(Zawgyi)
ေဒၚလုံးတစ္ေယာက္ ဆီးခ်ိဳရွိေနသည္မွာ ၾကာလွၿပီ။ ေဆးေသာက္ေနေပမဲ့ အစားမေရွာင္ႏိုင္သျဖင့္ ဆီးခ်ိဳက အၿမဲ တက္ေနတတ္သည္။ သရက္သီးတို႔ ဒူးရင္းသီးတို႔ဆိုတာက ေဒၚလုံးအႀကိဳက္။ မိသားစု ဝင္ေတြက ေပးမစားလည္း ေဒၚလုံးတစ္ေယာာက္ ခိုးစားသည္။ သမီးကေတာ့ ဆီးခ်ိဳေတြ တက္တိုင္း အၿမဲ သတိေပးသည္။ ေဒၚလုံးတို႔က ဂ႐ုမစိုက္။ တစ္ေန႔ လမ္းသြားရင္း ခလုတ္တိုက္ကာ ေျခမတြင္ ဒဏ္ရာေသးေသးေလးေလးတစ္ခုျဖစ္သြားသည္။ ဒဏ္ရာေလးက ေသးဆိုေသးေသးေလးပဲျဖစ္သည္။
သို႔ေသာ္ ဒဏ္ရာက မက်တ္ပဲ ေနသည္။ ၂ ပတ္ေက်ာ္လာေတာ့ ဒဏ္ရာကေတာ္ေတာ္ႀကီးလာၿပီ။ သမီးကိုလည္း အသိမေပးရဲ။ ေဒၚလုံးတစ္ေယာက္ အစားလည္းမဆင္ျခင္ႏိုင္။ ၁ လေက်ာ္ေတာ့ ဒဏ္ရာကေတာ္ေတာ္ႀကီးေနၿပီ။ သမီးျမင္ေတာ့ အေမကို ေဆးခန္းေခၚသြားသည္။ ေဒၚလုံးတို႔က ေဆးခန္းမသြားခ်င္။ ဆရာဝန္က ေသြးစစ္ၾကည့္ၿပီး ေဒၚလုံးကို အစားအေသာက္ ဆင္ျခင္ဖို႔နဲ႔ေဆးမွန္မွန္ေသာက္ဖို႔ေျပာမည္။ ေဆးခန္းေရာက္ေရာက္ခ်င္း ဒဏ္ရာကိုၾကည့္ကာ
” ေသခ်ာတာကေတာ့ ဒီတစ္လအတြင္း ဆီးခ်ိဳေတြ အရမ္းတက္ေနတယ္လို႔ ယူဆလို႔ရတယ္။ အနာတစ္ခုျဖစ္လာတယ္။ ျဖစ္ေနတဲ့ အနာကလည္း မေပ်ာက္တဲ့အျပင္ ပိုလို႔ေတာင္ႀကီးလာေသးတယ္ဆိုေတာ့ ဆီးခ်ိဳေတြ ေတာ္ေတာ္မ်ားမ်ားတက္ေနပုံရတယ္။”
“ကြၽန္မလည္း ဆရာေျပာသလိုပဲ စားတာပါပဲ။ ေဆးလည္း မွန္မွန္ေသာက္ပါတယ္။ အစားလည္း အတတ္ႏိုင္ဆုံးေရွာင္ၾကဥ္ပါတယ္ဆရာရယ္ ” ေဒၚလုံးတစ္ေယာက္ မုသားတစ္ဝက္ အမွန္တစ္ဝက္ေျပာလိုက္သည္။ ဆရာဝန္မွ ေဒၚလုံးေျခမေလးကို ေဆးထည့္ေပးရင္း ေဒၚလုံးေျပာေနသည္မ်ားကို ၿပဳံးၿပဳံးေလးနားေထာင္ေနသည္။ ေဒၚလုံးစိတ္ထဲ ဒီဆရာဝန္ငါေျပာတာေတြ ယုံသည္ဟု ထင္ကာ ဘဝင္ေလဟပ္ေနသည္။
” အနာကို ေဆးခဏခဏေတာ့ လာထည့္ေနရမယ္။ ဆီးခ်ိဳကိုလည္း အတတ္ႏိုင္ဆုံးထိန္းရမယ္။ ဒီလိုမ်ိဳး ဆီးခ်ိဳ ကို မထိန္းႏိုင္ရင္ ဆီးခ်ိဳရဲ႕ေနာက္ဆက္တြဲ ျပႆနာေတြ အမ်ားႀကီးျဖစ္လာလိမ့္မယ္။ ။ အခု အနာမက်တ္တာကိုလည္း ေပါ့ေပါ့တန္တန္ သေဘာမထားပါနဲ႔။ ဒါသိပ္ကို အေရးႀကီးတယ္ေနာ္။ အခုေဆးေတြ ေပးလိုက္မယ္။ အနာ ေဆးတဲ့ ေဆးရည္လည္း ေပးလိုက္မယ္။ ရက္ခ်ိန္းလည္း မွန္မွန္လာရမယ္။ အစားအေသာက္ကိုလည္း အတတ္ႏိုင္ဆုံး ဆင္ဆင္ျခင္ျခင္ စားပါ”
“ဟုတ္ကဲ့ပါ ဆရာ။ ဆရာ့ စကားနားေထာင္ပါမယ္ ” ေဒၚလုံးတစ္ေယာက္ ဆရာဝန္ကို လြယ္လြယ္ႏွင့္ ကတိေပးလိုက္သည္။ ေဆးခန္းကျပန္လာကတည္းက ေမာသည္ဆိုၿပီးေရခဲေသတၱာထဲမွ အေအးကို သမီး မသိေအာင္ ခိုးေသာက္လိုက္သည္။ တစ္သက္လုံးက အေအးေသာက္လာေသာ မိန္းမ။ အသက္ႀကီး ဆီးခ်ိဳရွိမွ အေအးမေသာက္ရဘူးဆိုေတာ့ ေဒၚလုံးတစ္ေယာက္ ကိုယ့္ကိုယ္ကို သနားလာသည္။ သမီးမရွိတုန္း အိမ္ေဖာ္ေကာင္မေလးကို ပိုက္ဆံေပးကာ စားခ်င္တာမ်ားကို ေဈးကိုမွာေနၾက။ သမီးခ်က္ေသာ ဟင္းမ်ားက စားမေကာင္းသည္မွာ ၾကာလွၿပီ။ အေမအတြက္ ဆိုၿပီး ဟင္းမ်ာ သီးသန႔္ခ်က္ေကြၽးေသာ္လည္း ဟင္းမ်ားက ဆီးခ်ိဳသမားစားဖို႔ ခ်က္ထားသည္ျဖစ္သည့္အတြက္ စားလို႔မေကာင္း။ အရသာ မရွိ။
ေဒၚလုံးတို႔က မမႈ။ မနက္ခင္းေဈးသြားမည့္ ေကာင္မေလးကို စားခ်င္တာမ်ားမွာထားလိုက္သည္။ ၿပီးမွ သမီး မသိေအာင္ ခိုးစားေနက်။ တစ္လျပည့္လို႔ ေဆးခန္းျပန္သြားျပေတာ့ အနာက မက်တ္သည့္အျပင္ ပိုလို႔ေတာင္ႀကီးလာသည္။ အနာက ရင္းလည္း ရင္းလာသည္။ ဆရာဝန္ေလးက အနာကိုျမင္ကတည္းက မ်က္စိပ်က္မ်က္ႏွာပ်က္။
“ေဒၚလုံး အစားေတြ အရမ္းစားတယ္ထင္တယ္။ အနာက မက်တ္ဘူးျဖစ္ေနတယ္။ ေတာ္ေတာ္လည္း ႀကီးလာတယ္ေနာ္။ ”
” ဆရာရယ္ ကြၽန္မ မရွိတုန္း အစားေတြ ခိုးခိုးစားတတ္တယ္ဆရာ။ အစားမေရွာင္ဘူးေလ။”
သမီးမွ ဆရာဝန္အား ေဒၚလုံးကို တိုင္လိုက္သည္။ ေဒၚလုံးတို႔က ဘယ္သူမွ ဂ႐ုမစိုက္။
” အခု အနာကို ေဆးထည့္ေပးမယ္။ ေဆးေတြ လည္း ေပးလိုက္မယ္။ ဒီတစ္လ ထပ္ေစာင့္ၾကည့္တာေပါ့။ အနာ ထပ္ၿပီးႀကီးလာမယ္။ ပိုဆိုးလာမယ္ဆိုရင္ေတာ့ ဒီေျခမ ျဖတ္ပစ္ရတဲ့ အထိ ျဖစ္လာမွာပဲ ။ အဲဒီအခါမွ ေဆး႐ုံတက္ၿပီး ေျခမျဖတ္တာေတြ လုပ္ၾကတာေပါ့။ ”
ေျခမျဖတ္ရမည္ဆိုေတာ့ ေဒၚလုံးတစ္ေယာက္ေတာ္ေတာ္ေၾကာက္သြားသည္။”ေျခမက ဘာလို႔ျဖတ္ရမွာလဲ ဆရာ။ ေဆးနဲ႔ျပန္မေကာင္းႏိုင္ဘူးလား ”
” အခုျဖတ္ရမယ္လို႔လဲ ေျပာတာမဟုတ္ပါဘူး။ အနာက မက်တ္ဘူး။ ပိုပိုလည္း ဆိုးလာတယ္။ ပိုပိုလည္း ႀကီးလာတယ္။ ဒါေတြကေန ေနာက္ဆိုရင္ အ႐ိုးအထိကို ကူးလာေတာ့မယ္။ ဒါဆိုရင္ ေျခမတစ္ခုလုံးကို ျဖတ္ပစ္ရတဲ့အထိျဖစ္တတ္တယ္။ တစ္ခ်ိဳ႕ဆိုရင္ ေျခဖဝါး တစ္ခုလုံးျဖတ္ပစ္ရတဲ့သူေတြေတာင္ရွိတယ္။”
” အမယ္ေလး ဆရာရယ္။ ေျခေထာက္ေတာ့ မျဖတ္ပါရေစနဲ႔။ ေပ်ာက္ေအာင္သာ ကုေပးပါ။” ေဒၚလုံးတစ္ေယာက္ ေျခေထာက္ျဖတ္ ပစ္ရမည္ဟု ေျပာေတာ့ ေၾကာက္လန႔္တၾကားထေအာ္မိသည္။
” ေပ်ာက္ေအာင္ ကုဖို႔ဆိုတာက ေဆးတစ္မ်ိဳးတည္းကို အားကိုးေနလို႔မျဖစ္ဘူး။ အစားအေသာက္လည္း ေရွာင္ၾကဥ္မွရမယ္။ ေဒၚလုံးအစားအေသာက္ကို ဆင္ျခင္ပါ။ ကြၽန္ေတာ္က လိုအပ္တဲ့ ေဆးဝါးေတြနဲ႔ကူညီမယ္”
” ဟုတ္ကဲ့ပါ ဆရာရယ္ ။ကြၽန္မ ဆီးခ်ိဳထိန္းပါမယ္။” ေဒၚလုံးတစ္ေယာက္ ေၾကာက္ေၾကာက္ႏွင့္ အိမ္သို႔ျပန္ခဲ့သည္။ ေျခေထာက္ျဖတ္ရမည္ဆိုေတာ့လည္း ေဒၚလုံးတစ္ေယာက္ေၾကာက္ပါသည္။ ေျခမအျပတ္ႀကီးႏွင့္ မိသားစုဝင္ေတြထဲ ေဆြမ်ိဳးေတြ ၾကားထဲတြင္ မေနခ်င္ပါ။ အခုကစၿပီး အစားအေသာက္ေလးေတာ့ ဆင္ျခင္လိုက္မည္ဟု ဆုံးျဖတ္လိုက္သည္။ မနက္တိုင္း ေကာင္မေလးကိုလည္း စားခ်င္တာေတြမမွာေတာ့ပဲ သမီး ခ်က္ေကြၽးသည္မ်ားကိုသာ ႀကိဳးစား စားေသာက္ေနသည္။ တစ္လ ျပည့္လို႔ ဆရာဝန္သြားျပေတာ့ အနာက ေတာ္ေတာ္ကို ျပန္က်တ္ေနၿပီ။
“ေဒၚလုံးဒီတစ္လေတာ့ အစားအေသာက္ ဆင္ျခင္ပုံရသည္ ” ဟု ခ်ီးက်ဴးေနေသးသည္။ အနာေကာင္းသည္ဆိုေတာ့ လည္း စိတ္ခ်မ္းသာရသည္။အနာလုံး၀ က်တ္သြားသည္အထိေတာ့ အစားအေသာက္ အေနအထိုင္ ဆင္ျခင္ရမည္ဟု ကိုယ့္ဘာသာဆုံးမေနလိုက္သည္။ ဆရာဝန္ကေတာ့ ေဆးစာအုပ္ထဲတြင္ ေဆးစာမ်ားေရးလ်က္။ သမီးကေတာ့ ဆီးခ်ိဳ ထိန္းထားႏိုင္သည္ဆို၍ ၿပဳံးတုံးတုံး။ ေဒၚလုံးကေတာ့ ငိုမဲ့မဲ့။
Author: Dr.ေအးခ်မ္းမိုး
(Unicode)
ဒေါ်လုံးတစ်ယောက် ဆီးချိုရှိနေသည်မှာ ကြာလှပြီ။ ဆေးသောက်နေပေမဲ့ အစားမရှောင်နိုင်သဖြင့် ဆီးချိုက အမြဲ တက်နေတတ်သည်။ သရက်သီးတို့ ဒူးရင်းသီးတို့ဆိုတာက ဒေါ်လုံးအကြိုက်။ မိသားစု ဝင်တွေက ပေးမစားလည်း ဒေါ်လုံးတစ်ယောာက် ခိုးစားသည်။ သမီးကတော့ ဆီးချိုတွေ တက်တိုင်း အမြဲ သတိပေးသည်။ ဒေါ်လုံးတို့က ဂရုမစိုက်။ တစ်နေ့ လမ်းသွားရင်း ခလုတ်တိုက်ကာ ခြေမတွင် ဒဏ်ရာသေးသေးလေးလေးတစ်ခုဖြစ်သွားသည်။ ဒဏ်ရာလေးက သေးဆိုသေးသေးလေးပဲဖြစ်သည်။
သို့သော် ဒဏ်ရာက မကျတ်ပဲ နေသည်။ ၂ ပတ်ကျော်လာတော့ ဒဏ်ရာကတော်တော်ကြီးလာပြီ။ သမီးကိုလည်း အသိမပေးရဲ။ ဒေါ်လုံးတစ်ယောက် အစားလည်းမဆင်ခြင်နိုင်။ ၁ လကျော်တော့ ဒဏ်ရာကတော်တော်ကြီးနေပြီ။ သမီးမြင်တော့ အမေကို ဆေးခန်းခေါ်သွားသည်။ ဒေါ်လုံးတို့က ဆေးခန်းမသွားချင်။ ဆရာဝန်က သွေးစစ်ကြည့်ပြီး ဒေါ်လုံးကို အစားအသောက် ဆင်ခြင်ဖို့နဲ့ဆေးမှန်မှန်သောက်ဖို့ပြောမည်။ ဆေးခန်းရောက်ရောက်ချင်း ဒဏ်ရာကိုကြည့်ကာ
” သေချာတာကတော့ ဒီတစ်လအတွင်း ဆီးချိုတွေ အရမ်းတက်နေတယ်လို့ ယူဆလို့ရတယ်။ အနာတစ်ခုဖြစ်လာတယ်။ ဖြစ်နေတဲ့ အနာကလည်း မပျောက်တဲ့အပြင် ပိုလို့တောင်ကြီးလာသေးတယ်ဆိုတော့ ဆီးချိုတွေ တော်တော်များများတက်နေပုံရတယ်။”
“ကျွန်မလည်း ဆရာပြောသလိုပဲ စားတာပါပဲ။ ဆေးလည်း မှန်မှန်သောက်ပါတယ်။ အစားလည်း အတတ်နိုင်ဆုံးရှောင်ကြဉ်ပါတယ်ဆရာရယ် ” ဒေါ်လုံးတစ်ယောက် မုသားတစ်ဝက် အမှန်တစ်ဝက်ပြောလိုက်သည်။ ဆရာဝန်မှ ဒေါ်လုံးခြေမလေးကို ဆေးထည့်ပေးရင်း ဒေါ်လုံးပြောနေသည်များကို ပြုံးပြုံးလေးနားထောင်နေသည်။ ဒေါ်လုံးစိတ်ထဲ ဒီဆရာဝန်ငါပြောတာတွေ ယုံသည်ဟု ထင်ကာ ဘဝင်လေဟပ်နေသည်။
” အနာကို ဆေးခဏခဏတော့ လာထည့်နေရမယ်။ ဆီးချိုကိုလည်း အတတ်နိုင်ဆုံးထိန်းရမယ်။ ဒီလိုမျိုး ဆီးချို ကို မထိန်းနိုင်ရင် ဆီးချိုရဲ့နောက်ဆက်တွဲ ပြဿနာတွေ အများကြီးဖြစ်လာလိမ့်မယ်။ ။ အခု အနာမကျတ်တာကိုလည်း ပေါ့ပေါ့တန်တန် သဘောမထားပါနဲ့။ ဒါသိပ်ကို အရေးကြီးတယ်နော်။ အခုဆေးတွေ ပေးလိုက်မယ်။ အနာ ဆေးတဲ့ ဆေးရည်လည်း ပေးလိုက်မယ်။ ရက်ချိန်းလည်း မှန်မှန်လာရမယ်။ အစားအသောက်ကိုလည်း အတတ်နိုင်ဆုံး ဆင်ဆင်ခြင်ခြင် စားပါ”
“ဟုတ်ကဲ့ပါ ဆရာ။ ဆရာ့ စကားနားထောင်ပါမယ် ” ဒေါ်လုံးတစ်ယောက် ဆရာဝန်ကို လွယ်လွယ်နှင့် ကတိပေးလိုက်သည်။ ဆေးခန်းကပြန်လာကတည်းက မောသည်ဆိုပြီးရေခဲသေတ္တာထဲမှ အအေးကို သမီး မသိအောင် ခိုးသောက်လိုက်သည်။ တစ်သက်လုံးက အအေးသောက်လာသော မိန်းမ။ အသက်ကြီး ဆီးချိုရှိမှ အအေးမသောက်ရဘူးဆိုတော့ ဒေါ်လုံးတစ်ယောက် ကိုယ့်ကိုယ်ကို သနားလာသည်။ သမီးမရှိတုန်း အိမ်ဖော်ကောင်မလေးကို ပိုက်ဆံပေးကာ စားချင်တာများကို ဈေးကိုမှာနေကြ။ သမီးချက်သော ဟင်းများက စားမကောင်းသည်မှာ ကြာလှပြီ။ အမေအတွက် ဆိုပြီး ဟင်းမျာ သီးသန့်ချက်ကျွေးသော်လည်း ဟင်းများက ဆီးချိုသမားစားဖို့ ချက်ထားသည်ဖြစ်သည့်အတွက် စားလို့မကောင်း။ အရသာ မရှိ။
ဒေါ်လုံးတို့က မမှု။ မနက်ခင်းဈေးသွားမည့် ကောင်မလေးကို စားချင်တာများမှာထားလိုက်သည်။ ပြီးမှ သမီး မသိအောင် ခိုးစားနေကျ။ တစ်လပြည့်လို့ ဆေးခန်းပြန်သွားပြတော့ အနာက မကျတ်သည့်အပြင် ပိုလို့တောင်ကြီးလာသည်။ အနာက ရင်းလည်း ရင်းလာသည်။ ဆရာဝန်လေးက အနာကိုမြင်ကတည်းက မျက်စိပျက်မျက်နှာပျက်။
“ဒေါ်လုံး အစားတွေ အရမ်းစားတယ်ထင်တယ်။ အနာက မကျတ်ဘူးဖြစ်နေတယ်။ တော်တော်လည်း ကြီးလာတယ်နော်။ ”
” ဆရာရယ် ကျွန်မ မရှိတုန်း အစားတွေ ခိုးခိုးစားတတ်တယ်ဆရာ။ အစားမရှောင်ဘူးလေ။”
သမီးမှ ဆရာဝန်အား ဒေါ်လုံးကို တိုင်လိုက်သည်။ ဒေါ်လုံးတို့က ဘယ်သူမှ ဂရုမစိုက်။
” အခု အနာကို ဆေးထည့်ပေးမယ်။ ဆေးတွေ လည်း ပေးလိုက်မယ်။ ဒီတစ်လ ထပ်စောင့်ကြည့်တာပေါ့။ အနာ ထပ်ပြီးကြီးလာမယ်။ ပိုဆိုးလာမယ်ဆိုရင်တော့ ဒီခြေမ ဖြတ်ပစ်ရတဲ့ အထိ ဖြစ်လာမှာပဲ ။ အဲဒီအခါမှ ဆေးရုံတက်ပြီး ခြေမဖြတ်တာတွေ လုပ်ကြတာပေါ့။ ”
ခြေမဖြတ်ရမည်ဆိုတော့ ဒေါ်လုံးတစ်ယောက်တော်တော်ကြောက်သွားသည်။”ခြေမက ဘာလို့ဖြတ်ရမှာလဲ ဆရာ။ ဆေးနဲ့ပြန်မကောင်းနိုင်ဘူးလား ”
” အခုဖြတ်ရမယ်လို့လဲ ပြောတာမဟုတ်ပါဘူး။ အနာက မကျတ်ဘူး။ ပိုပိုလည်း ဆိုးလာတယ်။ ပိုပိုလည်း ကြီးလာတယ်။ ဒါတွေကနေ နောက်ဆိုရင် အရိုးအထိကို ကူးလာတော့မယ်။ ဒါဆိုရင် ခြေမတစ်ခုလုံးကို ဖြတ်ပစ်ရတဲ့အထိဖြစ်တတ်တယ်။ တစ်ချို့ဆိုရင် ခြေဖဝါး တစ်ခုလုံးဖြတ်ပစ်ရတဲ့သူတွေတောင်ရှိတယ်။”
” အမယ်လေး ဆရာရယ်။ ခြေထောက်တော့ မဖြတ်ပါရစေနဲ့။ ပျောက်အောင်သာ ကုပေးပါ။” ဒေါ်လုံးတစ်ယောက် ခြေထောက်ဖြတ် ပစ်ရမည်ဟု ပြောတော့ ကြောက်လန့်တကြားထအော်မိသည်။
” ပျောက်အောင် ကုဖို့ဆိုတာက ဆေးတစ်မျိုးတည်းကို အားကိုးနေလို့မဖြစ်ဘူး။ အစားအသောက်လည်း ရှောင်ကြဉ်မှရမယ်။ ဒေါ်လုံးအစားအသောက်ကို ဆင်ခြင်ပါ။ ကျွန်တော်က လိုအပ်တဲ့ ဆေးဝါးတွေနဲ့ကူညီမယ်”
” ဟုတ်ကဲ့ပါ ဆရာရယ် ။ကျွန်မ ဆီးချိုထိန်းပါမယ်။” ဒေါ်လုံးတစ်ယောက် ကြောက်ကြောက်နှင့် အိမ်သို့ပြန်ခဲ့သည်။ ခြေထောက်ဖြတ်ရမည်ဆိုတော့လည်း ဒေါ်လုံးတစ်ယောက်ကြောက်ပါသည်။ ခြေမအပြတ်ကြီးနှင့် မိသားစုဝင်တွေထဲ ဆွေမျိုးတွေ ကြားထဲတွင် မနေချင်ပါ။ အခုကစပြီး အစားအသောက်လေးတော့ ဆင်ခြင်လိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။ မနက်တိုင်း ကောင်မလေးကိုလည်း စားချင်တာတွေမမှာတော့ပဲ သမီး ချက်ကျွေးသည်များကိုသာ ကြိုးစား စားသောက်နေသည်။ တစ်လ ပြည့်လို့ ဆရာဝန်သွားပြတော့ အနာက တော်တော်ကို ပြန်ကျတ်နေပြီ။
“ဒေါ်လုံးဒီတစ်လတော့ အစားအသောက် ဆင်ခြင်ပုံရသည် ” ဟု ချီးကျူးနေသေးသည်။ အနာကောင်းသည်ဆိုတော့ လည်း စိတ်ချမ်းသာရသည်။အနာလုံး၀ ကျတ်သွားသည်အထိတော့ အစားအသောက် အနေအထိုင် ဆင်ခြင်ရမည်ဟု ကိုယ့်ဘာသာဆုံးမနေလိုက်သည်။ ဆရာဝန်ကတော့ ဆေးစာအုပ်ထဲတွင် ဆေးစာများရေးလျက်။ သမီးကတော့ ဆီးချို ထိန်းထားနိုင်သည်ဆို၍ ပြုံးတုံးတုံး။ ဒေါ်လုံးကတော့ ငိုမဲ့မဲ့။
Author: Dr.အေးချမ်းမိုး