fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

ဗီတာမင် စီ ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ Scurvy ရောဂါအကြောင်း

2.5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/09/2021
in ရောဂါကြီးများ, အထွေထွေရောဂါများအကြောင်း
1 min read
A A

Scurvy ဟုခေါ်သော ရောဂါသည် ဗီတာမင်စီ ချို့တဲ့ခြင်းကြောင့် ဖြစ်ပွားသော ရောဂါတစ်မျိုးဖြစ်ပါသည်။

ဖြစ်ပွားနှုန်း နည်းပါးခြင်း၊ ရောဂါလက္ခဏာများသည် သိသာထင်ရှားမှုမရှိခြင်း၊ ပုံမှန်သွေးစစ်ဆေးမှုများတွင်လည်း ဗီတာမင်စီ ကို ထည့်သွင်းစစ်ဆေးလေ့မရှိခြင်းများကြောင့် Scurvy ရောဂါဖြစ်ပွားနေခြင်းကို သတိမထားမိခြင်းများ မကြာခဏဖြစ်ပွားလေ့ရှိပါသည်။

 

ရောဂါလက္ခဏာရပ်များ

ရောဂါလက္ခဏာရပ်များသည် ကနဦးတွင် မထင်မရှား ဖြစ်ပေါ်တတ်ပြီး တဖြည်းဖြည်းနှင့် ပိုမိုဆိုးရွားလာတတ်ပါသည်။ တွေ့ရှိရသည့် လက္ခဏာများမှာ ဤရောဂါဟုပြောနိုင်ရန် မတိကျ၊ မသေချာမှုများကြောင့် ဗီတာမင် စီ ချို့တဲ့ပြီး Scurvy ရောဂါဖြစ်နေကြောင်းကို ချက်ချင်း မတွေးမိ၊ မသိရှိဖြစ်နေတတ်ပါသည်။

အတွေ့ရများသော ရောဂါလက္ခဏာများမှာ အားအင်ကုန်ခန်းခြင်း၊ ကြွက်သားနာကျင်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အရိုးအဆစ်များ တောင့်တင်းရောင်ရမ်းခြင်း၊ အလိုအလျောက်သွေးထွက်ခြင်း၊ သွေးခြည်ဥခြင်း၊ အရေပြားပေါ်တွင် အစက်အပြောက်များ ထွက်ပေါ်လာခြင်း၊ သွားဖုံးရောင်ခြင်း၊ သွားဖုံးတွင် အနာဖြစ်ခြင်း၊ သွားဖုံးများ ကြီးမားလာခြင်း၊ သွားကျွတ်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ခြင်း စသည်တို့ဖြစ်ကြပါသည်။

 

ကလေးများတွင် Scurvy ရောဂါဖြစ်ခြင်း

ကလေးများတွင် Scurvy ရောဂါ ဖြစ်ပွားခဲ့ပါက လူကြီးများနှင့် ရောဂါလက္ခဏာအတူတူပင်ဖြစ်ပါသည်။

သို့သော် ကလေးများတွင် ဖြစ်ပွားသော Scurvy ရောဂါသည်  ကြီးထွားဖွံ့ဖြိုးမှု နှေးကွေးခြင်းများအားလည်း ဖြစ်စေတတ်ပါသည်။ ထို့ပြင် လူမှုပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများလည်း နှေးကွေးနေတတ်ပါသည်။

နောက်ဆက်တွဲပြဿနာများ

ဗီတာမင် စီ သည် အူလမ်းကြောင်းအတွင်း သံဓာတ်စုပ်ယူမှုကိုအားပေးကူညီသည့် အတွက်ကြောင့် ဗီတာမင် စီ ချို့တဲ့ခြင်းသည် သံဓာတ်ချို့တဲ့သည့် သွေးအားနည်းရောဂါများကို ဖြစ်ပေါ်လာစေတတ်ပါသည်။

သွေးအားနည်းရောဂါဖြစ်ပွားသည့်အခါ အားအင်ကုန်ခန်းခြင်း၊ မူးဝေခြင်း၊ အရေပြားဖြူဖျော့ခြင်း၊ ရင်တုန်ခြင်း၊ မောပန်းခြင်းများကို ဖြစ်စေနိုင်ပါသည်။

ထို့ပြင် ဗီတာမင် စီ သည် ခန္ဓာကိုယ်၏ အရေပြား၊ သွေးကြောများ၊ အရွတ်များ၊ အရိုးများနှင့် အရိုးနုများကို ဖွဲ့စည်းတည်ဆောက်ရာတွင် လိုအပ်သည့် တွယ်ဆက်တစ်ရှူးတစ်မျိုးဖြစ်သည့် ကော်လာဂျင် ပရိုတင်းများဖြစ်ပေါ်ခြင်းအတွက်လည်း လိုအပ်ပါသည်။

Collagen များမလုံလောက်သည့်အခါ အထက်ပါတစ်ရှူးများသည် အားနည်း၍ ပျက်စီးလွယ်လာကြပါသည်။ ဥပမာ သွေးကြောနံရံများ အားနည်း၍ ယိုစိမ့်ခြင်းကြောင့် ပုံမှန်မဟုတ်သည့် သွေးထွက်ခြင်းများနှင့် သွေးခြည်ဥခြင်းများကို ဖြစ်ပေါ်စေနိုင်ပါသည်။

 

အကယ်၍ ထို Scurvy ရောဂါကို မကုသဘဲထားရှိခဲ့လျှင် ပြင်းထန်သည့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာနိုင်သည့်အပြင် ဖျားခြင်း၊ အသားဝါခြင်း၊ အနာများမကျက်ခြင်း၊ ကိုယ်တွင်း အင်္ဂါများ၏ လုပ်ငန်းဆောင်တာများ အားနည်းချွတ်ယွင်းခြင်းများ ဖြစ်ပေါ်လာနိုင်သည့်အပြင် နောက်ဆုံးတွင် အသက်သေဆုံးခြင်းများပါ ဖြစ်စေနိုင်ပါသည်။

ဖြစ်ပွားစေသောအကြောင်းရင်းများ

ရှေးယခင်က Scurvy ရောဂါသည် ပင်လယ်ရပ်ခြားသို့ ကာလရှည်ကြာစွာ ရွက်လွှင့်သွားလာသည့် သင်္ဘောသားများတွင် အဖြစ်များပါသည်။

အဘယ်ကြောင့်ဆိုသော် ထိုသို့ကာလရှည်ကြာ ခရီးရွက်လွှင့်သွားလာရာတွင် ဗီတာမင် C ကြွယ်ဝသည့် အသီးအနှံများကို အလွယ်တကူရရှိစားသုံးရန် မဖြစ်နိုင်သောကြောင့် ဖြစ်ပါသည်။

ခန္ဓာကိုယ်အတွင်းသိုလှောင်ထားသော ဗီတာမင် စီ သည် ၁ လမှ ၃ လအတွင်း ကုန်ဆုံးသွားတတ်ပါသည်။

ယခုနောက်ပိုင်းတွင် ဗီတာမင် စီ အားဖြည့်ဆေးဝါးများ သောက်သုံးနိုင်မှုကြောင့် သင်္ဘောသားများတွင် အဆိုပါရောဂါဖြစ်ပွားမှု နည်းပါးလာပြီဖြစ်ပါသည်။

 

Scurvy ရောဂါဖြစ်ပွားရန် အလားအလာမြင့်မားသူများ

Scurvy ရောဂါသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဖြစ်များတတ်သော်လည်း ဖွံ့ဖြိုးပြီးနိုင်ငံများတွင်လည်း ဖြစ်ပွားတတ်ပါသည်။ Scurvy ရောဂါကိုဖြစ်စေနိုင်သော အကြောင်းအချက်များစွာရှိနိုင်ပါသည်။ ၎င်းတို့အနက် အောက်ပါတို့သည် အဖြစ်များသော အကြောင်းရင်းများဖြစ်ကြပါသည်။

-ဗီတာမင် စီ နည်းပါးသော အစားအစာများကို ကာလရှည်ကြာစွာစားသုံးခြင်း

-အစားအစာ စားသောက်ပုံအလေ့အထ မူမမှန်ခြင်း

-အစားအစာများကို ပုံမှန်စားသုံးခြင်းမရှိသည့် စိတ်ပိုင်းဆိုင်ရာပြဿနာများကို ကြုံတွေ့ခံစားနေရခြင်း

-အသက်အရွယ်ကြီးရင့်ခြင်း

-အရက်အလွန်အကျွံသောက်သုံးခြင်း

-ဆေးလိပ်သောက်ခြင်း

-အူလမ်းကြောင်းအတွင်းမှ အာဟာရဓာတ်များကို စုပ်ယူခြင်းဆိုင်ရာရောဂါများကို ခံစားနေရခြင်း

-ငွေကြေးမပြည့်စုံခြင်း စသည်တို့ဖြစ်ကြပါသည်။

Author : Dr. CK

Previous Post

အသားတွေကို ကျက်အောင်ချက်မစားလျှင်

Next Post

အစေ့အဆန်များပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
845
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
842
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အစေ့အဆန်များပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

ခါးနာခြင်းသက်သာစေမယ့် လွယ်ကူတဲ့နည်းလမ်းကောင်းများ

မုန်လာဥနီကပေးတဲ့ ကျန်းမာရေးကောင်းကျိုးများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.