fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

ဆီးချိုရောဂါရှိသူများအတွက် အလိုအပ်ဆုံး ဗီတာမင်များ

289
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/11/2020
in ကျန်းမာစေသော အစားအစာ, အထွေထွေရောဂါများအကြောင်း
1 min read
A A

 

ဆီးချိုသမားများအတွက် ဗီတာမင်များကြွယ်ဝသော အစားအသောက်များ စားသုံးခြင်းသည် ကောင်းသောအလေ့အထတစ်ခုဖြစ်ပါသည်။

ဆီးချိုသမားများသည် သွေးအတွင်းတွင် များပြားနေသောသကြားဓာတ်များကြောင့် ဆီး မကြာခဏ သွားရလေ့ရှိပါသည်။ ထိုအခါ အချို့သောအာဟာရဓာတ်များသည် ဆီးနှင့်အတူ ဆုံးရှုံးသွားတတ်ပါသည်။ အများအားဖြင့် ရေတွင်ပျော်ဝင်နိုင်သော ဗီတာမင်နှင့် သတ္တုဓာတ်များ ဆုံးရှုံးသွားလေ့ရှိပါသည်။

ထိုသို့ ဗီတာမင်များ ဆုံးရှုံးသွားခြင်းသည် ခန္ဓာကိုယ်၏ သွေးတွင်းသကြားဓာတ် ထိန်းသိမ်းနိုင်မှုကို ပိုမိုကျဆင်းလာစေပြန်ပါသည်။

ဤသို့ဖြင့် သွေးတွင်းသကြားဓါတ်မြင့်တက်မှုကြောင့် ဗီတာမင်များဆုံးရှုံး၊ ဗီတာမင်များဆုံးရှုံးမှုကြောင့် သွေးတွင်းသကြားဓါတ်များပိုမိုမြင့်တက်စသည်ဖြင့် မကောင်းသည့် သံသရာ စတင်လည်ပတ်လာပါတော့သည်။

ဆီးချိုရောဂါရှင်များစားသုံးသင့်သည့် ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများကို စနစ်တကျ စားသောက်ခြင်း၊ နေ့စဉ်လေ့ကျင့်ခန်းများကို ပြုလုပ်ခြင်းနှင့် ဗီတာမင် ဖြည့်စွက်အာဟာရများကို စားသုံးခြင်းသည် ဆီးချိုသမားများအတွက် သွေးတွင်းသကြားဓာတ်များကို ရေရှည်ထိန်းသိမ်းနိုင်ရန် အကောင်းဆုံးနည်းလမ်းပင်ဖြစ်ပါသည်။

အောက်ပါတို့သည် ဆီးချိုရောဂါရှင်များအတွက် အသင့်တော်ဆုံးသော ဗီတာမင်များဖြစ်ကြပါသည်။

 

ဗီတာမင် A

ဗီတာမင် A သည် အားကောင်းသည့် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိခြင်းကြောင့် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို တိုးမြင့်စေပါသည်။

ထို့အပြင် သွားနှင့် အရိုးများကိုသန်စွမ်းစေခြင်း၊ အယ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးခြင်းနှင့် အဆစ်အမြစ်ရောင်ရမ်းခြင်း၊ နှလုံးရောဂါနှင့် အသက်အရွယ်ကြီးရင့်မှုကြောင့် ဖြစ်ပေါ်လာသော ကြွက်သား ပျက်စီးဆုံးရှုံးသည့် ပြဿနာများကိုနှေးကွေးစေခြင်း စသည့် အကျိုးကျေးဇူးများလည်းပေးစွမ်းနိုင်ပါသည်။

ဗီတာမင် A တွင် ပါဝင်သော Carotenoids သည် ဆီးချိုသမားများတွင် မျက်စိဆိုင်ရာပြဿနာများကို တားဆီးကာကွယ်ပေးနိုင်ပါသည်။

ဗီတာမင် A ကို နို့ထွက်ပစ္စည်းများ၊ ကြက်ဥဘဲဥ၊ ငါးကြီးဆီ၊ အမဲသား၊ ကျောက်ကပ်၊ ကြက်သား၊ အသီးအရွက်များ၊ မုန်လာဥနီ၊ အာလူးတို့တွင် တွေ့ရှိရပါသည်။

 

ဗီတာမင် B1

အစားအစာများကို စွမ်းအင်အဖြစ်ပြောင်းလဲရာတွင် ကူညီပေးသည့် ဗီတာမင် B1 သည် အရေပြား၊ ဆံပင်၊ ဦးနှောက်၊ နှလုံးနှင့် အာရုံကြောဆိုင်ရာ လုပ်ငန်းဆောင်တာများ ပုံမှန်လုပ်ဆောင်နိုင်ရန်အတွက် မရှိမဖြစ် အရေးပါပါသည်။ ထို့အပြင် အစာမကြေခြင်း၊ နှလုံးရောဂါနှင့် ကျောက်ကပ်တွင် ကျောက်တည်ခြင်းများကိုလည်း ကာကွယ်ပေးနိုင်ပါသည်။

ဗီတာမင် B1 သည် ဆီးချိုသမားများတွင် သွေးတွင်းသကြားဓာတ် များပြားမှုကြောင့် ကြုံတွေ့ရသည့် အာရုံကြောဆိုင်ရာပျက်စီးခြင်းများကိုလည်း ကာကွယ်ပေးနိုင်စွမ်းရှိပါသည်။

ဗီတာမင် B1 ကို ဝက်သား၊ ဝက်ပေါက်ခြောက်၊ အသည်း၊ ပဲအမျိုးမျိုး၊ အစေ့အဆန်များတွင် တွေ့ရှိရပါသည်။

 

ဗီတာမင် B2

ဗီတာမင် B2 သည် ခန္ဓာကိုယ်၏ ဇီဝကမ္မဆိုင်ရာလုပ်ဆောင်မှုများကို တိုးတက်စေခြင်း၊ ခုခံအားစနစ်ကို တိုးတက်စေခြင်းနှင့် အာရုံကြောစနစ်များကို တိုးတက်စေခြင်း စသည့်အစွမ်းသတ္တိများရှိပါသည်။

ဗီတာမင် B2 ကို နို့ထွက်ပစ္စည်းများ၊ ပဲပိစပ်၊ အစေ့အဆန်များ၊ အသား၊ အသည်း၊ ကြက်ဥဘဲဥ၊ မှိုတို့တွင်တွေ့ရှိရပါသည်။

 

ဗီတာမင် B3

အစားအစာများကို စွမ်းအင်အဖြစ် အလွယ်တကူ သုံးစွဲနိုင်စေရန် ကူးပြောင်းပေးနိုင်သည့် ဗီတာမင် B3 သည် အာရုံကြောစနစ်၊ အစာခြေစနစ်၊ အရေပြားကျန်းမာရေး၊ ဆံပင်နှင့် ဦးနှောက်တို့အတွက် အရေးကြီးပါသည်။

အားအင်ကုန်ခန်းနေသောသူများ၊ အစာမကြေဖြစ်နေသောသူများ၊ သွေးပေါင်ချိန်မြင့်မားနေသောသူများ၊ သွေးတွင်း ကိုလက်စထရော မြင့်မားနေသူများ၊ ဆီးချိုသမားများ၊ အရေပြားဆိုင်ရာပြဿနာ ဖြစ်ပွားသော သူများနှင့် ခေါင်းတစ်ခြမ်းကိုက်သောသူများတွင် ဗီတာမင် B3 သည် လွန်စွာမှ အကျိုးကျေးဇူးရရှိနိုင်ပါသည်။ ဗီတာမင် B3 ကို အသား၊ မှို၊ ကြက်သား၊ အစေ့အဆန်၊ မြေပဲထောပတ်နှင့် အာလူးတို့တွင် တွေ့ရှိရပါသည်။

ဗီတာမင် B5

စားသောက်လိုက်သော အစားအစာများကို စွမ်းအင်အဖြစ်သို့ကူးပြောင်းပေးနိုင်သော ဗီတာမင် B5 သည် ခန္ဓာကိုယ်အတွင်း လိုအပ်သောအဆီများနှင့် ဟီမိုဂလိုဗင်များ ပြုလုပ်တည်ဆောက်ရာတွင် ကူညီပေးနိုင်ပါသည်။

ဗီတာမင် B5 ချို့တဲ့လျှင် အာရုံကြောဆိုင်ရာပြဿနာများ ဖြစ်ပွားတတ်သည့်အပြင် ဆီးချိုသမားများတွင်တွေ့ရလေ့ရှိသော ခြေထောက်တွင် ပူစပ်ပူလောင်ကဲ့သို့ဖြစ်သည့် ဝေဒနာကိုပါ ခံစားရလေ့ရှိပါသည်။

ဗီတာမင် B5 ကို အစေ့အဆန်များ၊ မှို၊ ဘရိုကိုလီ၊ ခရမ်းချဉ်သီး၊ ထောပတ်သီး၊ ကြက်သားတို့တွင် တွေ့ရှိရပါသည်။

ဗီတာမင် B6

ခန္ဓာကိုယ်တွင် အသားဓာတ်နှင့် Glycogen တို့ကိုအသုံးပြုနိုင်စေရန် ကူညီပေးသော ဗီတာမင် B6 သည် သွေးများအတွင်း သယ်ဆောင်သွားနိုင်သည့် ဟီမိုဂလိုဗင်ကို ပြုလုပ်တည်ဆောက်ရာတွင် ပါဝင်ကူညီပေးပါသည်။

ဗီတာမင် B6 ချို့တဲ့ခဲ့လျှင် ကလေးငယ်များတွင် အတက်ရောဂါကို ပိုမိုဆိုးဝါးစေပါသည်။

ထို့အပြင် ဆီးချိုသမားများတွင် တွေ့ရလေ့ရှိသော အာရုံကြောဆိုင်ရာ ပြဿနာများကို ဗီတာမင် B6 က သက်သာစေရန် အကူအညီပေးပါသည်။

ဗီတာမင် B6 ကို အသား၊ အာလူး၊ ကြက်သား၊ ပဲပိစပ်၊ ငှက်ပျောသီး၊ အခွံမာသီးများ၊ အုတ်၊ ပဲအမျိုးမျိုး၊ နေကြာစေ့တို့တွင်  တွေ့ရပါသည်။

 

ဗီတာမင် B7

ခန္ဓာကိုယ်တွင် ဂလူးကိုစ့်များ ဖွဲ့စည်းတည်ဆောက်ခြင်းနှင့် Fatty Acid များဖြိုခွဲခြင်းတွင် ကူညီပေးသော ဗီတာမင် B7 သည် အစားအစာများမှ ရရှိသော အသားဓာတ်၊ အဆီဓာတ်နှင့် ကာဗွန်ဟိုက်ဒရိတ်များကို ခန္ဓာကိုယ်မှ အသုံးပြုနိုင်စေရန် ပြုလုပ်ပေးပါသည်။

ဗီတာမင် B7 ကို အစေ့အဆန်များ၊ အဆီထုတ်ထားသောနွားနို့၊ ဒိန်ချဉ်၊ ကန်စွန်းဥ၊ မြေပဲ၊ အယ်လ်မွန်စေ့၊ ကြက်ဥဘဲဥ၊ အသည်း၊ ကြက်သား၊ ပဲနို့တို့တွင် တွေ့ရှိရပါသည်။

 

ဗီတာမင် B12

ဗဟိုအာရုံကြောစနစ်၏ လုပ်ငန်းဆောင်တာများကို တိုးတက်စေသော ဗီတာမင် B12 သည် ခန္ဓာကိုယ်၏ ဇီဝရုပ်ဖြစ်ပျက်ခြင်းဖြစ်စဉ်များကို တိုးတက်စေသည့်အပြင် သွေးနီဥများ တည်ဆောက်မှုကိုလည်း အကူအညီပေးပါသည်။

ဗီတာမင် B12 သည် အာရုံကြောဆိုင်ရာပြဿနာများဖြစ်ပေါ်ခံစားနေရသည့်အပြင် ခန္ဓာကိုယ်၏ ခုခံအားစနစ်အားနည်းနေတတ်သော ဆီးချိုသမားများအတွက် သင့်တော်သော အကောင်းဆုံး ဗီတာမင်များထဲမှ တစ်ခုဖြစ်ပါသည်။

ဗီတာမင် B12 ကို အသားများ၊ ကြက်သား၊ ပင်လယ်စာ၊ ကြက်ဥဘဲဥ၊ နွားနို့ နှင့် အခြားနို့ထွက်ပစ္စည်းများတွင် တွေ့ရှိရပါသည်။

 

Folate

ဆဲလ်အသစ်များပြုလုပ်တည်ဆောက်ခြင်းတွင် မရှိမဖြစ်အရေးပါသော Folate ဓာတ်ကို ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်း သောက်သုံးရန်အားပေးလေ့ရှိပါသည်။

၎င်းသည် အချို့သောကင်ဆာရောဂါ အမျိုးအစားများကို ကာကွယ်ပေးနိုင်စွမ်းရှိပါသည်။

Folate ကို ကညွတ်၊ ဟင်းနုနွယ်၊ ဘရိုကိုလီ၊ ပဲအမျိုးမျိုး၊ ခရမ်းချဉ်သီးရည်၊ လိမ္မော်ရည်တို့တွင် တွေ့ရှိရပါသည်။

 

ဗီတာမင် C

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်သော ဗီတာမင် C သည် ခန္ဓာကိုယ်၏ ခုခံအားစနစ်များကို တိုးတက်စေခြင်း၊ တစ်ရှူးများကို ကျန်းမာစေရန် ထိန်းသိမ်းပေးခြင်းနှင့် ခန္ဓာကိုယ်မှ သံဓာတ်ကို စုပ်ယူနိုင်သည့် အရည်အသွေးကို တိုးတက်စေခြင်း စသည်တို့ကိုလုပ်ဆောင်ပေးနိုင်ပါသည်။

၎င်းသည် ဆီးချိုသမားများတွင် မျက်လုံး၊ ကျောက်ကပ်နှင့် အာရုံကြောများဆဲလ်များကို ပျက်စီးစေသော Sorbitol သကြားဓာတ်ကိုနည်းပါးစေသည့်အတွက် ဆီးချိုသမားများအတွက် ကောင်းမွန်သည့် ဗီတာမင်တစ်မျိုး ဖြစ်ပါသည်။

ဗီတာမင် C ကို အချဉ်အရသာရှိသော အသီးအနှံများ၊ ဘရိုကိုလီ၊ အာလူး၊ ငရုတ်ပွ၊ ဟင်းနုနွယ်၊ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီသီးများတွင်တွေ့ရှိရပါသည်။

 

ဗီတာမင် D

ဗီတာမင် D သည် ကယ်လ်ဆီယမ်နှင့် Phosphate တို့ စုပ်ယူမှုကို ကူညီပေးသည့်အတွက် အရိုးနှင့် သွားများကို ခိုင်မာစေပါသည်။

ထို့အပြင် ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနှင့် အခြားရောဂါပိုးများကိုလည်း သတ်နိုင်သည့် အစွမ်းသတ္တိရှိပါသည်။

ဆီးချိုသမားများတွင် ကူးစက်ရောဂါများ ဖြစ်ပွားနိုင်ခြေ မြင့်မားသည့်အတွက် ဗီတာမင် D ပြည့်ဝနေဖို့အရေးကြီးပါသည်။

ဗီတာမင် D ကို နွားနို့၊ ငါး၊ ကြက်ဥဘဲဥ၊ အသား၊ ငါးကြီးဆီစသည်တို့တွင် တွေ့ရှိရပါသည်။

 

ဗီတာမင် E

အဆီတွင်ပျော်ဝင်သည့် ဗီတာမင် တစ်မျိုးဖြစ်သည့် ဗီတာမင် E သည် ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုးဖြစ်ပါသည်။

သွေးတွင်း သကြားဓာတ်များကို ထိန်းချုပ်ပေးခြင်းနှင့် ဆီးချိုရောဂါတွင်ဖြစ်ပွားသော သွေးကြောများ၊ အာရုံကြောများ လျင်မြန်စွာ ပျက်စီးခြင်းတို့မှ ကာကွယ်ပေးပါသည်။ ထို့ကြောင့် ဆီးချိုသမားများအတွက် အကောင်းဆုံး ဗီတာမင်များထဲမှ တစ်ခုဖြစ်ပါသည်။

လေ့လာတွေ့ရှိချက်များအရ ဗီတာမင် E ကို ပမာဏများများစားသုံးပေးခြင်းသည် ဆီးချိုရောဂါကြောင့် အာရုံကြော ပျက်စီးမှုများကို ပြန်လည်ကောင်းစေနိုင်သည့်အပြင် ဆီးချိုရောဂါတွင် ဖြစ်ပွားလေ့ရှိသည့် အတွင်းတိမ်နှင့် သွေးတွင်းအဆီများစုပုံ၍ သွေးကြောနံရံများ မာကြောနေခြင်းကိုလည်း ကာကွယ်ပေးနိုင်စွမ်းရှိကြောင်း တွေ့ရှိရပါသည်။

ဗီတာမင် E ကို ဟင်းသီးဟင်းရွက်အဆီ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ ထောပတ်သီး၊ အခွံမာသီးအချို့၊ နေကြာစေ့၊ မြေပဲထောပတ်နှင့် ဂျုံတို့တွင်တွေ့ရှိရပါသည်။

 

ဗီတာမင် K

ဗီတာမင် K ကို ခန္ဓာကိုယ်အတွင်းတွင်ရှိသော Activating proteins များကိုနှိုးဆွရန်လိုအပ်ပါသည်။ ထို့အပြင် ခန္ဓာကိုယ်တွင် သွေးတိတ်ခြင်းဖြစ်စဉ်တွင်လိုအပ်ပြီး အရိုးကျိုးခြင်းကို ကာကွယ်ပေးသည့် ကယ်လ်ဆီယမ်ဓါတ်အတွက်လည်း မရှိမဖြစ်လိုအပ်ပါသည်။

ဗီတာမင် K ကို အသည်း၊ ဘရိုကိုလီ၊ ဟင်းနုနွယ်၊ ကညွတ်၊ ကြက်ဥဘဲဥနှင့် အခြားအစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များတွင် တွေ့ရှိရပါသည်။

Author : Dr. မိုး (ဆေး ၁)


Previous Post

အိပ်ရေးပျက်ခြင်းနှင့် အရေပြားကျန်းမာရေး

Next Post

အဆီဓာတ်လျော့ကျစေမဲ့ ဒန့်သလွန်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
862
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
847
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အဆီဓာတ်လျော့ကျစေမဲ့ ဒန့်သလွန်

ခြေဖနောင့် နာကျင်ခြင်း

ဆီးချိုသွေးချိုရှိသောသူများနှင့် အာရုံကြောထိခိုက်ပျက်စီးမှု

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.