fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အရေပြားပွေးယားနာရောဂါဆိုတာ

1.2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
20/06/2021
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ပွေးယားနာရောဂါသည် ဆံပင်၊လက်သည်းနှင့် အရေပြားပေါ်တွင် ရှိသော ဆဲလ်များသေနေသည့် တစ်ရှူးများပေါ်၌ ဖြစ်သော မှိုရောဂါပိုးကြောင့် ဖြစ်သည့် အရေပြား ရောဂါတစ်မျိုးဖြစ်ပါသည်။ ၎င်းရောဂါသည် တစ်ခါတစ်ရံတွင် ဦးရေပြားအပေါ်၌ ကူးစက်ခံစားရသည်ကိုလည်း တွေ့ရှိရပါသည်။

ရောဂါလက္ခဏာများ

ပွေးယားနာရောဂါ၏ ကနဦးရောဂါလက္ခဏာမှာ နီရဲ၍ ယားယံသော အရေပြားအကွက်များနှင့် အနာငယ်လေးများ ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ အချိန်အနည်းငယ်ကြာလျှင် ၎င်းအနာငယ်လေးများသည် ကွင်း သို့မဟုတ် စက်ဝိုင်းပုံသဏ္ဍာန် အရေပြားအကွက်များ ဖြစ်လာပါသည်။ ထို့နောက်တွင် များစွာသော ကွင်းပုံသဏ္ဍာန် ဝိုင်းဝန်းသည့် အရေပြားအကွက်များအဖြစ် တွေ့ရှိလာရပါသည်။ ၎င်းအရေပြားအကွက်ငယ်လေးများ၏ အတွင်းဘက်ပိုင်းသည် အရေပြားနှင့် တစ်သားတည်း ဖြစ်နေတတ်ပြီး အပြင်ဘက်ပိုင်းသည် အနည်းငယ် မို့မောက်နေတတ်ကြောင်း တွေ့ရှိရပါသည်။

အရေပြားပွေးယားနာရောဂါ ကူးစက်နိုင်သည့်နည်းလမ်းများ

ပွေးယားနာရောဂါသည် အလွန်ကူးစက်ရန် လွယ်ကူသည့် အရေပြားရောဂါတစ်မျိုးဖြစ်ပါသည်။
အောက်ပါနည်းလမ်းများဖြင့် ပွေးယားနာရောဂါ ကူးစက်နိုင်ကြောင်း လေ့လာချက်များအရ သိရှိရပါသည်။

-အခြားရောဂါရှိသောသူများဆီမှ တဆင့်ကူးစက်ခြင်း
၎င်းအရေပြားရောဂါသည် ယားနာရောဂါဖြစ်သည့်နေရာကို ထိတွေ့ခြင်းမှ အများအားဖြင့် ကူးစက်လေ့ရှိကြောင်း တွေ့ရှိရပါသည်။

-အိမ်မွေးတိရစ္ဆာန်များမှ တဆင့် ကူးစက်ခြင်း
ထို့ကြောင့် အိမ်မွေးတိရစ္ဆာန်များကို ကိုင်တွယ်ထိတွေ့ပြီးသည့်အခါတိုင်း လက်ဆေးသည့် အလေ့အကျင့်ကို ဆောင်ထားသင့်ပါသည်။

-ရောဂါပိုးများကပ်ငြိနေသည့် အရာ၀တ္ထုများကို ထိတွေ့ရာမှတစ်ဆင့် ကူးစက်ခြင်း
ပွေးယားနာရောဂါကို ဖြစ်စေသော မှိုရောဂါပိုးမွှားများသည် အရာ၀တ္ထုများ၏ မျက်နှာပြင်များ၊ အဝတ်အစားများ၊ မျက်နှာသုတ်ပုဝါများ၊ သွားတိုက်တံများ စသည်တို့တွင် ကပ်ငြိကျန်ရှိနေတတ်သဖြင့် ၎င်းတို့ကို ထိတွေ့ခြင်းဖြင့်လည်း ရောဂါကူးစက်ခံစားနိုင်ကြောင်း တွေ့ရှိရပါသည်။

-မြေကြီးပေါ်ရှိ မြေမှုန့် ၊ သဲမှုန့်များမှ တဆင့် ကူးစက်ခြင်း
ထို့ပြင် အရေပြား ပွေးယားနာရောဂါကို ဖြစ်စေသည့် မှိုရောဂါပိုးများကပ်ငြိနေသော မြေကြီးပေါ်တွင် ဖိနပ်မစီးဘဲ အလုပ်လုပ်ကိုင်ရသောသူများသည်လည်း ရောဂါပိုးကူးစက်နိုင်ပါသည်။

ရောဂါကုသရန်နည်းလမ်းများ

ရောဂါကုသခြင်းနည်းလမ်းများသည် ရောဂါပြင်းထန်ဆိုးရွားခြင်းအပေါ်တွင် မူတည်၍ ကွဲပြားပါသည်။
ရောဂါဖြစ်ပွားသည့် လူနာအများစုကို ဆရာဝန်များသည် ဆေးစတိုးဆိုင်များတွင် ဝယ်ယူရရှိနိုင်သည့် လိမ်းဆေးများကို ညွှန်ကြားလေ့ရှိကြပါသည်။
၎င်းလိမ်းဆေးများမှာ အရေပြားမှိုပိုးသတ်သည့် ဆေးဝါးများဖြစ်သော Ketoconazole, Miconazole, Clotrimazole စသည့် ဆေးဝါးများပါဝင်သည့် လိမ်းဆေးများ ဖြစ်ကြပါသည်။ အဆိုပါလိမ်းဆေးများကို ခရင်မ် ၊ အရည် နှင့် အမှုန့်စသည့် ပုံစံမျိုးစုံဖြင့် ဆေးစတိုးဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။
အရေပြားပွေးယားနာရှိသောသူများသည် ယားယံခြင်းဝေဒနာကို ခံစားရသဖြင့် ယားယံခြင်းကို သက်သာစေသည့် သောက်ဆေးများ (Antihistamines. eg, Cetirizine or Loratadine or Burmeton ) များကိုလည်း သောက်သုံးရန် ညွှန်ကြားရလေ့ရှိကြောင်း တွေ့ရှိရပါသည်။

ရောဂါလက္ခဏာများကို သက်သာစေနိုင်သည့် နည်းလမ်းများ

အောက်ပါနည်းလမ်းများသည် ပွေးယားနာရောဂါလက္ခဏာများကို သက်သာစေနိုင်သည့် နည်းလမ်းများ ဖြစ်ကြပါသည်။

( ၁ ) ယားနာနေရာကို ဆပ်ပြာနှင့် ရေဖြင့် ဆေးကြောပေးပါ
ပွေးယားနာရောဂါ ဖြစ်နေသည့် အရေပြားနေရာများကို ရေနှင့် ပိုးသတ်ဆေးဆပ်ပြာများဖြင့် ဆေးကြောပေးပါ။
ထိုသို့သန့်စင်ပေးခြင်းဖြင့် အရေပြားယားနာအကွက်များ ပို၍ပျံ့ပွားခြင်းကို ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိရပါသည်။
ထို့နောက် သန့်စင်ပြီးသော ယားနာဖြစ်နေသည့် နေရာများကို ခြောက်သွေ့အောင်ထားပါ။ အဘယ်ကြောင့်ဆိုသော် စိုထိုင်းမှုသည် မှိုရောဂါပိုးများကို ပိုမိုပျံ့နှံ့နိုင်ခြင်းကြောင့် ဖြစ်ပါသည်။

( ၂ ) ပန်းသီးရှာလကာရည်ဖြင့် လိမ်းပေးပါ
ပန်းသီးရှာလကာရည်တွင် မှိုရောဂါပိုးသတ်နိုင်သည့် အာနိသင်ရှိသဖြင့် ပွေးယားနာရောဂါဖြစ်နေ သည့် နေရာအား လိမ်းပေးခြင်းဖြင့် အရေပြားရောဂါကို သက်သာစေနို်င်ကြောင်း တွေ့ရှိရပါသည်။ အထက်ပါနည်းလမ်းအတိုင်း တစ်နေ့လျှင် သုံးကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါသည်။

( ၃ ) အုန်းဆီဖြင့် လိမ်းပေးပါ
အုန်းဆီတွင် ဘက်တီးရီးယားနှင့် မှိုရောဂါပိုးများကို သေစေနိုင်သည့် ဂုဏ်သတ္တိရှိသောကြောင့်
အရေပြားပွေးရောဂါကိုလည်း သက်သာစေနိုင်ကြောင်း လက်ခံယုံကြည်ထားကြပါသည်။
အုန်းဆီကို ပွေးယားနာရောဂါဖြစ်သည့် နေရာတွင် လိမ်းပေးပါ။ ထိုသို့ တစ်နေ့လျှင် သုံးကြိမ်ခန့် လိမ်းပေးခြင်းဖြင့် ရောဂါလက္ခဏာကို သက်သာစေနိုင်ကြောင်း တွေ့ရှိရပါသည်။

( ၄ ) နနွင်း ဖြင့် လိမ်းပေးပါ

နနွင်းသည် မှိုရောဂါပိုးများကို သေစေနိုင်ခြင်းနှင့် ရောင်ရမ်းခြင်းကို လျော့နည်းစေနိုင်ခြင်း စသည့် အစွမ်းအာနိသင်များရှိကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် နနွင်းမှုန့်ကို ရေနှင့် ဖျော်၍ ၎င်းအနှစ်ကို ပွေးရောဂါနေရာတွင် လိမ်းပေးခြင်းဖြင့် ရောဂါလက္ခဏာကို သက်သာစေနိုင်ပါသည်။

( ၅ ) ရှားစောင်းလက်ပပ်ဖြင့် လိမ်းပေးပါ။
ရှားစောင်းလက်ပပ်တွင် ဗက်တီးရီးယားနှင့် မှိုရောဂါပိုးများကို သေစေနိုင်သည့် အာနိသင်ရှိသဖြင့် ၎င်း၏အနှစ်ကို ပွေးယားနာရောဂါဖြစ်နေသည့် နေရာတွင် လိမ်းပေးခြင်းဖြင့်လည်း ရောဂါလက္ခဏာကို သက်သာစေနိုင်မည် ဖြစ်သည်။

Author: Dr. CK

Previous Post

သားသားမီးမီးတို့ ဉာဏ်ရည်ဖွံ့ဖြိုးစေဖို့ မေမေတို့ ဘာတွေလုပ်ပေးနိုင်မလဲ

Next Post

ရာသီချိန်ခါ အေးလာသည့်အချိန်တွင်အဖြစ်များသည့် ချွဲကပ်ချောင်းဆိုးခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

12 months ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
808
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
834
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရာသီချိန်ခါ အေးလာသည့်အချိန်တွင်အဖြစ်များသည့် ချွဲကပ်ချောင်းဆိုးခြင်း

ကလေးများဦးနှောက်ဖွံ့ဖြိုးမှုနှင့် DHA

အမာရွတ်ကင်းစင်ပြီး ကြည်လင်လှပတဲ့အသားအရေ ရရှိဖို့ဆိုရင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.