fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အရိုးအဆစ်နဲ့ကြွက်သားနာကျင်စေတတ်တဲ့ လုပ်ငန်းခွင်ထဲကအမူအကျင့်များ

147
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/11/2021
in အထွေထွေရောဂါများအကြောင်း
1 min read
A A

လုပ်ငန်းခွင်မှာ အလုပ်လုပ်ရင်း လွဲမှားတဲ့ကိုယ်နေဟန်ထားကြောင့် အရိုးအဆစ်နဲ့ကြွက်သွားနာကျင်မှုတွေဖြစ်တတ်ပါတယ်။ ဘယ်လိုကိုယ်နေဟန်ထားလွဲမှားတတ်ကြတာလဲ။

၁။ ကိုယ်​နေဟန်ထားမမှန်ခြင်း

ကိုယ်​နေဟန်ထားမမှန်ခြင်းဟာ အရိုးအဆစ်နှင့်ကြွက်သား​တွေကို နာကျင်​စေမှု အဖြစ်အများဆုံးဖြစ်ပါတယ်။
-အချိန်ကြာမြင့်စွာ ​တောက်​လျှောက် မတ်တပ်ရပ်၍အလုပ်လုပ်ရသူတွေ
-အချိန်ကြာမြင့်စွာတောက်​လျှောက်ထိုင်ပြီးအလုပ်လုပ်ရသူတွေ
-အချိန်ကြာမြင့်စွာ ​ခေါင်း​မော့ပြီး၊ ခေါင်းငုံ့ပြီးအလုပ်လုပ်ရသူတွေဟာ အရိုးအဆစ်နဲ့ ကြွက်သား​တွေကိုနာကျင်​စေပါတယ်။

ချိန်ကြာမြင့်စွာ မတ်တပ်ရပ်အလုပ်လုပ်ရသူတွေဆိုလျှင် ​နာကျင်မှုသက်သာ​အောင် ​ခဏတာထိုင်၍နားခြင်း၊​ ကျောမတ်မတ်ထား၍မတ်တတ်ရပ်ခြင်း၊ဖြစ်နိုင်လျှင်​ခြေ​ထောက်တစ်ဖက်ကို ခုံပု​လေးအ​ပေါ်တွင်တင်၍ရပ်ခြင်းတို့ပြုလုပ်​ပေးပါ။

အချိန်ကြာမြင့်စွာထိုင်၍လုပ်ရသူတွေက​တော့ မကြာခဏ မတ်တပ်ရပ်ခြင်း၊ အကြော​လျှော့ခြင်း ၊ ခါးမတ်မတ်ထိုင်ခြင်းနဲ့ ခါး​နောက်မှာ ​ခေါင်းအုံး​လေးခုပြီး ထိုင်ခြင်းတို့ပြုလုပ်​ပေးနိုင်ပါတယ်။

အချိန်ကြာမြင့်စွာ ​ခေါင်း​မော့ပြီး/​ခေါင်းငုံ့ပြီးအလုပ်လုပ်ရသူများအတွက် တတ်တိုင်သမျှ နားနားပြီးလုပ်သင့်သလို အလုပ်ပုံစံကိုလည်း တတ်နိုင်သမျှ မျက်လုံးနှင့်တစ်တန်းတည်း အ​နေအထားဖြစ်​အောင်​ပြင်ဆင်လုပ်ကိုင်သင့်ပါတယ်။

ဒါ့ပြင် ပစည်းတွေကိုမတဲ့အခါ ကိုယ်​နေဟန်ထားက အရမ်းအ​ရေးကြီးပါတယ်။ ကိုယ်​နေဟန်ထားမမှန်တဲ့အခါ ခါးရိုးနဲ့ခါးကြွက်သား​တွေကို နာကျင်​စေပါလိမ့်မယ်။ ဒါ​ကြောင့် ပစည်းမမယ်ဆိုလျှင် တိုက်ရိုက်ကုန်း၍တန်းမမဘဲ ဒူးကို​အရင်​ကွေးပြီးမှ မသင့်ပါတယ်။

၂။ အချိန်ကြာမြင့်စွာ ​မနားဘဲ အရိုးအဆစ်တစ်ခုခုကိုသုံး၍အလုပ်လုပ်ခြင်း

-ယေဘုယျအားဖြင့် အရိုးအဆစ်တစ်ခုအ​ပေါ် မှီခိုပြီး အနားမ​ပေးပဲ အချိန်ကြာမြင့်စွာ အလုပ်လုပ်​​နေပါလျှင် အရိုးအဆစ်နဲ့ကြွက်သား​တွေကို ဒဏ်ပိ​ နာကျင်​စေပါတယ်။

ဥပမာ-အချိန်ကြာမြင့်စွာ မနားဘဲ စာရိုက်ခြင်း၊
-အချိန်ကြာမြင့်စွာ အင်တာနက်/ဖုန်း ဂိမ်း​ ကစားခြင်း
-​တေးဂီတ တီးခတ်ခြင်း
-ဆံပင်ညှပ်သူများ

အချိန်ကြာလာလျှင် လက်အဆစ်​လေးတွေ၊ လက်​ကောက်ဝတ် အဆစ်၊ ကြွက်သားနဲ့ အရွတ်တွေ ဒဏ်ပိနာကျင်လာပါလိမ့်မယ်။ ဒါ​ကြောင့် လက်အ​နေအထားမကြာခဏ​ပြောင်းရန်၊ ဆက်တိုက်မဟုတ်ဘဲ ကြား​ဖောက်နားချိန်​ပေးပြီး လုပ်ရပါမယ်။

၃။ လေးလွန်း​သောလွယ်အိတ်၊ ကျောပိုးအိတ်ကို သယ်သွား​နေရခြင်း

အချို့အလုပ်တွေအတွက် အလုပ်သဘာဝအရ ​ကျောပိုးအိတ်တွေ၊ လွယ်အိတ်တွေ လွယ်၍ သွားရပါတယ်။ လွယ်ပိုးထားရတဲ့အိတ်​တွေဟာ အရမ်း​လေးမယ်ဆိုလျှင် ကိုယ်​နေဟန်ထားကိုထိခိုက်​စေပြီး ပုခုံး၊လည်ကုပ်နဲ့ ​ကျောပြင်တစ်ဝိုက်ရှိ ကြွက်သားနဲ့ အရိုးအဆစ်တွေကို နာကျင်ဒဏ်ပိ​စေပါတယ်။

ဒီလိုမဖြစ်ရ​အောင် သင်တို့သယ်ပိုးထားရမည့်အိတ်တွေဟာ မိမိကိုယ်အ​လေးချိန်ရဲ့ ၁၀ %ထက်မပိုသင့်ဘူးလို့ဆိုပါတယ်။ ဒါ့ပြင်
-မကြာခဏ ပခုံး​ပြောင်း /ဘက်​ပြောင်း လွယ်ခြင်း
-လွယ်ကြိုး အ​သေးထက်လွယ်ကြိုးကြီး​သောလွယ်အိတ်၊ ကျောပိုးအိတ်ကို​သုံးခြင်း
-တတ်နိုင်သမျှ ​ပေါ့​ပေါ့ပါပါးဖြစ်​အောင်ဝန်ချုံ့ခြင်းတို့
ပြုလုပ်​ပေးဖို့လိုအပ်ပါတယ်။

၄။ လေ့ကျင့်ခန်းအလွန်လုပ်မိခြင်း

အလုပ်သဘာဝအရ ဥပမာ-အားကစားသမားတွေမှာ အဲဒီအ​ခြေအ​နေကို​တွေ့ရပါတယ်။ မိမိအရိုးအဆစ်နဲ့ ကြွက်သား​တွေရဲ့ သတိ​ပေးမှုကိုနာခံရပါမယ်။ ဒါ့ပြင် အားကစားတစ်ခုခုမလုပ်ခင်တိုင်း ​သွေးပူ​လေ့ကျင့်ခန်း အရင်လုပ်ဖို့မ​​မေ့ပါနဲ့။ ဒါဟာဘာ​ကြောင့်လဲဆို​တော့ ​သွေး​အေး​နေတဲ့ကြွက်သား​​တွေ အဆစ်​တွေဟာ ပိုနာကျင်ဖို့ ဒဏ်ဖြစ်နိုင်လို့ပဲဖြစ်ပါတယ်။

၅။ ဖိနပ်​ရွေးချယ်မှုမှားခြင်း

ယျေဘုယျအားဖြင့် ​ဒေါက်မြင့်ဖိနပ်တွေနဲ့ မိမိ​ခြေ​ထောက် အံဝင်ခွင်ကျဖြစ်မ​​နေတဲ့ဖိနပ်​တွေဟာ ​ခြေ​​ထောက် အရိုးအဆစ်တွေ၊ကြွက်သားတွေနဲ့ အရွတ်တွေကို နာကျင်​စေပါတယ်။

မိမိလုပ်​နေတဲ့အလုပ်ဟာ ကြာရှည်မတ်တပ်ရပ်ရမယ်၊ လမ်းကြာကြာ​လျှောက်ရမယ်၊ ပစ္စည်း​တွေမရ သယ်ရမယ်ဆို ​​ဒေါက်မြင့်ဖိနပ်​တွေ၊ မိမိ​ခြေ​ထောက်နဲ့ အံဝင်ခွင်ကျမဖြစ်တဲ့ ဖိနပ်​တွေကို ​ရှောင်ရပါမယ်။

၆။ လက်ဆစ်ချိုးခြင်း

လက်ဆစ်ချိုးတတ်သူတွေ သတိထား​ရှောင်ကြဥ်ရပါမယ်။  လက်ဆစ်ချိုးခြင်းဟာ အခန့်မသင့်လျှင် အဆစ်​ယောင်ခြင်းနဲ့ နာကျင်ခြင်းဖြစ်​စေပါတယ်။

၇။ ကွန်ပျူတာ​​ရှေ့မှာ အချိန်ကြာမြင့်စွာထိုင်ပြီး အလုပ်လုပ်ရခြင်း

ယခုအခါ အလုပ်​တော်​တော်များများဟာ ကွန်ပျူတာ​ရှေ့အချိန်ကြာမြင့်စွာထိုင်ပြီးလုပ်ရ​လေ့ရှိပါတယ်။ အဲဒီအလုပ်အမူအကျင့်ဟာ ပခုံး၊ လည်ပင်း၊ လက်​ကောက်ဝတ်၊ တံ​တောင်ဆစ်နဲ့ ​ကျောရိုးအဆစ်တွေ၊ ကြွက်သားတွေကို နာကျင်​စေပါတယ်။

ထိုင်ချိန်တစ်နာရီပြည့်တိုင်း လမ်းခဏ​လျှောက်ခြင်း၊ ခါးမတ်မတ်ထိုင်ခြင်း၊ကွန်ပြူတာကို မျက်လုံးနှင့်တစ်တန်းတည်းထားခြင်း၊ လက်အ​နေအထား​ပြောင်းပြီးစာရိုက်ခြင်း တို့ပြုလုပ်​ပေးသင့်ပါတယ်။

၈။ လက်မကိုအသုံးပြုပြီးစာရိုက်ခြင်း

အထူးသဖြင့် ဖုန်းဖြင့် စာရိုက်သူတွေ၊ ဖုန်းဂိမ်းကစားသူတွေမှာ​ တွေ့ရပါတယ်။ ဒါဟာ သင့်လက်မအဆစ်​ပေါ်ကို ဖိအား ၁၂ ဆ သက်​ရောက်​စေတယ်လို့ဆိုပါတယ်။ လက်မဟာ သင့်ရဲ့လက်လုပ်ငန်​ဆောင်တာ​တွေရဲ့ ၆၀ %ကို လုပ်​ဆောင်​ပေးပါတယ်။

ဒါ​ကြောင့် သင့်လက်မကို ဂရုစိုက်ဖို့အ​ရေးကြီးပြီး ဖုန်းသုံးသည့်အခါ တတ်နိုင်သမျှ လက်မဖြင့်စာရိုက်ခြင်းကို​လျှော့ပြီး Voice Function (အသံဖြင့်အလုပ်ခိုင်းခြင်း)ကို ပိုသုံးဖို့ အကြံပြုကြပါတယ်။

Author: Dr. Yin Yin Win

Previous Post

ကိုယ်ဝန်ဆောင်ကာလမှာ ကယ်လ်စီယမ် ဘယ်လောက်လိုအပ်လဲ

Next Post

ဆောင်းရာသီမှာ ကိုယ်ဝန်ဆောင်မေမေတို့ ကျန်းမာအောင် ဘယ်လိုနေထိုင်လဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
849
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆောင်းရာသီမှာ ကိုယ်ဝန်ဆောင်မေမေတို့ ကျန်းမာအောင် ဘယ်လိုနေထိုင်လဲ

ဆောင်းရာသီမှာ နှာစေးနှာပိတ်သက်သာအောင် ကာကွယ်ဖို့ဆိုရင်

ဝက်ခြံခဏခဏထွက်တတ်သူလား ? ဝက်ခြံထွက်တာသက်သာစေမယ့် နေ့စဉ်အမူအကျင့်များ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.