(Zawgyi)
ေက်ာ္ဦးတို႔ သူငယ္ခ်င္းမ်ား တကၠသိုလ္ေနာက္ဆုံးႏွစ္စာေမးပြဲႀကီးၿပီးသည့္အခ်ိန္မွာေတာ့ သူငယ္ခ်င္းေတြ ခြဲရေတာ့မည္မို႔ ဝမ္းနည္းေနမိသည္။ ၄ ႏွစ္တာ တက္ခဲ့ရေသာ ေက်ာင္းေတာ္ႀကီးကိုၾကည့္ရင္း လြမ္းသလိုလို ေဆြးသလိုလိုႏွင့္ ခံစားမႈေပါင္းစုံကို ခံစားေနရသည္။ ေဇာ္ႀကီးက စာေမးပြဲႀကီးၿပီးသည့္အခါ သူေနရပ္ျဖစ္ေသာ ပုသိမ္ၿမိဳ႕သို႔ လိုက္လည္ရန္ သူငယ္ခ်င္းမ်ားအား ဖိတ္ေခၚသည္။ သူငယ္ခ်င္းေတြ အားလုံး ေဇာ္ႀကီး ေနရပ္ကို လိုက္သြားၾကမည္ဟု ဆုံးျဖတ္ၾကသည္။ ေက်ာ္ဦးတို႔ထင္သည္က ေယာက်ာ္းေလးသူငယ္ခ်င္းမ်ားသာ ေဇာ္ႀကီးေနရပ္သို႔လိုက္ၾကမည္ဟုထင္ထားသည္။ စစ္ႏိုင္က သူ႔ခ်စ္သူ ေခမာႏွင့္ တကြ မိန္းကေလး သူငယ္ခ်င္းမ်ားပါ လိုက္မည္ဆိုေတာ့ ေက်ာ္ဦးတို႔ လူစုေတာင့္သြားေတာ့သည္။ ေခမာကိုေတာ့ စစ္ႏိုင္မိန္းကေလးမို႔ ေက်ာ္ဦးတို႔ သိေပမဲ့ ရင္းရင္းႏွီးႏွီးေတာ့ မခင္မင္ဖူး။ မိန္းကေလးေတြ လိုက္လာလွ်င္ အဆင္ေျပပါ့မလားလို႔ ေဇာ္ႀကီးကိုေတာင္ ေက်ာ္ဦးက လွမ္းသတိေပးေနလိုက္သည္။
” မိန္းကေလးေတြ ပါလာလဲ ဘာျဖစ္လဲ ေက်ာ္ဦးရာ။ သူတို႔ဘာသာ လိုက္လာတာပဲ မင္း ခ်ီလာရတာမွ မဟုတ္တာ။ မင္းက ဘာေတြစိတ္ပူေနရတာလဲ” ေဇာ္ႀကီးက ေက်ာ္ဦးကို ဘုေတာလြတ္သည္။
“သူတို႔ပါလာေတာ့ ရႈပ္တာေပါ့။ သူတို႔ အထုပ္သယ္ေပးရဦးမယ္။ ငါတို႔က ၿပီးရင္ ေခ်ာင္းသာကို ဆက္သြားဦးမယ္။ သူတို႔ပတ္သတ္ၿပီး ငါတို႔မွာ ရန္ျဖစ္ခ်င္ျဖစ္ရဦးမယ္။ ”
“အထုပ္ကလည္း မင္းမသယ္ခ်င္ရင္မသယ္ပါနဲ႔။ ငါသယ္ပမယ္ကြာ။ ရန္ျဖစ္ရေအာင္ကလည္း ဘာကိစၥ ရန္ျဖစ္ရမလဲကြ။ သူတို႔ကို ဘယ္သူကမွ မစဘူး။ ငါတို႔ပါေနတာပဲ။ မင္းေနာ္ ေၾကာက္တတ္ရန္ေကာ ။ မင္းက သာ မိန္းကေလးေတြ ပါရင္ မလိုက္ခ်င္ျဖစ္ေနတာ စစ္ႏိုင္က သူ႔ေကာင္မေလးကို ဒီခရီးကိုလိုက္ေစခ်င္လို႔ မနည္း ေတာင္းေတာင္းပန္ပန္နဲ႔ေခၚထားရတာ။ ေခမာကလည္း သူ႔သူငယ္ခ်င္းေတြပါမွ လိုက္မယ္ဆိုလို႔သူ႔သူငယ္ခ်င္းေတြကိုပါ ေခၚလာရတာ။ တစ္ေက်ာင္းတည္းသား သူငယ္ခ်င္းေတြကို သူတို႔လိုက္လာလည္း ငါတို႔မွာ ဘာအေႏွာင့္အယွက္မွ မျဖစ္ပါဘူးကြာ။ မင္းေနာက္တစ္ႀကိမ္ ဒီလိုမ်ိဳးသူငယ္ခ်င္းေတြနဲ႔ သြားခ်င္လို႔ဆိုရင္ေတာင္ ေနာက္တစ္ႀကိမ္ခ်ိန္းဖို႔ မေသခ်ာေတာ့ ဘူးသူငယ္ခ်င္း။ ဒါေၾကာင့္ ဒီခရီးမွာ ဘယ္သူေတြ ပါပါမပါပါ မင္း အတြန႔္မတက္နဲ႔။ ကိုယ့္ဘာသာ သူတို႔နဲ႔မေရာခ်င္ရင္မေရာပဲေနလို႔ရတယ္။” ေဇာ္ႀကီးက ေက်ာ္ဦးကို စကားကုန္ေျပာသည္။ ေက်ာ္ဦးတစ္ေယာက္ ေဇာ္ႀကီးကို ဘာမွ ျပန္မေျပာပဲ ၿငိမ္ေနလိုက္သည္။
စာေမးပြဲ ေျဖၿပီးၿပီးခ်င္းမွာပဲ သူငယ္ခ်င္းေတြ စုၿပီး ကားစင္းလုံးငွား၍ ေခ်ာင္းသာသို႔ထြက္လာၾကသည္။ အျပန္တြင္ ေဇာ္ႀကီးအိမ္သို႔လိုက္လည္ၾကမည္။ မနက္ေစာေစာမို႔ကားေပၚတြင္ ငိုက္ျမည္းလာၾကသည္။ ကားထဲတြင္ တိတ္ဆိတ္ေနသည္။ စကားေျပာသံမၾကားရေသး။ ပန္းတေနာ္သို႔ ေရာက္၍ မနက္စာ စားသည့္အခ်ိန္မွာ ဇာတ္လမ္းက စလာသည္။
ေက်ာ္ဦးတစ္ေယာက္ ေဆးလိပ္မီးညႇိ၍ ေဆးလိပ္တစ္လိပ္ထုတ္ေသာက္လိုက္သည္။
“နင္ေဆးလိပ္ေသာက္ခ်င္ရင္ ဟိုးအေဝးမွာ သြားေသာက္ေနာ္ ငါ ေဆးလိပ္နံ႔ မခံႏိုင္လို႔ပါ ”
ေခမာ သူငယ္ခ်င္းျဖစ္သူမွ ေက်ာ္ဦးအားလွမ္းေျပာလိုက္သည္။ ေက်ာင္းတြင္ ျမင္ေတာ့ ျမင္ဖူးသည္။ နာမည္ႏွင့္လူႏွင့္က မတြဲမိ။ ေက်ာ္ဦး ထိုင္ရာမွ ထကာ ခပ္ေဝးေဝးသို႔သြားၿပီး ေဆးလိပ္တစ္လိပ္ကုန္ေအာင္ ဖြာေနလိုက္သည္။ ေဆးလိပ္ကုန္မွ စားပြဲရွိရာသို႔ျပန္လာထိုင္လိုက္သည္။
“သီရိက ေဆးလိပ္နံ႔မခံႏိုင္လို႔ပါ။ နင္စိတ္ထဲဘယ္လိုမွသေဘာမထားနဲ႔ေနာ္ ”
ေခမာက ေက်ာ္ဦးကို လွမ္းေတာင္းပန္လိုက္သည္။ သီရိက အားနာသလိုၿပဳံးျပလိုက္သည္။ ခုနက ဖုေနေသာ စိတ္မ်ား ေလႏွင့္ အတူ လြင့္ေမ်ာသြားေပသည္။ မနက္ခင္းကပဲ သာသာ ယာယာရွိေနသည္။ ေလေျပေလးတိုက္ေနသည္မွာ ေအးခ်မ္းသြားသည္။
သီရိဆိုတဲ့ ေကာင္မေလးက ေဆးလိပ္နံမခံႏိုင္ဘူးထင္သည္ဟု မွတ္ယူထားလိုက္သည္။ ညေနခင္း သူငယ္ခ်င္းေတြ ထမင္းစားၿပီး သီခ်င္းစုဆိုရန္ Bengalo ေရွ႕တြင္ အားလုံးေနရာယူလိုက္ၾကသည္။ ေပ်ာ္ေပ်ာ္ပါးပါးႏွင့္ သီခ်င္းဆိုၾကမည္ေပ့ါ။
ဂစ္တာ တီးတတ္ေသာ ေအာင္ႏိုင္တို႔ ၿဖိဳးေလးတို႔က တီး။ သီခ်င္းရတဲ့ သူက တစ္ေယာက္တစ္ေပါက္ ထေအာ္ႏွင့္ ေတာ္ေတာ္ကို ေပ်ာ္စရာေကာင္းလွသည္။ ျခင္ေတြကလည္း ကိုက္လိုက္သည့္ျဖစ္ျခင္း။ ေဇာ္ႀကီးတစ္ေယာက္ အခန္းထဲဝင္ၿပီး ျခင္ေဆးေခြမ်ားထြန္းၿပီး ယူလာခဲ့သည္။ ျခင္ေဆးေခြျမင္ေတာ့ ေခမာက
“သီရိက ျခင္ေဆးေခြနံ႔ မခံႏိုင္ဘူး။ ငါတို႔နားမွာ ျခင္ေဆးေခြ မထြန္းနဲ႔။ နင္တို႔နားမွာပဲ ထြန္းေနာ္” တဲ့။
ေဇာ္ႀကီးႏွင့္ ေက်ာ္ဦးတို႔ႏွစ္ေယာက္ တစ္ေယာက္ႏွင့္ တစ္ေယာက္ မ်က္စပစ္လိုက္သည္။ ဘာသေဘာလည္း ဆိုသည့္ သေဘာ။ ျခင္ေဆးေခြနံ႔မခံႏိုင္ဘူးဆိုတာေတာ့ ဒီမိန္းမ ေတာ္ေတာ္လြန္တာပဲလို႔ ေက်ာ္ဦးတို႔ႏွစ္ေယာက္ ေကာက္ခ်က္ခ်လိုက္သည္။ သီရိကို လွမ္းၾကည့္လိုက္ေတာ့ ေက်ာ္ဦးတို႔ကို ၿပဳံးျပေနျပန္သည္။ အသိအမွတ္ျပဳသည့္အေနႏွင့္ တစ္ခ်က္ျပန္ၿပဳံးျပရင္း ေက်ာ္ဦးတစ္ေယာက္ ေဇာ္ႀကီးေဘးကပ္ထိုင္လိုက္သည္။ သီခ်င္းမ်ားဆိုရင္း သန္းေခါင္ေက်ာ္လာေတာ့ တီးရသည့္ ေအာင္ႏိုင္တို႔ ၿဖိဳးေလးတို႔ေမာလာ ဆိုရသည့္ သူတို႔လည္း ေမာလာတာႏွင့္ပဲ တီးဝိုင္းကို ရပ္လိုက္ၾကသည္။
”ဒီမိန္းမ ေတာ္ေတာ္ကို ဘဝင္ကိုင္တဲ့ မိန္းမပဲေနာ္။ ေဆးလိပ္နံ႔ မခံႏိုင္ရတာနဲ႔။ ျခင္ေဆးေခြနံ႔ကို မခံႏိုင္ရတာနဲ႔။” ေက်ာ္ဦးေျပာသည္ကို ေဇာ္ႀကီးက ေထာက္ခံသည္။
” ဟုတ္ပကြာ”
ေခ်ာင္းသာတြင္ ၃ ရက္ေလာက္ေနၿပီး ပုသိမ္ရွိ ေဇာ္ႀကီးအိမ္သို႔ သြားလည္ၾကသည္။ လူ ၁၀ ေယာက္ေက်ာ္ကို ေဇာ္ႀကီး အေမက ထမင္းပြဲ ဟင္းပြဲ အဆင္သင့္ႏွင့္ ေစာင့္ႀကိဳေနသည္။ ေဇာ္ႀကီးအိမ္တြင္ ေၾကာင္ေတြ ေမြးထားသည္မွာ အမ်ားႀကီး။ ေၾကာင္ေတြပတ္ေရွာင္ေနရသည္ကို က အလုပ္တစ္ခုျဖစ္သည္။ ပုသိမ္ ေ႐ႊေမာေဓာ ဘုရားႏွင့္ ႏွီးဘုရားကို ဖူးၿပီး ညေနခင္းၾကေတာ့ ကမ္းနာလမ္းကို ေလွ်ာက္လည္ၾကသည္။ ညေနခင္း အိမ္ျပန္ေရာက္ေတာ့ ထမင္းစားၿပီး ၿခံထဲတြင္ ထိုင္ၿပီး စကားေကာင္းေနၾကသည္။ ေခမာတစ္ေယာက္ အိမ္ထဲမွ ထြက္လာသည္။
“ေဇာ္ႀကီး ေရ သီရိရင္က်ပ္ေနလို႔ ေဆးခန္းလိုက္ပို႔ခ်င္တယ္။ ငါတို႔ကို ေဆးခန္းလိုက္ပို႔ေပးပါ ”
ေဇာ္ႀကီးတစ္ေယာက္ လက္ပတ္နာရီကို ငုံ႔ၾကည့္လိုက္သည္။
” ဟဲ့ နင့္ဟာက နာရီကိုလည္း ၾကည့္ဦးေလ။ ကိုးနာရီေက်ာ္ေနၿပီ။ ေဆးခန္းေတြ ပိတ္ေနေရာေပ့ါ။ သိပ္မဆိုးရင္ မနက္မွ သြားလို႔ မရဘူးလား”
ေခမာတစ္ေယာက္ ေဇာ္ႀကီးကို ခါးေထာက္၍ ရန္ေတြ႕လိုက္သည္။
” ငါက အေရးမႀကီးပဲ လာေျပာမလားဟဲ့။ ဟိုမွာ တကယ္ရင္က်ပ္ေနလို႔လာေျပာတာ။ သူလည္း ရွဴေဆးေတြေတာ့ ရွဴေနတာပဲ။ မသက္သာဘူး။ မသက္သာလို႔နင့္ကိုလိုက္ပို႔ခိုင္းတာေပါ့ ”
” ဒီအခ်ိန္ႀကီးေတာ့ ဘယ္ေဆးခန္းမွ မဖြင့္ဘူး။ ငါဆရာဝန္တစ္ေယာက္ေယာက္ကို အိမ္ပင့္ခဲ့မယ္။ နင္တို႔အိမ္ကပဲေစာင့္။ ရင္က်ပ္ေနတာလို႔ေျပာၿပီးေခၚခဲ့ရမွာေနာ္။ ဟုတ္တယ္မလား”
ေဇာ္ႀကီးတစ္ေယာက္ ျပာျပာသလဲႏွင့္ ၿခံဝင္းထဲမွ ထြက္သြားခဲ့သည္။ စစ္ႏိုင္ အေဖာ္အျဖစ္လိုက္သြားသည္။ ေက်ာ္ဦးတို႔ သီရိ ရွိရာ အခန္းထဲသို႔ ဝင္ၾကည့္လိုက္သည္။ သီရိကား ၾကည္ျပာ့ပခုံးေပၚ ေခါင္းေလးမွီထားကာ အသက္ကို ပါးစပ္ေလးဖြင့္ၿပီး အားယူ၍ ရွဴေနသည္။ ၾကည့္ရတာႏွင့္ ပင္ ေတာ္ေတာ္ အေျခအေန ဆိုးေနမွန္းသိသာသည္။
“မနက္ကအထိအေကာင္းပါပဲ။ ဘာျဖစ္လို႔ ညႀကီးမင္းႀကီးမွ ေကာက္ကာငင္ကာ ျဖစ္ရတာလဲ” ေအာင္ႏိုင္တစ္ေယာက္ ေခမာကိုလွမ္းေမးလိုက္သည္။
“ရင္က်ပ္သမားဆိုတာက ဒီလိုပဲ သူနဲ႔ ဓာတ္မတည့္တာ တစ္မ်ိဳးမ်ိဳးကို ရွဴမိၿပီဆိုရင္ ဒီလိုပဲ ေကာက္ကာငင္ကာ ထက်ပ္တတ္တာပဲေလ။ သီရိက ဒီလိုပဲ ျဖစ္ေနၾကပဲ ”
“သူက ဘာရွဴမိလို႔ က်ပ္တာလဲဟင္ ”
ၿဖိဳးေလးတစ္ေယာက္ စပ္စပ္စုစု ေမးလိုက္သည္။
” ငါလည္း ဘယ္သိမလဲ။ ဆရာဝန္မွ မဟုတ္တာကို”
ေခမာက ျပန္ေျပာေတာ့ ၿဖိဳးေလးက ေခမာကို မ်က္ေစာင္းထိုးလိုက္သည္။ ဒါေလးေတာင္ မသိပဲႏွင့္ လာေျပာသည္ဟု ဆိုသည့္ အဓိပၸာယ္။ခဏေနေတာ့ ေဇာ္ႀကီး ဆရာဝန္တစ္ေယာက္ကို ပင့္လာသည္။ ဆရာဝန္က ေရာဂါ ရာဇဝင္ေတြ ဘာေတြေမးႏွင့္ ေဆးတစ္လုံးထိုးေပးလိုက္သည္။
” သမီး ဘာလို႔က်ပ္တာလဲ ကိုယ့္ဘာသာ သတိထားမိလား” သီရိကိုေမးလိုက္သည္။
” သမီးကို ရင္က်ပ္ေစတဲ့ အရာေတြက အမ်ားႀကီးပဲ အခုက ေတာ့ ေၾကာင္အေမြးေတြေၾကာင့္လို႔ေတာ့ ထင္တာပဲ ဆရာ။ တိရစာၦန္ အေမြးေတြက သမီးကို ရင္က်ပ္ေစတယ္။ ”
“ေနာက္ဆို ဒါမ်ိဳးေတြကို ေရွာင္ေပါ့။ဟုတ္ၿပီလား ”
” ဟုတ္ကဲ့ပါ ဆရာ။ သမီးတို႔လည္း သူငယ္ခ်င္းအိမ္ကို ခဏအလည္လာတာပါ။ နက္ျဖန္မနက္ေစာေစာျပန္ေတာ့မွာပါ။ ဒီေန႔တစ္ရက္တည္း ေဇာ္ႀကီးအိမ္မွာ တည္းတာပါ။ တစ္ရက္တည္းနဲ႔ ဒီလိုမ်ိဳးအေရးေပၚျဖစ္လိမ့္မယ္လို႔မထင္လို႔ပါ။”
” ေဆးလည္းထိုးထားတယ္။ ေသာက္ေဆးလည္းေပးလိုက္ေတာ့ သက္သာသြားမွာပါ။ ဒီညေတာ့ နားလိုက္ပါဦ။”
” ေက်းဇူးတင္ပါတယ္ ဆရာ”
ေဇာ္ႀကီးတစ္ေယာက္ ဆရာဝန္ကို ျပန္လိုက္ပို႔ေနရင္း သီရိနားတြင္ သူငယ္ခ်င္းေတြ ဝိုင္းေနၾကသည္။ ရပ္ေတာင္ေလးႏွင့္ ရပ္ခပ္ေပးေနသည့္သူက ခပ္ေပးေနသည္။ သီရိကား ၾကည္ျပာ ပခုံးေပၚတြင္ မိန္းေနလွ်က္။
” ငါက ငယ္ငယ္ကတည္း ကရင္က်ပ္ေရာဂါရွိတာ။ အနံ႔ျပင္းျပင္းေတြ ရရင္ ရင္က်ပ္တတ္တယ္။ ေဆးလိပ္နံ႔တို႔ ျခင္ေဆးေခြနံ႔တို႔ရွဴမိရင္လည္း ငါရင္က်ပ္တတ္တယ္။ဒါေၾကာင့္ နင္တို႔ကို ငါ့နားမွာ ေဆးလိပ္လာမေသာက္ပါနဲ႔လို႔ေျပာတာေပါ့။ ”
ေက်ာ္ဦးတစ္ေယာက္ အခုမွပဲ သီရိကိုနားလည္ေတာ့သည္။ သီရိကို သနားလည္း သနားသြားသည္။
”ၿပီးေတာ့ ငါ က တိရစာၦန္ရဲ႕ အေမြးအျမင္ေတြေၾကာင့္လည္း ရင္က်ပ္တတ္တယ္။ ေရေမြး အနံ႔ျပင္းျပင္းစြတ္ ရင္ေတာင္ ငါ က တစ္ခါတစ္ေလ ရင္က်ပ္တတ္တယ္။ ”
“နင့္ဟာက ဆိုးလွခ်ည္လား ”
စစ္ႏိုင္တစ္ေယာက္ ဂ႐ုဏာ ႏွင့္ ေမးလိုက္သည္။
” ေအး ဟုတ္တယ္။ ရင္က်ပ္ေရာဂါသည္ဆိုတာ ႀကိဳးတန္းေပၚလမ္းေလွ်ာ္ေနရသလိုပဲ။ သတိနဲ႔ေန သတိနဲ႔စားရတာ။ အခ်ိန္မေ႐ြး ရင္ထက်ပ္ႏိုင္တယ္။ ” ေခမာက သီရိအစားေျဖေပးသည္။
” သီရိလည္းနားပါေစဦး။ ငါတို႔ေတြအားလုံး နက္ျဖန္အတြက္ အားေမြးၾကတာေပါ့”
ေက်ာ္ဦးတစ္ေယာက္ အျပန္လမ္း တစ္ေလွ်ာက္လုံး သီရိအေၾကာင္းေတြးရင္း စိတ္မေကာင္းျဖစ္လာသည္။ ရင္က်ပ္ေရာဂါသည္ က ေဆးလိပ္နံ႔ မခံႏိုင္ဘူး။ ျခင္ေဆးေခြနံ႔ မခံႏိုင္ဘူး။ ေရေမြးနံ႔မခံႏိုင္ဘူး။ အနံ႔ျပင္းျပင္းေတြ မခံႏိုင္ဘူးတဲ့။ ၿပီးေတာ့ တိရစာၦေတြရဲ႕ အနံ႔ အသက္နဲ႔ အေမြးအမွ်င္ေတြေၾကာင့္လည္း ရင္က်ပ္တတ္တယ္။ တစ္ေယာက္ထဲ အေတြးမ်ားက အမွ်င္ မျပတ္။ အျပန္လမ္းတစ္ေလွ်ာက္ စိုးရိမ္စိတ္ျဖင့္ သီရိကိုပဲ သမင္လည္ျပန္ၾကည့္ေနမိေတာ့သည္။
Author: Dr.ေအးခ်မ္းမိုး
(Unicode)
ကျော်ဦးတို့ သူငယ်ချင်းများ တက္ကသိုလ်နောက်ဆုံးနှစ်စာမေးပွဲကြီးပြီးသည့်အချိန်မှာတော့ သူငယ်ချင်းတွေ ခွဲရတော့မည်မို့ ဝမ်းနည်းနေမိသည်။ ၄ နှစ်တာ တက်ခဲ့ရသော ကျောင်းတော်ကြီးကိုကြည့်ရင်း လွမ်းသလိုလို ဆွေးသလိုလိုနှင့် ခံစားမှုပေါင်းစုံကို ခံစားနေရသည်။ ဇော်ကြီးက စာမေးပွဲကြီးပြီးသည့်အခါ သူနေရပ်ဖြစ်သော ပုသိမ်မြို့သို့ လိုက်လည်ရန် သူငယ်ချင်းများအား ဖိတ်ခေါ်သည်။ သူငယ်ချင်းတွေ အားလုံး ဇော်ကြီး နေရပ်ကို လိုက်သွားကြမည်ဟု ဆုံးဖြတ်ကြသည်။ ကျော်ဦးတို့ထင်သည်က ယောကျာ်းလေးသူငယ်ချင်းများသာ ဇော်ကြီးနေရပ်သို့လိုက်ကြမည်ဟုထင်ထားသည်။ စစ်နိုင်က သူ့ချစ်သူ ခေမာနှင့် တကွ မိန်းကလေး သူငယ်ချင်းများပါ လိုက်မည်ဆိုတော့ ကျော်ဦးတို့ လူစုတောင့်သွားတော့သည်။ ခေမာကိုတော့ စစ်နိုင်မိန်းကလေးမို့ ကျော်ဦးတို့ သိပေမဲ့ ရင်းရင်းနှီးနှီးတော့ မခင်မင်ဖူး။ မိန်းကလေးတွေ လိုက်လာလျှင် အဆင်ပြေပါ့မလားလို့ ဇော်ကြီးကိုတောင် ကျော်ဦးက လှမ်းသတိပေးနေလိုက်သည်။
” မိန်းကလေးတွေ ပါလာလဲ ဘာဖြစ်လဲ ကျော်ဦးရာ။ သူတို့ဘာသာ လိုက်လာတာပဲ မင်း ချီလာရတာမှ မဟုတ်တာ။ မင်းက ဘာတွေစိတ်ပူနေရတာလဲ” ဇော်ကြီးက ကျော်ဦးကို ဘုတောလွတ်သည်။
“သူတို့ပါလာတော့ ရှုပ်တာပေါ့။ သူတို့ အထုပ်သယ်ပေးရဦးမယ်။ ငါတို့က ပြီးရင် ချောင်းသာကို ဆက်သွားဦးမယ်။ သူတို့ပတ်သတ်ပြီး ငါတို့မှာ ရန်ဖြစ်ချင်ဖြစ်ရဦးမယ်။ ”
“အထုပ်ကလည်း မင်းမသယ်ချင်ရင်မသယ်ပါနဲ့။ ငါသယ်ပမယ်ကွာ။ ရန်ဖြစ်ရအောင်ကလည်း ဘာကိစ္စ ရန်ဖြစ်ရမလဲကွ။ သူတို့ကို ဘယ်သူကမှ မစဘူး။ ငါတို့ပါနေတာပဲ။ မင်းနော် ကြောက်တတ်ရန်ကော ။ မင်းက သာ မိန်းကလေးတွေ ပါရင် မလိုက်ချင်ဖြစ်နေတာ စစ်နိုင်က သူ့ကောင်မလေးကို ဒီခရီးကိုလိုက်စေချင်လို့ မနည်း တောင်းတောင်းပန်ပန်နဲ့ခေါ်ထားရတာ။ ခေမာကလည်း သူ့သူငယ်ချင်းတွေပါမှ လိုက်မယ်ဆိုလို့သူ့သူငယ်ချင်းတွေကိုပါ ခေါ်လာရတာ။ တစ်ကျောင်းတည်းသား သူငယ်ချင်းတွေကို သူတို့လိုက်လာလည်း ငါတို့မှာ ဘာအနှောင့်အယှက်မှ မဖြစ်ပါဘူးကွာ။ မင်းနောက်တစ်ကြိမ် ဒီလိုမျိုးသူငယ်ချင်းတွေနဲ့ သွားချင်လို့ဆိုရင်တောင် နောက်တစ်ကြိမ်ချိန်းဖို့ မသေချာတော့ ဘူးသူငယ်ချင်း။ ဒါကြောင့် ဒီခရီးမှာ ဘယ်သူတွေ ပါပါမပါပါ မင်း အတွန့်မတက်နဲ့။ ကိုယ့်ဘာသာ သူတို့နဲ့မရောချင်ရင်မရောပဲနေလို့ရတယ်။” ဇော်ကြီးက ကျော်ဦးကို စကားကုန်ပြောသည်။ ကျော်ဦးတစ်ယောက် ဇော်ကြီးကို ဘာမှ ပြန်မပြောပဲ ငြိမ်နေလိုက်သည်။
စာမေးပွဲ ဖြေပြီးပြီးချင်းမှာပဲ သူငယ်ချင်းတွေ စုပြီး ကားစင်းလုံးငှား၍ ချောင်းသာသို့ထွက်လာကြသည်။ အပြန်တွင် ဇော်ကြီးအိမ်သို့လိုက်လည်ကြမည်။ မနက်စောစောမို့ကားပေါ်တွင် ငိုက်မြည်းလာကြသည်။ ကားထဲတွင် တိတ်ဆိတ်နေသည်။ စကားပြောသံမကြားရသေး။ ပန်းတနော်သို့ ရောက်၍ မနက်စာ စားသည့်အချိန်မှာ ဇာတ်လမ်းက စလာသည်။
ကျော်ဦးတစ်ယောက် ဆေးလိပ်မီးညှိ၍ ဆေးလိပ်တစ်လိပ်ထုတ်သောက်လိုက်သည်။
“နင်ဆေးလိပ်သောက်ချင်ရင် ဟိုးအဝေးမှာ သွားသောက်နော် ငါ ဆေးလိပ်နံ့ မခံနိုင်လို့ပါ ”
ခေမာ သူငယ်ချင်းဖြစ်သူမှ ကျော်ဦးအားလှမ်းပြောလိုက်သည်။ ကျောင်းတွင် မြင်တော့ မြင်ဖူးသည်။ နာမည်နှင့်လူနှင့်က မတွဲမိ။ ကျော်ဦး ထိုင်ရာမှ ထကာ ခပ်ဝေးဝေးသို့သွားပြီး ဆေးလိပ်တစ်လိပ်ကုန်အောင် ဖွာနေလိုက်သည်။ ဆေးလိပ်ကုန်မှ စားပွဲရှိရာသို့ပြန်လာထိုင်လိုက်သည်။
“သီရိက ဆေးလိပ်နံ့မခံနိုင်လို့ပါ။ နင်စိတ်ထဲဘယ်လိုမှသဘောမထားနဲ့နော် ”
ခေမာက ကျော်ဦးကို လှမ်းတောင်းပန်လိုက်သည်။ သီရိက အားနာသလိုပြုံးပြလိုက်သည်။ ခုနက ဖုနေသော စိတ်များ လေနှင့် အတူ လွင့်မျောသွားပေသည်။ မနက်ခင်းကပဲ သာသာ ယာယာရှိနေသည်။ လေပြေလေးတိုက်နေသည်မှာ အေးချမ်းသွားသည်။
သီရိဆိုတဲ့ ကောင်မလေးက ဆေးလိပ်နံမခံနိုင်ဘူးထင်သည်ဟု မှတ်ယူထားလိုက်သည်။ ညနေခင်း သူငယ်ချင်းတွေ ထမင်းစားပြီး သီချင်းစုဆိုရန် Bengalo ရှေ့တွင် အားလုံးနေရာယူလိုက်ကြသည်။ ပျော်ပျော်ပါးပါးနှင့် သီချင်းဆိုကြမည်ပေ့ါ။
ဂစ်တာ တီးတတ်သော အောင်နိုင်တို့ ဖြိုးလေးတို့က တီး။ သီချင်းရတဲ့ သူက တစ်ယောက်တစ်ပေါက် ထအော်နှင့် တော်တော်ကို ပျော်စရာကောင်းလှသည်။ ခြင်တွေကလည်း ကိုက်လိုက်သည့်ဖြစ်ခြင်း။ ဇော်ကြီးတစ်ယောက် အခန်းထဲဝင်ပြီး ခြင်ဆေးခွေများထွန်းပြီး ယူလာခဲ့သည်။ ခြင်ဆေးခွေမြင်တော့ ခေမာက
“သီရိက ခြင်ဆေးခွေနံ့ မခံနိုင်ဘူး။ ငါတို့နားမှာ ခြင်ဆေးခွေ မထွန်းနဲ့။ နင်တို့နားမှာပဲ ထွန်းနော်” တဲ့။
ဇော်ကြီးနှင့် ကျော်ဦးတို့နှစ်ယောက် တစ်ယောက်နှင့် တစ်ယောက် မျက်စပစ်လိုက်သည်။ ဘာသဘောလည်း ဆိုသည့် သဘော။ ခြင်ဆေးခွေနံ့မခံနိုင်ဘူးဆိုတာတော့ ဒီမိန်းမ တော်တော်လွန်တာပဲလို့ ကျော်ဦးတို့နှစ်ယောက် ကောက်ချက်ချလိုက်သည်။ သီရိကို လှမ်းကြည့်လိုက်တော့ ကျော်ဦးတို့ကို ပြုံးပြနေပြန်သည်။ အသိအမှတ်ပြုသည့်အနေနှင့် တစ်ချက်ပြန်ပြုံးပြရင်း ကျော်ဦးတစ်ယောက် ဇော်ကြီးဘေးကပ်ထိုင်လိုက်သည်။ သီချင်းများဆိုရင်း သန်းခေါင်ကျော်လာတော့ တီးရသည့် အောင်နိုင်တို့ ဖြိုးလေးတို့မောလာ ဆိုရသည့် သူတို့လည်း မောလာတာနှင့်ပဲ တီးဝိုင်းကို ရပ်လိုက်ကြသည်။
”ဒီမိန်းမ တော်တော်ကို ဘဝင်ကိုင်တဲ့ မိန်းမပဲနော်။ ဆေးလိပ်နံ့ မခံနိုင်ရတာနဲ့။ ခြင်ဆေးခွေနံ့ကို မခံနိုင်ရတာနဲ့။” ကျော်ဦးပြောသည်ကို ဇော်ကြီးက ထောက်ခံသည်။
” ဟုတ်ပကွာ”
ချောင်းသာတွင် ၃ ရက်လောက်နေပြီး ပုသိမ်ရှိ ဇော်ကြီးအိမ်သို့ သွားလည်ကြသည်။ လူ ၁၀ ယောက်ကျော်ကို ဇော်ကြီး အမေက ထမင်းပွဲ ဟင်းပွဲ အဆင်သင့်နှင့် စောင့်ကြိုနေသည်။ ဇော်ကြီးအိမ်တွင် ကြောင်တွေ မွေးထားသည်မှာ အများကြီး။ ကြောင်တွေပတ်ရှောင်နေရသည်ကို က အလုပ်တစ်ခုဖြစ်သည်။ ပုသိမ် ရွှေမောဓော ဘုရားနှင့် နှီးဘုရားကို ဖူးပြီး ညနေခင်းကြတော့ ကမ်းနာလမ်းကို လျှောက်လည်ကြသည်။ ညနေခင်း အိမ်ပြန်ရောက်တော့ ထမင်းစားပြီး ခြံထဲတွင် ထိုင်ပြီး စကားကောင်းနေကြသည်။ ခေမာတစ်ယောက် အိမ်ထဲမှ ထွက်လာသည်။
“ဇော်ကြီး ရေ သီရိရင်ကျပ်နေလို့ ဆေးခန်းလိုက်ပို့ချင်တယ်။ ငါတို့ကို ဆေးခန်းလိုက်ပို့ပေးပါ ”
ဇော်ကြီးတစ်ယောက် လက်ပတ်နာရီကို ငုံ့ကြည့်လိုက်သည်။
” ဟဲ့ နင့်ဟာက နာရီကိုလည်း ကြည့်ဦးလေ။ ကိုးနာရီကျော်နေပြီ။ ဆေးခန်းတွေ ပိတ်နေရောပေ့ါ။ သိပ်မဆိုးရင် မနက်မှ သွားလို့ မရဘူးလား”
ခေမာတစ်ယောက် ဇော်ကြီးကို ခါးထောက်၍ ရန်တွေ့လိုက်သည်။
” ငါက အရေးမကြီးပဲ လာပြောမလားဟဲ့။ ဟိုမှာ တကယ်ရင်ကျပ်နေလို့လာပြောတာ။ သူလည်း ရှူဆေးတွေတော့ ရှူနေတာပဲ။ မသက်သာဘူး။ မသက်သာလို့နင့်ကိုလိုက်ပို့ခိုင်းတာပေါ့ ”
” ဒီအချိန်ကြီးတော့ ဘယ်ဆေးခန်းမှ မဖွင့်ဘူး။ ငါဆရာဝန်တစ်ယောက်ယောက်ကို အိမ်ပင့်ခဲ့မယ်။ နင်တို့အိမ်ကပဲစောင့်။ ရင်ကျပ်နေတာလို့ပြောပြီးခေါ်ခဲ့ရမှာနော်။ ဟုတ်တယ်မလား”
ဇော်ကြီးတစ်ယောက် ပြာပြာသလဲနှင့် ခြံဝင်းထဲမှ ထွက်သွားခဲ့သည်။ စစ်နိုင် အဖော်အဖြစ်လိုက်သွားသည်။ ကျော်ဦးတို့ သီရိ ရှိရာ အခန်းထဲသို့ ဝင်ကြည့်လိုက်သည်။ သီရိကား ကြည်ပြာ့ပခုံးပေါ် ခေါင်းလေးမှီထားကာ အသက်ကို ပါးစပ်လေးဖွင့်ပြီး အားယူ၍ ရှူနေသည်။ ကြည့်ရတာနှင့် ပင် တော်တော် အခြေအနေ ဆိုးနေမှန်းသိသာသည်။
“မနက်ကအထိအကောင်းပါပဲ။ ဘာဖြစ်လို့ ညကြီးမင်းကြီးမှ ကောက်ကာငင်ကာ ဖြစ်ရတာလဲ” အောင်နိုင်တစ်ယောက် ခေမာကိုလှမ်းမေးလိုက်သည်။
“ရင်ကျပ်သမားဆိုတာက ဒီလိုပဲ သူနဲ့ ဓာတ်မတည့်တာ တစ်မျိုးမျိုးကို ရှူမိပြီဆိုရင် ဒီလိုပဲ ကောက်ကာငင်ကာ ထကျပ်တတ်တာပဲလေ။ သီရိက ဒီလိုပဲ ဖြစ်နေကြပဲ ”
“သူက ဘာရှူမိလို့ ကျပ်တာလဲဟင် ”
ဖြိုးလေးတစ်ယောက် စပ်စပ်စုစု မေးလိုက်သည်။
” ငါလည်း ဘယ်သိမလဲ။ ဆရာဝန်မှ မဟုတ်တာကို”
ခေမာက ပြန်ပြောတော့ ဖြိုးလေးက ခေမာကို မျက်စောင်းထိုးလိုက်သည်။ ဒါလေးတောင် မသိပဲနှင့် လာပြောသည်ဟု ဆိုသည့် အဓိပ္ပာယ်။ခဏနေတော့ ဇော်ကြီး ဆရာဝန်တစ်ယောက်ကို ပင့်လာသည်။ ဆရာဝန်က ရောဂါ ရာဇဝင်တွေ ဘာတွေမေးနှင့် ဆေးတစ်လုံးထိုးပေးလိုက်သည်။
” သမီး ဘာလို့ကျပ်တာလဲ ကိုယ့်ဘာသာ သတိထားမိလား” သီရိကိုမေးလိုက်သည်။
” သမီးကို ရင်ကျပ်စေတဲ့ အရာတွေက အများကြီးပဲ အခုက တော့ ကြောင်အမွေးတွေကြောင့်လို့တော့ ထင်တာပဲ ဆရာ။ တိရစ္ဆာန် အမွေးတွေက သမီးကို ရင်ကျပ်စေတယ်။ ”
“နောက်ဆို ဒါမျိုးတွေကို ရှောင်ပေါ့။ဟုတ်ပြီလား ”
” ဟုတ်ကဲ့ပါ ဆရာ။ သမီးတို့လည်း သူငယ်ချင်းအိမ်ကို ခဏအလည်လာတာပါ။ နက်ဖြန်မနက်စောစောပြန်တော့မှာပါ။ ဒီနေ့တစ်ရက်တည်း ဇော်ကြီးအိမ်မှာ တည်းတာပါ။ တစ်ရက်တည်းနဲ့ ဒီလိုမျိုးအရေးပေါ်ဖြစ်လိမ့်မယ်လို့မထင်လို့ပါ။”
” ဆေးလည်းထိုးထားတယ်။ သောက်ဆေးလည်းပေးလိုက်တော့ သက်သာသွားမှာပါ။ ဒီညတော့ နားလိုက်ပါဦ။”
” ကျေးဇူးတင်ပါတယ် ဆရာ”
ဇော်ကြီးတစ်ယောက် ဆရာဝန်ကို ပြန်လိုက်ပို့နေရင်း သီရိနားတွင် သူငယ်ချင်းတွေ ဝိုင်းနေကြသည်။ ရပ်တောင်လေးနှင့် ရပ်ခပ်ပေးနေသည့်သူက ခပ်ပေးနေသည်။ သီရိကား ကြည်ပြာ ပခုံးပေါ်တွင် မိန်းနေလျှက်။
” ငါက ငယ်ငယ်ကတည်း ကရင်ကျပ်ရောဂါရှိတာ။ အနံ့ပြင်းပြင်းတွေ ရရင် ရင်ကျပ်တတ်တယ်။ ဆေးလိပ်နံ့တို့ ခြင်ဆေးခွေနံ့တို့ရှူမိရင်လည်း ငါရင်ကျပ်တတ်တယ်။ဒါကြောင့် နင်တို့ကို ငါ့နားမှာ ဆေးလိပ်လာမသောက်ပါနဲ့လို့ပြောတာပေါ့။ ”
ကျော်ဦးတစ်ယောက် အခုမှပဲ သီရိကိုနားလည်တော့သည်။ သီရိကို သနားလည်း သနားသွားသည်။
”ပြီးတော့ ငါ က တိရစ္ဆာန်ရဲ့ အမွေးအမြင်တွေကြောင့်လည်း ရင်ကျပ်တတ်တယ်။ ရေမွေး အနံ့ပြင်းပြင်းစွတ် ရင်တောင် ငါ က တစ်ခါတစ်လေ ရင်ကျပ်တတ်တယ်။ ”
“နင့်ဟာက စိုးလှချည်လား ”
စစ်နိုင်တစ်ယောက် ဂရုဏာ နှင့် မေးလိုက်သည်။
” အေး ဟုတ်တယ်။ ရင်ကျပ်ရောဂါသည်ဆိုတာ ကြိုးတန်းပေါ်လမ်းလျှော်နေရသလိုပဲ။ သတိနဲ့နေ သတိနဲ့စားရတာ။ အချိန်မရွေး ရင်ထကျပ်နိုင်တယ်။ ” ခေမာက သီရိအစားဖြေပေးသည်။
” သီရိလည်းနားပါစေဦး။ ငါတို့တွေအားလုံး နက်ဖြန်အတွက် အားမွေးကြတာပေါ့”
ကျော်ဦးတစ်ယောက် အပြန်လမ်း တစ်လျှောက်လုံး သီရိအကြောင်းတွေးရင်း စိတ်မကောင်းဖြစ်လာသည်။ ရင်ကျပ်ရောဂါသည် က ဆေးလိပ်နံ့ မခံနိုင်ဘူး။ ခြင်ဆေးခွေနံ့ မခံနိုင်ဘူး။ ရေမွေးနံ့မခံနိုင်ဘူး။ အနံ့ပြင်းပြင်းတွေ မခံနိုင်ဘူးတဲ့။ ပြီးတော့ တိရစ္ဆာတွေရဲ့ အနံ့ အသက်နဲ့ အမွေးအမျှင်တွေကြောင့်လည်း ရင်ကျပ်တတ်တယ်။ တစ်ယောက်ထဲ အတွေးများက အမျှင် မပြတ်။ အပြန်လမ်းတစ်လျှောက် စိုးရိမ်စိတ်ဖြင့် သီရိကိုပဲ သမင်လည်ပြန်ကြည့်နေမိတော့သည်။
Author: Dr.အေးချမ်းမိုး