fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

လက်ကောက်ဝတ်အရွတ်ရောင်ခြင်း အကြောင်းရင်း၊ ရောဂါလက္ခဏာများနှင့် ကုသရန်နည်းလမ်းများ

2.7k
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/01/2021
in အထွေထွေရောဂါများအကြောင်း
1 min read
A A

          လက်ကောက်ဝတ်အဆစ် ပတ်ပတ်လည်တွင် ရှိသောအရွတ်များ ရောင်ရမ်းခြင်းကြောင့်  ဖြစ်ပေါ်ခံစားရသော ရောဂါအခြေအနေကို လက်ကောက်ဝတ်အရွတ်ရောင်ခြင်း ဟုခေါ်ပါသည်။

 

ရောဂါလက္ခဏာများ

အောက်ပါတို့သည် လက်ကောက်ဝတ်အရွတ်ရောင်ခြင်းတွင် တွေ့ရသော ရောဂါလက္ခဏာများ ဖြစ်ကြပါသည်။

၎င်းတို့မှာ

– လက်ကောက်ဝတ်အဆစ် နာကျင်ခြင်း

– လက်ကောက်ဝတ်အဆစ်ဝန်းကျင်တွင် ရောင်ရမ်းနေခြင်း

– အရွတ်များရှိသောနေရာတွင် နီရဲ၍ ပူနွေးနေခြင်း

-လက်ကောက်ဝတ်ကို လှုပ်ရှားမှုပြုသောအခါ အဆစ်နေရာတွင် အသံမြည်ခြင်း

– လက်ဝါးလှုပ်ရှားမှုနှင့် သက်ဆိုင်သော လုပ်ငန်းအချို့လုပ်ဆောင်ရာတွင် အားနည်းလာခြင်း

( ဥပမာ – ပစ္စည်းများကို ဆုပ်ကိုင်ခြင်း

– ပစ္စည်းများကို လွှင့်ပစ်ခြင်း

– ဆွဲဆိတ်ခြင်း

– စာရိုက်ခြင်း

– ကွန်ပျူတာ Mouse ကို အသုံးပြုခြင်း

– ကွန်ပျူတာ Game စက်တွင်ရှိသော လက်ကိုင်ထိန်းချုပ်ခလုတ်ကို အသုံးပြုခြင်း) စသည့် လုပ်ငန်းများလုပ်ဆောင်ရာတွင် အားနည်းခြင်း စသော လက္ခဏာများကို တွေ့ရှိရပါသည်။

 

ရောဂါဖြစ်ရခြင်း အကြောင်းရင်းများ။

          လက်ကောက်ဝတ်အရွတ်ရောင်ခြင်းသည် ထပ်ခါတလဲလဲ အားစိုက်လုပ်ဆောင်မှုအချို့ကြောင့် ရလာသော ထိခိုက်ဒဏ်ရာရခြင်းတစ်မျိုး ဖြစ်ပါသည်။

အောက်ပါလုပ်ဆောင်ချက် အကြောင်းရင်းများကြောင့် ဖြစ်နိုင်ကြောင်း တွေ့ရှိရပါသည်။

၎င်းတို့မှာ

– အားကစားလေ့ကျင့်ခန်းများလုပ်ဆောင်ခြင်း

– ကွန်ပျူတာအသုံးပြုခြင်း

– စာရေးခြင်း

– ကာယဗလစိုက်ထုတ်သည့် အလုပ်အကိုင်များ လုပ်ကိုင်ရခြင်းစသည့် အချက်များကြောင့် ဖြစ်နိုင်ပါသည်။

ထို့ပြင် အောက်ဖော်ပြပါ အချက်များကြောင့်လည်း လက်ကောက်ဝတ် အရွတ်ရောင်သည့်ရောဂါ ဖြစ်နိုင်ကြောင်း တွေ့ရှိရပါသည်။

– ရုတ်တရက် ထိခိုက်ဒဏ်ရာရခြင်း

– သွေးလေးဘက်နာရောဂါ၊ ဂေါက်လေးဘက်နာရောဂါ စသော အဆစ်အမြစ်ရောင် ရောဂါဖြစ်ခြင်း

– ဆီးချိုသွေးချိုရောဂါရှိခြင်း

– အသက်အရွယ်ကြီးလာခြင်း စသည်တို့မှာလည်း ၎င်းရောဂါဖြစ်ရခြင်း အကြောင်းရင်းများ ဖြစ်ကြပါသည်။


ရောဂါကုသသည့် နည်းလမ်းများ။

အောက်ပါနည်းလမ်းများဖြင့် လက်ကောက်ဝတ်အရွတ်ရောင်ခြင်း ရောဂါလက္ခဏာများကို  သက်သာစေနိုင်ကြောင်း တွေ့ရှိရပါသည်။

 

– နာကျင်ရောင်ရမ်းနေသော လက်ကောက်ဝတ်အဆစ်ကို အနားပေးခြင်း။

လက်ကောက်ဝတ်အရွတ်ရောင်ခြင်းသည် လက်ကောက်ဝတ်တွင်ရှိသော အရွတ်များကို မကြာခဏ နာကျင်ထိခိုက်စေခြင်းကြောင့် ဖြစ်လာရခြင်းဖြစ်ပါသည်။

ထို့ကြောင့် နာကျင်ရောင်ရမ်းနေသော လက်ကောက်ဝတ်အဆစ်နေရာကို လှုပ်ရှားမှုမရှိစေရန် ကျပ်စည်းပေးထားခြင်းဖြင့် အရွတ်များရောင်ရမ်းခြင်းလက္ခဏာကို သက်သာလျော့နည်းစေနိုင်ကြောင်း တွေ့ရှိရပါသည်။

– အအေး သို့မဟုတ် အပူကပ်ပေးခြင်း။

ရောင်ရမ်းနေသော အရွတ်များကို ရေနွေးအိတ် သို့မဟုတ် ရေခဲအိတ်ကပ်ပေးခြင်းဖြင့်

နာကျင်ရောင်ရမ်းနေသော လက်ကောက်ဝတ်အရွတ်များကို သက်သာပျောက်ကင်းစေနိုင်မည် ဖြစ်ပါသည်။

 

– နာကျင်ရောင်ရမ်းခြင်း လျော့နည်းစေသော ဆေးဝါးများကို အသုံးပြုခြင်း။

( Aspirin, Ibuprofen, Acetaminophen )  စသော အကိုက်အခဲ ရောင်ရမ်းခြင်းကို လျော့နည်းစေသော ဆေးဝါးများကို သောက်သုံးခြင်းဖြင့်  အရွတ်များ၏ ရောင်ရမ်းခြင်းကို လျော့နည်းစေကာ နာကျင်ကိုက်ခဲခြင်းကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါသည်။

 

 

 

– လက်လေ့ကျင့်ခန်းကုထုံး Hand Therapy ဖြင့် ရောဂါကုသခြင်း။

လက်လေ့ကျင့်ခန်းကုထုံးသည် လက်ဝါး နှင့် လက်ကောက်ဝတ်အဆစ်ရှိ အရွတ်များ ရောင်ရမ်းခြင်းကို သက်သာပျောက်ကင်းစေရန် အတွက် လက်ဝါးနှင့် လက်ကောက်ဝတ်၏ လှုပ်ရှားမှု လေ့ကျင့်ခန်းများကို အဓိကဦးတည်၍ လေ့ကျင့်ပေးသော ကုထုံးတစ်မျိုးဖြစ်ပါသည်။

 

– Corticosteroids ထိုးဆေး ထိုးနှံခြင်း။

ရောင်ရမ်းနေသော အရွတ်နေရာတွင် Corticosteroids ထိုးဆေးများကို တိုက်ရိုက် ထိုးနှံပေးခြင်းဖြင့် ရောင်ရမ်းခြင်းလက္ခဏာများကို လျော့နည်းသက်သာစေနိုင်ကြောင်း တွေ့ရှိရပါသည်။

သို့သော် ၎င်းထိုးဆေးများ ထိုးနှံခြင်းအကြိမ်အရေအတွက် များလာသည့်အခါတွင်မူ အရွတ်များ အားနည်းပျက်စီးလာနိုင်ခြင်း စသော ဘေးထွက်ဆိုးကျိုးများရှိကြောင်း သတိပြုရန်လိုအပ်ပါသည်။

         

– ခွဲစိတ်ကုသမှုခံယူခြင်း။

          အထက်ဖော်ပြပါနည်းလမ်းများဖြင့် ရောဂါလက္ခဏာများကို သက်သာပျောက်ကင်းစေရန် ပြုလုပ်နိုင်ခြင်းမရှိသည့်အခါ ခွဲစိတ်ကုသမှုနည်းလမ်းဖြင့် ကုသနိုင်ကြောင်း တွေ့ရှိရပါသည်။

ရောင်ရမ်းနေသော တစ်ရှူးများကို ဖယ်ရှားလိုက်ခြင်းဖြင့် အရွတ်များကို ပိုမိုလွတ်လပ်စွာ လှုပ်ရှားစေနိုင်ပြီး ရောဂါလက္ခဏာများကိုလည်း သက်သာစေနိုင်မည် ဖြစ်ပါသည်။

Author : Dr. CK

Previous Post

စိတ်မပါလက်မပါဖြစ်ခြင်းနှင့် သံဓာတ်ဆက်စပ်မှု

Next Post

တံတောင်ဆစ်နာကျင်ခြင်းအကြောင်း သိကောင်းစရာများ။

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
861
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
845
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

တံတောင်ဆစ်နာကျင်ခြင်းအကြောင်း သိကောင်းစရာများ။

ချောင်းဆိုးချွဲသလိပ်ထခြင်းအကြောင်းရင်းများနှင့် ကာကွယ်ရန်နည်းလမ်းများ။

ကလေးများ ဝမ်းပျက်ဝမ်းလျှောဖြစ်ရခြင်း အကြောင်းရင်းများ။

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.