာလည်း တစ်ခုအပါ ပါဘဲ။သူ့ကိုဖြတ်ထုတ်လိုက်လို့တော့ ကိုယ်ခန္ဓာမှာ သိသိသာသာ ပြောင်းလဲသွားတာမရှိပါဘူး။
ကျန်တဲ့ အင်္ဂါအစိတ်အပိုင်းတွေက ကိုယ်နဲ့သက်ဆိုင်တဲ့ အလုပ်တွေ ဆက်လုပ်နေလို့ပါ။ ဒါကြောင့် အူအတက်က ကြို ဖြတ်ဖို့မလိုပါဘူး။မဖြစ်မနေ ဖြတ်ဖို့လိုလာရင်တော့ဖြတ်ရမှာပါ၊ အူအတက် ယောင်တဲ့အခါမျိုးပေါ့။
အူအတက် ဘာကြောင့်ယောင်နိုင်လည်းပေါ့၊ အူအတက် မှာရှိတဲ့ နံရံ တွေယောင်လာလို့ဖြစ်စေ၊အစားနဲ့ပိတ်တာ၊ဝမ်းနဲ့ပိတ်တာ၊သန်ကောင်နဲ့ပိတ်တာဖြစ်စေကြောင့် အူအတက် ယောင်နိူင်ပါတယ်။တခါတလေ အလေးအပင်မလိုက်တဲ့အခါ၊ အကုံးအကွ များများ လုပ်မိတဲ့အခါလည်း ဖြစ်တတ်ပါတယ်၊ အသက်အရွယ် ကျားမ မရွေး ဖြစ်နိူင်တယ်။
ရိုးရိုး ယောင်တာကနေ တဖြည်းဖြည်း ပိုဆိုးလာတတ်တယ်။သွေးကောင်းကောင်းမရတာကနေ ပုပ်တာတွေ၊ပေါက်တာတွေ ဖြစ်လာနိူင်တယ်။အူအတတ်ယောင်တဲ့အခါ ဖျားတာ၊မစားချင် မသောက်ချင်တာတွေ ဖြစ်နိူင်တယ် ဆိုနိူင်ပေမယ့် အမြဲတော့ မဖြစ်တတ်ဘူး။ အဓိကက ဗိုက်အောင့်မယ်၊ အစပိုင်း မှာတော့ ရင်ညွှန့်နားကလိုလို ချက်နားကလိုလို အောင့်နေတာကနေ နောက်ပိုင်း ဗိုက်ရဲ့ညာဘက်အောက်ဘက် အခြမ်း မှာသိသိသာသာ အောင့်လာတတ်တယ်။ဆိုးလာတာနဲ့ အမျှ ဗိုက်တပြင်လုံးအောင့်နေနိူင်တယ်။
အူအတတ် တကယ်သာယောင်ရင် လူနာလှုပ်တောင် မလှုပ်နိူင်ဘူး။လှုပ်ရင်နာလွန်းလို့ အသက်လည်းပြင်းပြင်းရှူ လို့မရဘူး၊ ငြိမ်ငြိမ်လေးဘဲ နေနေတတ်ကြတယ်၊ ဝမ်းလည်းချု ပ်တတ်ကြတယ်၊ဒါပေမယ့် တချို့ကျဝမ်းပျော့တယ်။အဲ့ဒီလိုတွေသာ ခံစားခဲ့ရရင် နီးစပ်ရာဆေးရုံ ဆေးခန်းကိုသာ အမြန်ပြဖို့လိုတယ်၊ အူအတက်ယောင်တာ ဟုတ်မဟုတ် စမ်းသပ်ကြည့်ဖို့လည်းလိုတယ်၊သွေးစစ်တာ၊ အာထရာဆောင်း ရိုက်တာလည်းလိုတတ်တယ်။
အူအတတ် ယောင်ရင်တော့ ခွဲစိတ်ကုသာတာက အကောင်းဆုံးပါ၊ပိုးသတ်ဆေးပေးပြီး ထိန်းထားမလားဆိုပြီး စောင့်ကြည့်တတ်တာလည်းရှိတယ်၊ ပိုးသတ်ဆေးပေးတော့ အယောင်လည်းကျ နိုင်တယ်၊အနာလည်းသက်သာစေတယ်၊ချက်ချင်းမခွဲချင်သေးရင်သာ စောင့်ကြည့်တတ်တာ၊လူနာအခြေအနေကောင်းဖို့လည်းလိုတယ်။
တချိူ့တွေမှာကျ တော့ အူအတက်နေရာမှာ အလုံးရယ်လိုဖြစ်လာတတ်တယ်၊အချိန်တခုလောက်မှာ အလုံးပြန်သေးတတ်တာလည်းရှိတယ်၊အဲ့လိုအခါမှာ ခွဲတာလည်းရှိတယ်၊တချို့တွေကျတော့ အလုံးကမသေးဘဲ ပိုကြီးပြီး ပြည်တွေတည်လာပြီး ပိုဆိုးလာတတ်တယ်၊ တချို့တွေမှာ အူအတတ်ယောင်ရုံ တင်မကဘဲ ဗိုက်ထဲတင်ပေါက်နေတာလည်းရှိတယ်၊ အဲ့ဒါကတော့ အရေးပေါ်ခွဲစိတ်ဖို့ လိုကိုလိုအပ်ပါတယ်၊ဗိုက်ထဲကိုလည်း ပြန်သန့်ရှင်းဖို့လိုတယ်၊ပိုက်တွေထည့်တာတွေလည်းလိုတတ်ပါတယ်။
ဒါကြောင့် လူနာတယောက်အနေနဲ့ ဗိုက်အောင့်နေတာကအူအတက်ယောင်လို့ အောင့်နေတာလို့ထင်ရင် အစာမာမာတွေ မစားဘဲ ဖြစ်နိူင်ရင် ဘာမှမစားဘဲ နီးစပ်ရာ ဆေးရုံဆေးခန်းကို အမြန်ဆုံးပြပြီး ကုသမှုခံယူဖို့လိုပါတယ်။
Author: Dr.CST