fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ချောင်းဆိုးချွဲသလိပ်ထခြင်းအကြောင်းရင်းများနှင့် ကာကွယ်ရန်နည်းလမ်းများ။

1.5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/01/2021
in အထွေထွေရောဂါများအကြောင်း
1 min read
A A

          ချောင်းဆိုးခြင်းဟူသော ရောဂါလက္ခဏာသည် အသက်ရှူလမ်းကြောင်းတွင်ရှိသော ဖုန်မှုန့်များ၊ မီးခိုးငွေ့များနှင့် ဆေးလိပ်ငွေ့များ စသည့် ကသိကအောက်ဖြစ်စေသော အရာများနှင့် ချွဲသလိပ်များကို ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်ရန်အတွက် လုပ်ဆောင်သော တုန့်ပြန်မှုတစ်ရပ်ကြောင့် ဖြစ်ပေါ်ခံစားရခြင်းဖြစ်ပါသည်။

ချောင်းဆိုးရောဂါကို အဓိကအားဖြင့် နှစ်မျိုးခွဲခြားနိုင်ပါသည်။ ၎င်းတို့မှာ

– ချွဲသလိပ်မထွက်ဘဲ ချောင်းခြောက်ဆိုးခြင်း ( Dry cough Or  non productive cough )

– ချွဲသလိပ်ထွက်၍ ချောင်းဆိုးခြင်း ( Wet cough or Productive cough ) စသည်တို့ ဖြစ်ပါသည်။

 

ချောင်းခြောက်ဆိုးခြင်း (Dry cough or non productive cough) ဖြစ်ရသော အကြောင်းရင်းများ။

– ပန်းနာရင်ကြပ်ရောဂါ ( Asthma )

– အစာအိမ်နှင့် အစာရေမျိုပြွန် အစာအိမ်အက်ဆစ် ဆန်တက်သောရောဂါ ( GERD )

– နှာခေါင်း လိုဏ်ခေါင်းမှ ချွဲသလိပ်များ လည်ချောင်းဆီသို့ စီးကျသော ရောဂါ ( Post Nasal Dripping )

– အသက်ရှူလမ်းကြောင်းတွင် ဗိုင်းရပ်စ်ပိုးကူးစက်သောရောဂါ စသည်တို့ကြောင့် ဖြစ်ပါသည်။

 

အဖြစ်နည်းသော ချောင်းခြောက်ဆိုးခြင်း၏ အကြောင်းရင်းများ။

– ပတ်ဝန်းကျင်လေထုမှ မီးခိုးငွေ့၊ ဖုန်မှုန့် နှင့် ပန်းဝတ်မှုန်စသည့်အရာများကြောင့် အသက်ရှူလမ်းကြောင်းကို ကသိကအောက် ဖြစ်စေခြင်း။

– Angiotensin Converting Enzyme Inhibitors ကဲ့သို့သော သွေးပေါင်ကျဆေးတစ်မျိုးကို သောက်သုံး မှီဝဲရခြင်း။

– ဆုံဆို့ချောင်းဆိုးရောဂါဖြစ်ခြင်း။

– အဆုတ်ကင်ဆာရောဂါဖြစ်ခြင်း။

– နှလုံးလုပ်ငန်းကောင်းစွာမလုပ်နိုင်သောရောဂါ ( Heart Failure ) ဖြစ်ခြင်းစသည့် အကြောင်းရင်းများကြောင့်လည်း ချောင်းခြောက်ဆိုးခြင်း ဖြစ်တတ်ကြပါသည်။

 

ချွဲသလိပ်ထွက်၍ချောင်းဆိုးခြင်း (Productive cough or Wet cough) ဖြစ်ရခြင်း အကြောင်းရင်းများ။

–အဆုတ်ရောဂါပိုးကူးစက်ခံရခြင်းကြောင့် အဆုတ်ရောင်ရမ်းခြင်း (Pneumonia)

– အဆုတ်လေပြွန်ရောင်ခြင်း (Bronchitis)

– နာတာရှည် လေလမ်းကြောင်းပိတ်ဆို့စေသော ရောဂါ (Chronic Obstructive Pulmonary Disease)

– အဆုတ်တီဘီရောဂါ (Tuberculosis)

– အဆုတ်ကင်ဆာရောဂါ

– ပန်းနာရင်ကြပ်ရောဂါ (Asthma)

– အအေးမိနှာစေးချောင်းဆိုးရောဂါ စသည့် အကြောင်းရင်းများကြောင့် ဖြစ်နိုင်ပါသည်။

ချွဲသလိပ်ထွက်၍ ချောင်းဆိုးခြင်းရောဂါ (Productive cough or Wet cough) တွင် အောက်ပါရောဂါလက္ခဏာများကို တွေ့ရှိရပါသည်။

– ခေတ္တခဏအသက်ရှူရပ်ခြင်း

– ရင်ဘတ်အောင့်ခြင်း

– ချောင်းဆိုးရောဂါလက္ခဏာများ ပိုမိုပြင်းထန်ဆိုးရွားလာခြင်း

– ချောင်းဆိုးသွေးပါခြင်း

– အဝါရောင်၊ အညိုရောင်၊ အစိမ်းရောင်သမ်းသော ချွဲသလိပ်များထွက်၍ ချောင်းဆိုးခြင်း

– အသက်ရှူရန် ခက်ခဲခြင်း

– အသက်ရှူ မ၀ခြင်း

– အသက်ရှူလျှင် ရွှီရွှီမြည်ခြင်း စသည့်လက္ခဏာများတွေ့ရပါသည်။

အောက်ပါရောဂါလက္ခဏာများကို တွေ့ရှိရလျှင် ရောဂါပြင်းထန်ခြင်းကို ရည်ညွှန်းပြီး ဆရာဝန်နှင့် အမြန်ဆုံးပြသရန်လိုအပ်ကြောင်း အကြံပြုအပ်ပါသည်။ ၎င်းတို့မှာ

– နှုတ်ခမ်းနှင့် လက်သည်းများ ပြာနှမ်းလာခြင်း

– သတိမကောင်းခြင်း ၊ သတိလစ်ခြင်း

– ကိုယ်အပူချိန် ၁၀၁ ဒီဂရီ ဖာရင်ဟိုက် အထက်ထိ ကိုယ်ပူခြင်း

– ချောင်းဆိုးသွေးပါခြင်း

– အသက်ရှူမ၀ခြင်း

– အသက်ရှူခက်ခဲခြင်း

– အသက်ရှူလျှင် ရွှီရွှီမြည်ခြင်း  စသည် တို့ဖြစ်ကြပါသည်။

 

နောက်ဆက်တွဲရောဂါဆိုးကျိုးများ

အောက်ပါတို့သည် ချွဲသလိပ်ထွက်၍ ချောင်းဆိုးခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ကြပါသည်။

– ဆေးဝါးကုသမှုခံယူရခြင်းကြောင့် ဘေးထွက်ဆိုးကျိုးများ ခံစားရခြင်း

– ကလေးများပညာသင်ယူသည့်အခါ နှောင့်နှေးမှုများဖြစ်ခြင်း

– လူကြီးများအလုပ်လုပ်ရန် အခက်အခဲများ ကြုံတွေ့ရခြင်း

-အသက်ရှူလုပ်ငန်းများ ကောင်းစွာမလုပ်ဆောင်နိုင်သောရောဂါ ဖြစ်ခြင်း

– ကောင်းစွာ အိပ်စက်မှုမရရှိခြင်း

– ကင်ဆာရောဂါ ပျံ့နှံ့ခြင်း

– ရောဂါပိုးများပျံ့နှံ့ခြင်း  စသည့် နောက်ဆက်တွဲဆိုးကျိုးများဖြစ်နိုင်ကြောင်းတွေ့ရှိရပါသည်။

 

ချောင်းဆိုးချွဲသလိပ်များထွက်ခြင်းကို ကာကွယ်နိုင်သည့် နည်းလမ်းများ

 

အောက်ပါနည်းလမ်းများဖြင့် ချောင်းဆိုးချွဲသလိပ်များထွက်ခြင်းကို ကာကွယ်နိုင်ကြောင်း တွေ့ရှိရပါသည်။

– ရေနွေးငွေ့ ရှူရှိုက်ပေးခြင်းဖြင့် လည်ချောင်းတွင်ရှိသော ချွဲသလိပ်များနှင့် မျက်နှာရှိ အရိုးခွက်လိုဏ် ခေါင်းများတွင် ပိတ်ဆို့နေသော ချွဲသလိပ်များကို‌ ပျော်စေပြီး ရောဂါဝေဒနာများကို သက်သာစေမည် ဖြစ်ပါသည်။

– တစ်နေ့လျှင် အနည်းဆုံးရေ ၈ ဖန်ခွက်ခန့် သောက်ပေးခြင်းဖြင့် ချွဲသလိပ်များအား ပျော်စေပြီး ချောင်းဆိုးချွဲထခြင်းကို သက်သာစေနိုင်ပါသည်။

– မကြာခဏ နှာခေါင်းမှ လေမှုတ်ထုတ်ခြင်းကို ပြုလုပ်ခြင်းဖြင့် ချွဲသလိပ်များ လည်ချောင်းသို့ စီးကျခြင်းကို ကာကွယ်နိုင်ပါသည်။

– ဆားရည် နွေးနွေးဖြင့် လည်ချောင်းကို မကြာခဏ ပလုတ်ကျင်းပေးပါ။

– နို့ထွက်ပစ္စည်းများ ၊ ချိုလွန်းသော အစားအစာများ နှင့် ဆီကြော်မုန့်များ စသော အစားအစာများ စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။

– ရေနွေးနွေးကို မကြာခဏသောက်ပေးခြင်းဖြင့် ချွဲသလိပ်များကို ပျော်စေနိုင်ပါသည်။

– အေးခဲထားသော အစားအသောက်များအား စားသောက်ခြင်းမှ ရှောင်ကြဉ်ပါ။

– ချွဲသလိပ်များပို၍ ဖြစ်စေနိုင်သော ဖုန်မှုန့်များ ၊ ပန်းဝတ်မှုန်များ နှင့် ဆေးလိပ်အခိုးအငွေ့များ ၊ မီးခိုးငွေ့များစသော အရာများကို ရှူရှိုက်ခြင်းမှ ရှောင်ကြဉ်ပါ။

– ဆေးလိပ်သောက်သောသူများသည်လည်း ချောင်းဆိုးချွဲထသည့်အခါမျိုးတွင် ဆေးလိပ်ကို လျှော့၍ သောက်သင့်ပါသည်။

Author Dr. မွန်

Previous Post

တံတောင်ဆစ်နာကျင်ခြင်းအကြောင်း သိကောင်းစရာများ။

Next Post

ကလေးများ ဝမ်းပျက်ဝမ်းလျှောဖြစ်ရခြင်း အကြောင်းရင်းများ။

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
861
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
845
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးများ ဝမ်းပျက်ဝမ်းလျှောဖြစ်ရခြင်း အကြောင်းရင်းများ။

ဝမ်းလျှောရင် ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်သင့်ပါသလဲ။

ကလေးများ ဝမ်းလျှောရောဂါဖြစ်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ။

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.