fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

နာတာရှည် (အလာဂျီ) နှင့် သန်ကောင်

594
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/05/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

Allergy (အလာဂ်ီ) ျဖစ္တယ္ဆိုတာ လူ႔ခႏၶာကိုယ္ကေနသူနဲ႔ မသင့္တာ တစ္ခုဝင္လာတဲ့အခါ ျပင္းျပင္းထန္ထန္တုံ႔ျပန္လို႔ ဆက္ျဖစ္လာတဲ့ ျဖစ္စဥ္ေတြပါ။ ခႏၶာကိုယ္ကေနရွင္းထုတ္ဖို႔ ႀကိဳးစားမႈတစ္ခု ျဖစ္ပါတယ္။ (အလာဂ်ီ) အမ်ိဳးမ်ိဳးထဲမွာ ထူးျခားတာေတြက Nasal allergies ႏွာေခါင္းမွာ ျဖစ္တာနဲ႔ Chronic allergies နာတာရွည္ျဖစ္တာေတြပါ။ နာတာရွည္က ပိုဆိုးတယ္။ သူတို႔မွာ ႏွာေခါင္းမွာပါ ျဖစ္ေနတတ္တယ္။ တစ္ခါတစ္ေလ မတည့္တာကေန ေစ့ေဆာ္လို႔ မဟုတ္ဘဲလည္း ျဖစ္တတ္ပါတယ္။ ဥပမာ- ေလေအးတာ၊ ေလေျခာက္ေသြ႕တာ၊ မီးခိုး၊ စသျဖင့္ေတြ။ တကယ္ မတည့္တတ္တာေတြက ဖုန္၊ မႈိ၊ ပန္းဝတ္မႈန္၊ တိရစာၦန္- အမႈံအမႊား၊ အင္းဆက္စတာေတြပါ။ အစားအေသာက္ေတြထဲက ႏို႔၊ ေခ်ာကလက္၊ ကိုလာ၊ ေကာ္ဖီ၊ လက္ဖက္ရည္၊ ဥ၊ ေျပာင္း၊ ဂ်ဴံ ၊ လိေမၼာ္၊ ခရမ္းခ်ဥ္သီး၊ ဝက္- ၾကက္သား၊ ငါး၊ ပင္လယ္စာ၊ အေစ့အဆံ၊ ေဆးဝါး။

နာတာရွည္(အလာဂ်ီ) က ကုရတာခက္ပါတယ္။ တခ်ိဳ႕ဆိုရင္ ဘာေဆးမွ မတိုးသလို ဆိုးတယ္။ Trigger ဘာကေနအဲလို ျဖစ္သလဲဆိုတာ သတိထားရတယ္။ တစ္ခါတေလ အဲ့လိုလုပ္ဖို႔လည္း ခက္ေသးတယ္။ ေဆးဆိုရင္ Antihistamine ေတြေပးတယ္။ ဒီအုပ္စုထဲမွာ အမ်ိဳးမ်ိဳးရွိတယ္။ Telfast, Diphenhydramine, Hydroxyzine, Cetrizine ေတြ ပါတယ္။
(အင္တီ-ဟစ္စ္တမင္း) ေတြဟာ အိပ္ခ်င္၊ ေခါင္းကိုက္၊ မ်က္စိျမင္ေဝဝါး၊ ဝမ္းခ်ဳပ္၊ အာေျခာက္၊ ေခါင္းမူး၊ ဆီးသြားရခက္၊ ေခါင္းမၾကည္မလင္ ျဖစ္တတ္တဲ့ ေဘးထြက္မေကာင္းက်ိဴးေတြ ရွိပါတယ္။ ခုေခတ္မွာေတာ့ အိပ္ခ်င္ေစျခင္းမရွိတဲ့ ဒုတိယ၊ တတိယမ်ိဳးဆက္ဆိုတာေတြ ေပၚလာပါၿပီ။

Alimemazine, Chlorphenamine, Clemastine, Cyproheptadine, Hydroxyzine, Promethazine ဆိုတာေတြက သိပ္အေကာင္းႀကီး မဟုတ္ေသးဘူး။ ဒီေဆးေတြက အိပ္ခ်င္တယ္။ Acrivastine, Cetirizine, Desloratadine, Loratadine, Mizolastine ေတြကေတာ့ အိပ္ခ်င္ေစျခင္းမရွိတဲ့ ဒုတိယမ်ိဳးဆက္ဖို႔ ပိုေကာင္းတယ္။

(အလာဂ်ီ) ရတတ္သူမ်ား Cetirizine hydrochloride ကိုေဆာင္ထားပါ။ စားေဆး ေသာက္ေဆး၊ သူက 5 mg, 10 mg ဆိုၿပီးလာတယ္။ အသက္ ၆ ႏွစ္အထက္ဆိုရင္ တစ္ေန႔ တစ္ျပား၊ အစာနဲ႔နီးမွ ေဝးမွ ဆိုတာမရွိဘူး။ ေရာဂါျပင္းရင္ေတာ့ ပိုေသာက္ရမယ္။ တစ္ေန႔ကို ႏွစ္ခါခြဲ ေသာက္လည္းရတယ္။ အသက္ငယ္ရင္ ကိုုယ္အေလးခ်ိန္အလိုက္ ေလွ်ာ့ေသာက္ရမယ္။

(အလာဂ်ီ) ျဖစ္တာ ျပင္းထန္လာရင္ Prednisolone လို Corticosteroid ေဆးမ်ိဳးပါေပးတယ္။ ေဆးရဲ႕ေဘးထြက္ဆိုးက်ိဳး မ်ားလို႔ တခ်ိဳ႕က မသုံးေစခ်င္ဘူး။ ေပးရင္ သက္သာတာေတာ့ အမွန္ဘဲ။ ေရရွည္ မသုံးတာေကာင္းတယ္။ တကယ္လို႔ ဆက္တိုက္ျဖစ္ေန၊ ေသာက္ေနရတဲ့ (အင္တီဟစ္စ္တမင္း) ေတြနဲ႔ မသက္သာလို႔ ဆရာဝန္ကေပးရင္ ေသာက္ပါ။ ပထမရက္ေတြမွာ ေဆးမ်ားမ်ားေပးၿပီး၊ သက္သာရင္ တျဖည္းျဖည္းေလွ်ာ့ေပးရတယ္။ တုံးတိမျဖတ္ရဘူး။ အေရးေပၚျဖစ္ရင္ ဒီေဆးမ်ိဳးကို ထိုးေပးရတယ္။ ဗမာေတြက အသက္ကယ္ေဆးလို႔ ေခၚၾကတယ္။

Cimetidine, Ranitidine တို႔ဟာ ေလနာေဆးေတြေပမယ့္ ဒီေရာဂါအတြက္လည္း သုံးတတ္တယ္။ Doxepin ဆိုတဲ့ စိတ္မက်ေဆးလည္းသုံးေသးတယ္။
နာတာရွည္ (အလာဂ်ီ) နဲ႔ သန္ေကာင္စပ္ေနတတ္တယ္။တျခားဟာေတြကို မတည့္တာေရာ သန္ေကာင္ပါ တြဲျဖစ္ေနႏိူင္ေသးတယ္။ ၂မ်ိဳးလုံးကို ကုရလိမ့္မယ္။ သန္ေကာင္အမ်ိဳးအစားေတြ အမ်ားႀကီးရွိတယ္။
Ancylostmiasis (Hookworm) ခ်ိတ္သန္ေကာင္ရွိေပမယ့္ တခ်ိဳ႕မွာ လကၡဏာမျပဘဲ ေနတတ္တယ္။ အေရျပားကေနဝင္ၿပီး ေသြးထဲေရာက္၊ အဆုတ္ထဲေရာက္၊ အူထဲေရာက္တယ္။ ေရာက္တဲ့ေနရာအတိုင္း လကၡဏာေတြ ျပမယ္။ အေရျပားယားမယ္။ ရင္ၾကပ္မယ္။ ပန္းနာ – ႏူမိုးနီးယားလို ျဖစ္မယ္။ ဗိုက္နာမယ္၊ ဝမ္းပ်က္မယ္၊ လူပိန္မယ္၊ အစားပ်က္မယ္၊ ေလထမယ္၊ ၾကာရင္ Iron deficiency anemia ေသြးအားနဲတာပါ ျဖစ္ေနတတ္တယ္။ သတိထားရမွာက ျပန္ျဖစ္တာနဲ႔ ေဆးယဥ္တာ။  Mebendazole 100 mg ကို တစ္ေန႔ ၂ ႀကိမ္၊ ၃ ရက္ေပးတယ္။ ၁-၃ ပါတ္ေနရင္ တစ္ခါထပ္ေပးတယ္။ ကိုယ္ဝန္ေဆာင္ေနတုန္း မေပးရပါ။ Albendazole 400 mg ၁ႀကိမ္၊ ၃ ရက္ ေသာက္ရတယ္။ ေသြးအားေကာင္းဖို႔ ferrous sulfate စားေဆး သုံးလ ေသာက္ေစတယ္။ (ပ႐ိုတင္း) ပါ နည္းေနတတ္တယ္။ စားေပးပါ။

Strongyloidiasis သန္ေကာင္ေရာဂါဆိုတာ ဘာလဲ။ အေရျပား (ေျခေထာက္) ယားယံတာနဲ႔ အဆုပ္နဲ႔ဆိုင္တဲ့ လကၡဏာေတြ (ေခ်ာင္းဆိုး၊ အသက္ရႈၾကပ္)  ျဖစ္ႏိူင္တယ္။ အစားပ်က္၊ ဝမ္းပ်က္၊ ဗိုက္နာ၊ ေသြးစစ္ရင္ Eosinophil ေသြးျဖဴ ဥတစ္မ်ိဳးမ်ားေနမယ္။ Ivermectin ကိုတစ္ရက္မွာ 200 mg ၁ – ၂ရက္ေပးတာက Albendazole 400 mg တစ္ေန႔ ၂ ႀကိမ္၊ ၃ ရက္ ေပးတာထက္ ပိုေကာင္းတယ္။
Enterobiasis (pinworm) သန္ေကာင္ေရာဂါဆိုတာ  ညအခ်ိန္ စအိုကယားတာ ထူးျခားတယ္။ Albendazole 400 mg ဒါမွမဟုတ္ Mebendazole 100 mg တစ္ခါထဲေပးတယ္။ တစ္လေနတစ္ခါ ထပ္ေပးသင့္တယ္။

Ascariasia (Roundworm) သန္ေကာင္ေရာဂါဆိုတာ အမ်ားဆုံးျဖစ္တယ္။ သန္လုံးေကာင္ေခၚတယ္။ တီေကာင္နဲ႔ဆင္တယ္။ အေရျပား ယားတတ္တယ္။ ဗိုက္နာတတ္တယ္။ Albendazole (400 mg) တစ္ခါထဲေပးတယ္။ ဒါမွမဟုတ္ Mebendazole 500 mg တစ္ခါထဲျဖစ္ျဖစ္ 100 mg တစ္ေန႔ ၂ ႀကိမ္၊ ၃ ရက္ျဖစ္ျဖစ္ေပးတယ္။
Trichuriasis (Whipworm) သန္ေကာင္ေရာဂါဆိုတာ ဘာလဲ။ ကေလးေတြမွာ အျဖစ္မ်ားတယ္။ Albendazole 400 mg ၁-၃-၇ ရက္ေပးတယ္။ ဒါမွမဟုတ္ Mebendazole (200 mg )တစ္ေန႔ ၁-၃-၇ ရက္ေပးတယ္။

သန္ေကာင္ရွိ မရွိ ဝမ္းစစ္ေဆးပါ။ သန္ေကာင္ အမ်ိဳးအားစစ္ပါ။ ေဆးေသခ်ာ ေသာက္ပါ။ ၁ လေနရင္ ဝမ္းတစ္ခါ ထပ္စစ္ပါ။ လိုအပ္ရင္ ေဆးထပ္ေသာက္ပါ။ ေသြးအားနည္း၊ မနည္းလည္းစစ္ပါ။

Author: Dr.တင့္ေဆြ Healthcare Journal (Vol7, No49)

 

(Unicode)

Allergy (အလာဂျီ) ဖြစ်တယ်ဆိုတာ လူ့ခန္ဓာကိုယ်ကနေသူနဲ့ မသင့်တာ တစ်ခုဝင်လာတဲ့အခါ ပြင်းပြင်းထန်ထန်တုံ့ပြန်လို့ ဆက်ဖြစ်လာတဲ့ ဖြစ်စဉ်တွေပါ။ ခန္ဓာကိုယ်ကနေရှင်းထုတ်ဖို့ ကြိုးစားမှုတစ်ခု ဖြစ်ပါတယ်။ (အလာဂျီ) အမျိုးမျိုးထဲမှာ ထူးခြားတာတွေက Nasal allergies နှာခေါင်းမှာ ဖြစ်တာနဲ့ Chronic allergies နာတာရှည်ဖြစ်တာတွေပါ။ နာတာရှည်က ပိုဆိုးတယ်။ သူတို့မှာ နှာခေါင်းမှာပါ ဖြစ်နေတတ်တယ်။ တစ်ခါတစ်လေ မတည့်တာကနေ စေ့ဆော်လို့ မဟုတ်ဘဲလည်း ဖြစ်တတ်ပါတယ်။ ဥပမာ- လေအေးတာ၊ လေခြောက်သွေ့တာ၊ မီးခိုး၊ စသဖြင့်တွေ။ တကယ် မတည့်တတ်တာတွေက ဖုန်၊ မှို၊ ပန်းဝတ်မှုန်၊ တိရစ္ဆာန်- အမှုံအမွှား၊ အင်းဆက်စတာတွေပါ။ အစားအသောက်တွေထဲက နို့၊ ချောကလက်၊ ကိုလာ၊ ကော်ဖီ၊ လက်ဖက်ရည်၊ ဥ၊ ပြောင်း၊ ဂျူံ ၊ လိမ္မော်၊ ခရမ်းချဉ်သီး၊ ဝက်- ကြက်သား၊ ငါး၊ ပင်လယ်စာ၊ အစေ့အဆံ၊ ဆေးဝါး။

နာတာရှည်(အလာဂျီ) က ကုရတာခက်ပါတယ်။ တချို့ဆိုရင် ဘာဆေးမှ မတိုးသလို ဆိုးတယ်။ Trigger ဘာကနေအဲလို ဖြစ်သလဲဆိုတာ သတိထားရတယ်။ တစ်ခါတလေ အဲ့လိုလုပ်ဖို့လည်း ခက်သေးတယ်။ ဆေးဆိုရင် Antihistamine တွေပေးတယ်။ ဒီအုပ်စုထဲမှာ အမျိုးမျိုးရှိတယ်။ Telfast, Diphenhydramine, Hydroxyzine, Cetrizine တွေ ပါတယ်။
(အင်တီ-ဟစ်စ်တမင်း) တွေဟာ အိပ်ချင်၊ ခေါင်းကိုက်၊ မျက်စိမြင်ဝေဝါး၊ ဝမ်းချုပ်၊ အာခြောက်၊ ခေါင်းမူး၊ ဆီးသွားရခက်၊ ခေါင်းမကြည်မလင် ဖြစ်တတ်တဲ့ ဘေးထွက်မကောင်းကျိူးတွေ ရှိပါတယ်။ ခုခေတ်မှာတော့ အိပ်ချင်စေခြင်းမရှိတဲ့ ဒုတိယ၊ တတိယမျိုးဆက်ဆိုတာတွေ ပေါ်လာပါပြီ။

Alimemazine, Chlorphenamine, Clemastine, Cyproheptadine, Hydroxyzine, Promethazine ဆိုတာတွေက သိပ်အကောင်းကြီး မဟုတ်သေးဘူး။ ဒီဆေးတွေက အိပ်ချင်တယ်။ Acrivastine, Cetirizine, Desloratadine, Loratadine, Mizolastine တွေကတော့ အိပ်ချင်စေခြင်းမရှိတဲ့ ဒုတိယမျိုးဆက်ဖို့ ပိုကောင်းတယ်။

(အလာဂျီ) ရတတ်သူများ Cetirizine hydrochloride ကိုဆောင်ထားပါ။ စားဆေး သောက်ဆေး၊ သူက 5 mg, 10 mg ဆိုပြီးလာတယ်။ အသက် ၆ နှစ်အထက်ဆိုရင် တစ်နေ့ တစ်ပြား၊ အစာနဲ့နီးမှ ဝေးမှ ဆိုတာမရှိဘူး။ ရောဂါပြင်းရင်တော့ ပိုသောက်ရမယ်။ တစ်နေ့ကို နှစ်ခါခွဲ သောက်လည်းရတယ်။ အသက်ငယ်ရင် ကိုုယ်အလေးချိန်အလိုက် လျှော့သောက်ရမယ်။

(အလာဂျီ) ဖြစ်တာ ပြင်းထန်လာရင် Prednisolone လို Corticosteroid ဆေးမျိုးပါပေးတယ်။ ဆေးရဲ့ဘေးထွက်ဆိုးကျိုး များလို့ တချို့က မသုံးစေချင်ဘူး။ ပေးရင် သက်သာတာတော့ အမှန်ဘဲ။ ရေရှည် မသုံးတာကောင်းတယ်။ တကယ်လို့ ဆက်တိုက်ဖြစ်နေ၊ သောက်နေရတဲ့ (အင်တီဟစ်စ်တမင်း) တွေနဲ့ မသက်သာလို့ ဆရာဝန်ကပေးရင် သောက်ပါ။ ပထမရက်တွေမှာ ဆေးများများပေးပြီး၊ သက်သာရင် တဖြည်းဖြည်းလျှော့ပေးရတယ်။ တုံးတိမဖြတ်ရဘူး။ အရေးပေါ်ဖြစ်ရင် ဒီဆေးမျိုးကို ထိုးပေးရတယ်။ ဗမာတွေက အသက်ကယ်ဆေးလို့ ခေါ်ကြတယ်။

Cimetidine, Ranitidine တို့ဟာ လေနာဆေးတွေပေမယ့် ဒီရောဂါအတွက်လည်း သုံးတတ်တယ်။ Doxepin ဆိုတဲ့ စိတ်မကျဆေးလည်းသုံးသေးတယ်။
နာတာရှည် (အလာဂျီ) နဲ့ သန်ကောင်စပ်နေတတ်တယ်။တခြားဟာတွေကို မတည့်တာရော သန်ကောင်ပါ တွဲဖြစ်နေနိူင်သေးတယ်။ ၂မျိုးလုံးကို ကုရလိမ့်မယ်။ သန်ကောင်အမျိုးအစားတွေ အများကြီးရှိတယ်။
Ancylostmiasis (Hookworm) ချိတ်သန်ကောင်ရှိပေမယ့် တချို့မှာ လက္ခဏာမပြဘဲ နေတတ်တယ်။ အရေပြားကနေဝင်ပြီး သွေးထဲရောက်၊ အဆုတ်ထဲရောက်၊ အူထဲရောက်တယ်။ ရောက်တဲ့နေရာအတိုင်း လက္ခဏာတွေ ပြမယ်။ အရေပြားယားမယ်။ ရင်ကြပ်မယ်။ ပန်းနာ – နူမိုးနီးယားလို ဖြစ်မယ်။ ဗိုက်နာမယ်၊ ဝမ်းပျက်မယ်၊ လူပိန်မယ်၊ အစားပျက်မယ်၊ လေထမယ်၊ ကြာရင် Iron deficiency anemia သွေးအားနဲတာပါ ဖြစ်နေတတ်တယ်။ သတိထားရမှာက ပြန်ဖြစ်တာနဲ့ ဆေးယဉ်တာ။  Mebendazole 100 mg ကို တစ်နေ့ ၂ ကြိမ်၊ ၃ ရက်ပေးတယ်။ ၁-၃ ပါတ်နေရင် တစ်ခါထပ်ပေးတယ်။ ကိုယ်ဝန်ဆောင်နေတုန်း မပေးရပါ။ Albendazole 400 mg ၁ကြိမ်၊ ၃ ရက် သောက်ရတယ်။ သွေးအားကောင်းဖို့ ferrous sulfate စားဆေး သုံးလ သောက်စေတယ်။ (ပရိုတင်း) ပါ နည်းနေတတ်တယ်။ စားပေးပါ။

Strongyloidiasis သန်ကောင်ရောဂါဆိုတာ ဘာလဲ။ အရေပြား (ခြေထောက်) ယားယံတာနဲ့ အဆုပ်နဲ့ဆိုင်တဲ့ လက္ခဏာတွေ (ချောင်းဆိုး၊ အသက်ရှုကြပ်)  ဖြစ်နိူင်တယ်။ အစားပျက်၊ ဝမ်းပျက်၊ ဗိုက်နာ၊ သွေးစစ်ရင် Eosinophil သွေးဖြူ ဥတစ်မျိုးများနေမယ်။ Ivermectin ကိုတစ်ရက်မှာ 200 mg ၁ – ၂ရက်ပေးတာက Albendazole 400 mg တစ်နေ့ ၂ ကြိမ်၊ ၃ ရက် ပေးတာထက် ပိုကောင်းတယ်။
Enterobiasis (pinworm) သန်ကောင်ရောဂါဆိုတာ  ညအချိန် စအိုကယားတာ ထူးခြားတယ်။ Albendazole 400 mg ဒါမှမဟုတ် Mebendazole 100 mg တစ်ခါထဲပေးတယ်။ တစ်လနေတစ်ခါ ထပ်ပေးသင့်တယ်။

Ascariasia (Roundworm) သန်ကောင်ရောဂါဆိုတာ အများဆုံးဖြစ်တယ်။ သန်လုံးကောင်ခေါ်တယ်။ တီကောင်နဲ့ဆင်တယ်။ အရေပြား ယားတတ်တယ်။ ဗိုက်နာတတ်တယ်။ Albendazole (400 mg) တစ်ခါထဲပေးတယ်။ ဒါမှမဟုတ် Mebendazole 500 mg တစ်ခါထဲဖြစ်ဖြစ် 100 mg တစ်နေ့ ၂ ကြိမ်၊ ၃ ရက်ဖြစ်ဖြစ်ပေးတယ်။
Trichuriasis (Whipworm) သန်ကောင်ရောဂါဆိုတာ ဘာလဲ။ ကလေးတွေမှာ အဖြစ်များတယ်။ Albendazole 400 mg ၁-၃-၇ ရက်ပေးတယ်။ ဒါမှမဟုတ် Mebendazole (200 mg )တစ်နေ့ ၁-၃-၇ ရက်ပေးတယ်။

သန်ကောင်ရှိ မရှိ ဝမ်းစစ်ဆေးပါ။ သန်ကောင် အမျိုးအားစစ်ပါ။ ဆေးသေချာ သောက်ပါ။ ၁ လနေရင် ဝမ်းတစ်ခါ ထပ်စစ်ပါ။ လိုအပ်ရင် ဆေးထပ်သောက်ပါ။ သွေးအားနည်း၊ မနည်းလည်းစစ်ပါ။

Author: Dr.တင့်ဆွေ Healthcare Journal (Vol7, No49)

Previous Post

အသည်းကင်ဆာ

Next Post

နှာခေါင်းသွေးလျှံခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
862
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
847
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

နှာခေါင်းသွေးလျှံခြင်း

လိင်အင်္ဂါ ဆိုလေယေးဆစ် ရောဂါ လက္ခဏာနှင့် ကုသချက်များ

အစားအသောက်နဲ့ နှလုံးသားကို ကာကွယ်မယ် (နှလုံးသွေးကြောကျဉ်းရောဂါနဲ့ အစားအသောက်)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.