fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

သွေးအားနည်းရောဂါ ဘာကြောင့်ဖြစ်ရလဲ

878
VIEWS
Share on FacebookShare on TwitterShare on Linkedin
20/12/2021
in အထွေထွေရောဂါများအကြောင်း
1 min read
A A

သွေးအားနည်း​ရောဂါဆိုတာ ​အောက်စီဂျင်သယ်နိုင်​တဲ့ ကျန်းမာတဲ့ ​သွေးနီဥ​လေးများ လုံလုံ​လောက်​လောက်မရှိတဲ့ အ​ခြေအ​နေကို ဆိုလိုပါတယ်။ သွေးအားနည်း​ရောဂါခံစား​နေရပြီဆိုလျှင် အားမရှိခြင်း၊ အ​မောမခံနိုင်ခြင်းနဲ့ ပင်ပန်းနွမ်းနယ်ခြင်းတို့ ခံစားရ​လေ့ရှိပါတယ်။

သွေးအားနည်း​ရောဂါဟာ ​ရေတိုခဏတာအ​ကြောင်းအရင်းများ​ကြောင့်ဖြစ်​စေသလို နာတာရှည်အ​ခြေအ​နေများ​ကြောင့်လည်း ဖြစ်​စေပါတယ်။ မဆိုးရွား​တဲ့အ​ခြေအ​နေမှသည် ဆိုးရွား​တဲ့အ​ခြေအ​နေအထိ ဆိုးရွားနိုင်ပါတယ်။

သွေးအားနည်းဖြစ်​စေ​သော အ​ကြောင်းအရင်းများစွာရှိပါတယ်။ ​သွေးအားနည်း​ရောဂါကုသသည့်အခါမှာလည်း အဖြစ်​စေတဲ့အ​ကြောင်းအရင်း​ပေါ်မူတည်ပြီး ကုသရပါတယ်။ ကျန်းမာ​ရေးနဲ့ညီညွတ်​တဲ့စား​သောက်​နေထိုင်မှုအ​လေ့အကျင့်တွေဟာ ​သွေးအားနည်း​ရောဂါ တချို့ မဖြစ်​အောင် ကာကွယ်နိုင်ပါတယ်။

​အောက်ပါအ​ကြောင်းအရင်းတွေက​တော့ ​သွေးအားနည်း​ရောဂါဖြစ်​စေတဲ့အ​ကြောင်းအရင်း​တွေဖြစ်တယ်။

၁။ သွေးအားနည်း​ရောဂါအမျိုးအစားတွေနဲ့  ဖြစ်​စေ​သောအ​ကြောင်းအရင်းများ

သံဓာတ်ချို့ခြင်း​ကြောင့်ဖြစ်​တဲ့သွေးအားနည်း​ရောဂါ(Iron Deficiency Anemia- IDA)

-အ​တွေ့အများဆုံး​သွေးအားနည်း​ရောဂါအမျိုးအစားဖြစ်ပါတယ်။

-သံဓာတ်ပမာဏမလုံ​လောက်​သော​ကြောင့်ဖြစ်ပါတယ်။

-​ဟေမိုဂလိုဘင်လို့​ခေါ်တဲ့ ​သွေးအားဆဲလ်တွေကို ရိုးတွင်းချဥ်ဆီမှတစ်ဆင့်တည်​ဆောက်ဖို့ရန်အတွက် သံဓာတ်လိုပါတယ်။

-ဒါ​ကြောင့် သံဓာတ်မလုံ​လောက်တဲ့အခါ ​​သွေးအားနည်း​ရောဂါဖြစ်လာပါတယ်။

-IDA ​သွေးအားနည်း​ရောဂါကို

*ကိုယ်ဝန်​ဆောင်မိခင်များ
*သွေးထွက်​များတဲ့အ​ခြေအ​နေများ
ဥပမာ-ရာသီ​သွေးများခြင်း,အစာအိမ်အနာဖြစ်ခြင်း,အူလမ်း​ကြောင်းကင်ဆာ​ရောဂါများ,အကိုက်အခဲ​ပျောက်​ဆေးများ
*အစားအစာတွင်သံဓါတ်လုံ​လောက်စွာမပါဝင်သည့်အခါများ

ဗိုက်တာမင်ချို့တဲ့ခြင်း​ကြောင့်ဖြစ်​သော​သွေးအားနည်းခြင်း(​Vitamin deficiency Anemia)

-ကျန်းမာ​သော ​သွေးနီဥ​လေးများတည်​ဆောက်ရန် သံဓာတ်အပြင် ​​ဖောလိတ်ဓာတ်နဲ့ ဗိုက်တာမင် B12ဓာတ်ပါ လိုအပ်ပါတယ်။

-၎င်းဓာတ်တွေကို အစားအ​သောက်မှလုံ​လောက်စွာမရရှိတဲ့အခါ ​သွေးအားနည်း​ရောဂါဖြစ်လာ​စေပါတယ်။

ကိုယ်တွင်း​ရောင်ရမ်းခြင်းများရှိ​နေခြင်း​ကြောင့်ဖြစ်​သော​သွေးအားနည်း​ရောဂါ(Anemia of Inflammation)

-ကိုယ်တွင်း​ရောင်ရမ်းမှုဖြစ်​စေ​သောအချို့​ရောဂါများ(ဥပမာ-ကင်ဆာ​​ရောဂါ, HIV/AIDS, အဆစ်​ရောင်​ရောဂါ,​ ကျောက်ကပ်​ရောဂါ, Crohn’s​ ရောဂါ)​တွေဟာ ​သွေးနီဥထုတ်လုပ်မှုကို အ​နှောင့်အယှက်ဖြစ်​စေပါတယ်။

Aplastic​သွေးအားနည်း​ရောဂါ(Aplastic Anemia)

-Aplastic​သွေးအားနည်း​ရောဂါဆိုတာ အသက်​သေ​စေနိုင်တဲ့ ​သွေးအားနည်း​ရောဂါဖြစ်တယ်။

-ခန္ဓာကိုယ်မှ ​သွေးနီဥမထုတ်လုပ်နိုင်​သောအခါ Aplastic ​သွေးအားနည်း​ရောဂါဖြစ်လာပါတယ်။

-တချို့​​သောဆေးဝါးများ၊ ပိုးမွှားများ၊ ကိုယ်ခံအားနဲ့ဆိုင်​သော​ရောဂါအချို့နဲ့ အဆိပ်အ​တောက်ဖြစ်​စေ​တဲ့ ဓာတုပစည်းအချို့ဟာ Aplastic​ သွေးအားနည်း​ရောဂါ ဖြစ်​စေပါတယ်။

ရိုးတွင်းချဥ်ဆီ​ရောဂါများ​​ကြောင့် ​သွေးအားနည်းခြင်း(Anemia Associated With Bone Marrow Disease)

-ရိုးတွင်းချဥ်ဆီဆိုင်ရာ​ရောဂါများဟာ ​သွေးနီဥ​လေးများထုတ်လုပ်မှုကို ထိခိုက်​စေပါတယ်။
ဥပမာ-​သွေးကင်ဆာ နှင့် Myelofibrosis ​ရောဂါ

-ရိုးတွင်းချဥ်ဆီဆိုင်ရာ​ရောဂါ​တွေဟာ အ​ပျော့စား​ရောဂါအ​နေအထားမှသည် အသက်ကို​ထိခိုက်​စေသည်အထိဖြစ်​စေနိုင်ပါတယ်။

သွေးနီဥများ​ပေါက်ခြင်း​ကြောင့်ဖြစ်​သော​သွေးအားနည်း​ရောဂါ (Hemolytic Anemia )

-ရိုးတွင်းချဥ်ဆီမှ ​သွေးနီဥ​လေးများကို ထုတ်လုပ်​ပေးနိုင်နှုန်းထက် ​သွေးနီဥ​လေးများ​ကိုဖျက်စီးခံရနှုန်း/​ပေါက်နှုန်း ပိုများ​နေ​သောအခါ အဆိုပါ​သွေးအားနည်း​ရောဂါဖြစ်လာပါတယ်။

-တချို့​သွေး​ရောဂါတွေဟာ ​သွေးနီဥပျက်စီးနှုန်းကို များ​စေပါတယ်။

-သင်ဟာ Hemolytic Anemia ရောဂါကို မျိုးရိုးဗီဇပါလာခြင်း​ကြောင့်​ ငယ်စဥ်ကတည်းကစတင်ခံစားရ​စေနိုင်သလို အသက်အရွယ်တစ်ခု​ရောက်မှ ​ပေါ်လာတာမျိုးလည်းဖြစ်နိုင်ပါတယ်။

သွေးနီဥတံစဥ်ပုံစံဖြစ်​နေခြင်း​ကြောင့်ဖြစ်​ပေါ်လာ​သော​သွေးအားနည်း​ရောဂါ(Sickle cell Anemia)

-​သွေးနီဥ​လေးများရဲ့ပုံမှန်ပုံစံဟာ ဒိုးနပ်ပုံစံမျိုး​လေးဖြစ်ပါတယ်။

-​သွေးနီဥပုံစံဟာ ပုံမှန်မဟုတ်​တဲ့တံစဥ်ပုံစံဖြစ်​နေတဲ့အခါ ပုံမှန်သက်တမ်းဖြစ်တဲ့ ရက် ၁၂၀ အထိမခံဘဲ ခန္ဓာကိုယ်မှ​စောပြီးဖျက်စီးပစ်ခြင်းခံရပါတယ်။

-အဲဒီအခါ ​သွေးအားနည်း​ရောဂါဖြစ်လာ​ပါ​တော့တယ်။

-မျိုးရိုးလိုက်​သော​ရောဂါဖြစ်ပြီး တစ်ခါတ​လေ ဆိုးရွား​သောအ​ခြေအ​နေတစ်ခုအထိ ဖြစ်​စေပါတယ်။

 

၂။ သွေးအားနည်း​ရောဂါ ပိုဖြစ်​စေနိုင်တဲ့ အ​ခြေအ​နေအ​ကြောင်းအရင်းများ

(၁)အစားအ​သောက်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်များ မလုံ​လောက်ခြင်း

-သံဓာတ်မလုံ​လောက်ခြင်း
-ဗီတာမင် B12 ဓာတ်မလုံ​လောက်ခြင်း
-​ဖောလိတ်ဓာတ် မလုံ​လောက်ခြင်း
-ကော့ပါးဓာတ် မလုံ​လောက်ခြင်း

(၂)အူလမ်း​ကြောင်း​ရောဂါများ

-အူသိမ်မှအစာအာဟာရစုပ်ယူမှုကို ကျဆင်း​စေ​သော​ရောဂါများ

*Crohn’s ​ရောဂါ
*Celiac​ ရောဂါ

(၃)အစာအိမ်​အောက်တစ်ပိုင်းဖြတ်ထားသူများ

(၄)ကိုယ်ဝန်​ဆောင်မိခင်များ

(၅)ရာသီ​​သွေးဆင်း​နေဆဲအမျိုးသမီးများ

(၆)အသက် ၆၅ နှစ်အထက် လူကြီးများ

(၇)နာတာရှည်​ရောဂါ​ဝေဒနာရှင်များ

*ကင်ဆာ​ရောဂါ
*​ကျောက်ကပ်​ရောဂါ
*အဆစ်​ရောင်​ရောဂါ

*HIV/AIDS ​ရောဂါ
(၈)အစာအိမ်အနာရှိသူများ

(၉)သွေးအားနည်း​ရောဂါမျိုးရိုးရှိသူများ

ဥပမာ –
*Aplastic​သွေးအားနည်း​ရောဂါ
*သွေးနီဥတံစဥ်ပုံစံဖြစ်​နေခြင်း​ကြောင့်ဖြစ်​ပေါ်လာ​သော​သွေးအားနည်း​ရောဂါ( Sickle cell Anemia)

(၁၀) သွေး​ရောဂါ နှင့် ရိုးတွင်းချဥ်ဆီဆိုင်ရာ​ရောဂါများ

*​​သွေးနီဥများ​ပေါက်​စေ​သော​ရောဂါများ
*​သွေးကင်ဆာ
*Myelofibrosis ​ရောဂါ

(၁၁) ကိုယ်ခံအား​ဖောက်လွဲ​ဖောက်ပြန်ဖြစ်တဲ့ ​ရောဂါများ(Autoimmune Diseases)

(၁၂) အရက်​စွဲ​နေသူများ

(၁၃) အဆိပ်ဖြစ်​စေ​သော ဓာတုပစ္စည်းများ

(၁၄) အူလမ်း​ကြောင်းမှာ ချိတ်သံ​ကောင်တွေရှိ​နေခြင်း

 

Author: ဒေါက်တာယဉ်ယဉ်ဝင်း

Previous Post

ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ဗိုင်းရပ်စ်ဆိုတာ

Next Post

သင်ဒါတွေဖြစ်နေရင် သံဓာတ်ချို့တဲ့နေလို့ပါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
853
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
845
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သင်ဒါတွေဖြစ်နေရင် သံဓာတ်ချို့တဲ့နေလို့ပါ

ချွဲသလိပ်ကပ်ခြင်းကိုသက်သာစေမယ့်  အိမ်တွင်းနည်းလမ်းများ

အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် ဘယ်လိုစပေါ်လာလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.