fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ခါးနာတာသက်သာပျောက်ကင်းဖို့ ဒါလေးတွေလုပ်ပါ

881
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/12/2021
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ခါးနာခြင်းဝေဒနာကို လူတိုင်းလိုလိုခံစားဖူးကြပါတယ်။ ဒီဝေဒနာက နေ့စဉ်ဘ၀မှာလည်း ခံရခက်ပြီး တော်တော်အနှောင့်အယှက်ဖြစ်ပါတယ်။  ခါးနာတာကို သက်သာပျောက်ကင်းစေမယ့် နည်းလမ်းလေးတွေကတော့ –

 

၁။ ဆက်လက်၍လှုပ်လှုပ်ရှားရှား​နေခြင်း

သင်ခါးနာ​​နေတဲ့အခါ လှုပ်လှုပ်ရှားရှား နေနေရတာကို သိပ်သ​ဘော​တွေ့မှာ​တော့မဟုတ်ပါဘူး။ ခါးနာ​နေတဲ့အခါ အိပ်ရာထဲမှာလှဲ​နေတာဟာ အကူအညီဖြစ်​စေတယ်လို့ထင်ရပေမဲ့ စစ်တမ်းများအရက​တော့ ဆက်လက်ပြီး လှုပ်လှုပ်ရှားရှား​နေခြင်းဟာ ခါးနာသက်​သာ​ပျောက်ကင်းခြင်းကို ပိုမြန်​စေတယ်လို့ဆိုပါတယ်။

အစပိုင်းမှာ ကသိက​အောင့်နိုင်ပင်မယ့် တ​ဖြေး​ဖြေးသက်သာလာပါလိမ့်မယ်။ ပုံမှန်လုပ်​နေကျ ​နိစ္စဓူ၀ ​ပေါ့​ပေါ့ပါးပါး လှုပ်ရှားမှုတွေကို တတ်နိုင်သ​လောက်ဆက်လုပ်​ပေးပါ။ မိမိတို့လုပ်​နေရတဲ့အလုပ်ဟာ ​ပေါ့​ပေါ့ပါးပါးအလုပ်ဆိုလျှင် ခါးနာခြင်းအလျင်း​ပျောက်သည်အထိမ​စောင့်ပဲ လုပ်ငန်းခွင်ပြန်ဝင်လို့ရပါတယ်။

၂။ ကြွက်သားများကိုဆွဲဆန့်သန်မာ​စေသည့် လေ့ကျင့်ခန်းများလုပ်ခြင်း

ခါး၊​ ကျောနဲ့ ဝမ်းဗိုက်တစ်ဝိုက်ရှိကြွက်သားတွေကို ဆွဲဆန့်​ကျော​လျော့​ပေးပြီးသန်မာ​စေတဲ့ ​လေ့ကျင့်ခန်းတချို့ဟာ ခါးနာခြင်းကို သက်သာ​စေပါတယ်။ ဥပမာ-လမ်း​လျှောက်ခြင်း၊​ ရေကူးခြင်း၊​ ရောဂကျင့်ခြင်းနဲ့ Pilates​ လေ့ကျင့်ခန်းများလုပ်ခြင်း

၃။ မှန်ကန်​သောကိုယ်​နေဟန်ထားဖြစ်အောင် ​နေထိုင်ခြင်း

ကိုယ်​နေဟန်ထားမမှန်ကန်ခြင်းသည်လည်း ခါးနာခြင်းကိုဖြစ်​စေပါတယ်။
*အချိန်ကြာမြင့်စွာ ​တောက်​လျှောက် မတ်တပ်ရပ်၍အလုပ်လုပ်ရသူတွေ၊
*အချိန်ကြာမြင့်စွာတောက်​လျှောက်ထိုင်ပြီးအလုပ်လုပ်ရသူတွေ၊
*အချိန်ကြာမြင့်စွာ ​ခေါင်း​မော့ပြီး/​ခေါင်းငုံ့ပြီးအလုပ်လုပ်ရသူတွေဟာ အရိုးအဆစ်နှင့် ကြွက်သား​တွေကိုနာကျင်​စေပါတယ်။

အချိန်ကြာမြင့်စွာ မတ်တပ်ရပ်အလုပ်လုပ်ရသူတွေဆိုလျှင် ​နာကျင်မှုသက်သာ​အောင် ​ခဏတာထိုင်၍နားခြင်း၊​ ကျောမတ်မတ်ထား၍မတ်တတ်ရပ်ခြင်း၊ ဖြစ်နိုင်လျှင်​ခြေ​ထောက်တစ်ဖက်ကို ခုံပု​လေးအ​ပေါ်မှာ တင်၍ရပ်ခြင်းတို့ပြုလုပ်​ပေးပါ။ အချိန်ကြာမြင့်စွာထိုင်၍လုပ်ရသူတွေက​တော့ မကြာခဏ မတ်တတ်ရပ်ခြင်း၊ အ​ကျော​လျှော့ခြင်း၊ ခါးမတ်မတ်ထိုင်ခြင်းနဲ့ ခါး​နောက်မှာ ​ခေါင်းအုံး​လေးခု၍ထိုင်ခြင်းတို့ ပြုလုပ်​ပေးနိုင်ပါတယ်။

အချိန်ကြာမြင့်စွာ ​ခေါင်း​မော့ပြီး/​ခေါင်းငုံ့ပြီ းအလုပ်လုပ်ရသူတွေအတွက် တတ်တိုင်သမျှ နားနားပြီးလုပ်သင့်သလို အလုပ်ပုံစံကိုလည်း တတ်နိုင်သမျှ မျက်လုံးနဲ့တစ်တန်းတည်းအ​နေအထားဖြစ်​အောင်​ ပြင်ဆင်လုပ်ကိုင်သင့်ပါတယ်။ ဒါ့ပြင် အ​လေးအပင်တွေ မတဲ့အခါ ကိုယ်​နေဟန်ထားမှန်ဖို့က အရမ်းအ​ရေးကြီးပါတယ်။

ကိုယ်​နေဟန်ထားမမှန်တဲ့အခါ ခါးရိုးနဲ့ခါးကြွက်သား​တွေကို နာကျင်​စေပါလိမ့်မယ်။ ဒါ​ကြောင့် အ​လေးအပင်မမယ်ဆိုလျှင် တိုက်ရိုက်ကုန်း၍တန်းမမဘဲ ဒူးကို​အရင်​ကွေးပြီးမှ မသင့်ပါတယ်။ အရမ်း​လေးတဲ့ အရာတွေမမယ်ဆိုလျှင် Trolley လို့​ခေါ်တဲ့ ဘီးတပ်တွန်းလှည်းသုံးပြီးမသင့်ပါတယ်။ ဒါ့ပြင် ခါးနာ​နေတဲ့အခါ ကိုယ်​နေဟန်ထားမှန်​အောင် ခါးစည်းခါးပတ် ပတ်ထားနိုင်ပါတယ်။

၄။ ကျန်းမာ​သောကိုယ်အ​လေးချိန်ဖြစ်​အောင် ဂရုစိုက်ခြင်း

အဝလွန်ခြင်းဟာ သင့်ခါး​တွေကို ဒဏ်ပိ​စေပါတယ်။ သင်ဟာ ပုံမှန်ရှိရမယ့်ကိုယ်အ​လေးချိန်ထက်များ​နေတဲ့သူ၊ ဝ​နေတဲ့သူဆိုလျှင်​တော့ ဝိတ်အပို​တွေကို ​လျှောချကြည့်ပါ။ ခါးနာခြင်း သက်သာလာပါလိမ့်မယ်။

၅။ ဆေးလိပ်ဖြတ်ခြင်း

​​ဆေးလိပ်​သောက်သူတွေဟာ ​ဆေးလိပ်မ​သောက်သူတွေထက် ခါးအရိုးနုပျက်စီးနှုန်း ၄ ဆပိုများတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် စီးကရက်တွေမှာပါတဲ့ နီကိုတင်းဓာတ်နဲ့ ​ဆေးရွက်ကြီးတွေဟာ ခါးအရိုးတွေကို ​ပျော့​စေပြီး အရိုးနုတွေက အာဟာရတွေကို ယူ​ဆောင်ပစ်ပါတယ်။ ဒါ​ကြောင့် ​ဆေးလိပ်ဖြတ်ခြင်းဟာ ခါးနာခြင်းသက်သာ​အောင် ကူညီ​ပေးပါတယ်။

၆။ ရေခဲကပ်ခြင်းနှင့်​ ရေ​နွေးကပ်ခြင်း

အ​အေးဓာတ်ဟာ ​ရောင်ရမ်းမှု နာကျင်မှုများကိုသက်သာ​စေပါတယ်။ ထိခိုက်မှုဖြစ်တဲ့အခါ၊ ဒဏ်ရာရတဲ့အခါ နာကျင်တဲ့​ဝေဒနာသက်သာ​စေရန် ​ရေခဲကပ်ခိုင်း​လေ့ရှိပါတယ်။ ဒါပေမဲ့ ​ရေခဲကပ်တဲ့အခါ တိုက်ရိုက်အ​ရေပြားနဲ့မထိ​တွေ့​စေဘဲ အိတ် သို့မဟုတ် အဝတ်စအုပ်ပြီး ၁၅ မိနစ် မှ မိနစ် ၂၀ ကပ်​ပေးနိုင်ပါတယ်။

မိနစ် ၂၀ ထက်​ကျော်​အောင်​တော့ မကပ်သင့်ပါဘူး။ အပူဓာတ်က​တော့ ကြွက်သားများတင်းခြင်းကို ​လျှော့ချ​ပေးပြီး နာကျင်မှုကိုသက်သာ​စေပါတယ်။ ထိခိုက်ဒဏ်ရာ​ကြောင့်မဟုတ်ဘဲ ခါးနာတဲ့အခါ ​ရေ​နွေးဖြင့်​ရေချိုးခြင်း၊​ ရေ​နွေးစိမ်ခြင်း၊ ​ရေ​နွေးပုလင်း သို့မဟုတ် ​ရေ​နွေးအိတ်ကပ်ခြင်းများ ပြုလုပ်​ပေးနိုင်ပါတယ်။ အပူဓာတ်​ကြောင့်အ​ရေပြားမ​လောင်​အောင်​တော့ဂရုစိုက်ရပါမယ်။

၇။ ဆရာဝန်ညွှန်ကြားချက်မလို​သော​ အကိုက်အခဲ​ပျောက်ဆေးများ

ဆရာဝန်ညွှန်ကြားချက်မလို​တဲ့ အကိုက်အခဲ​ပျောက်​ဆေးများ(OTC) ကို ​ရေတိုခဏတာ ​ဆေးအညွှန်းဖတ်ပြီး ​သောက်ထားနိုင်ပါတယ်။ ဥပမာ- Paracetamol, Ibuprofen

၈။ လိမ်း​ဆေးများ

နာကျင်မှုသက်သာ​စေမယ့် လိမ်း​ဆေးတွေ လိမ်း​ပေးနိုင်ပါတယ်။ Capsaicin ပါတဲ့လိမ်း​ဆေးများ၊ Menthol ပါတဲ့ လိမ်း​ဆေးတွေနဲ့ အကိုက်အခဲ​ပျောက်​ဆေးထည့်ထား​တဲ့ လိမ်း​ဆေးတွေက ခါးနာခြင်းကိုသက်သာ​စေနိုင်ပါတယ်။

၉။ အားဆေးများ

ဗီတာမင် ဒီ၊  ကယ်လ်စီယမ်၊ မဂနီစီယမ်နဲ့ ​ကော်လဂျင်ဓာတ်​တွေဟာ အရိုးကျန်းမာ​ရေးအတွက် အ​ရေးပါတဲ့ဓာတ်​တွေဖြစ်တယ်။တစ်ခါတစ်ရံ ၎င်းဓာတ်တွေ မလုံ​လောက်တဲ့အခါ အရိုး​ပျော့ခြင်း၊ အရိုးပွခြင်းတွေဖြစ်​စေပြီး ခါးနာခြင်း​ဝေဒနာခံစားရပါတယ်။ဆရာဝန်နဲ့ တိုင်ပင်စစ်​ဆေးပြီး လိုအပ်လျှင် ညွှန်ကြားတဲ့ ဖြည့်စွက်အား​ဆေးတွေ ​သောက်​ပေးနိုင်ပါတယ်။

၁၀။ အိပ်စက်ခြင်း

စစ်တမ်းတွေအရ အိပ်​ရေးပျက်ခြင်းဟာ ခါးနာခြင်းကို ပိုဆိုး​စေပါတယ်။ အိပ်​ရေးပျက်ခြင်းဟာ လူ​တွေရဲ့ နာကျင်မှုခံနိုင်ရည်ကို ကျဆင်း​စေတယ်လို့ဆိုပါတယ်။ သက်​တောင့်သက်သာမရှိ​တဲ့အိပ်ရာ၊ အရွယ်အစားမမှန်​တဲ့ ခေါင်းအုံးတွေဟာ ခါးနာခြင်းကို ဖြစ်​စေပါတယ်။

သက်​တောင့်သက်သာဖြစ်​စေမယ့် ​ခေါင်းအုံးနဲ့ အိပ်ရာဖြစ်​အောင် ​ပြောင်းလဲခြင်းဖြင့် အိပ်​ရေးဝအောင်၊ ခါးနာခြင်းသက်သာ​အောင်ပြုလုပ်​ပေးနိုင်ပါတယ်။

၁၁။ ဖိနပ်​ပြောင်းလဲခြင်း

မိမိ​ခြေ​ထောက်နဲ့ အံဝင်ခွင်ကျမဖြစ်တဲ့ဖိနပ်တွေ၊​ ခြေ​ထောက်ကိုအ​ထောက်အကူမဖြစ်​တဲ့ဖိနပ်တွေ၊ ပါးလွန်းတဲ့ဖိနပ်တွေနဲ့ ​ဒေါက်မြင့်ဖိနပ်တွေဟာ ​ခြေသလုံး၊ ခါးနဲ့ လည်ပင်ကြွက်သားတွေအထိပါ ဒဏ်ဖြစ်နာကျင်​စေပါတယ်။

မကြာခဏဆိုသလို ခါးနာ​လေ့ရှိသူတွေဟာ မိမိစီး​နေ​တဲ့ဖိနပ်က အဆင်​ပြေခြင်းရှိမရှိပါ သတိထားသင့်ပြီး လိုအပ်လျှင် သက်​သောင့်သက်သာရှိပြီး အံဝင်ခွင်ကျဖြစ်တဲ့ ဖိနပ်တွေကို​ ပြောင်းစီး​ပေးသင့်ပါတယ်။

Author: ဒေါက်တာယဉ်ယဉ်ဝင်း

Previous Post

အိုမီခရွန်က ယခင်မျိုးကွဲဗိုင်းရပ်စ်တွေထက် ပိုဆိုးသလား၊ ဘာတွေကွာလဲ

Next Post

တစ်ကိုယ်ရေအာသာဖြေခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
820
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

တစ်ကိုယ်ရေအာသာဖြေခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

သွေးအားနည်းရောဂါအမျိုးအစားများ

ဆောင်းရာသီမှာအရေပြားခြောက်သွေ့အက်ကွဲတာကို ကာကွယ်နိုင်ဖို့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.