fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ဆီးချိုသွေးချိုရှိသောသူများနှင့် အာရုံကြောထိခိုက်ပျက်စီးမှု

45
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/11/2020
in အထွေထွေရောဂါများအကြောင်း
1 min read
A A

 

ဆီးချိုသွေးချိုရှိသောသူများသည် အာရုံကြောထိခိုက်ပျက်စီးမှုအန္တရာယ် ဖြစ်နိုင်ခြေရှိပါသည်။

ထိုသို့ အာရုံကြောထိခိုက်ပျက်စီးမှုသည့် အမျိုးအစားပုံစံ ( ၄ ) မျိုးရှိပြီး အမျိုးအစားအားလုံးသည် သွေးတွင်းသကြားဓါတ် မြင့်မားနေမှု၊ ဆီးချိုသွေးချိုရောဂါဖြစ်ပေါ်ခံစားနေရသည့်အချိန် ကြာမြင့်မှုတို့နှင့် ဆက်စပ်မှုရှိနေပါသည်။ ထို့ကြောင့် သွေးတွင်းသကြားဓါတ်ထိန်းသိမ်းခြင်းသည် အာရုံကြောထိခိုက်ပျက်စီးမှုကို ကာကွယ်ရာတွင် အရေးကြီးသည့်အချက်တစ်ချက် ဖြစ်လာပါသည်။

ဆီးချိုသွေးချိုရှိသောသူများတွင် တွေ့ကြုံရလေ့ရှိသည့် အာရုံကြောထိခိုက်ပျက်စီးမှုပုံစံ ၄ မျိုးမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

 

Peripheral Neuropathy (ခန္ဓာကိုယ်၏ အစွန်အဖျားအာရုံကြောစနစ်များထိခိုက်ခြင်း)

ဤအမျိုးအစားသည် ခြေထောက်ပိုင်းတွင် ပိုမိုဖြစ်ပွားလေ့ရှိပြီး လက်၊ ဝမ်းဗိုက်၊ ကျောတို့တွင် အဖြစ်နည်းသည်ကို တွေ့ရပါသည်။

ရောဂါလက္ခဏာများမှာ ထုံခြင်း၊ ကျင်ခြင်း၊ ပူစပ်ပူလောင် ခံစားရခြင်း၊ နာကျင်ခြင်းစသည်တို့ဖြစ်ပါသည်။

ကနဦးလက္ခဏာများ စတင်ပေါ်ပေါက်လာသည့်အချိန်တွင် သွေးတွင်းသကြားဓါတ်ကို ကောင်းစွာထိန်းချုပ်ခြင်းဖြင့် အခြေအနေများပိုမိုမဆိုးရွားလာစေရန် ထိန်းသိမ်းဆောင်ရွက်နိုင်ပါသည်။ ထို့အပြင် ခံစားနေရသည့် ဝေဒနာများကိုသက်သာစေရန် ဆေးဝါးများကိုလည်း သောက်သုံးနိုင်ပါသည်။

Peripheral neuropathy ဖြစ်ပေါ်ခံစားနေရသည်ဟုယူဆပါက လုပ်ဆောင်သင့်သည့်အရာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • မိမိ၏ခြေထောက်ကိုနေ့စဉ် စစ်ဆေးပေးရပါမည်။
  • အကယ်၍ခြေထောက်များ ခြောက်သွေ့နေပါက အစိုဓါတ်များကို ပြန်လည်ဖြည့်တင်းပေးသည့် Lotion များ လိမ်းပေးရန်လိုအပ်ပါသည်။
  • ခြေစွယ်ငုပ်ခြင်းမဖြစ်စေရန် ခြေသည်းများကို ဂရုစိုက်ရမည်ဖြစ်ပါသည်။
  • ဒဏ်ရာအလွယ်တကူမရစေရန် မိမိခြေထောက်နှင့်သင့်တော်သော ဖိနပ်များကို အမြဲတစေ ဝတ်ဆင်ထားသင့်ပါသည်။

Autonomic Neuropathy (အလိုအလျောက် အာရုံကြောစနစ်များ ထိခိုက်ခြင်း)

ဤအမျိုးအစားသည် အထူးသဖြင့် အစာအိမ်ကိုထိခိုက်လေ့ရှိပါသည်။ ထို့အပြင် အညစ်အကြေးစွန့်အဖွဲ့အစည်းနှင့် လိင်အင်္ဂါများအပေါ်တွင်လည်း အကျိုးသက်ရောက်နိုင်ခြေရှိပါသည်။

အကယ်၍ အစာခြေစနစ်နှင့်သက်ဆိုင်သည့် အာရုံကြောစနစ်များထိခိုက်ခဲ့ပါက

  • လေပွခြင်း၊
  • ဝမ်းလျှောခြင်း၊
  • ဝမ်းချုပ်ခြင်း၊
  • ရင်ပူခြင်း၊
  • ပျို့ခြင်း၊
  • အန်ခြင်း၊
  • အစာအနည်းငယ်စားလိုက်သည်နှင့် ရင်ပြည့်နေခြင်း စသည်တို့ဖြစ်ပေါ်ခံစားရနိုင်ပါသည်။

ထိုလက္ခဏာများကို သက်သာစေရန် အစာများကို တစ်ခါစားလျှင် ပမာဏနည်းနည်းဖြင့် မကြာခဏ စားသောက်သင့်သကဲ့သို့ အစာအိမ်နှင့်သက်ဆိုင်သည့် ဆေးဝါးများကိုလည်း သောက်သုံးနိုင်ပါသည်။

အကယ်၍ သွေးကြောစနစ်များနှင့် သက်ဆိုင်သည့် အာရုံကြောစနစ်များ ထိခိုက်ပျက်စီးခဲ့ပါက အောက်ပါလက္ခဏာများပေါ်ပေါက်လာနိုင်ပါသည်။

–  အလျင်အမြန်မတ်တပ်ရပ်လိုက်လျှင် မိုက်ခနဲဖြစ်သွားခြင်း

–  ရင်တုန်ခြင်း

–  မူးဝေခြင်း

–  သွေးပေါင်ချိန်ကျဆင်းခြင်း

–  ပျို့ခြင်း၊

–  အန်ခြင်းစသည်တို့ ဖြစ်ပေါ်နိုင်ပါသည်။

အကယ်၍ လိင်အင်္ဂါများနှင့် သက်ဆိုင်သည့် အာရုံကြောစနစ်များ ထိခိုက်ပျက်စီးခဲ့ပါက လိင်မှုကိစ္စနှင့်ပတ်သက်၍ အရည်အသွေးကျဆင်းခြင်း၊ မစွမ်းဆောင်နိုင်ခြင်း စသည့်လက္ခဏာများ ပေါ်ပေါက်လာနိုင်ပါသည်။

အကယ်၍ အညစ်အကြေးစွန့်အင်္ဂါအဖွဲ့အစည်းများနှင့် သက်ဆိုင်သည့် အာရုံကြောစနစ်များ ထိခိုက်ပျက်စီးခဲ့ပါက ဆီးစွန့်ရခက်ခဲခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ညဘက်တွင် မကြာခဏဆီးထသွားရခြင်း၊ လေပွခြင်း စသည်လက္ခဏာများပေါ်ပေါက်လာနိုင်ပါသည်။

 

Proximal Neuropathy (ပင်မခန္ဓာကိုယ်နှင့်ပိုနီးသော အရင်းပိုင်း အာရုံကြောစနစ်များထိခိုက်ခြင်း)

ဤအမျိုးအစားသည် ပေါင်၊ တင်ပါးစသည့်အရင်းပိုင်းနေရာ တစ်ခြမ်းတွင် နာကျင်မှုများဖြစ်ပေါ်ခံစားရစေနိုင်ပါသည်။ ထို့အပြင် ခြေထောက်များ အားမရှိသကဲ့သို့ ခံစားရခြင်းများလည်း ဖြစ်ပေါ်နိုင်ပါသည်။

ဆေးဝါးများနှင့် ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများဖြင့် သက်သာပျောက်ကင်းအောင် ကုသနိုင်ပါသည်။

 

Focal Neuropathy (သီးသန့်နေရာတစ်နေထဲရှိ အာရုံကြောစနစ်များထိခိုက်ခြင်း)

ဤအမျိုးအစားသည် ဦးခေါင်း၊ ခန္ဓာကိုယ် သို့မဟုတ် ခြေထောက်တွင်ရှိသောနေရာတစ်နေရာရှိ အာရုံကြောများ ထိခိုက်ခြင်းဖြစ်ပါသည်။

ရောဂါလက္ခဏာများမှာ

  • ကြွက်သားများနာကျင်ခြင်း၊
  • ကြွက်သားများအားမရှိသကဲ့သို့ဖြစ်ခြင်း၊
  • ပုံရိပ်နှစ်ထပ်ဖြစ်ခြင်း၊
  • မျက်လုံးနာကျင်ခြင်း၊
  • မျက်နှာတစ်ခြမ်း ရွဲ့ခြင်း၊
  • ခါး သို့မဟုတ် ခြေထောက်ရှိ နေရာတစ်ခုတွင် အလွန်အမင်းနာကျင်ခြင်း၊
  • ရင်ဘတ်သို့မဟုတ် ဝမ်းဗိုက်တွင်နာကျင်ခြင်း (ဤသို့နာကျင်ခြင်းကို နှလုံးရုတ်တရက် အောင့်ခြင်း သို့မဟုတ် အူအတတ်ရောင်ခြင်း စသောအခြေအနေများနှင့် မကြာခဏမှားယွင်းလေ့ရှိပါသည်။)

ဤအာရုံကြောထိခိုက်မှုပုံစံသည် ရေရှည်ဖြစ်လေ့မရှိဘဲ သီတင်းပတ်များစွာ သို့မဟုတ် လပေါင်းများစွာ ကြာပြီးသောအခါ ရောဂါလက္ခဏာများ အလိုအလျောက်ပျောက်ကင်းသွားနိုင်ပါသည်။

Author : Dr. မိုး (ဆေး ၁)

Previous Post

ခြေဖနောင့် နာကျင်ခြင်း

Next Post

ကြက်ညှာချောင်းဆိုးရောဂါဆိုတာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
847
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကြက်ညှာချောင်းဆိုးရောဂါဆိုတာ

အနာကျက်ခြင်းဖြစ်စဉ်ကို အကျိုးသက်ရောက်မှုရှိစေသောအချက်များ

ခြေဖျက်ပြီးသော အာဟာရဓါတ်များကို အပြည့်အဝစုပ်ယူနိုင်ဖို့ဆိုလျှင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.