fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

သွေးအားနည်းရောဂါအမျိုးအစားများ

712
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/12/2021
in အထွေထွေရောဂါများအကြောင်း
1 min read
A A

သွေးအားနည်း​ရောဂါဆိုတာ ဟေမိုဂလိုဘင်ဆိုတဲ့​​ အောက်စီဂျင်သယ်​ပေးတဲ့သွေးနီဥပရိုတင်းဆဲလ်​လေးများ ပုံမှန်ပမာဏ​အောက်ကျ​နေသည့် အ​ခြေအ​နေကို ဆိုလိုပါတယ်။

သွေးအားနည်းသည့်အခါ

-မူး​ဝေခြင်း/မူးမိုက်ခြင်း
-အသက်ရှူမဝခြင်း
-မောလွယ်ခြင်း/အ​မောမခံနိုင်ခြင်း
-ပင်ပန်းနုံး​ခွေ​နေခြင်း
-အာရုံမစူးစိုက်နိုင်ခြင်း
-ကြွက်သားများအားမရှိခြင်း တို့ခံစားရပါလိမ့်မယ်။

​သွေးအားနည်း​ရောဂါ အမျိုးအစားများစွာရှိပါတယ်။

၁။ သံဓာတ်ချို့ခြင်း​ကြောင့်ဖြစ်​သော သွေးအားနည်း​ရောဂါ(Iron deficiency Anemia- IDA)

အ​တွေ့အများဆုံး​ သွေးအားနည်း​ရောဂါအမျိုးအစား ဖြစ်ပါတယ်။ သံဓာတ်ပမာဏ မလုံ​လောက်​လို့ဖြစ်ပါတယ်။ ဟေမိုဂလိုဘင်လို့​ခေါ်တဲ့ ​သွေးအားဆဲလ်များကိုရိုးတွင်းချဥ်ဆီမှတစ်ဆင့် တည်​ဆောက်ဖို့ရန်အတွက် သံဓာတ်လိုပါတယ်။ ဒါ​ကြောင့် သံဓာတ်မလုံ​လောက်တဲ့အခါ ​​သွေးအားနည်း​ရောဂါဖြစ်လာပါတယ်။

IDA ​သွေးအားနည်း​ရောဂါကို ​အောက်ပါအ​ခြေအ​နေ​တွေမှာခံစားရနိုင်ပါတယ်။
-အစားအစာမှာ သံဓာတ်လုံ​လောက်စွာမပါဝင်တဲ့အခါ
-ကိုယ်ဝန်​ဆောင်မိခင်များ
-သွေးထွက်​များတဲ့အ​ခြေအ​နေများ (ဥပမာ-ရာသီ​သွေးများခြင်း၊ အစာအိမ်အနာဖြစ်ခြင်း)
-အူလမ်း​ကြောင်းကင်ဆာ​ရောဂါများ
-အစာအိမ်နံရံထိခိုက်တဲ့ ဆေးဝါးများ (ဥပမာ-အကိုက်အခဲ​ပျောက်​​ဆေးများ၊ စတီးရွိုက်​ဆေးများ)
-အချို့အူလမ်း​ကြောင်းဆိုင်ရာ အ​ခြေအ​နေများ (ဥပမာ- Crohn’s ​ရောဂါ)

၂။ ဗိုက်တာမင်ချို့တဲ့ခြင်း​ကြောင့်ဖြစ်​သော​ သွေးအားနည်းခြင်း (​Vitamin Deficiency Anemia)

ကျန်းမာ​သော ​သွေးနီဥ​လေးများတည်​ဆောက်ရန် သံဓာတ်အပြင် ​​ဖောလိတ်ဓာတ် နဲ့ ဗိုက်တာမင် B12 ဓာတ်ပါ လိုအပ်ပါတယ်။ ၎င်းဓာတွေကို အစားအ​သောက်မှလုံ​လောက်စွာမရရှိတဲ့အခါ ​​သွေးနီဥ​လေးများလုံ​လောက်စွာမတည်​ဆောက်နိုင်​တဲ့အတွက် သွေးအားနည်း​ရောဂါဖြစ်လာ​စေပါတယ်။ (ဥပမာ- Magaloblastic သွေးအားနည်း​ရောဂါ၊ Pernicious ​သွေးအားနည်း​ရောဂါ)

၃။ ကိုယ်တွင်း​ရောင်ရမ်းခြင်းများရှိ​နေခြင်း​ကြောင့်ဖြစ်​သော​ သွေးအားနည်း​ရောဂါ(Anemia of Inflammation)

ကိုယ်တွင်း​ရောင်ရမ်းမှုဖြစ်​စေ​တဲ့ အချို့​ရောဂါတွေ(ဥပမာ-ကင်ဆာ​​ရောဂါ၊ HIV/AIDS၊ အဆစ်​ရောင်​ရောဂါ၊ ကျောက်ကပ်​ရောဂါ၊ Crohn’s​ရောဂါ) ​ဟာ ​သွေးနီဥထုတ်လုပ်မှုကို အ​နှောင့်အယှက်ဖြစ်​စေပါတယ်။

၄။ Aplastic​ သွေးအားနည်း​ရောဂါ(Aplastic Anemia)

Aplastic​ သွေးအားနည်း​ရောဂါဆိုတာ ​သွေး​ရောဂါတစ်မျိုးဖြစ်တယ်။ ရှားပါးပြီးအသက်​သေ​စေနိုင်တဲ့ ​သွေးအားနည်း​ရောဂါဖြစ်တယ်။ ရိုးတွင်းချဥ်ဆီမှ ​သွေးနီဥအသစ်များမထုတ်လုပ်နိုင်​တဲ့အခါ Aplastic ​သွေးအားနည်း​ရောဂါဖြစ်လာပါတယ်။ Aplastic ​သွေးအားနည်း​ရောဂါဖြစ်​စေ​သောအ​ကြောင်းအရင်းတွေက​တော့ –

ဆေးဝါးများ (ဥပမာ-Chloramphenicol)

– ကူးစက်​ရောဂါပိုးမွှားများ(ဥပမာ-အသည်း​ရောင်​ရောဂါ၊ Epstein-Barr ဗိုင်းရပ်စ်​၊ Cytomegalovirus၊ Parvo ဗိုင်းရပ်စ် B19 နဲ့ HIV ဗိုင်းရပ်စ်)

– ကိုယ်ခံအားနှင့်ဆိုင်​သော​ ရောဂါအချို့
(ဥပမာ-အ​ရေပြား​လေးဘက်နာ၊ အဆစ်​ရောင်​ရောဂါ)

– အဆိပ်အ​တောက်ဖြစ်​စေ​သော ဓာတုပစည်းအချို့
(ဥပမာ-ပိုးသတ်​ဆေးနဲ့​ ပေါင်းသတ်​ဆေးများ၊ အာဆင်းနစ်နဲ့ ဘန်ဇင်း)

– ဓာတ်​ရောင်ခြည်သင့်ခြင်း

– ကင်ဆာ​ဆေးသွင်းကုသခြင်း

– မွေးရာပါမျိုးရိုးလိုက်​သော​​ သွေးအားနည်း​ရောဂါများ(ဥပမာ-Fanconi ​​သွေးအားနည်း​ရောဂါ၊ Diamond-Blackfan ​သွေးအားနည်း​ရောဂါ)
တို့ဖြစ်ပါတယ်။

၅။ ရိုးတွင်းချဥ်ဆီ​ရောဂါများ​​ကြောင့် ​သွေးအားနည်းခြင်း (Anemia associated with Bone Marrow Disease)

ရိုးတွင်းချဥ်ဆီဆိုင်ရာ​ရောဂါတွေဟာ ​သွေးနီဥ​လေးတွေထုတ်လုပ်မှုကို ထိခိုက်​စေပါတယ်။ (ဥပမာ-​သွေးကင်ဆာ နှင့် Myelofibrosis ​ရောဂါ) ရိုးတွင်းချဥ်ဆီဆိုင်ရာ​ရောဂါ​တွေဟာ အ​ပျော့စား​ရောဂါအ​နေအထားကနေ အသက်ကို​ထိခိုက်​စေတဲ့အထိ ဖြစ်​စေနိုင်ပါတယ်။

၆။ သွေးနီဥများ​ပေါက်ခြင်း​ကြောင့်ဖြစ်​သော​ သွေးအားနည်း​ရောဂါ (Hemolytic Anemia)

သွေးနီဥဆဲလ်​လေးတွေဟာ ပုံမှန်သက်တမ်းမ​ရောက်ခင်ကြို၍​ သွေးထဲမှာ ဖျက်စီးခံရ ၊ဖယ်ရှားခံရတဲ့အခါ အဆိုပါ​သွေးအားနည်း​ရောဂါဖြစ်​ပေါ်လာပါတယ်။ ရိုးတွင်းချဥ်ဆီမှ ​သွေးနီဥ​လေးတွေကို ထုတ်လုပ်​ပေးနိုင်နှုန်းထက် ​သွေးနီဥ​လေးများ​ကိုဖျက်စီးခံရနှုန်း/​ပေါက်နှုန်း ပိုများ​နေ​တဲ့အတွက် ​သွေးအားနည်း​ရောဂါဖြစ်လာပါတယ်။

သင်ဟာ Hemolytic Anemia ​ရောဂါကို မျိုးရိုးဗီဇပါလာခြင်း​ကြောင့်​ ငယ်စဥ်ကတည်းကစတင်ခံစားရ​စေနိုင်သလို အသက်အရွယ်တစ်ခု​ရောက်မှ ​ပေါ်လာတာမျိုးလည်းဖြစ်နိုင်ပါတယ်။

Hemolytic ​သွေးအားနည်း​ရောဂါဖြစ်​​တဲ့အခါ –
– အသားဝါခြင်း/မျက်လုံးဝါခြင်း
– ဗိုက်အ​ပေါ်ပိုင်း​ အောင့်ခြင်း
– ခြေ​ထောက်အနာဖြစ်ခြင်းနဲ့ နာခြင်းတို့ ခံစားရပါလိမ့်မယ်။

၇။ သွေးနီဥတံစဥ်ပုံစံဖြစ်​နေခြင်း​ကြောင့်ဖြစ်​ပေါ်လာ​သော​ သွေးအားနည်း​ရောဂါ(Sickle cell Anemia)

သွေးနီဥ​လေးတွေရဲ့ပုံမှန်ပုံစံဟာ ဒိုးနပ်ပုံစံမျိုး​လေးဖြစ်ပါတယ်။ သွေးနီဥပုံစံဟာ ပုံမှန်မဟုတ်​တဲ့တံစဥ်ပုံစံဖြစ်​နေတဲ့အခါ ပုံမှန်သက်တမ်းဖြစ်တဲ့ ရက်၁၂၀အထိမခံဘဲ ခန္ဓာကိုယ်စောပြီးဖျက်ဆီးပစ်ခြင်းခံရပါတယ်။ အဲဒီအခါ ​သွေးအားနည်း​ရောဂါဖြစ်လာ​ပါ​တော့တယ်။

မျိုးရိုးလိုက်​တဲ့ရောဂါဖြစ်ပြီး တစ်ခါတစ်​လေ ဆိုးရွား​သောအ​ခြေအ​နေတစ်ခုအထိ ဖြစ်​စေပါတယ်။ တံစဥ်ပုံ​​သွေးနီဥအ​ကျေအစ​တွေဟာ ​သွေး​ကြော​တွေထဲမှာ သွားပိတ်တဲ့အခါ နာကျင်ခြင်း၊ကူးစက်​ရောဂါဖြစ်ခြင်း နှင့် ကိုယ်တွင်းကလီစာပျက်စီးခြင်းကို ဖြစ်​စေပါတယ်။

၈။ Thalassemia ​သွေးအားနည်း​ရောဂါ

မျိုးရိုးလိုက်​တဲ့ ​သွေးအားနည်း​ရောဂါတစ်မျိုးဖြစ်ပါတယ်။ ​သွေးနီဥမှာ ရှိတဲ့ Alpha ဗီဇလက်တံနဲ့ Beta ဗီဇလက်တံတွေမှာ ဗီဇချို့ယွင်းချက်ပါလာတဲ့အတွက် ​​သွေးထဲမှ ​စောလျင်စွာ ဖယ်ရှားဖျက်စီခံရပြီး ​သွေးအားနည်း​ရောဂါဖြစ်လာပါတယ်။

Thalassemia ​​သွေးအားနည်း​ရောဂါ အ​ပျော့စားကနေ အလယ်အလတ်နဲ့ အဆိုးစားအထိ ရှိပါတယ်။
-ဖြူ​ဖျော့​နေခြင်း
-ကြီးထွားဖွံ့ဖြိုးမှု​နှောင့်​နှေးခြင်း
-အပျို၊ လူပျို​ဖော်ဝင်ချိန်​နောက်ကျခြင်း
-အသားနဲ့ မျက်လုံးဝါခြင်း
-ဆီးအ​ရောင်ရင့်ခြင်း
-​​ဘေလုံး၊ အသည်းနဲ့ နှလုံးကြီးခြင်း
-အရိုးပြသနာများဖြစ်ခြင်း ​တွေဟာ Thalassemia ​​ သွေးအားနည်း​ရောဂါခံစား​နေရသူများရဲ့ လက္ခဏာ​တွေဖြစ်ပါတယ်။

Author: ဒေါက်တာယဉ်ယဉ်ဝင်း

Previous Post

တစ်ကိုယ်ရေအာသာဖြေခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

Next Post

ဆောင်းရာသီမှာအရေပြားခြောက်သွေ့အက်ကွဲတာကို ကာကွယ်နိုင်ဖို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
820
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆောင်းရာသီမှာအရေပြားခြောက်သွေ့အက်ကွဲတာကို ကာကွယ်နိုင်ဖို့

ကျန်းမာတဲ့အသားအရေနဲ့ Vitamin C

ရေနွေးနဲ့ရေချိုးခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.