fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

လူ့ခန္ဓာကိုယ်အတွက် သံဓာတ်က ဘာကြောင့်အရေးပါလဲ 

328
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/11/2021
in အထွေထွေရောဂါများအကြောင်း
1 min read
A A

သံဓာတ်ဟာ လူသား​တွေရဲ့  ခန္ဓာကိုယ်နဲ့ကျန်းမာ​ရေးအတွက် အ​ရေးပါတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ထဲရှိ ဆဲလ်အားလုံးမှာ သံဓာတ်ရှိပြီး သံဓာတ်ကိုအများဆုံး​တွေ့ရတာက​တော့ ​သွေးနီဥဆဲလ်တွေမှာဖြစ်ပါတယ်။

သံဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်၊ကြီးထွားဖွံဖြိုးမှု၊​သွေးအားပြည့်​စေမှုနဲ့ အလွယ်တကူမနုန်းမ​​မော​အောင် ပြုလုပ်​ပေးပါတယ်။

ခန္ဓာကိုယ်အတွက် သံဓာတ်၏အ​ရေးပါပုံများ

၁။ သွေးအားနည်းခြင်းကိုကုသ​ပေးနိုင်ခြင်း

သွေးအားနည်း​ရောဂါဟာ အ​တွေ့အများဆုံး အာဟာရဆိုင်ရာ ချို့နည်းမလုံ​လောက်မှု​ရောဂါအ​ခြေအ​နေတစ်ခု ဖြစ်ပါတယ်။ သံဓာတ်ဟာ ​​သွေးအားနည်း​ရောဂါကုသရာမှ များစွာအ​ထောက်အပံ့​ပေးပါတယ်။

ဟေမိုဂလိုဘင်ဆိုတဲ့​သွေးအားဆဲလ်​လေးများ ပုံမှန်ပမာဏ​အောက်ကျသွားတဲ့အခါ ​သွေးအားနည်း​ရောဂါကို ဖြစ်​စေပါတယ်။သွေးအားနည်း​ရောဂါခံစားရပြီဆိုလျှင် ပင်ပန်းနုံး​ခွေခြင်း၊မူး​ဝေခြင်း၊အသက်ရှူမဝခြင်း၊ နှလုံးခုန်မြန်ခြင်း၊​ နေလို့မ​ကောင်းခြင်းနဲ့ အားအင်ကုန်ခန်းခြင်းတို့ ဖြစ်​ပေါ်ပါလိမ့်မယ်။

၂။ ဟေမိုဂလိုဘင်​သွေးဆဲလ်ပရိုတင်းကိုများ​စေခြင်း

သံဓာတ်ရဲ့ ခန္ဓာကိုယ်အတွက်အဓိကတာဝန်က​တော့ ​ဟေမိုဂလိုဘင်ဆိုတဲ့​သွေးအားဆဲလ်​လေး​တွေကို ဖြစ်​ပေါ်​စေခြင်းဖြစ်ပါတယ်။
သံဓာတ်ကိုသုံးပြီး ​ဟေမိုဂလိုဘင်ကိုတည်​ဆောက်ရပါတယ်။ ဟေမိုဂလိုဘင်ဆိုတာ ​သွေးနီဥ​လေးပရိုတင်းတစ်မျိုးဖြစ်ပြီး ​သွေးထဲတွင် ​အောက်စီဂျင်ကို သယ်ယူပို့​ဆောင်​ပေးပါတယ်။

လူသား​တွေဟာ ထိခိုက်ဒဏ်ရာရခြင်း၊ အမျိုးသမီးများဆိုလျှင် ရာသီ​သွေးဆင်းများခြင်း၊ လိပ်​ခေါင်း​ရောဂါဖြစ်ခြင်း၊ အစာအိမ်နဲ့အူလမ်း​ကြောင်းမှ​သွေးစိမ့်ခြင်း၊ သံ​​ကောင်များရှိ​နေခြင်းစတဲ့ အမျိုးမျိုး​သောအ​ကြောင်းရင်းတွေကြောင့် ​သွေးဆုံးရှုံးမှုဖြစ်​စေတတ်ပါတယ်။

ဒါကြောင့် ခန္ဓာကိုယ်အတွက် ​သွေးနီဥလုံလုံ​လောက်​လောက်ရှိ​နေဖို့နဲ့ အပို​ဆောင်းကိုယ်တွင်း သိမ်းဆည်းထားမှုရှိဖို့ အ​ရေးကြီးပါတယ်။ ​ဟေမိုဂလိုဘင်​သွေးအားဆဲလ်များ တိုးပွားဖို့အတွက် သံဓာတ်ဟာ အ​ရေးကြီးပါတယ်။

၃။ ​မောပန်းနုံး​ခွေ​နေခြင်းကို သက်သာ​စေခြင်း

သံဓာတ်ဟာ ​အ​ဖြေရှာမ​တွေ့တဲ့ ပင်ပမ်းနုံး​ခွေခြင်း​ဝေဒနာများကိုကုသရာမှာလည်း အကူအညီ​ပေးပါတယ်။ ​သွေးအားနည်း​ရောဂါမဖြစ်​​ပေမဲ့ သံဓာတ်မလုံ​လောက်ခြင်းရှိ​နေပါက အားအင်ကုန်ခန်းခြင်း​ဝေဒနာကို ခံစားရနိုင်ပါတယ်။ အထူးသဖြင့်အမျိုးသမီးတွေမှာ​ အဲဒီအ​​ခြေအ​နေကို ပိုတွေ့ရ​လေ့ရှိပါတယ်။

သံဓာတ်မလုံ​လောက်မှု​ကြောင့် Fatigue လို့​ခေါ်တဲ့ ပင်ပမ်းနုံး​ခွေမှု​ဝေဒနာခံစားရသည့်အခါ ရက်သတ္တပတ်​ပေါင်းများစွာ ကြာရှည်တတ်ပြီး ​နစ္စဓူ၀ လုပ်ငန်း​ဆောင်တာတွေနဲ့ နေ့စဥ်လှုပ်ရှားမှုတွေကို များစွာအ​နှောင့်အယှက်ဖြစ်​စေပါတယ်။

သံဓာတ်ကြွယ်ဝ​သောအစားအစာတွေနဲ့ သံဓာတ်အားဖြည့်​ဆေးတွေက သံဓာတ်ပြန်ဖြည့်​ပေးခြင်းဖြင့် အဲဒီဝေဒနာတွေကို သက်သာ​စေပါတယ်။

၄။ ကြွက်သားများကို ​သန်မာ​စေခြင်း

ကြွက်သားတွေရဲ့ ဇီဝလုပ်​ဆောင်မှုနဲ့ သံဓာတ်ပမာဏဟာ ဆက်စပ်မှုရှိပါတယ်။ ခန္ဓာကိုယ်မှသံဓာတ်ကို သုံးပြီး Myoglobin လို့​ခေါ်တဲ့ ကြွက်သားတွေထံ ​အောက်စီဂျင်သယ်ပို့​ပေးတဲ့ ပရိုတင်းကို တည်​ဆောက်​ပေးပါတယ်။

သံဓာတ်ပမာဏလုံ​လောက်​နေမှသာ ကြွက်သားများ ကျုံ့နိုင်ဆန့်နိုင်ရန်နဲ့ သန်မာရန်လိုအပ်တဲ့ ​အောက်စီဂျင်ကို ရရှိမှာဖြစ်ပါတယ်။ကြွက်သားတွေအားမရှိခြင်းဟာ ​သွေးအားနည်းခြင်းရဲ့ လက္ခဏ‌ြတစ်ခုဖြစ်ပါတယ်။

၅။ ကိုယ်ခံအား​ကောင်း​စေခြင်း

ကိုယ်ခံအား​ကောင်းမွန်​စေရန် သံဓာတ်ဟာ အ​ရေးကြီးပါတယ်။ ရောဂါများကို တိုက်ထုတ်​ပေး​တဲ့ ကိုယ်ခံအားစနစ်မှာပါဝင်တဲ့  ဆဲလ်များ၊ တစ်သျူးများနဲ့ ကိုယ်တွင်းကလီစာများဆီသို့ ​အောက်စီဂျင်လုံလုံ​လောက်​လောက်ပို့​ပေးခြင်းဖြင့် ကိုယ်ခံအားကို ​​ကောင်းမွန်​စေပြီး ပျက်စီး​သွားတဲ့ ဆဲလ်များ၊ တစ်သျှူးများနဲ့ ကိုယ်တွင်း ကလီစာများကိုပါ ပြန်​ကောင်း​စေပါတယ်။

၆။ အာရုံစိုက်နိုင်စွမ်း တိုးတက်​ကောင်းမွန်​စေခြင်း

-စစ်တမ်းတွေအရ ​သံဓာတ်မလုံ​လောက်ခြင်းဟာ အာရုံစူးစိုက်နိုင်ခြင်းကို ကျဆင်း​စေပါတယ်။ သံဓါတ်ပြန်ပြည့်လာတဲ့အခါ အဲဒီ လက္ခဏာတွေ တိုးတက်​ကောင်းမွန်လာတာကို​ တွေ့ရပါတယ်။

၇။ သွေး​ခြည်ဥခြင်း/အညိုမည်းစွဲခြင်းများကို ​လျှော့ချ​ပေးခြင်း

မကြာခဏ​သွေး​ခြည်ဥတတ်သူ၊ အညိုမည်းစွဲတတ်သူ​တွေဟာ သံဓာတ်ချို့တဲ့မှု/မလုံ​လောက်မှုနဲ့ ဆက်စပ်မှု ရှိ​နေနိုင်တယ်လို့ဆိုကြပါတယ်။ ဒါဟာဘာ​ကြောင့်လဲဆို​တော့ ခန္ဓာကိုယ်ရဲ့​သွေးခဲမှု ဖြစ်စဥ်အတွက်အ​ရေးပါတဲ့  Platelet လို့​ခေါ်တဲ့ ​သွေးဥမွှား​လေး​တွေ ထုတ်ခြင်းနဲ့ အလုပ်လုပ်ခြင်းစွမ်းရည်အ​ပေါ် ​​ဟေမိုဂလိုဘင်သွေးအားဆဲလ် တွေက အကျိုးသက်​ရောက်​စေတဲ့အတွက်ဖြစ်ပါတယ်။

၈။ အိပ်​ပျော်​စေခြင်း

စစ်တမ်းများအရ သံဓာတ်သို​လှောင်မှု​လျော့နည်းလာလျှင် အိပ်မ​ပျော်ခြင်း၊ အိပ်​နေစဥ်အသက်ရှုခဏရပ်ခြင်း( Sleep Apnea) နဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်မရခြင်း(Restless Sleep) တို့နှင့်သက်ဆိုင်​နေတတ်ပြီး သံဓာတ်​ပေးလိုက်တဲ့အခါ တိုးတက်လာ​ကြောင်း ​တွေ့ရတယ်လို့ ဆိုပါတယ်။

၉။ ကိုယ်ဝန်​ဆောင်မိခင်များ

ကိုယ်ဝန်​ဆောင်မိခင်များအတွက် သံဓာတ်ပမာဏလုံ​လောက်ပြည့်ဝ​နေခြင်းဟာ ပေါင်ချိန်မပြည့်​သောက​လေး​မွေးခြင်း
လမ​စေ့​သောက​လေး​မွေးခြင်းတို့ကို ​လျှော့ချ​ပေးတဲ့အပြင်  မိခင်​သွေးအားမနည်း​အောင်နဲ့ က​လေးဦး​နှောက်ဖွံ့ဖြိုးမှု မ​နှေး​ကွေးအောင် ပြုလုပ်​ပေးပါတယ်။ ဒါကြောင့် ကိုယ်ဝန်​ဆောင်မိခင်တွေနဲ့ ရင်​သွေးကျန်မာ​​စေရန် သံဓာတ်ပြည့်ဝ​နေဖို့အ​ရေးကြီးပါတယ်။

၁၀။ မွေးကင်းစက​လေးနဲ့ လမ်း​လျှောက်တတ်ခါစက​လေးများ

သံဓာတ်ချို့တဲ့ပါက ဥာဏ်ရည်ဖွံ့ဖြိုးမှု​နှေး​ကွေးခြင်း၊​ ပေါင်းသင်းဆက်ဆံ​ရေးမ​ကောင်းခြင်းနဲ့ အာရုံစူးစိုက်မှုအားနည်းခြင်းတို့ ဖြစ်​စေပါတယ်။ အသက် ၆ လမှ ကိုးလအရွယ်​လေးများကို သံဓာတ်ကြွယ်ဝ​တဲ့အစားအစာများ မ​​ကျွေးလျှင်၊ သံဓာတ်ဖြည့်ထား​သော ​ဖော်မြူလာများ မ​တိုက်ကျွေးလျှင် သံဓာတ်ချို့တဲ့ခြင်းဖြစ်​စေနိုင်ပါတယ်။ ဒါကြောင့် က​လေးငယ်တွေအတွက်လည်း သံဓာတ်က အ​ရေးကြီးပါတယ်။

Author: Dr. Yin Yin Win

Previous Post

ထိပ်ကပ်နာဖြစ်နေရင် ဒါတွေဆောင်၊ ဒါတွေရှောင်ပါ

Next Post

ကိုယ်ဝန်ဆောင်ကာလ ဝိတ်ကျနေလျှင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
851
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ဝန်ဆောင်ကာလ ဝိတ်ကျနေလျှင်

သံဓာတ်ချို့တဲ့လျှင် ဘာရောဂါတွေဖြစ်နိုင်လဲ

ရာသီအကူးအပြောင်းမှာ အအေးမိဖျားနာကို ဘယ်လိုကာကွယ်မလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.