fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အနာကျက်ခြင်းဖြစ်စဉ်ကို အကျိုးသက်ရောက်မှုရှိစေသောအချက်များ

24
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/11/2020
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ဒဏ်ရာအနာတရများရသည့်အခါ အနာကျက်ခြင်းဖြစ်စဉ်သည် လူအများစုတွင် ပုံမှန်အတိုင်း ဖြစ်ပေါ်လေ့ရှိပါသည်။ သို့သော် အချို့လူများတွင် အနာကျက်ခြင်းဖြစ်စဉ်သည် ပုံမှန်ထက်နှောင့်နှေးနေတတ်ပါသည်။ ထိုသို့အနာကျက်ခြင်းဖြစ်စဉ် နှောင့်နှေးနေခြင်းသည် ခန္ဓာကိုယ်တွင် မလိုလားအပ်သော နောက်ဆက်တွဲပြဿနာအများအပြားကို ဖြစ်ပေါ်စေနိုင်ပါသည်။
အောက်ပါအချက်များသည် အနာကျက်ခြင်းဖြစ်စဉ်ကို အနည်းနှင့်အများဆိုသလို လွှမ်းမိုးအကျိုးသက်ရောက်မှုရှိစေသည့် အချက်များဖြစ်ပါသည်။ ထို့ကြောင့် အောက်ပါအချက်များကို သတိပြုထည့်သွင်းစဉ်းစားခြင်းအားဖြင့် အနာကျက်ခြင်းဖြစ်စဉ်တွင် ပိုမိုကောင်းမွန်သောရလဒ်များကို ရရှိနိုင်စေမည်ဖြစ်ပါသည်။

အသက်အရွယ်
အသက်အရွယ်ကြီးရင့်လာခြင်းသည် ခန္ဓာကိုယ်ရှိ စနစ်အားလုံးကို အကျိုးသက်ရောက်မှုရှိစေသကဲ့သို့ အရေပြား၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် လုပ်ငန်းဆောင်တာများအပေါ်တွင်လည်း အကျိုးသက်ရောက်မှုရှိစေ ပါသည်။
အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ အရေပြားပါးလာခြင်း၊ နာကျင်ရောင်ရမ်းမှုဆိုင်ရာ တုံ့ပြန်မှုများ နှေးကွေးလာခြင်း၊ အနာကျက်ခြင်းဖြစ်စဉ်များ နှေးကွေးလာခြင်း စသည်ဖြင့် ခန္ဓာကိုယ်၏ စနစ်အားလုံး နှေးကွေးလာကြပါသည်။
ထိုသို့ပြောင်းလဲမှုများဖြစ်ပေါ်လာခြင်းကြောင့် အသက်အရွယ်ကြီးရင့်သူများတွင် ဒဏ်ရာအနာတရများကို ပိုမိုရရှိစေသည့်အပြင် ရရှိသော ဒဏ်ရာများသည်လည်း အနာကျက်ခြင်း ပိုမိုနှေးကွေးလာကြပါသည်။

အာဟာရဓာတ်
ကောင်းမွန်စွာအနာကျက်ရန်အတွက် ပြည့်စုံသော အာဟာရဓာတ်များသည် မရှိမဖြစ်လိုအပ်ပါသည်။
အနာကျက်ခြင်းဖြစ်စဉ်တွင် အရေးပါသည့် ကော်လာဂျင်များဖွဲ့စည်းတည်ဆောက်ရန်အတွက် လုံလောက်သည့်စွမ်းအင်နှင့် အခြားအာဟာဓါတ်များမရရှိခဲ့လျှင် အနာကျက်ခြင်းဖြစ်စဉ်သည် နှေးကွေးနေနိုင်ပါသည်။

အဝလွန်ခြင်း
ပုံမှန်ရှိသင့်သည့် ကိုယ်အလေးချိန်ထက် ၂၀% ပိုမိုများပြားနေသူများသည် အနာကျက်ခြင်းဖြစ်စဉ်ကို နှေးကွေးစေသည့် ရောဂါပိုးများ ဒဏ်ရာအနာအတွင်းသို့ ဝင်ရောက်နိုင်သည့်အန္တရာယ် ပိုမိုမြင့်မားကြောင်း တွေ့ရှိရပါသည်။

အညစ်အကြေးများ၊ ပျက်စီးနေသောဆဲလ်များ၊ ရောဂါပိုးများ ဒဏ်ရာအနာအတွင်းတွင် ရှိနေခြင်း
ရောဂါပိုးများဝင်ရောက်လာသည့်အခါ အနာကျက်ခြင်းဖြစ်စဉ်ကိုကူညီပေးသည့် ကော်လာဂျင်များ ပြိုကွဲခြင်းကို ဖြစ်စေနိုင်သကဲ့သို့ အညစ်ကြေးများ၊ ပုပ်ဆွေးပျက်စီးနေသော တစ်ရှူးများ ဒဏ်ရာအနာအတွင်းတွင် ရှိနေခြင်းကလည်း အလားတူ အကျိုးသက်ရောက်မှုများကိုဖြစ်စေနိုင်ကာ အနာကျက်ခြင်းကို နှေးကွေးစေနိုင်ပါသည်။
ထို့အပြင် အရေပြားတစ်ရှူးများ၏လုပ်ဆောင်ချက်များ မှန်ကန်စေရန်အတွက် အရေပြားတွင် လုံလောက်သော ရေပမာဏ ရှိရန်လိုအပ်ပါသည်။ အရေပြားခြောက်သွေ့နေခြင်းသည် ဒဏ်ရာအနာတရများရရှိစေရန်နှင့် ရောဂါပိုးများ ဒဏ်ရာများအတွင်းသို့ ဝင်ရောက်စေရန် ပိုမိုလွယ်ကူစေပါသည်။ ထို့ကြောင့် အရေပြားကို ရေဓါတ်ပြည့်၀နေစေရန် ထိန်းသိမ်းခြင်းအားဖြင့် အနာကျက်ခြင်းဖြစ်စဉ်ကို နှေးကွေးမှုမရှိစေရန် ကာကွယ်နိုင်ပါသည်။ သို့သော် အရေပြား အလွန်အမင်းစိုစွတ်မှုမရှိစေရန်ကိုမူ သတိပြုရမည်ဖြစ်ပါသည်။

ခန္ဓာကိုယ်စနစ်အားလုံးကို အကျိုးသက်ရောက်မှုရှိစေသော အခြားအကြောင်းရင်းများ
ဆီးချိုရောဂါ၊ အာဟာရမပြည့်ဝခြင်း၊ ကိုယ်ခံအားစနစ် အားနည်းနေခြင်း စသည့် အကြောင်းခြင်းရာများကလည်း အနာကျက်ခြင်းကို နှေးစေသည့် သက်ရောက်မှုရှိပါသည်။
ဆီးချိုရောဂါသည် အာရုံကြောဆိုင်ရာပြဿနာများကြောင့် ဒဏ်ရာအနာတရများကို ပိုမိုရရှိစေနိုင်သလို သွေးစီးဆင်းမှုမလုံလောက်ခြင်းနှင့် သွေးတွင်းသကြားဓာတ်များမြင့်မားနေမှုကြောင့် အနာကျက်ခြင်းဖြစ်စဉ်ကို ပိုမိုနှေးကွေးစေနိုင်ပါသည်။
ထို့အပြင် အနာကျက်ခြင်းဖြစ်စဉ်ကို နှေးကွေးစေသည့် ဆေးဝါးများနှင့် အခြားရောဂါများစွာလည်းရှိပါသည်။ ဥပမာ steroid ကဲ့သို့ဆေးဝါးများကို ကြာရှည်စွာသုံးစွဲခြင်းသည် အနာကျက်ခြင်းဖြစ်စဉ်ကို နှေးကွေးစေနိုင်ပါသည်။

တစ်ရှူးများ အောက်ဆီဂျင် ကောင်းစွာမရရှိခြင်း
တစ်ရှူးများဆီသို့ အောက်ဆီဂျင်ကို လုံလောက်စွာ မပေးပို့နိုင်ခြင်းသည် သွေးကြောများကျဉ်းမြောင်း ပိတ်ဆို့နေသော ပြဿနာများ၊ သွေးပေါင်ချိန်လျော့ကျနေသော ပြဿနာများနှင့် သွေးအတွင်းအောက်ဆီဂျင် မပြည့်ဝသော ပြဿနာများကြောင့် အဖြစ်များလေ့ရှိပါသည်။
ထိုသို့ အောက်ဆီဂျင်လုံလောက်စွာ မရရှိသောအခါ ကော်လဂျင်များ ထုတ်လုပ်မှုတွင် အတားအဆီးအနှောင့်အယှက် ဖြစ်လာသောကြောင့် အနာကျက်ခြင်းကို နှေးကွေးစေပါသည်။
ဆေးလိပ်သောက်ခြင်းသည်လည်း တစ်ရှူးများအောက်ဆီဂျင်လုံလောက်စွာမရရှိခြင်းကို ဖြစ်စေသည့် အကြောင်းရင်းတစ်ချက်ဖြစ်ပါသည်။
Author : Dr. မိုး (ဆေး ၁)

Previous Post

ကြက်ညှာချောင်းဆိုးရောဂါဆိုတာ

Next Post

ခြေဖျက်ပြီးသော အာဟာရဓါတ်များကို အပြည့်အဝစုပ်ယူနိုင်ဖို့ဆိုလျှင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ခြေဖျက်ပြီးသော အာဟာရဓါတ်များကို အပြည့်အဝစုပ်ယူနိုင်ဖို့ဆိုလျှင်

ဆီးချိုနဲ့ကိုယ်ဝန်

ဘယ်လိုဆီးချိုအမျိုးအစားဆို  ခြေထောက်ဖြတ်ရတတ်လဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.