ခန္ဓာကိုယ်မှာ အသည်းရဲ့ လုပ်ဆောင်ချက်တွေက ဘာတွေလဲ။
ဘာတာဝန်တွေထမ်းဆောင်နေလဲ။ ဘာတွေအရေးကြီးလဲဆိုရင်
၁။ ပထမဦးစွာ ဇီဝဖြစ်ပျက်ဆိုင်ရာ အစာအိမ်အူလမ်းကြောင်းမှတဆင့် အစာ နဲ့ ဆေးဝါးများ အသည်းကိုဖြတ်ကာ ဘေးထွက်ပစ္စည်းများ၊ အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း။
၂။ သည်းခြေရည် ထုတ်ပေးခြင်းဖြင့် အဆီများ ဖြိုခွဲစုပ်ယူရာတွင် ကူညီပေးပြီး သွေးအတွင်းရှိ ဓာတုပစ္စည်းပမာဏ အနည်းအများကို ဟန်ချက်ညီအောင် ထိန်းညှိပေးခြင်း။
၃။ သွေး နဲ့ သွေးရည်ကြည်အတွင်းအရေးကြီးသော ပရိုတိန်းအချို့ ကို ပြုလုပ်ပေးခြင်း။
၄။ သွေးတွင်း အာဟာရဆိုင်ရာပစ္စည်းများကို သယ်ယူပို့ဆောင်ပေးတဲ့ အထူးပရိုတိန်းများပြုလုပ်ပေးခြင်း။
၅။ လိုအပ်သလို ဂလူးကို့စ် သကြားဓာတ်များ သိုလှောင်ခြင်း၊ ထုတ်ပေးခြင်း။
၆။ သွေးနီဥအတွက် သံဓာတ် သိုလှောင်ပေးခြင်း။
ရ။ အန္တရာယ်ရှိသော အမိုးနီးယား ကို ဆီးမှတစ်ဆင့် စွန့်ထုတ်နိုင်အောင် ယူရီးယား သို့ ပြောင်းပေးခြင်း။
၈။ သွေးကျဲခြင်း၊ သွေးခဲခြင်းကို ထိန်းညှိပေးခြင်း။
၉။ အသားဝါဖြစ်စေသော ဘီလီရူဗင်ဓာတ်များကို ခန္ဓာကိုယ်အပြင် သို့ စွန့်ထုတ်ပေးခြင်း အစရှိတဲ့ မြောက်များစွာသော အလုပ်များကို ထမ်းဆောင်ပေးပါတယ်။
အသည်းကျန်းမာအောင် မိမိအနေနဲ့ ပြုလုပ်ရမယ့် အချက်များ။
၁။ ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။
၂။ အာဟာရ မျှတအောင် စားပါ။
၃။ ရေများများသောက်ပါ။
၄။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ။
၅။ သန့်ရှင်းရေးနှင့် aerosol ထုတ်ကုန်များ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး ဓာတုပစ္စည်းများ နဲ့
တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ပါ။
၆။ အရက်ဖြတ်ပါ။ မဖြတ်နိုင်ပါက အနည်းငယ်သာ သောက်ပါ။
ရ။ မူးယစ်ဆေးဝါးသုံးစွဲခြင်း ကို ရှောင်ပါ။
၈။ အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုးများ ကူးဆက်နိုင်တဲ့အတွက် ဘီပိုး၊ စီပိုး ကာကွယ်ဆေးထိုးပါ။
၉။ တစ်ကိုယ်ရေ သန့်ရှင်းရေးပစ္စည်းများကို မျှဝေမသုံးပါနဲ့။ (ဥပမာအားဖြင့် သွားတိုက်တံ၊ လက်သည်းညှပ်၊ သင်တုန်းဓား)
၁၀။ ဆေးထိုးအပ်များ မျှဝေသုံးစွဲခြင်းကို ရှောင်ပါ။
၁၁။ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း ကို ရှောင်ပါ။
အားလုံးကျန်းမာချမ်းသာကြပါစေ။