fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ဒူးနာခြင်းသက်သာစေမယ့် အိမ်တွင်းနည်းလမ်းများ

1.7k
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/01/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ဒူးနာခြင်း​ဝေဒနာဟာ အ​တွေ့များတဲ့ ​ဝေဒနာတစ်ခုဖြစ်ပါတယ်။ ဒူးနာ​စေ​သောအ​ကြောင်းအရင်းများစွာရှိပါတယ်။ အ​ပျော့စားဒူးနာခြင်းနဲ့ အလယ်အလတ်ဒူးနာခြင်းတွေဟာ အိမ်တွင်းကုထုံးတွေနဲ့ပဲ သက်သာ​ပျောက်ကင်းသွား​လေ့ရှိပါတယ်။

ဒူးနာခြင်းသက်သာစေမယ့် အိမ်တွင်းနည်းလမ်းများက​တော့ –

၁။ ကိုယ်ကာယ​လေ့ကျင့်ခန်းလုပ်ခြင်း

ကိုယ်ကာယ​လေ့ကျင့်ခန်းလုပ်ခြင်းဟာ OA လို့​ခေါ်တဲ့ အရိုးနုပြုန်းခြင်း ချဥ်ဆီခန်းခြင်း​ကြောင့်ဖြစ်​သော အဆစ်နာ​ရောဂါ (အိုနာ)ဖြစ်​ပေါ်မှုကို ​နှေး​ကွေး​စေပါတယ်။ OA ​ရောဂါဟာ ဒူးနာခြင်းဖြစ်​ပေါ်​စေ​သော အဓိကတရားခံဖြစ်ပါတယ်။

အ​မေရိကန်အရိုးအ​ကြောဆိုင်ရာအဖွဲ့အစည်း(ACR) နှင့် အဆစ်​​ရောင်အဖွဲ့အစည်း(AF) ​တို့က ဒူးနာခြင်းဖြစ်​စေ​သော OA​ ရောဂါမဖြစ်​အောင် ​လေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းထားပါတယ်။ လမ်း​လျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ ထိုက်ချိ နဲ့ ​ရောဂ​လေ့ကျင့်ခန်းတွေက ဒူးနာခြင်းသက်သာ​အောင်နဲ့ ဒူးနာခြင်းမဖြစ်​အောင် အကူအညီ​ပေးပါတယ်​။

ဒါ့ပြင် လှုပ်လှုပ်ရှားရှား​နေခြင်းဟာ အရိုးနုကျန်းမာ​ရေးကို ​ကောင်း​စေပါတယ်။ ​ထိုမျှမက ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ခြင်းဟာ ​ခြေသလုံးကြွက်သားတွေကိုသန်မာ​စေပြီး ဒူးအဆစ်ကို များစွာအ​ထောက်အပံ့​ပေးပါတယ်။

၂။ ပို၍သန်စွမ်း​စေ​သောလေ့ကျင့်ခန်းများ

​ပေါင်ကြွက်သားများကို သန်စွမ်း​စေ​တဲ့လေ့ကျင့်ခန်းတွေဟာ ဒူးအဆစ်တွေကိုအ​ထောက်အပံ့​​ပေးပါတယ်။ အောက်ပါနည်းလမ်းတွေက​တော့ ​ပေါင်ကြွက်သားတွေကို ပို၍သန်စွမ်းလာ​စေ​တဲ့လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။
– အိပ်​နေစဥ် ဒါမှမဟုတ် ထိုင်​နေစဥ် ​ခြေ​ထောက်ကို တစ်​ဖြောင့်တည်းထား၍ ​မြှောက်​ပေးခြင်း

-​ ခြေ​ဖဝါးတစ်ဖက်ကို ​တစ်ထစ်အမြင့်တွင်နင်းထားပြီး အခြားတစ်ဖက်ကို တစ်ထစ်အနိမ့်တွင်နင်းထားပြီး အမြင့်တစ်ထစ်တက်ခြင်း ​အောက်တစ်ထစ်ဆင်ခြင်းပြုလုပ်ခြင်း

– ထိုင်ခုံ​ပေါ်တွင်ထိုင်​နေပြီး​နောက် လက်ဖြင့်​မ​ထောက်ဘဲထခြင်း ပြန်ထိုင်ခြင်းပြုလုပ်ခြင်း

– ထိုင်ခုံကိုကိုင်ပြီး ​ဆောင့်​ကြောင့် Squat ထိုင်ခြင်းပြုလုပ်ခြင်း

၃။ ကိုယ်​နေဟန်ထားနှင့် ဒူးအ​ထောက်အပံ့များ

ဒူးနာတဲ့အခါနဲ့ ဒူးနာခြင်းမဖြစ်​စေရန် ကိုယ်​နေဟန်ထားမှန်ကန်ဖို့ အထူးသတိပြုရပါမယ်။

– ခုံပုပု​လေးတွေနဲ့ ဆိုဖာအရှည် အနိမ့်​လေးတွေမှာ ထိုင်ခြင်း​ရှောင်ပါ။ ထိုင်​နေတဲ့အမြင့်က နိမ့်​နေပါက ​ဆိုဖာ​လေး ခု၍ထိုင်​ပေးပါ။ထိုင်တဲ့အခါ ​ပျော့တိ​ပျော့​ခွေထိုင်ခြင်း နှင့် အ​ရှေ့သို့ကုန်း၍ထိုင်ခြင်း ​ရှောင်ပါ။

-​ခြေ​ထောက်ကိုသက်​သောင့်သက်သာဖြစ်​စေပြီးအ​ထောက်အပံ့ဖြစ်​စေ​တဲ့ ဖိနပ်ကိုသာစီးပါ။ ဒေါက်မြင့်ဖိနပ်တွေစီးခြင်း​ ရှောင်ပါ။

-အရိုးအဆစ်​တွေဟာ ကြာကြာမလှုပ်ရှားပဲ​နေလျှင်​တောင့်​နေတတ်တာ​ကြောင့် အချိန်ကြာမြင့်စွာထိုင်ခြင်း​ရှောင်ပါ။

၄။ ကိုယ်အ​​လေးချိန်​လျှော့ချခြင်း

ဝတဲ့သူတွေနဲ့ အဝလွန်သူတွေဟာ ဒူးနာခြင်းဖြစ်နှုန်းအများဆုံးလူအုပ်စုဖြစ်ပါတယ်။ ပုံမှန်ထက်ပို​သော ကိုယ်အ​လေးချိန်​တွေဟာ အရိုးအဆစ်​တွေကို ဒဏ်ဖြစ် နာကျင်​စေပါတယ်။ စစ်တမ်းတွေအရ သင် ​ပေါင်ချိန် ၁၀​ ပေါင်တက်လာတိုင်း ဒူးဆစ်​တွေအ​ပေါ် ၁၅ ပေါင်မှ ပေါင် ၅၀ ဖိအားပိုသက်​ရောက်​စေတယ်လို့ဆိုပါတယ်။

ဒါ​ကြောင့် ကိုယ်အ​လေးချိန်​လျှော့ချခြင်းဟာ ​ရေရှည်ဒူးနာခြင်းကိုသက်သာ​စေသလို အဆစ်​ရောင်ခြင်းများကိုလည်းသက်သာ​စေပါတယ်။

၅။ ဆေးဝါးများ

ဆရာဝန်ညွှန်ကြားချက်မလို​တဲ့ အကိုက်အခဲ​ပျောက်​ဆေးများ(OTC) ကို ​ရေတိုခဏတာ ​ဆေးအညွှန်းဖတ်ပြီး ​သောက်ထားနိုင်ပါတယ်။ ဥပမာ- Paracetamol, Ibuprofen။ နာကျင်မှုသက်သာ​စေမယ့်လိမ်း​ဆေးတွေလည်း လိမ်း​ပေးနိုင်ပါတယ်။ Capsaicin ပါတဲ့ လိမ်း​ဆေးများ၊ Menthol ပါတဲ့လိမ်း​ဆေးတွေနဲ့ အကိုက်အခဲ​ပျောက်​ဆေးထည့်ထား​တဲ့လိမ်း​ဆေးတွေက ဒူးနာခြင်းကိုသက်သာ​စေနိုင်ပါတယ်။

၆။ R.I.C.E ကုထုံး

ဒီကုထုံးကို​တော့ ထိခိုက်ဒဏ်ရာရပြီး ဒူးနာသွားတဲ့အခါ နာကျင်ခြင်း ​ရောင်ရမ်းခြင်းသက်သာ​အောင် ပြုလုပ်​ပေးတဲ့ ​ရှေးဦးသူနာပြုနည်းလမ်းဖြစ်ပါတယ်။ ကုထုံးမှာပါဝင်​တဲ့ နည်းလမ်းတွေက​တော့ –

– R-Rest( အနား​ပေးပါ)

– I-Ice (​ရေခဲကပ်ပါ)

– C-Compress (ဒဏ်ဖြစ်သွား​သော​နေရာကို ပတ်တီးပတ်ထား​ပေးပါ)

– E-Elevate(ဒဏ်ဖြစ်သွား​သော​နေရာကို တစ်​နေ့လျှင် ၂ နာရီ မှ ၃နာရီ​လောက် နှလုံးအထက်​မြှောက်ထား​ပေးပါ)

၇။ အပူနဲ့ အ​အေးကုထုံး

အ​အေးဓာတ်ဟာ ​ရောင်ရမ်းမှု နာကျင်မှုများကိုသက်သာ​စေပါတယ်။ ထိခိုက်မှုဖြစ်တဲ့အခါ၊ ဒဏ်ရာရတဲ့အခါ နာကျင်တဲ့ဝေဒနာသက်သာ​စေရန် ​ရေခဲကပ်ခိုင်း​လေ့ရှိပါတယ်။ ဒါပေမဲ့ ​ရေခဲကပ်တဲ့အခါ တိုက်ရိုက်အ​ရေပြားနဲ့ မထိ​တွေ့​စေဘဲ အိတ်၊ ဒါမှမဟုတ် အဝတ်စအုပ်ပြီး ၁၅မိနစ် မှ မိနစ် ၂၀ ကပ်​ပေးနိုင်ပါတယ်။ မိနစ် ၂၀ထက်​ကျော်​အောင်​တော့အကပ်သင့်ပါဘူး။

အပူဓာတ်က​တော့ ကြွက်သားများတင်းခြင်းကို ​လျှော့ချ​ပေးပြီး နာကျင်မှုကိုသက်သာ​စေပါတယ်။ ထိခိုက်ဒဏ်ရာ​ကြောင့်မဟုတ်ဘဲ ဒူးနာတဲ့အခါ ​ရေ​နွေးဖြင့်​ရေချိုးခြင်း၊ ​ရေ​နွေးစိမ်ခြင်း၊​ရေ​နွေးပုလင်း၊ ဒါမှဟုတ် ​ရေ​နွေးအိတ်ကပ်ခြင်းတွေ ပြုလုပ်​ပေးနိုင်ပါတယ်။ အပူဓာတ်​ကြောင့် အ​ရေပြားမ​လောင်​အောင်​တော့ ဂရုစိုက်ရပါမယ်။

၈။ အခြားကုထုံးများ

– အပ်စိုက်ကုသခြသခြင်း
– ထိုက်ချိကစားခြင်း
-​ ယောဂကျင့်ခြင်း
– အရိုးနဲ့အရိုးနုတွေကိုအားဖြစ်​စေ​တဲ့ အစားအ​သောက်တွေစား​​ပေးခြင်း
(ဥပမာ-နွားနို့၊ အရိုးပါစားလို့ရ​တဲ့ငါးများနဲ့ အခွံပါစားလို့ရ​တဲ့ပုစွန်စိတ်က​လေးများ၊​ ကော်လဂျင်ကြွယ်ဝ​သေ ာအစားအစာများ)

ဘယ်အချိန်ဆရာဝန်နှင့်ပြဖို့လိုအပ်မလဲ

ဒူးနာခြင်းအများစုက​တော့ အိမ်တွင်းကုထုံးများဖြင့် သက်သာ​ပျောက်ကင်းနိုင်ပါတယ်။ ဒါပေမဲ့ ​အောက်ပါအ​ခြေအ​နေတွေ ကြုံလာလျှင်​တော့ ဆရာဝန်နှင့်ပြသရန်လိုအပ်ပါတယ်။

– ဆိုးရွားစွာ ဒူးနာပြီး အရမ်း​ရောင်ရမ်း​နေပါလျှင်
– ဒူးပုံစံပျက်​နေလျှင်
– ဆိုးရွားစွာ အညိုမဲစွဲ​နေလျှင်
– အခြားအဆစ်များပါနာ​နေလျှင်
– ရက်ကြာရှည်စွာဒူးနာ​နေပြီး ပိုဆိုးလာလျှင်
– ဖျားလျှင်

ဒေါက်တာယဉ်ယဉ်ဝင်း

Previous Post

ရေနွေးနဲ့ရေချိုးခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

Next Post

ရေချိုးပျင်းလျှင်ဖြစ်တတ်တဲ့ အရေပြားပြဿနာတွေ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
856
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
845
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရေချိုးပျင်းလျှင်ဖြစ်တတ်တဲ့ အရေပြားပြဿနာတွေ

ကိုယ်ခန္ဓာမှာ အဆီပိုတွေစုစေတဲ့အကြောင်းရင်းနဲ့ လျှော့ချနိုင်မယ့်နည်းလမ်းများ

ညှင်းပေါက်တာဘာကြောင့်လဲ၊ ပျောက်အောင်ဘယ်လိုလုပ်မလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.