(Zawgyi)
သားအိမ္ေခါင္းကင္ဆာျဖစ္ႏိုင္ေသာသူမ်ားတြင္ ကာလသားေရာဂါပိုးရွိသူမ်ားလည္း ပါဝင္ပါသည္။ ကာ လသားေရာဂါသည္ လိင္မႈဆိုင္ရာ ကူးစက္ေသာေရာဂါတစ္မ်ိဳးျဖစ္ပါသည္။ ေရာဂါပိုးရွိသူႏွင့္အကာအကြယ္ ပစၥည္း (ကြန္ဒုံး)မသုံးဘဲ လိင္ဆက္ဆံရာမွကူးစက္ႏိုင္ပါသည္။ ကာလသားေရာဂါသည္ အမ်ိဳးသားမ်ားသာမ ဟုတ္ဘဲကာလသမီးမ်ားျဖစ္ေသာ အမ်ိဳးသမီးမ်ားတြင္လည္း ျဖစ္တတ္ပါသည္။ က်န္းမာေပ်ာ္႐ႊင္ေသာမိသားစု ဘဝကိုတည္ေဆာက္ရန္ ကာလသားေရာဂါမျဖစ္ေစရန္ ကာကြယ္ရပါမည္။
ကာလသားေရာဂါႏွင့္ သားအိမ္ေခါင္းကင္ဆာေရာဂါဆက္စပ္မႈ
ကာလသားေရာဂါပိုးမ်ားထဲမွ တစ္မ်ိဳးျဖစ္ေသာႂကြက္ႏို႔ပိုးသည္ သားအိမ္ေခါင္းတြင္အၿမဲရွိေနရာမွကင္ ဆာအျဖစ္သို႔ေျပာင္းလဲလာၿပီး သားအိမ္ေခါင္းကင္ဆာျဖစ္လာႏိုင္ပါသည္။
အမ်ိဳးသမီးမ်ားတြင္ျဖစ္တတ္ေသာ ကာလသားေရာဂါလကၡဏာ
အမ်ိဳးသမီးမ်ားတြင္ျဖစ္တတ္ေသာ ကာလသားေရာဂါလကၡဏာမ်ားမွာ မိန္းမကိုယ္မွသာမန္ထက္အျဖဴ ဆင္းျခင္း၊ မိန္းမကိုယ္အနံ႔ဆိုးျခင္း၊ လိင္အဂၤါတစ္ဝိုက္အနာေပါက္ျခင္း၊ ဝမ္းဗိုက္ေအာက္ပိုင္းကိုက္ခဲျခင္း၊ ေပါင္ၿခံ အက်ိတ္ေရာင္ျခင္းႏွင့္ မိန္းမကိုယ္၌ႂကြက္ႏို႔ေပါက္ျခင္းတို႔ျဖစ္ပါသည္။
အမ်ိဳးသားမ်ားတြင္ျဖစ္တတ္ေသာ ကာလသားေရာဂါလကၡဏာ
အမ်ိဳးသားမ်ားတြင္ ဆီးပူ၊ ဆီးက်င္၊ ဆီးေအာင့္ျခင္း၊ လိင္တံမွျပည္ယိုျခင္း၊ ေဝွးေစ့ေရာင္ျခင္း၊ လိင္အဂၤါ တစ္ဝိုက္အနာေပါက္ျခင္း၊ ေပါင္ၿခံအက်ိတ္ေရာင္ျခင္းႏွင့္ လိင္အဂၤါ၌ႂကြက္ႏို႔ေပါက္ျခင္းစသည့္ ကာလသားေရာ ဂါလကၡဏာမ်ားျဖစ္ပါသည္။
ကာလသားေရာဂါကိုအခ်ိန္မီမကုသျခင္းဆိုးက်ိဳး
ကာလသားေရာဂါရွိပါက အခ်ိန္မီကုသရန္လိုအပ္ပါသည္။ ကိုယ္ဝန္ရွိပါက ကိုယ္ဝန္ပ်က္တတ္ပါသည္။ လမေစ့ဘဲကေလးေစာေမြးႏိုင္ပါသည္။ ကေလးမရဘဲၿမဳံႏိုင္ပါသည္။ HIV ပိုးကူးစက္ၿပီး AIDS ေရာဂါျဖစ္ႏိုင္ပါ သည္။ မိမိတြင္ကာလသားေရာဂါရွိပါက မိမိ၏ဆက္ဆံဖက္ကို ပြင့္လင္းစြာေျပာျပထားရပါမည္။ ဆက္ဆံမိပါက ေရာဂါရရွိႏိုင္ပါသည္။ သို႔ရာတြင္ေရာဂါလကၡဳဏာမျပဘဲ ရွိေနတတ္ပါသည္။ ထို႔ေၾကာင့္ ႏွစ္ဦးစလုံးေဆးကုသမႈ ခံယူရန္လိုအပ္ပါသည္။
ကာလသားေရာဂါကုသျခင္း
ကာလသားေရာဂါကို ေပ်ာက္ကင္းေအာင္ကုသႏိုင္ပါသည္။ ကာလသားေရာဂါရွိမရွိ ေသြးေဖာက္စစ္ ေဆးႏိုင္ပါသည္။ ကာလသားေရာဂါေသာက္ေဆး (သို႔) ထိုးေဆးျဖင့္ကုသႏိုင္ပါသည္။ ေရာဂါကုသျခင္းမၿပီးဆုံး မီလိင္ဆက္ဆံျခင္းကို ေရွာင္ၾကဥ္ရပါမည္။ အကယ္လို႔ မေရွာင္ၾကဥ္ႏိုင္ပါက ကြန္ဒုံးကိုအသုံးျပဳရပါမည္။
မိမိ၏လိင္ဆက္ဆံဖက္ကိုလည္း ေသြးေဖာက္စစ္ေဆးၿပီးေဆးကုသမႈခံယူရပါမည္။ ျပင္ပေဆးဆိုင္မ်ား မွစပ္ေဆးမ်ားဝယ္ေသာက္ျခင္း၊ ေဆးၿမီတိုမ်ား၊ သစ္ဥသစ္ဖုရည္မ်ားႏွင့္ အျခားၾကားဖူးနားဝေဆးမ်ားေသာက္ ျခင္းမျပဳလုပ္သင့္ပါ။ တတ္ကြၽမ္းနားလည္ေသာ ဆရာဝန္မ်ား၏ၫႊန္ၾကားခ်က္အတိုင္း ေဆးဖက္လည္ေအာင္ ေဆးစားရပါမည္။ ကုသမႈခံယူျခင္းမရွိပါက ကာလသားေရာဂါေပ်ာက္ကင္းမႈမရွိဘဲ ပိုမိုဆိုး႐ြားသြားႏိုင္ပါသည္။
ကာလသားေရာဂါမျဖစ္ေစရန္ကာကြယ္ျခင္း
မည္သူမဆိုကာလသားေရာဂါရႏိုင္ပါသည္။ လိင္အေပ်ာ္အပါးလိုက္စားျခင္းကို ေရွာင္ၾကဥ္ရပါမည္။ မ ေရွာင္ႏိုင္ပါက လိင္ဆက္ဆံသည့္အခါတိုင္းကြန္ဒုံး အၿမဲသုံးရပါမည္။ ကာလသားေရာဂါလကၡဏာမ်ားရွိပါက နီး စပ္ရာေဆး႐ုံေဆးခန္းသို႔ ျပသရပါမည္။ ခုခံအားက်ဆင္းမႈကူးစက္ေရာဂါႏွင့္ ကာလသားေရာဂါတိုက္ဖ်က္ေရးအ ဖြဲ႕မ်ားသို႔သြားေရာက္ တိုင္ပင္ျပသႏိုင္ပါသည္။ ကာလသားေရာဂါပိုးရွိသူမ်ား HIV ပိုးရွိမရွိစစ္ေဆးသင့္ပါသည္။ ကာလသားေရာဂါမျဖစ္ေစရန္ ႀကိဳတင္ကာကြယ္နည္းမ်ားကို ေဆာင္႐ြက္သင့္ေၾကာင္းအႀကံျပဳအပ္ပါသည္။
Auhtor: ေဒါက္တာျမင့္သန္းထြန္း(ျပည္သူ႔က်န္းမာေရး) Vol-8 / No-11 Healthcare Journal
(Unicode)
သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်သောသူများတွင် ကာလသားရောဂါပိုးရှိသူများလည်း ပါဝင်ပါသည်။ ကာ လသားရောဂါသည် လိင်မှုဆိုင်ရာ ကူးစက်သောရောဂါတစ်မျိုးဖြစ်ပါသည်။ ရောဂါပိုးရှိသူနှင့်အကာအကွယ် ပစ္စည်း (ကွန်ဒုံး)မသုံးဘဲ လိင်ဆက်ဆံရာမှကူးစက်နိုင်ပါသည်။ ကာလသားရောဂါသည် အမျိုးသားများသာမ ဟုတ်ဘဲကာလသမီးများဖြစ်သော အမျိုးသမီးများတွင်လည်း ဖြစ်တတ်ပါသည်။ ကျန်းမာပျော်ရွှင်သောမိသားစု ဘဝကိုတည်ဆောက်ရန် ကာလသားရောဂါမဖြစ်စေရန် ကာကွယ်ရပါမည်။
ကာလသားရောဂါနှင့် သားအိမ်ခေါင်းကင်ဆာရောဂါဆက်စပ်မှု ကာလသားရောဂါပိုးများထဲမှ တစ်မျိုးဖြစ်သောကြွက်နို့ပိုးသည် သားအိမ်ခေါင်းတွင်အမြဲရှိနေရာမှကင် ဆာအဖြစ်သို့ပြောင်းလဲလာပြီး သားအိမ်ခေါင်းကင်ဆာဖြစ်လာနိုင်ပါသည်။
အမျိုးသမီးများတွင်ဖြစ်တတ်သော ကာလသားရောဂါလက္ခဏာ
အမျိုးသမီးများတွင်ဖြစ်တတ်သော ကာလသားရောဂါလက္ခဏာများမှာ မိန်းမကိုယ်မှသာမန်ထက်အဖြူ ဆင်းခြင်း၊ မိန်းမကိုယ်အနံ့ဆိုးခြင်း၊ လိင်အင်္ဂါတစ်ဝိုက်အနာပေါက်ခြင်း၊ ဝမ်းဗိုက်အောက်ပိုင်းကိုက်ခဲခြင်း၊ ပေါင်ခြံ အကျိတ်ရောင်ခြင်းနှင့် မိန်းမကိုယ်၌ကြွက်နို့ပေါက်ခြင်းတို့ဖြစ်ပါသည်။
အမျိုးသားများတွင်ဖြစ်တတ်သော ကာလသားရောဂါလက္ခဏာ
အမျိုးသားများတွင် ဆီးပူ၊ ဆီးကျင်၊ ဆီးအောင့်ခြင်း၊ လိင်တံမှပြည်ယိုခြင်း၊ ဝှေးစေ့ရောင်ခြင်း၊ လိင်အင်္ဂါ တစ်ဝိုက်အနာပေါက်ခြင်း၊ ပေါင်ခြံအကျိတ်ရောင်ခြင်းနှင့် လိင်အင်္ဂါ၌ကြွက်နို့ပေါက်ခြင်းစသည့် ကာလသားရော ဂါလက္ခဏာများဖြစ်ပါသည်။
ကာလသားရောဂါကိုအချိန်မီမကုသခြင်းဆိုးကျိုး
ကာလသားရောဂါရှိပါက အချိန်မီကုသရန်လိုအပ်ပါသည်။ ကိုယ်ဝန်ရှိပါက ကိုယ်ဝန်ပျက်တတ်ပါသည်။ လမစေ့ဘဲကလေးစောမွေးနိုင်ပါသည်။ ကလေးမရဘဲမြုံနိုင်ပါသည်။ HIV ပိုးကူးစက်ပြီး AIDS ရောဂါဖြစ်နိုင်ပါ သည်။ မိမိတွင်ကာလသားရောဂါရှိပါက မိမိ၏ဆက်ဆံဖက်ကို ပွင့်လင်းစွာပြောပြထားရပါမည်။ ဆက်ဆံမိပါက ရောဂါရရှိနိုင်ပါသည်။ သို့ရာတွင်ရောဂါလက္ခုဏာမပြဘဲ ရှိနေတတ်ပါသည်။ ထို့ကြောင့် နှစ်ဦးစလုံးဆေးကုသမှု ခံယူရန်လိုအပ်ပါသည်။
ကာလသားရောဂါကုသခြင်း
ကာလသားရောဂါကို ပျောက်ကင်းအောင်ကုသနိုင်ပါသည်။ ကာလသားရောဂါရှိမရှိ သွေးဖောက်စစ် ဆေးနိုင်ပါသည်။ ကာလသားရောဂါသောက်ဆေး (သို့) ထိုးဆေးဖြင့်ကုသနိုင်ပါသည်။ ရောဂါကုသခြင်းမပြီးဆုံး မီလိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ရပါမည်။ အကယ်လို့ မရှောင်ကြဉ်နိုင်ပါက ကွန်ဒုံးကိုအသုံးပြုရပါမည်။
မိမိ၏လိင်ဆက်ဆံဖက်ကိုလည်း သွေးဖောက်စစ်ဆေးပြီးဆေးကုသမှုခံယူရပါမည်။ ပြင်ပဆေးဆိုင်များ မှစပ်ဆေးများဝယ်သောက်ခြင်း၊ ဆေးမြီတိုများ၊ သစ်ဥသစ်ဖုရည်များနှင့် အခြားကြားဖူးနားဝဆေးများသောက် ခြင်းမပြုလုပ်သင့်ပါ။ တတ်ကျွမ်းနားလည်သော ဆရာဝန်များ၏ညွှန်ကြားချက်အတိုင်း ဆေးဖက်လည်အောင် ဆေးစားရပါမည်။ ကုသမှုခံယူခြင်းမရှိပါက ကာလသားရောဂါပျောက်ကင်းမှုမရှိဘဲ ပိုမိုဆိုးရွားသွားနိုင်ပါသည်။
ကာလသားရောဂါမဖြစ်စေရန်ကာကွယ်ခြင်း
မည်သူမဆိုကာလသားရောဂါရနိုင်ပါသည်။ လိင်အပျော်အပါးလိုက်စားခြင်းကို ရှောင်ကြဉ်ရပါမည်။ မ ရှောင်နိုင်ပါက လိင်ဆက်ဆံသည့်အခါတိုင်းကွန်ဒုံး အမြဲသုံးရပါမည်။ ကာလသားရောဂါလက္ခဏာများရှိပါက နီး စပ်ရာဆေးရုံဆေးခန်းသို့ ပြသရပါမည်။ ခုခံအားကျဆင်းမှုကူးစက်ရောဂါနှင့် ကာလသားရောဂါတိုက်ဖျက်ရေးအ ဖွဲ့များသို့သွားရောက် တိုင်ပင်ပြသနိုင်ပါသည်။ ကာလသားရောဂါပိုးရှိသူများ HIV ပိုးရှိမရှိစစ်ဆေးသင့်ပါသည်။ ကာလသားရောဂါမဖြစ်စေရန် ကြိုတင်ကာကွယ်နည်းများကို ဆောင်ရွက်သင့်ကြောင်းအကြံပြုအပ်ပါသည်။
Auhtor: ဒေါက်တာမြင့်သန်းထွန်း(ပြည်သူ့ကျန်းမာရေး) Vol-8 / No-11 Healthcare Journal