fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုဗစ်ရောဂါ

ကိုဗစ်ကာလ အိမ်မှာအရန်သင့်ဆောင်ထားသင့်တဲ့ အရာများ

1.5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
10/07/2021
in ကိုဗစ်ရောဂါ, အထွေထွေရောဂါများအကြောင်း, အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
1 min read
A A

မြန်မာနိုင်ငံဟာ အခုအချိန်မှာ ကိုဗစ်အတည်ပြုလူနာတွေ တစ်ရက်ပြီးတစ်ရက် များပြားလာနေတဲ့ ကိုဗစ်တတိယလှိုင်းအန္တရာယ်ကို ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက် အတတ်နိုင်ဆုံး မလိုအပ်ဘဲ အိမ်ပြင်မထွက်ကြဖို့ လိုပါတယ်။ ဒါ့ကြောင့် အိမ်မှာပဲနေထိုင်ရတဲ့အချိန် ကိုဗစ်အပြင် တခြားရောဂါတွေရဲ့အန္တရာယ်ကို ရင်ဆိုင်နိုင်ဖို့ မရှိမဖြစ် အရန်သင့်ဆောင်ထားသင့်တဲ့ အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

Thermometer အဖျားတိုင်းကိရိယာ

မိသားစုဝင်တစ်ယောက်ယောက် စဖျားတဲ့အခါ အဖျားတိုင်းဖို့ သာမိုမီတာကို မရှိမဖြစ်လိုအပ်ပါတယ်။ ဈေးကွက်ထဲမှာ ရိုးရိုးပြဒါးသာမိုမီတာ၊ ဒစ်ဂျစ်တယ်သာမိုမီတာနဲ့ Infrared သာမိုမီတာ (ထိတွေ့မှုမလိုအပ်တဲ့ အနီအောက်ရောင်ခြည်သုံး သာမိုမီတာ) ဆိုပြီး ၃ မျိုး ရှိပါတယ်။ ကိုယ်အဆင်ပြေတဲ့ Thermometer ကို အနည်းဆုံးတစ်ခုတော့ ဝယ်ပြီး အိမ်မှာဆောင်ထားသင့်ပါတယ်။

ရိုးရိုးပြဒါးသာမိုမီတာနဲ့ ဒစ်ဂျစ်တယ်သာမိုမီတာက ထိတွေ့ပြီးတိုင်းရတာဖြစ်တဲ့အတွက် တစ်ယောက်အဖျားတိုင်းပြီးတိုင်း ဂွမ်းကိုအရက်ပြန်နဲ့စွတ်ပြီး သေသေချာချာ ပိုးသတ်သန့်စင်ဖို့ လိုအပ်ပါတယ်။
ရိုးရိုးသာမိုမီတာက ဓာတ်ခဲမလိုဘဲ တိုင်းလို့ရပြီး ဒစ်ဂျစ်တယ်သာမိုမီတာက ဓာတ်ခဲအားကုန်သွားရင် လဲပေးဖို့ လိုအပ်ပါမယ်။

Infrared သာမိုမီတာကတော့ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့စရာမလိုဘဲ တိုင်းတာနိုင်တဲ့အတွက် အချင်းချင်း ရောဂါပိုးကူးစက်မှာကိုတော့ ကြောက်စရာမလိုပါဘူး။

Pulse Oximeter သွေးတွင်းအောက်စီဂျင်တိုင်း စက်

အိမ်တိုင်း သွေးတွင်းအောက်စီဂျင်တိုင်းစက် အနည်းဆုံး တစ်လုံးစီတော့ ဆောင်ထားသင့်ပါတယ်။ ကိုဗစ်ကြောင့် ဖျားနာပြီး အောက်စီဂျင်ကျသွားနိုင်တဲ့အတွက် အချိန်မီသိရှိနိုင်ဖို့ Pulse Oximeter ကို မရှိမဖြစ် လိုအပ်ပါတယ်။

ပုံမှန်လူတစ်ယောက်ရဲ့ အောက်စီဂျင်က 95% ကနေ 100% အထိ ရှိပါတယ်။ အောက်စီဂျင် 92% အောက် ကျလာလို့ မောလာပြီး အသက်ရှူမဝဖြစ်လာရင်တော့ အောက်စီဂျင်ရှူဖို့ လိုအပ်လာနိုင်ပါတယ်။ အောက်စီဂျင်ရာခိုင်နှုန်း 80 ကနေ 88% အတွင်းပဲ ရှိတော့တယ်ဆိုရင်တော့ အောက်စီဂျင် အရေးပေါ်လိုအပ်နေပြီလို့ သတ်မှတ်ပါတယ်။

အခြေခံဆေးဝါး (၅) မျိုး

အခုပြောပြမယ့် အခြေခံဆေးဝါး ၅ မျိုးဟာ သာမန်ဖျားနာရောဂါတွေကို မြန်မြန်ပျောက်ကင်းစေနိုင်ပြီး Covid-19 ရဲ့ ရောဂါလက္ခဏာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဒီဆေးတွေဟာ ဆေးဆိုင်မှာ ဆရာဝန်လက်မှတ်မလိုဘဲ အလွယ်တကူ ဝယ်ယူလို့ရတဲ့ ဆေးဝါးတွေလည်းဖြစ်တဲ့အတွက် အိမ်တိုင်းမှာ အရန်သင့်ဆောင်ထားသင့်ပါတယ်။ အဲဒါတွေက –

၁။ ဖျားရင် သောက်ရမယ့် Paracetamol
Paracetamol ဟာ လူတိုင်းသိပြီးသားဖြစ်တဲ့ အဖျားကျဆေး ဖြစ်ပါတယ်။ လူကြီးအနေနဲ့ တစ်နေ့ကို Paracetamol 500 mg ၃ ကြိမ်ကနေ ၄ ကြိမ်အထိ သောက်ပေးနိုင်ပါတယ်။ အသက် ၁၂ နှစ်အောက် ကလေးတွေအတွက်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့အရင်ဆုံး ပြသပြီးမှ Paracetamol ကို တိုက်သင့်ပါတယ်။

၂။ ဗီတာမင်နဲ့သတ္တုဓာတ်အားဆေးတွေဖြစ်တဲ့ Vitamin C၊ Vitamin B အုပ်စု၊ တခြားဗီတာမင်နဲ့ သတ္တုဓာတ်များ

Vitamin C ဟာ ကိုယ်ခံအားကို တိုးတက်စေပြီး တုပ်ကွေးဖျားနာရောဂါတွေကို မြန်မြန်ပျောက်ကင်းစေနိုင်ပါတယ်။ Vitamin C 500 mg ကို တစ်နေ့တစ်လုံး ပုံမှန်သောက်ပေးနိုင်ပါတယ်။ Vitamin B အုပ်စုအပါအဝင် တခြားဗီတာမင်နဲ့သတ္တုဓာတ်တွေပါဝင်တဲ့ အားဆေးတွေကို ပုံမှန်သောက်ပေးတာက ခန္ဓာကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေပြီး ကိုယ်ခံစွမ်းရည်တိုးတက်ဖို့အတွက်လည်း အထောက်အကူပြုနိုင်ပါတယ်။

၃။ နှာရည်ယို၊ နှာစေး၊ နှာပိတ်တာကို သက်သာစေမယ့် Cetirizine

ရာသီဉတုကြောင့်ပဲဖြစ်ဖြစ်၊ သာမန်တုပ်ကွေးရောဂါကြောင့်ပဲဖြစ်ဖြစ် နှာစေး၊ နှာပိတ်တဲ့အခါ သက်သာစေဖို့ Cetirizine 10 mg ကို တစ်နေ့ ၂ ကြိမ်အထိ သောက်ပေးနိုင်ပါတယ်။ ဆေးရဲ့ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ အိပ်ငိုက်တာ၊ အိပ်ချင်တာ၊ နုံးချိတာမျိုးကို မခံစားချင်ဘူးဆိုရင်တော့ Loratadine 10 mg ကို သောက်ပေးနိုင်ပါတယ်။

၄။ ချောင်းဆိုး ချွဲကျပ်တာကို သက်သာစေမယ့် ဆေးများ

လည်ချောင်းယားပြီးချောင်းဆိုးတာကို သက်သာစေမယ့် Dextromethorphan ပါဝင်တဲ့ဆေးနဲ့ ချွဲသလိပ်ထွက်၊ ချွဲကျပ်ပြီး ချောင်းဆိုးတာကို သက်သာစေမယ့် Bromhexine ပါဝင်တဲ့ဆေး စတဲ့ ချောင်းဆိုးပျောက်ဆေးတွေကို အိမ်တိုင်း ဆောင်ထားသင့်ပါတယ်။ ချောင်းဆိုးပျောက်ဆေးတွေကို တစ်နေ့ ၃ ကြိမ်၊ ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ပေးနိုင်ပါတယ်။

၅။ ဓာတ်ဆား

အစားအသောက်ပျက်လို့ပဲဖြစ်ဖြစ်၊ ချွေးထွက်လွန်လို့ပဲဖြစ်ဖြစ်၊ ဝမ်းပျက်ဝမ်းလျှောကြောင့်ပဲဖြစ်ဖြစ် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ်တွေ လိုအပ်လာနိုင်ပါတယ်။ ဓာတ်ဆားဓာတ်တွေကို အချိန်မီဖြည့်တင်းဖို့ အိမ်တိုင်း ဓာတ်ဆားထုတ်တွေကို ဆောင်ထားသင့်ပါတယ်။ ORS ဓာတ်ဆားထုတ်တွေကို ဆေးဆိုင်တိုင်းမှာ အလွယ်တကူ ဝယ်နိုင်ပါတယ်။

အောက်စီဂျင်အိုးတွေကို မဖြစ်မနေ ဆောင်ထားသင့်လား

Oxygen Cylinder အိုးတွေနဲ့ Oxygen Concentrator စက်တွေကို အိမ်တိုင်းမှာ မဖြစ်မနေ အရန်သင့်ဆောင်ထားစရာ မလိုပေမဲ့ ဆောင်ထားရင်လည်း အကျိုးမဲ့တာမျိုး မရှိပါ။ အိမ်မှာ ဖျားနာသူရှိပြီး အောက်စီဂျင်ကျလို့ အရေးပေါ်လိုအပ်လာချိန်မှာ အရန်သင့် အောက်စီဂျင်ပေးနိုင်တဲ့ အားသာချက်ရှိပါမယ်။

တကယ်လို့ အောက်စီဂျင်အိုးတွေ ဝယ်ပြီးဆောင်ထားပြီဆိုရင်တော့ ဆောင်ရန်ရှောင်ရန်နဲ့ ထိန်းသိမ်းနည်းတွေကို သတိပြုဖို့ လိုပါမယ်။ အောက်စီဂျင်မပေးခင်မှာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ အရင်ဆုံးတိုင်ပင်သင့်ပါတယ်။

ကိုဗစ်ကာလ ရောဂါကာကွယ်ဖို့ နေထိုင်နည်း

• မဖြစ်မနေ အပြင်သွားရရင် Mask နှစ်ထပ်တပ်ပါ။ CDC ရဲ့ အကြံပြုချက်အရ မှန်ကန်တဲ့ Mask နှစ်ထပ် တပ်နည်းက ခွဲစိတ်ခန်းသုံး Surgical mask အပေါ်မှာ အဝတ် mask တပ်တဲ့နည်းပဲ ဖြစ်ပါတယ်။ KN95 mask အမျိုးအစားတပ်ရင်တော့ တစ်ထပ်ပဲ တပ်သင့်ပါတယ်။

• ဆံပင်ရှည်သူတွေအနေနဲ့ ခွဲစိတ်ခန်းသုံး Cap ဆောင်းပါ။

• တစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး ၆ ပေအကွာမှာ နေပါ။

• လက်ကို ဆပ်ပြာနဲ့ စက္ကန့် ၂၀ ကြာ သေသေချာချာ ဆေးကြောပါ။ အပြင်က ပြန်လာပြီးတိုင်း လက်အရင်ဆေးပါ။ ဖြစ်နိုင်လျှင် ရေချိုးပါ။

• အပြင်သွားလို့ ဝတ်ထားတဲ့အဝတ်အစားတွေကို ချက်ချင်းလျှော်ပါ။

ကိုဗစ်တတိယလှိုင်းကို မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးက ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကာလမှာ ကိုဗစ်ကပ်ရောဂါကို မိသားစုဝင်တိုင်း အန္တရာယ်ကင်းကင်း ရင်ဆိုင်နိုင်ဖို့အတွက် အိမ်တိုင်းမှာ အရန်သင့်ဆောင်ထားသင့်တဲ့ အရာတွေကို ရေးသားမျှဝေလိုက်ပါတယ်။

Author: ဒေါက်တာကောင်း (ဆေး – ၂)

Previous Post

ကလေးတွေ ကိုယ်ခံအားကောင်းဖို့ဆိုရင်

Next Post

သင့်သွားကျန်းမာရေးအတွက် အလေးထားရှောင်ရမည့်အချက်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
865
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သင့်သွားကျန်းမာရေးအတွက် အလေးထားရှောင်ရမည့်အချက်များ

ကူးစက်မြန်မျိုးဗီဇပြောင်းကိုဗစ်အကူးခံရလျှင် ဖြစ်တတ်သည့်လက္ခဏာများ

ရုတ်တရက်အသက်ရှုကျပ်လာရင် ဘာတွေလုပ်ဖို့လိုမလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.