fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

သံဓာတ်ချို့တဲ့ သွေးအားနည်း‌ရောဂါကို ဘယ်လိုကာကွယ်မလဲ။

105
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/12/2020
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အောက်ပါအချက်များသည် သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်ပွားသော သွေးအားနည်းရောဂါများကို ကာကွယ်ရန်နည်းလမ်းများ ဖြစ်ကြပါသည်။

( ၁ )  သံဓာတ်ချို့တဲ့ခြင်းကိုဖြစ်စေသော အခြေခံအကြောင်းရင်းများကို ကုသပါ။

အချို့သောကိစ္စရပ်များတွင် သံဓာတ်ပြည့်၀သော အစာအာဟာရများကို စားသောက်ရုံမျှနှင့် သွေးအားနည်းရောဂါကို ကာကွယ်မပေးနိုင်သော အခြေခံကျန်းမာရေးပြဿနာများ ရှိနေနိုင်ပါသည်။

အကယ်၍ ထိုသို့သွေးအားနည်းရောဂါကို ဖြစ်စေနိုင်သော အခြေခံကျန်းမာရေးပြဿနာများရှိနေလျှင် ဆရာဝန်နှင့် တိုင်ပင်ပြသရန်လိုအပ်ပါသည်။

 

( ၂ )  သံဓာတ်ကြွယ်၀သော အစားအစာများစားသုံးပါ။

အောက်ပါအစားအစာများသည် သံဓာတ်များ ပေါကြွယ်၀စွာပါဝင်သော အစားအစာများ ဖြစ်ကြ ပါသည်။

–  ဘရိုကိုလီ

–  ဟင်းနုနွယ်

–  ကန်စွန်းရွက်

–  မှို

–  ပဲအမျိုးမျိုး

–  အာလူး

–  သခွားသီး

–  မုန်လာဥနီ

–  ခရမ်းသီး

–  အမဲသား

–  ဆိတ်သား

–  အမဲသား အသည်း

– ဆယ်လ်မွန်ငါး

  • တူနာငါး
  • ဆာဒင်းငါး
  • ဂဏန်း စသည်တို့ ဖြစ်ပါသည်။

 

( ၃ )  သံဓာတ်ပါဝင်သော အားဆေးများ သောက်သုံးပါ။

သံဓာတ်ကြွယ်၀သော အစားအစာများကို စားသုံးသည့်အပြင် သံဓာတ်အားဆေးများကို သောက်သုံးခြင်းဖြင့်လည်း သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။

လူတစ်ဦး နေ့စဉ်လိုအပ်သော သံဓာတ်ပမာဏမှာ တစ်နေ့လျှင် ၈-၁၈ မီလီဂရမ် ဖြစ်ပါသည်။

အမျိုးသမီးများတွင်မူ ရာသီဓမ္မတာသွေးပေါ်ခြင်းကြောင့် တစ်နေ့လျှင် သံဓာတ် ၁၅-၁၈ မီလီဂရမ် လိုအပ်ပါသည်။

ကိုယ်ဝန်ဆောင်မိခင်များသည် အနည်းဆုံး ၂၇ မီလီဂရမ် အထိလိုအပ်ပါသည်။

နို့တိုက်မိခင်များသည် ၉ -၁၀ မီလီဂရမ် လိုအပ်ကြောင်းတွေ့ရှိရပါသည်။


( ၄ )     Vitamin C နှင့် Folate ကြွယ်၀သော အစားအစာများကို စားသောက်ပေးပါ။

Vitamin C နှင့်  Folate ဓာတ်များသည် ခန္ဓာကိုယ်၌ သံဓာတ်ကိုစုပ်ယူရာတွင် အထောက်အကူပြု အားပေးသော အာဟာရဓာတ်များဖြစ်ကြပါသည်။

ထို့ကြောင့် Vitamin C နှင့် Folate ကြွယ်၀သော အစားအစာများကို စားသုံးခြင်းဖြင့်လည်း သံဓာတ်ချို့တဲ့ခြင်းကို ကာကွယ်နိုင်ကြောင်းတွေ့ရှိရပါသည်။

Folate ပေါကြွယ်၀သော အစားအစာများမှာ

  • အစိမ်းရင့်ရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များ
  • ပြောင်းဖူး
  • နေကြာစေ့
  • မြေပဲ
  • နှံစားသီးနှံများ
  • သံပုရာသီးကဲ့သို့သော ချဉ်သော သစ်သီးများ
  • ပဲအမျိုးမျိုး စသည်တို့ဖြစ်ကြပါသည်။

Vitamin C ပေါကြွယ်၀သော အစားအစာများမှာ

  • ဘရိုကိုလီ
  • ဟင်းနုနွယ်
  • ငရုတ်ကောင်းမှုန့်
  • သံပုရာသီးကဲ့သို့ချဉ်သော အသီးအနှံများ
  • စပျစ်သီး၊ မာလကာသီး၊ နာနတ်သီး၊ လိမ္မော်သီး စသော သစ်သီးအမျိုးမျိုး
  • အစိမ်းရောင်ဟင်းသီးဟင်းရွက်များ စသည်တို့ ဖြစ်ကြပါသည်။

 

 

( ၅ )     Vitamin B12 ကြွယ်၀သော အစားအစာများကို စားပါ။

ဗီတာမင် B12 ကြွယ်၀သော အစားအစာများကို စားခြင်းဖြင့် B12 ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါကို ကာကွယ်နိုင်ပါသည်။ ထို့ပြင် B12 သည် သံဓာတ်စုပ်ယူခြင်းကိုလည်း ကောင်းစွာ အထောက်အကူပြုသောကြောင့် B12 ပါဝင်သော အစားအစာများကို စားခြင်းဖြင့် သံဓာတ်ချို့တဲ့ခြင်းကိုလည်း ကာကွယ်နိုင်မည်ဖြစ်ပါသည်။

Vitamin B12 ကြွယ်၀သော အစားအစာများမှာ

–   ဆယ်လ်မွန်ငါး

–  တူနာငါး

–  ဆာဒင်းငါး

–  ကမာကောင်

–  ကြက်ဥ၊ ဘဲဥများ

– ချိစ်နှင့် ဒိန်ချဉ်စသော နို့ထွက်ပစ္စည်းများ

–  နှံစားသီးနှံများ

–  ပဲနို့

–  တိုဖူး စသည်တို့ဖြစ်ပါသည်။

 

( ၆ )     Vitamin B12 နှင့် Folate အားဆေးများသောက်သုံးပါ။

Vitamin B12  နှင့် Folate  ပေါကြွယ်၀သော အစားအစာများကို စားသုံးရုံနှင့် မလုံလောက်သောသူများအနေဖြင့် Vitamin B12  နှင့် Folate  အားဆေးများကို သောက်သုံးခြင်းဖြင့် သွေးအားနည်းရောဂါများကို ကာကွယ်နိုင်ပါသည်။

 

( ၇ )     သောက်သုံးနေသော ဆေးဝါးများကို ဆန်းစစ်ပါ။

အချို့သော ဆေးဝါးများသည် သွေးအားနည်းရောဂါဖြစ်စေနိုင်ကြောင်း တွေ့ရှိရပါသည်။

ထို့ကြောင့် ဆရာဝန်နှင့် တိုင်ပင်၍ ထိုဆေးဝါးများအစား အခြားဆေးဝါးများကို အစားထိုးသောက်သုံးခြင်းဖြင့် သွေးအားနည်းရောဂါဖြစ်နိုင်ခြေကို ကာကွယ်ပေးနိုင်မည်ဖြစ်ပါသည်။

သွေးအားနည်းရောဂါဖြစ်နိုင်သော ဆေးဝါးများမှာ

–  Cephalosporins

–  Dapsone

–  Levodopa

–  Levofloxacin

–  Methyldopa

–  Nitrofurantoin

–  Non steroidal anti inflammatory drugs( NSAIDS )

–  Penicillin

–  Quinidine  စသည့်ဆေးဝါးများ ဖြစ်ကြပါသည်။

Author : Dr. မိုး (ဆေး ၁)

 

 

 

 

Previous Post

မီးယပ်သွေးဆုံးမှုကြောင့် ကိုက်ခဲနာကျင်မှုအကြောင်းသိကောင်းစရာများ။

Next Post

ကလေးများ၏ အစာခြေစနစ်နှင့် Prebiotics

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
861
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
846
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးများ၏ အစာခြေစနစ်နှင့် Prebiotics

 ကလေးများ စားလိုက်သော အာဟာရဓါတ်များကို အပြည့်အ၀စုပ်ယူနိုင်ဖို့ဆိုရင်

ကလေးများတွင် အာဟာရဓါတ်များကို ကောင်းမွန်စွာ စုပ်ယူပေးနိုင်အောင် ကူညီပေးသောအရာတစ်ခု

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.