fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

လေးဖက်နာရောဂါဟာ သေစေနိုင်သတဲ့လား???

157
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/05/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

လေးဖက်နာရောဂါဟာ သေစေနိုင်သတဲ့လား???

ဒီမနက် အလုပ်လေးအားတုန်း သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့နေရာဆီထွက်လာခဲ့တယ်။ အဲ့ဒီမှာမတွေ့တာ ကြာတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တော့ တော်တော်လေးဝမ်းသာမိတယ်။
ဟေ့ကောင် မင်းအမျိုးသမီးမူမူကော မပါလာဘူးလားကွ။ ငါ့အမျိုးသမီးမပါဘူးကွ။ နောင်လည်းပါနိုင်တော့မှာ မဟုတ်ဘူး ။ သူမရှိတော့ဘူး ။ ဆုံးသွားပြီ

ဟေ။ ဘယ်လိုဖြစ်ရတာလဲကွာ ။ ငါလည်း ဘာမှ မကြားမိပါလား။ မူမူက အသက်ငယ်ငယ်လေးရှိသေးတာ။ ငါတို့ထက်တောင် ငယ်ဦးမယ်။

လေးဖက်နာလို့ပြောတာပါပဲကွာ ။ ငါတို့ ပေါ့ဆမိတာတွေအများကြီးပါတယ်။ ငါဂရုမစိုက်မိတာပါ ငါ့အပြစ်ပါ။

ဒီလိုလဲမဟုတ်ပါဘူးကွာ။ တရားနဲ့ဖြေပါကွာ။ အခြားသူငယ်ချင်းတွေလဲ ဝိုင်းဝန်းဖျောင်းဖျကြတာပေါ့ ။ ဒါနဲ့ လေးဖက်နာရောဂါဆိုတာ အဲ့လောက်အန္တရာယ်များမှန်း ငါတို့မသိခဲ့ဘူး။

ငါလည်းမသိခဲ့ဘူးလေ။ မူမူက အဆစ်တွေနာနာနေတယ် ခဏခဏပြောတယ်ကွ။ ဒါပေမယ့် ဆေးခန်းသွားဆေးထိုးလိုက်ရင် ပျောက်သွားပြန်ရော။ နေပူထဲထွက်ရင် ခန္ဓာကိုယ်မှာ အနီစက်တွေတော့ ထွက်လာတတ်တယ်။

ဒါလည်း သူက အသားဖြူလို့နေမယ်ဆိုပြီး ခပ်ပေါ့ပေါ့ပဲတွေးခဲ့တာ။ နောက် တစ်ကိုယ်လုံးဖောလာတယ်။ မူမူကလည်းမင်းတို့အသိပဲလေ။ ဆေးရုံဆေးခန်းကြောက်တတ်တော့ ဆီးဆေးလေးသောက်လိုက် ၊ အကိုက်အခဲပျောက်ဆေးလေးသောက်လိုက်လုပ်နေတာ။ နောက်အရမ်းမောလာပြီး မလှုပ်နိုင်မရှားနိုင် ဖြစ်လာတော့မှ ဆရာဝန်နဲ့ ပြဖြစ်တယ်ကွာ။ အရေပြားလေးဖက်နာလို့ပြောတာပဲ ။

ငါတို့လည်း ကုပါသေးတယ်။ ဒါပေမယ့် အဲ့အချိန်မှာ ကျောက်ကပ်က အရမ်းပျက်စီးနေပြီ ။လေးဖက်နာက ကျောက်ကပ်ကို ထိတတ်မှန်းငါတို့မသိခဲ့ဘူး။ ငါတို့ထင်ထားတာ လေးဖက်နာဆို အဆစ်အမြစ်တွေနာမယ်။ အဲလိုပဲသိထားတာ။

စစ်နိုင် မင်းက ဆရာဝန်ဆိုတော့ ငါ့ကို အဲ့ဒီ လေးဖက်နာအကြောင်းပြောပြပါကွာ။ ငါ့သမီးလေးလည်း လေးဖက်နာ ဖြစ်နေလို့ ခုပန်နဆလင်ဆိုလား ဆေးသောက်နေရတယ်။ ငါစိတ်တောင်ပူလာပြီ။

အင်း ။ လေးဖက်နာရောဂါဆိုတာ အမျိုးမျိုးရှိတယ်ကွ။ မင်းသမီးလေးဖြစ်တာက ပိုးလေးဖက်နာ ။ အသက် ၅ နှစ်က ၁၅ နှစ်အရွယ်ကလေးတွေမှာ အဖြစ်များတယ်။ ဆေးသေချာသောက်ပြီး ကုသမှုခံယူလို့ရတယ်။ ကုသမှုမခံယူရင်တော့ နှလုံးရောဂါဖြစ်တတ်တယ်။

ခုမူမူဖြစ်တာက အရေပြားလေးဖက်နာ ။ အခြားလေးဖက်နာ ရောဂါတွေအမျိုးမျိုးရှိသေးတယ်။ သွေးလေးဖက်နာတို့ ၊ တုံ့ပြန်လေးဖက်နာတို့ အမျိုးအစားကအများကြီးပေါ့ကွာ။

အရေပြားလေးဖက်နာက အသက် ၂၀ နဲ့ ၃၀ ကြားအမျိုးသမီးတွေမှာ အဖြစ်များတယ်။ အဖြစ်နည်းတဲ့ ရောဂါထဲမှာ ပါပါတယ်။ ဘာကြောင့်ဖြစ်တယ်သေချာမပြောနိုင်ပေမယ့် မျိုးရိုးကြောင့်လည်းဖြစ်နိုင်တယ်။

ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့မှုများတာ ၊ ခန္ဓာကိုယ်ကို ပိုးဝင်တာ ၊ တချို့ပိုးသတ်ဆေးတွေကလည်း အရေပြားလေးဖက်နာကို ပိုဆိုးစေတဲ့ အကြောင်းအရင်းထဲမှာ ပါတယ်။

ရောဂါလက္ခဏာတွေကကော ဘာတွေဖြစ်တတ်လဲရောဂါလက္ခဏာတွေက ရှုတ်ထွေးနေတတ်တယ်ကွ။ များသောအားဖြင့် နာတာရှည်ဖျားတာ ၊ ကိုယ်အလေးချိန်ကျဆင်းတာ ၊ ပင်ပန်းနွမ်းနယ်တာ ၊ ခေါင်းကိုက်တာတွေဖြစ်တတ်တယ်။

နေပူထဲထွက်ရင် မျက်နှာမှာ လိပ်ပြာပုံ အနီစက်တွေထွက်လာတာ ၊ ခန္ဓာကိုယ်မှာ အနီစက်တွေထွက်တာတွေဖြစ်တတ်တယ်။ အဲဒါကြောင့်လည်း အရေပြားလေးဖက်နာလို့ ခေါ်တာ။ ဒါပေမယ့် မကောင်းတာတစ်ခုက သူက အရေပြားတစ်ခုပဲထိတာမဟုတ်ဘဲနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ထိနိုင်လို့ ငါတို့ ဆေးပညာအခေါ်အရ Systemic lupus erythematosus (SLE) လို့ခေါ်တယ်။

ဆံပင်တွေလည်း အရမ်းကျွတ်တတ်တယ်။ ခုမူမူဖြစ်သလို ကျောက်ကပ်ရောင်ရမ်းတာ ကျောက်ကပ်ပျက်စီးတာတွေဖြစ်နိုင်သလို နှလုံးကြွက်သားတွေရောင်ရမ်းတာ ၊ အဆုတ်အမြှေးပါးတွေ ရောင်ရမ်းတာတွေကြောင့် ရင်ဘတ်အောင့်တာတွေလည်းဖြစ်နိုင်တယ်။

ဦးနှောက်သွေးကြောတွေ ရောင်ရမ်းစေလို့ လေဖြတ်တာတွေ ၊ တက်တာတွေလည်းဖြစ်တတ်တယ်။ psychosis လို့ခေါ်တဲ့ စိတ်ရောဂါတွေလည်းဖြစ်တတ်တယ်။ စိတ်ကျရောဂါဖြစ်တာမျိုးတွေလည်းရှိတယ်။

ရောဂါခံစားနေရသူတွေရဲ့ လက်ချောင်းထိပ်တွေဟာ အအေးနဲ့တွေ့ရင် နာကျင်ပြီး ဖြူဖျော့သွားတာကနေ ခဏ ပြာသွားတာမျိုးလည်း အဖြစ်များတယ်။ အူကိုသွားတဲ့ သွေးကြောတွေရောင်ရမ်းရင် ဗိုက်အောင့်တာတွေ ၊ တစ်ခါတစ်လေ အူကသွေးထောက်ပံ့မှုမရတဲ့အတွက် ပုပ်ပြီး ပေါက်သွားတာတွေထိတောင်ဖြစ်တတ်တယ်။ ပါးစပ်မှာ အနာတွေပေါက်တတ်တယ်။ အဆစ်တွေနာကျင်ကိုက်ခဲတတ်တယ်။

တော်တော်ကြောက်ဖို့ ကောင်းတာပဲကွ။ အဲ့ရောဂါမှန်းသိအောင် ဘယ်လိုစစ်ဆေးရမလဲကွ

သွေးစစ်ကြည့်လို့ရတယ်။ ဒီထက်ကြောက်စရာကောင်းတာက အဲ့ရောဂါက အခြားရောဂါတွေနဲ့ တွဲဖြစ်တတ်သေးတယ်။ ပြီးတော့ သူကဖြစ်တဲ့အချိန်မှာသာ နာကျင်မှုကို ခံစားရတာ ပုံမှန်အချိန်မှာ လူကောင်းလိုနေထိုင်နိုင်တော့ လူတော်တော်များများက ခုမူမူဖြစ်သလိုပဲ သတိမထားမိကြဘူး။ ဖြစ်တဲ့အချိန်မှာ

ဘယ်လိုဖြစ်တဲ့အချိန်မှာလည်းကွ အဲ့ဒီရောဂါရဲ့ ပုံစံကိုက ဖြစ်လိုက် ပျောက်လိုက်ပုံစံမျိုး။ ခုခေတ်ဆေးတွေက ကောင်းလာတော့ အရှင်းတော့ပျောက်အောင်မကုနိုင်ပေမယ့် ပုံမှန်လူတစ်ယောက်လို သက်တမ်းစေ့ နေထိုင်နိုင်အောင် နာကျင်မှုတွေသက်သာအောင် ၊ ခန္ဓာကိုယ်ရဲ့ အရေးကြီးအစိတ်အပိုင်းတွေကို မထိအောင် ဆေးနဲ့ထိန်းလို့ ရနေပြီလေ။

ဒါပေမယ့် သောက်ရတဲ့ ဆေးတွေကလည်း ဘေးထွက်ဆိုးကျိုးများတဲ့အတွက်ကော ၊ ရောဂါကို လိုက်ပြီး ဆေးအတိုးအလျော့လုပ်ရတဲ့အတွက် ရော တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြသဖို့လိုတယ်။ ပြီးတော့ ဒီရောဂါမျိုးဟာ ကိုယ်ဝန်ဆောင်တဲ့အခါမှာ ပိုဆိုးလာတာမျိုး ၊ သားပျက်သားလျှောဖြစ်နိုင်တာမျိုး ၊ ကလေးကို ထိခိုက်နိုင်တာမျိုးတွေ ရှိတတ်လို့ ကလေးယူမယ်ဆိုရင်လည်း လေးဖက်နာကုဆရာဝန်နဲ့ကော သားဖွားမီးယပ်ဆရာဝန်ရော ပြသပြီး ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့လိုတယ်။

မိန်းမတွေမှာပဲဖြစ်တာမို့ တော်သေးတာပေါ့ကွာ

မိန်းမတွေမှာပဲဖြစ်တာမဟုတ်ဘူး။ မိန်းမတွေမှာ အဖြစ်များတာ။ ယောက်ကျားတွေမှာလည်းဖြစ်နိုင်တယ်။ ယောက်ကျားတွေမှာဖြစ်ရင် ရောဂါလက္ခဏာတွေက ပိုပြင်းထန်လေ့ရှိတယ်။

ဖြစ်လာရင် ပိုမဆိုးအောင် အဓိကက ခရမ်းလွန်ရောင်ခြည် အများကြီးမထိတွေ့အောင်နေသင့်တယ်။ သက်သာလို့ နေကောင်းပြီထင်ပြီး မပေါ့သင့်ဘူး။ ဆရာဝန်နဲ့ ပုံမှန်ပြသရမယ်။ ဆေးကုသမှု ပုံမှန်ခံယူရမယ်။ လေးဖက်နာပဲဆိုပြီး ပေါ့ပေါ့ဆဆ မထားသင့်ဘူး။

အေးပါကွာ ၊ လေးဖက်နာကလည်း သေတတ်တယ်ဆိုတာ မူမူကတော့ သက်သေပြသွားခဲ့ပါပြီ။ နောက်ငါတို့ ပတ်ဝန်းကျင်မှာ ဒီလိုမျိုးတွေ့ခဲ့ရင်လည်း အသက်တစ်ချောင်းမဆုံးရှုံးသင့်ဘဲ မဆုံးရှုံးရအောင် မပေါ့ဆဖို့ ဆရာဝန်နဲ့သေချာပြဖို့ တိုက်တွန်းပါ့မယ်ကွာ။ မူမူလည်း ကောင်းရာဘုံဘဝမှာ အေးချမ်းနိုင်ပါစေ။

Dr.မေ

Previous Post

အိပ်မှ ဝမှာလား၊ မအိပ်ရင် ဝမှာလား

Next Post

အသည်းကင်ဆာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
861
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
845
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အသည်းကင်ဆာ

နာတာရှည် (အလာဂျီ) နှင့် သန်ကောင်

နှာခေါင်းသွေးလျှံခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.