fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

သံဓာတ်ချို့တဲ့ခြင်းအကြောင်းရင်းများနှင့် ကုသရန်နည်းလမ်းများ။

219
VIEWS
Share on FacebookShare on TwitterShare on Linkedin
27/12/2020
in အထွေထွေရောဂါများအကြောင်း
1 min read
A A

            သွေးအားနည်းရောဂါများတွင် သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါသည် အဖြစ်များသော ရောဂါပြဿနာတစ်ခုဖြစ်ပါသည်။

၎င်းရောဂါ၏ရောဂါလက္ခဏာများမှာ

– မောပန်းနွမ်းနယ်ခြင်း

– အသက်ရှူမ၀ခြင်း

– ရင်တုန်ခြင်း

– အသားအရေဖြူဖျော့ခြင်း

– ခေါင်းကိုက်ခေါင်းမူးခြင်း

– အရေပြားနှင့်ဆံပင်များခြောက်သွေ့ပျက်စီးခြင်း

– လျှာနှင့် ပါးစပ်များရောင်ရမ်းနာကျင်ခြင်း

– လက်သည်းများ ကြွပ်ဆတ်ဆတ်ဖြစ်ခြင်း

– စိတ်ဓာတ်ကျဆင်းသော ရောဂါခံစားရခြင်း

– ခြေဖျားလက်ဖျားများ အေးစက်ခြင်း

– ရောဂါပိုးမကြာခဏကူးစက်ခံရခြင်း စသည့် လက္ခဏာများဖြစ်ကြပါသည်။

 

သံဓာတ်ချို့တဲ့ခြင်း အကြောင်းရင်းများ

သံဓာတ်ချို့တဲ့ခြင်းအကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

 

( ၁ )       သံဓာတ်စားသုံးမှု မလုံလောက်ခြင်း။

            စားသုံးသော အစားအစာတွင် အချိန်ကာလကြာမြင့်စွာ သံဓာတ်ပါဝင်မှု အလွန်နည်းပါးခြင်းကြောင့် သံဓာတ်ချို့တဲ့ခြင်း ဖြစ်ပေါ်လာပါသည်။

သံဓာတ်များကို အသား၊ ကြက်ဥဘဲဥများ၊ ကြက်အသည်း၊ ဝက်အသည်း နှင့် အစိမ်းရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များ စသည့်အစားအစာများတွင် တွေ့ရှိရပါသည်။

သံဓာတ်သည် ကြီးထွားဖွံ့ဖြိုးမှုတွင် အလွန်အရေးပါသော အာဟာရဓာတ်တစ်မျိုး ဖြစ်သောကြောင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများ၏ အစားအစာများတွင် သံဓာတ်ပိုမိုပါဝင်ရန် လိုအပ်ကြောင်းတွေ့ရှိရပါသည်။

 

( ၂ )        ကိုယ်ဝန်ဆောင်မိခင်များနှင့် အမျိုးသမီးများရာသီဓမ္မတာသွေးပေါ်ခြင်းကြောင့် သွေးဆုံးရှုံးခြင်း။

ရာသီဓမ္မတာသွေးဆင်းသည့် ပမာဏများပြားခြင်းနှင့်  ကလေးမွေးဖွားချိန်တွင် သွေးဆုံးရှုံးခြင်းတို့သည် အမျိုးသမီးများတွင် တွေ့ရသော သံဓာတ်ချို့တဲ့ခြင်း၏ အဓိကအကြောင်းရင်းများဖြစ်ကြပါသည်။

 

( ၃ )       ခန္ဓာကိုယ်အတွင်းပိုင်းတွင် သွေးယိုခြင်း။

               အစာအိမ်တွင် အနာဖြစ်ခြင်း၊ အူမကြီး သို့မဟုတ် အူသိမ်ပိုင်းတွင် အသားပိုများထွက်ခြင်း၊

အူမကြီးတွင် ကင်ဆာရောဂါဖြစ်ခြင်း စသော ရောဂါ အခြေအနေများကြောင့် ခန္ဓာကိုယ်အတွင်းပိုင်းတွင်

သွေးယိုစိမ့်ခြင်းဖြစ်ကာ သံဓာတ်ချို့တဲ့သည့် အခြေအနေများဖြစ်လာနိုင်ပါသည်။

Aspirin ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများကို ပုံမှန်သောက်သုံးခြင်းသည်လည်း အစာအိမ်သွေးယိုခြင်းကို ဖြစ်စေနိုင်သော အကြောင်းရင်းတစ်ရပ်ပင် ဖြစ်ပါသည်။

( ၄ )       သံဓာတ်ကို ကောင်းစွာစုပ်ယူနိုင်မှုမရှိခြင်း။

အူသိမ်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုခံယူထားသောသူများနှင့် အခြေခံရောဂါအချို့ရှိသူများတွင် သံဓာတ်စုပ်ယူမှုကို နှောင့်နှေးစေနိုင်ကြောင်း တွေ့ရှိရပါသည်။

 

အောက်ပါတို့သည် သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းရောဂါ ဖြစ်နိုင်ခြေများသောသူများ ဖြစ်ကြပါသည်။

( ၁ )      ကိုယ်ဝန်ဆောင်နိုင်သော အသက်အရွယ်အပိုင်းအခြားတွင်ရှိသော အမျိုးသမီးများ

( ၂ )        ကိုယ်ဝန်ဆောင်ထားသော အမျိုးသမီးများ

( ၃ )       ကြီးထွားဖွံ့ဖြိုးမှုမြန်ဆန်သော အသက်အရွယ်အပိုင်းအခြားတွင်ရှိသော ကလေးများ

( ၄ )       အာဟာရလုံလောက်စွာ စားသုံးမှုမရှိသောသူများ

( ၅ )       မကြာခဏ သွေးလှူသောသူများ

( ၆ )       အပင်အရင်းအမြစ်များမှရသော သံဓာတ်ပြည့်၀သော အစားအစာများကို ပြန်လည်ဖြည့်စွက်၍                   စားသုံးခြင်းမရှိသော သက်သတ်လွတ်စားသည့်သူများ စသည်တို့ ဖြစ်ကြပါသည်။

 

ရောဂါကုသခြင်း။

( ၁ )       သံဓာတ်အားဆေးများကို သောက်သုံးပါ။

သံဓာတ်ကြွယ်၀သောအားဆေးများကို သောက်သုံးခြင်းဖြင့် လိုအပ်နေသော သံဓာတ်ကို ဖြည့်ဆည်းပေးပါ။

ထိုသို့ သံဓာတ်အားဆေးများသောက်သုံးလျှင် အစာမစားခင် သောက်သုံးပါက သံဓာတ်စုပ်ယူနိုင်မှုကို ပို၍ကောင်းမွန်စေပါသည်။

အကယ်၍ အစာမစားခင် သောက်ခြင်းကြောင့် ရင်ပြည့်ရင်ကယ်ဖြစ်သည်ဟုခံစားရလျှင် အစာနှင့်တွဲ၍ သို့မဟုတ် အစာစားပြီးမှသောက်သုံးနိုင်ပါသည်။

 

( ၂ )        သံဓာတ်ကြွယ်၀သော အစားအစာများကို စားသုံးပါ။

            အောက်ပါအစားအစာများသည် သံဓာတ်ကြွယ်၀သော အစားအစာများဖြစ်ကြပါသည်။

– ကြက်အသည်း၊ ဘဲအသည်း၊ ဝက်အသည်း

– ကမာကောင်

– ဆိတ်ရင်အုံသား

– ကြက်နှလုံး

– အမဲသား

– ရေဘဝဲ

– ချောကလက်အမှုန့်

– သီဟိုဠ်စေ့

– ‌မြေပဲ

– ဗာဒံစေ့ စသည်တို့ဖြစ်ပါသည်။

 

( ၃ )       သွေးယိုခြင်းကို ဖြစ်စေသော အခြေခံအကြောင်းရင်းများကို ကုသပါ။

            သွေးဆုံးရှုံးသည့်ပမာဏအလွန်များပြားခြင်းကြောင့် သံဓာတ်ချို့တဲ့သောသူများတွင် သံဓာတ်အားဆေးများသောက်သုံးရုံဖြင့် သွေးအားနည်းခြင်းကို ပျောက်ကင်းအောင် ကုသနိုင်မည်မဟုတ်ပါ။

ထို့ကြောင့် သွေးယိုခြင်းကို ဖြစ်စေသည့် အကြောင်းရင်းများကို ကုသမှသာ ရောဂါသက်သာပျောက်ကင်းမည် ဖြစ်ပါသည်။

ထို့ပြင် သွေးဆုံးရှုံးသည့်ပမာဏအလွန်များပြားသောသူများတွင် လိုအပ်သည့်အခါ သွေးသွင်းခြင်းဖြင့် ကုသမှုခံယူရန် လိုအပ်ကြောင်း တွေ့ရှိရပါသည်။

Author: Dr. မွန်

Previous Post

အရေပြားမှိုရောဂါ အမျိုးအစားများနှင့် ကုသခြင်းအကြောင်း

Next Post

ရာသီလာချိန်တွင် နာကျင်ကိုက်ခဲခြင်းအကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
855
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
845
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရာသီလာချိန်တွင် နာကျင်ကိုက်ခဲခြင်းအကြောင်း

သံဓာတ်လွန်ကဲသူများ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်သင့်သလဲ

လည်ပင်းဇက်ကြောနာခြင်းအကြောင်း သိကောင်းစရာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.