fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အအေးမိခြင်း (Common Cold)

243
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/01/2020
in အထွေထွေရောဂါများအကြောင်း
1 min read
A A

 

အအေးမိခြင်းဆိုတာ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း (နှာခေါင်း၊အာသီး၊လေပြွန်)သို့ ဗိုင်းရပ်စ် ပိုးဝင်ခြင်းကြောင့် နေမကောင်းဖြစ်ခြင်း အခြေအနေတစ်ခုဖြစ်တယ်။

အများစုကတော့ ၁ ပတ်မှ ၁၀ရက် အတွင်း အလိုလို ပြန်ကောင်းသွားလေ့ရှိပါတယ်။

ယေဘုယျအားဖြင့် ဘေးအန္တရာယ်မရှိပါ။

ဆေးလိပ်သောက်သုံးသူများ ပျောက်ကင်းရန် အချိန်ပိုကြားနိုင်ပါတယ်။

၆ နှစ်အောက် ကလေးငယ်များ ပို၍ အအေးမိခြင်း၊ ဝေဒနာခံစားရနှုန်း ပိုများပါတယ်။

သို့သော် လူလတ်ပိုင်းအရွယ်များလည်း တစ်နှစ်လျှင် (၂)ကြိမ် သို့မဟုတ် (၃) ကြိမ်ခန့် အအေးမိခြင်း ဖြစ်နိုင် ပါတယ်။

 

Q ရောဂါဖြစ်ပွားပုံ

အအေးမိစေသော ဗိုင်းရပ်ပိုးများစွာ ရှိပါတယ်။

အဓိကအားဖြင့် Rhino ဗိုင်းရပ်စစ်ပိုး (နှာစေး / နှာပိတ် အဓိက ဖြစ်စေသောပိုး) ကြောင့် ဖြစ်တယ်။

အအေးမိဝေဒနာခံစားနေရသူမှ စကားပြောခြင်း / ချောင်းဆိုးခြင်း / နှာချေခြင်းဖြင့် လေထုထဲသို့ ပိုးပါသော အမှုန်များ ရောက်ရှိစေပါတယ်။

ထိုအမှုန်များသည် လေထုထဲတွင်လည်းကောင်း၊ အသုံးအဆောင်ပစ္စည်း၊ စားပွဲများပေါ်တွင် တင်ရှိနေနိုင်ပါတယ်။

ပိုးပါသော အမှုန်များကို ရှူမိခြင်း၊ အသုံးအဆောင်ပစ္စည်းများကို ကိုင်တွယ်ထားသော လက်ဖြင့် ပါးစပ်/နှာခေါင်း / မျက်လုံးများကို ကိုင်တွယ်ထိတွေ့မိခြင်းဖြင့် ကူးစက်စေပါတယ်။

ထို့ကြောင့် မိသားစုဝင်တစ်ဦး အအေးမိလျှင် ကျန်မိသားစုဝင်များပါ ကူးစက်ဖို့ ရာခိုင်နှုန်းများပါတယ်။

လူထူထပ်သော နေရာများသို့ သွားခြင်း၊ လေဝင်လေထွက်မကောင်းခြင်း၊ လူနေထူထပ်သော ၊ လူဦးရေများသော အိမ်တွင် နေထိုင်ခြင်း၊ အစုအဝေးဖြင့် နေထိုင်ခြင်း တွေဟာ အအေးမိစေခြင်း ဖြစ်ပေါ်ပျံ့ပွားကူးစက်ဖို့ ပိုမိုအားပေး ပါတယ်။

 

Q အဖြစ်များစေသော လူအုပ်စု / အကြောင်းအရင်းများ

အသက် ၆ နှစ်အောက် ကလေးငယ်များ

ကိုယ်ခံအား ကျနေသူများ

ရာသီဥတု – မိုးရာသီနှင့် ဆောင်းရာသီ

ဆေးလိပ်သောက်ခြင်း

အအေးမိပိုးရှိသူများနှင့် ပိုမိုထိတွေ့မှု ရှိစေနိုင်သော အခြေအနေများ

Eg –     လူနေထူထပ်သော နေရာများ

ကျောင်းများ / ကလေးထိမ်းဂေဟာများ

လေယာဉ်များ

 

Q ရောဂါလက္ခဏာများ

အအေးမိစေသော ဗိုင်းရပ်စ်ပိုးဝင်ပြီး ၁ ရက်မှ ၃ ရက်အတွင်း လက္ခဏာပြလေ့ ရှိပါတယ်။

နှာစေခြင်း၊ နှာပိတ်ခြင်း၊ နှာချေခြင်း

လည်ပင်းနာခြင်း

ချောင်းဆိုးခြင်း

ငွေ့ငွေ့ဖျားခြင်း

ခေါင်းအနည်းငယ်ကိုက်ခြင်း

ကိုယ်လက်မအီမသာဖြစ်ခြင်း

 

Q နောက်ဆက်တွဲ ဆိုးကျိုးများ

နားအလယ်ပိုင်းပိုးဝင်ခြင်းကြောင့် နားပြည်ယိုခြင်း / နားကိုက်ခြင်း

ရင်ကြပ်စေခြင်း

ထိပ်စပ်နာ ဖြစ်ခြင်း

အဆုပ်ခဲခြင်း (နမိုးနီးယားဖြစ်ခြင်း)

လေပြွှန်ယောင်ခြင်း

လေအိပ်ယောင်ခြင်း

အသံအိုးယောင်ခြင်း

 

Q အိမ်တွင်းကုထုံး

ရေများများသောက်ပါ။

အနားယူပါ။

လူထူထပ်သောနေရာများ / အလုပ်သွားခြင်းများ ရှောင်ပါ။

အာဟာရရှိသော အစားအသောက်ရွေးချယ်စားသောက်ပါ။

နွေးနွေးထွေးထွေးနေပါ။

ဆားရည် နှင့် ပလုတ်ကျင်းပါ။

ကော်ဖီ ၊ အရက် ၊ ဆေးလိပ်ရှောင်ပါ။

ဆရာဝန် ညွှန်ကြားချက်မလိုပဲ ဝယ်သောက်နိုင်သော နှာစေး ၊ နှာပိတ်ပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး သောက်နိုင်သည်။

Vitamin C နှင့် Zinc ပါသော အားဆေးသောက်နိုင်သည်။

နှာပိတ်လျှင် နှာခေါင်းတွင်းသို့ ဆားရေ ထည့်ပေးနိုင်သည်။

 

Q ကာကွယ်ခြင်းနည်းလမ်းများ

အအေးမိခြင်း ဝေဒနာအတွက် ကာကွယ်ဆေးမရှိပါ။

လက်ဆေးပါ။

နှာစေး / ချောင်းဆိုးလျှင် တစ်ရှူး (သို့မဟုတ်) လက်ကိုင်ပုဝါသုံးပါ။

အအေးမိနေသူရှိလျှင် ဝေးဝေးနေပါ။

အအေးမိနေသူရှိလျှင် အသုံးအဆောင်များ မျှဝေသုံးစွဲခြင်း ရှောင်ပါ။

ကလေးငယ်များ ကျောင်း / မူကြိုပို့မည်ဆိုလျှင် သေချာရွေးချယ်ပါ။

ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ပါ။

 

 

 

 

 

Q ဘယ်အချိန် ဆရာဝန်နှင့် တွေ့ရမလဲ?

ကလေးငယ်များ –          အဖျား ၂ ရက်ကျော်လျှင်

အဖျား 100.4 °F ထက်များလျှင် (မွေးကင်းစမှ ၃ လ ကလေးများ)

ဆိုးရွားစွာ ခေါင်းကိုက်လျှင်

ဆိုးရွားစွာ ချောင်းဆိုးလျှင်

နားကိုက်လျှင်

ရင်ကြပ်လျှင်

မှိန်းလျှင် / ဂျီကျလျှင်

အစားအသောက် မဝင်လျှင်

လက္ခဏာများ မသက်သာလျှင်

လူကြီးများ      –          အဖျား 101.3 ℉ အထက်ရှိလျှင်

အဖျား ၅ ရက်ကျော်လျှင်

မကြာခဏ အဖျားပြန်တက်လျှင်

အသက်ရှုမဝလျှင်

ရင်ကြပ်လျှင်

ဆိုးရွားစွာ ခေါင်းကိုက် / ချောင်းဆိုး / လည်ပင်းနာလျှင်

 

  • Dr Yin Yin Win
    M.B,B.S(Ygn)
    Dip.Med.Sc(Family Medicine)
Previous Post

ဝူဟန်မြို့က တကျော့ပြန် စိန်ခေါ်သံ(သို့မဟုတ်) တရုတ်ပြည်က ကြောက်စရာ ပြင်းထန်အဆုတ်ရောင်တုပ်ကွေး

Next Post

သင့်ကလေး ဖုန်း၊ တီဗီ စွဲလမ်းမှုကို ဖြေရှင်းနိုင်မည့်နည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
855
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
845
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သင့်ကလေး ဖုန်း၊ တီဗီ စွဲလမ်းမှုကို ဖြေရှင်းနိုင်မည့်နည်းလမ်းများ

အထိုင်များခြင်းရဲ့နောက်ကွယ်

မျက်ကွင်းညိုညိုသိစေလို 

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.