fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

သွေးလေးဖက်နာ ရောဂါလက္ခဏာနှင့် သတိပြုစရာများ

4.7k
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/12/2020
in အထွေထွေရောဂါများအကြောင်း
1 min read
A A

မနက်အိပ်ရာနိုးတာနဲ့ “အဆစ်အမြစ်တွေနာကျင်လိုက်တာ လှုပ်တောင်မလှုပ်ချင်ဘူး” အဲလိုမကြာခဏဖြစ်နေပြီဆိုရင် ဘာကြောင့်လဲဆိုတာ အမြန်ဆုံး အဖြေရှာဖို့လိုမယ်နော်။

အဆစ်အမြစ်တွေနာကျင်ကိုက်ခဲနေရင် အရင်ဆုံးတွေးမိတာက လေးဖက်နာလား၊ ဂေါက်ရောဂါ (Gout) လား၊ ဒါမှမဟုတ် လှုပ်ရှားမှုများလို့ပဲ နာကျင်ကိုက်ခဲတာလားပေါ့။

အဲဒီလိုဒွိဟဖြစ်နေပြီဆိုရင် မိမိကိုယ်ကိုဆန်းစစ်ပြီး စောစောကုသမှုခံယူနိုင်အောင် စောစောကုလေ အကျိုးရှိလေဖြစ်တဲ့ သွေးလေးဖက်နာရဲ့ရောဂါလက္ခဏာလေးတွေအကြောင်းကို ပြောပြပေးသွားပါမယ်။

 

လေးဖက်နာလို့ အရပ်သုံးအလွယ်တကူပြောကြပေမဲ့

အဆစ်အမြစ်နာကျင်ကိုက်ခဲပြီး အချိန်ကြာလာတာနဲ့အမျှ အရိုးအဆစ်တွေ ကောက်ကွေးလာတတ်တာဟာ သွေးလေးဖက်နာ (Rheumatoid Arthritis-RA) ပဲဖြစ်ပါတယ်။

မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်ရဲ့ အရိုးအဆစ်တွေကို ရန်သူအထင်နဲ့မှားပြီးပြန်တိုက်လို့ Autoimmune Disorder ရောဂါတစ်မျိုးဖြစ်ပြီး အရိုးနှစ်ခုကြားက Synovial Membrane လို့ခေါ်တဲ့ အရည်အိတ်အမြှေးပါးတွေကို ပြန်တိုက်တာလို့ ယူဆကြပါတယ်။ ဒီလိုအရိုးအဆစ်ကြားက အမြှေးပါးတွေတိုက်ခိုက်ခံရတဲ့အတွက် အရိုးအဆစ်နဲ့နီးတဲ့အရိုးနဲ့ အရိုးနုတွေပါ ထိခိုက်ပျက်စီးလာခြင်းဖြစ်ပါတယ်။

သွေးလေးဖက်နာဟာ ကျန်တဲ့အဆစ်အမြစ်ကိုက်ခဲတဲ့ရောဂါတွေနဲ့ ရောဂါလက္ခဏာကွဲပြားမှုရှိတဲ့အပြင် ကုသမှုမခံယူရင် အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာပြီးလမ်းမလျှောက်နိုင်တော့ဘဲ အိပ်ရာထဲလဲတဲ့အထိ ဖြစ်နိုင်တဲ့အတွက် ဂရုတစိုက်ကုသဖို့လိုပါတယ်။

ကျန်တဲ့လူသိများတဲ့ လေးဖက်နာတွေကတော့ ပိုးကြောင့်ဖြစ်ပြီး နှလုံးအဆို့ရှင်ပျက်စီးတဲ့အထိ ဖြစ်တတ်တဲ့ ပိုးလေးဖက်နာ (Rheumatic Fever-RF) နဲ့ အရေပြား (အဓိက မျက်နှာ) မှာ အနီကွက်တွေထွက်ပြီး ကိုယ်အင်္ဂါတော်တော်များများကို အတိုက်ခိုက်ခံရတဲ့ အရေပြား လေးဖက်နာ (Systemic Lupus Erythematosus-SLE) တို့ဖြစ်ပါတယ်။

သွေးလေးဖက်နာရဲ့ အဓိကအတိုက်ခိုက်ခံရတဲ့နေရာဟာ အထက်မှာဖော်ပြထားခဲ့သလို အရိုးအဆစ်တွေဖြစ်ပါတယ်။ အစပိုင်းမှာတော့ သေးငယ်တဲ့အရိုးအဆစ်လေးတွေဖြစ်တဲ့ လက်ချောင်း ခြေချောင်းအဆစ်လေးတွေဟာ အရင်ဆုံးအတိုက်ခိုက်ခံရပါတယ်။၊ အိပ်ရာနိုးနိုးချင်းမှာ လက်ချောင်း၊ ခြေချောင်းလေးတွေဟာ တစ်နာရီကျော်ကြာအောင်နာကျင်ကိုက်ခဲနေတတ်ပါတယ်။ တစ်ခါတစ်ရံ ပူနွေးရောင်ရမ်းနေတတ်ပြီး တောင့်တင်းကာ ကွေးဆန့်ရခက်ခဲနေတတ်ပါတယ်။ ကိုက်ခဲမှုဟာ လှုပ်ရှားမှုလုပ်ပြီးတဲ့အခါမှာ ပိုသက်သာလာတတ်ပါတယ်။ ဒီလိုဖြစ်နေတာ အနည်းဆုံး (၆) ပတ်ကျော်ပြီဆိုရင် သွေးလေးဖက်နာဖြစ်ဖို့များပါတယ်။

နောက်တစ်ခုက သွေးလေးဖက်နာဟာ အရိုးအဆစ်တစ်ခုထက်ပိုပြီး နာကျင်ကိုက်ခဲပါတယ်။ ဘယ်၊ ညာနှစ်ဖက်လုံးတူညီတဲ့ အဆစ်တွေတစ်ပြိုင်တည်းနာကျင်ကိုက်ခဲတတ်ပါတယ်။ တစ်ခါတစ်ရံ ဘာမှမဖြစ်သလို သက်သာနေတတ်ပေမဲ့ Flare-up လို့ခေါ်တဲ့ ရုတ်တရက်ရောဂါကြွချိန်မှာတော့ တော်တော်လေး နာကျင်ကိုက်ခဲတတ်ပါတယ်။ တခြားဖြစ်တတ်တဲ့လက္ခဏာတွေကတော့ မောပန်းလွယ်တာ၊ ချည့်နဲ့တာ၊ ဖျားတာ အစားအသောက်ပျက်တာတွေ ဖြစ်ပါတယ်။၊

သွေးလေးဖက်နာဟာ ပျောက်ကင်းအောင်ကုသလို့မရတဲ့ နာတာရှည်အဆစ်အမြစ်ရောင်ရောဂါ ဖြစ်တဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ အဆစ်ကြီးတွေပါအတိုက်ခိုက်ခံရပါတယ်။ သေသေချာချာကုသမှုမခံယူရင် စောလျင်စွာပဲ အရိုးအဆစ်တွေဟာ ပုံသဏ္ဍာန်ပျက်ယွင်းလာပြီး မိမိရဲ့ နေ့စဥ်လုပ်ငန်းဆောင်တာတွေပါ မလုပ်နိုင်တော့ပဲ ပိုဆိုးလာရင်အိပ်ရာထဲလဲတဲ့အထိ ဖြစ်နိုင်ပါတယ်။ ပုံသဏ္ဍာန်ပျက်ယွင်းလာရင် လက်ချောင်း၊ ခြေချောင်းလေးတွေဟာ တည့်တည့်မတ်မတ်မဟုတ်တော့ဘဲ ယိုင်နဲ့သွားမယ် ။ ဒါမှမဟုတ် Z ပုံသဏ္ဍာန်ကောက်ကွေးလာမယ်။ အဲဒီအခါ ဘောပင်ကိုင်ရခက်တာ၊ ကြယ်သီးတပ်ရခက်တာတွေ ဖြစ်လာတတ်ပါတယ်။

အဆစ်ကြီးတွေဖြစ်တဲ့ လည်ပင်းအဆစ် ၊လက်ကောက်ဝတ်၊ တံတောင်ဆစ်၊ ပခုံးဆစ်၊ ခြေချင်းဝတ်၊ ဒူးဆစ်တွေဟာ အလားတူနာကျင်ကိုက်ခဲလာပြီး အချိန်ကြာလာတာနဲ့အမျှ ပုံသဏ္ဍာန် ပျက်ယွင်းလာတတ်ပါတယ်။ အကွေးအဆန့်ခက်ခဲတဲ့အတွက် ခေါင်းဖြီးတာ၊ ရေချိုးတာ၊ လမ်းလျှောက်တာ စတဲ့နေ့စဥ်လှုပ်ရှားမှုတွေကိုပါ အနှောင့်အယှက်ပေးလာတတ်ပါတယ် ။

တစ်ခါတစ်ရံ အဆစ်တွေရဲ့ဘေး အရေပြားအောက်မှာ Rheumatoid ‌Nodules လို့ခေါ်တဲ့ အသားမာလိုအဖုအထစ်တွေလည်း ထွက်လာတတ်ပါတယ်။ အဖုရဲ့အလယ်က ချိုင့်ဝင်ပြီးအနာဖြစ်တဲ့အထိ ဖြစ်တတ်ပါတယ်။ အချိန်ကြာလာပြီး သေချာမကုသရင်တော့ အရိုးအဆစ်အပြင် မျက်လုံး၊ အဆုတ်၊ အရေပြား၊ သွေးကြော၊ နှလုံး ၊အာရုံကြော၊ တံတွေးအကြိတ်၊ ဗေလုံး စတာတွေပါအတိုက်ခိုက်ခံရပါတော့တယ်။

အဲဒီအခါမှာ အဆုတ်လေပြွန်ရောင်တဲ့အတွက် ချောင်ဆိုးတာ ၊အသက်ရှုကျပ်တာ၊ မျက်သားတွေရောင်ရမ်းတဲ့အတွက် မျက်လုံးခြောက်တာ၊ မျက်လုံးဝါးပြီး ကြည့်ရအဆင်မပြေတာ၊ သွေးကြောကျဥ်းစေတဲ့အတွက် နှလုံးသွေးကြောကျဥ်းတာ ရင်ဘတ်အောင့်တာ၊ လေဖြတ်တာ၊ နှလုံးရေဝိုင်းလို့ မောတာ၊ အာရုံကြောတွေပျက်စီးတဲ့အတွက် လက်ချောင်း၊ ခြေချောင်းတွေထုံကျဉ်တာ၊ ဗေလုံးကြီးတဲ့အတွက် သွေးဖြူဥ၊ သွေးနီဥ အားနည်းတာ၊ အရိုးတွေပျက်စီးလာတဲ့အတွက် အရိုးပွတာ၊ အရိုးကျိုးလွယ်တာ စတဲ့နောက်ဆက်တွဲဝေဒနာတွေ ခံစားရတတ်ပါတယ်။

အကြောင်းရင်း အတိအကျမသိပေမဲ့ အသက်အရွယ်၊ ကျား၊မ မရွေးဖြစ်တတ်တဲ့ သွေးလေးဖက်နာဟာ ဘယ်လိုလူတွေအဖြစ်များလဲကြည့်ရအောင်နော်။

၁) လူလတ်ပိုင်း (အသက် ၄၀ မှ ၆၀ကြား)

၂) အမျိုးသမီး

၃) ဆေးလိပ်သောက်သုံးသူ

၄) သွေးလေးဖက်နာ မျိုးရိုးရှိသူ

၅) အလုပ်အကိုင် (Asbestos/Silica)တို့လိုအမှုန်တွေနဲ့ အထိအတွေ့များတဲ့လုပ်ငန်းခွင်)

အထက်ကဖော်ပြထားတဲ့လက္ခဏာတွေ ခံစားနေရတဲ့အပြင်မိမိဟာ ဖြစ်နိုင်ခြေများတဲ့ (High risk) အုပ်စုထဲပါနေပြီဆိုရင်တော့ စောလျင်စွာဆရာဝန်နဲ့သေချာတိုင်ပင်ပြီး ကုသမှုခံယူဖို့လိုပါမယ်။

ရောဂါလက္ခဏာတွေကတစ်ဆင့် သွေးစစ်တာ (ဥပမာ RF, Anti-CCP, ESR, CRP, etc.) ၊အရိုးဓာတ်မှန်ရိုက်တာ၊ အာထရာဆောင်း (USG) နဲ့ MRI ရိုက်တာ စတာတွေကတစ်ဆင့် အရိုးပျက်စီးခြင်းကြောင့်ဖြစ်တဲ့ အရိုးနှစ်ခုကြားက Space ပျောက်ပြီးအရိုးပုံသဏ္ဍာန်ပျက်ယွင်းနေခြင်း၊ အရိုးဘေးက Tissue များ ရောင်ရမ်းနေခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် ကိုယ်အင်္ဂါပျက်စီးမှုရှိမရှိ စတာတွေကို သိနိုင်ပါတယ်။ ဒါ့ပြင် သွေးလေးဖက်နာမဟုတ်ပါကလည်း အလားတူရောဂါများ (ဥပမာ-SLE, Psoriatic Arthritis, Fibromyalgia) စသည်တို့ကို သိရှိပြီးကုသနိုင်ပါတယ်။

ရောဂါဖြစ်ပွားမှု နှင့် ရောဂါကြောင့်ဖြစ်တဲ့ဆိုးကျိုးတွေကို လျှော့ချဖို့ဆိုရင်တော့ ရောဂါဖြစ်နိုင်ခြေများတဲ့ အကြောင်းရင်းထဲကမှ ဆေးလိပ်ဖြတ်တာ၊ လုပ်ငန်းခွင်ပြောင်းလဲတာမျိုးလုပ်ရပါမယ်။ နောက်တစ်ခုက သွေးလေးဖက်နာ ရောဂါရှိတဲ့သူတွေဟာ နာကျင်မှုလျော့ကျစေဖို့နဲ့ မိမိတို့နေ့စဥ်လုပ်ငန်းဆောင်တာတွေကို မထိခိုက်အောင် နေ့စဥ်လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးသင့်ပါတယ်။ အရမ်းနာကျင်ကိုက်ခဲနေတဲ့အချိန် (Flare-up) မျိုးမှာတော့ ကောင်းကောင်းအနားယူဖို့လိုအပ်ပါတယ်။

အရိုးအဆစ်တွေရောင်ရမ်းပြီး ပုံသဏ္ဍာန်ပျက်ယွင်းမှုရှိနေရင်လည်း ပိုဆိုးမလာအောင်နဲ့ နေ့စဥ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်နိုင်အောင် အရိုး၊ အကြောပြန်လည်သန်စွမ်းရေး (Physiotherapy) လုပ်တာ၊ Splint နဲ့ထိန်းတာတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီးပြုလုပ်သင့်ပါတယ်။ နေ့စဥ်ဘဝကိုဒုက္ခပေးတဲ့အထိ ပုံသဏ္ဍာန်ယိုယွင်းပြီးအရမ်းနာကျင်ကိုက်ခဲနေတယ်ဆိုရင်တော့ ခွဲစိတ်ဆရာဝန်နဲ့တိုင်ပင်ပြီး ခွဲစိတ်တာတွေလုပ်လို့ရပါတယ်။

မိမိကိုယ်ခံအားစနစ်က မိမိကို ပြန်လည်တိုက်ခိုက်တဲ့ရောဂါတွေဟာ ခန္ဓာကိုယ်ထဲ ရောဂါပိုးဝင်ရောက်တဲ့အခါ၊ ဒါမှမဟုတ် မိမိနဲ့ဓာတ်မတည့်တဲ့ အစားအသောက်တွေ စားမိတဲ့အခါမျိုးမှာ ပိုဆိုးလာတတ်တာဖြစ်တဲ့ ရောဂါအလွယ်တကူမဝင်အောင် (ဥပမာ-တုပ်ကွေးရာသီမှာ တုပ်ကွေးကာကွယ်ဆေးထိုးတာ)၊ မိမိနဲ့ ဓာတ်မတည့်တဲ့ အစားအသောက်တွေရှောင်တာ (ဥပမာ-Food Antigen များတဲ့ ပုစွန်၊ ကြက်သား၊ ခြေလေးချောင်းသား၊ နို့နဲ့ နို့ထွက်ပစ္စည်း၊ ကြက်ဥ) စတာတွေကို မိမိနဲ့တည့်၊ မတည့် ဆင်ခြင်ပြီး စားသုံးသင့်ပါတယ်။ နောက်ပြီး ဓာတ်တိုးဆန့်ကျင်မှုများတဲ့ အစားအစာတွေ (ဥပမာ – ပန်းဂေါ်ဖီစိမ်း၊ စတော်ဘယ်ရီ၊ စပျစ်သီး၊ ပဲအမျိုးမျိုးစသည်ဖြင့်) နှင့် ရောင်ရမ်းမှု လျော့ကျစေတဲ့ အစားအစာတွေ (ဥပမာ – မုန်ညင်းစိမ်း၊ ပူစီနံ၊ တရုတ်နံနံ၊ နနွင်း) စတာတွေကို စားသုံးပေးသင့်ပါတယ်။

နောက်ဆုံးတစ်ခုက သွေးလေးဖက်နာဟာ နာတာရှည်ရောဂါဖြစ်ပြီး နေ့စဥ်ဘဝနဲ့ အလုပ်အကိုင်အထိပါ အနှောင့်အယှက်ပေးတတ်တဲ့အတွက် စိတ်ဓာတ်မကျအောင်၊ ရောဂါပိုဆိုးမလာအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ၊ အကောင်းဆုံးဆင်ခြင်ပြီး သေသေချာချာကုသတာတွေ ပြုလုပ်သင့်ပါတယ်။ နာတာရှည်ရောဂါဖြစ်ပေမဲ့ ထိရောက်စွာကုသခြင်းဖြင့် ရောင်ရမ်းခြင်း၊ နာကျင်ကိုက်ခဲခြင်းတို့ကို သက်သာစေပြီး ရောဂါရဲ့နောက်ဆက်တွဲဆိုးကျိုးတွေ ဝင်ရောက်ခြင်းကို တားဆီးနိုင်၊ နှောင့်နှေးစေနိုင်ပါတယ်။

ဒီလိုမှမဟုတ်ဘဲ မိမိဘာသာအကိုက်အခဲပျောက်ဆေးသောက်တာ၊ ဆေးမြီးတို ဒါမှမဟုတ် အနှိပ်သည်တွေနဲ့ကုတာဟာ အချိန်ကြာလာတာနဲ့အမျှ ရောဂါကိုပိုဆိုးလာစေနိုင်တဲ့အပြင် သွေးလေးဖက်နာကို ကုသတဲ့ ဆေးများ (ဥပမာ-Steroids, NSAID, ကိုယ်ခံအားချပေးတဲ့ DMARDS) စတာတွေဟာ မှန်မှန်ကန်ကန်မသောက်သုံးရင် အသည်း၊ ကျောက်ကပ်ပျက်စီးစေနိုင်ပြီး အန္တရာယ်ရှိနိုင်တဲ့အတွက် အထက်ဖော်ပြပါ သွေးလေးဖက်နာရဲ့ရောဂါလက္ခဏာတွေရှိနေပြီ ဒါမှမဟုတ် နောက်ဆက်တွဲဆိုးကျိုးတွေဝင်ရောက်နေပြီဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး သေချာထိရောက်စွာကုသရန်အကြုံပြုလိုက်ရပါတယ်။

 

Author: Dr. ဆု

Reference:

  • Oxford Handbook Of Clinical Medicine
  • https://en.m.wikipedia.org/wiki/Rheumatoid_arthritis

 

Previous Post

အသက်ရှုရခက်ခဲတဲ့ Croup Cough ချောင်းဆိုးရောဂါဆိုတာ…

Next Post

အသားအရေစိုပြည်စေရန် အရေပြားရေဓာတ်ဖြည့်ပေးနိုင်သောနည်းလမ်းများနှင့် အစားအစာများ။

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
854
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
845
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အသားအရေစိုပြည်စေရန် အရေပြားရေဓာတ်ဖြည့်ပေးနိုင်သောနည်းလမ်းများနှင့် အစားအစာများ။

ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အင်္ဂါဖြစ်တဲ့ အသည်းနှင့် သံဓာတ်ဆက်စပ်မှု

အဝလွန်ခြင်းနှင့် စိတ်ကျရောဂါ 

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.