fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ဘယ်လိုလူတွေက လေဖြတ်နိုင်ခြေများလဲ?

what types of people are at risk for stroke
333
VIEWS
Share on FacebookShare on TwitterShare on Linkedin
09/05/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

လေဖြတ်ခြင်းသည် ကမ္ဘာပေါ်ရှိ အသက် (၆၀)အထက် လူကြီးများတွင် သေဆုံးမှုကိုဖြစ်စေသည့် ဒုတိယအကြောင်းရင်းဖြစ်ပြီး၊ ပုံမှန်လုပ်ငန်းဆောင်တာများ လုပ်ကိုင်နိုင်စွမ်း ဆုံးရှုံးရသည့် တတိယမြောက် အကြောင်းရင်းဖြစ်ပါသည်။ လေဖြတ်ခြင်း ဝေဒနာခံစားရသူများ၏ (၇၅) ရာခိုင်နှုန်းခန့်သည် အသက် (၆၅)နှစ်အထက် အရွယ်များ ဖြစ်ကြပါသည်။ အသက်အရွယ် ကြီးလာသည်နှင့်အမျှ နှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါများကြောင့် လေဖြတ်နိုင်ခြေ ပိုများလာသည်။ လေဖြတ်ခြင်း၏ (၂၅) ရာခိုင်နှုန်းသည် အသက် (၆၀)နှစ်အောက်နှင့် ငယ်ရွယ်သူများ (young-onset stroke) ဖြစ်သည်။

သွေးတိုးရောဂါရှိသူများသည် လေဖြတ်နိုင်ခြေများသည်။ သွေးပေါင်ချိန် ၁၄၀/၉၀ အထက်ရှိပြီး သွေးတိုးရောဂါရှိလျှင် ဦးနှောက်ကို သွေးထောက်ပံ့မှုပေးသော သွေးကြောများကို ပျက်စီးစေပါသည်။ နှလုံးသွေးကြောကျဉ်းရောဂါ IHD- Ischaemic Heart Disease နှင့် Atrial fibrillation ခေါ် နှလုံးခုန်နှုန်း ပုံမှန်မဟုတ်သည့် ရောဂါကဲ့သို့ နှလုံးရောဂါရှိသူများသည် လေဖြတ်နိုင်ခြေ ဒုတိယအများဆုံး အုပ်စုဖြစ်ပါသည်။

ဆီးချိုရောဂါရှိသူများသည်လည်း ရောဂါမရှိသူများထက် လေဖြတ်နိုင်ခြေ ပိုများပါသည်။ သွေးတွင်း မကောင်းသောအဆီဓါတ်၊ ကိုလက်စထရောများသူများ၊ ကိုယ်အလေးချိန်များပြီး အဝလွန်သူများသည် နှလုံးသွေးကြောကျဉ်းရောဂါနှင့် သွေးခဲဖြစ်ပေါ်ခြင်း (plaques) များသဖြင့် လေဖြတ်နိုင်ပါသည်။ မိသားစုတွင် လေဖြတ်ဖူးတဲ့ရောဂါရာဇဝင်ရှိသူတွေမှာ ပိုဖြစ်နိုင်ခြေများပြီး ယခင်က လေဖြတ်ဖူးခြင်း၊ လေဖြန်းဖူးပြီး ပြန်ကောင်းသွားခြင်း စသည့်ရာဇဝင်ရှိလျှင် ဒုတိယအကြိမ် လေဖြတ်နိုင်ခြေ များပါသည်။

လူငယ်များတွင် လေဖြတ်ခြင်းသည် အများအားဖြင့် ဦးနှောက်သွေးကြောပေါက်ခြင်း၊ သွေးယိုစိမ့်ခြင်း (haemorrhagic) နှင့် ဦးနှောက်သွေးပြန်ကြောများပိတ်ခြင်း (central venous thrombosis) တို့ကြောင့် ဖြစ်လေ့ရှိပါသည်။ အရက်အလွန်အကျွံသောက်သူများ၊ မူးယစ်ဆေးသုံးစွဲသူများ တစ်နည်းအားဖြင့် သွေးကြောထဲဆေးထိုးပြီး အသုံးပြုသူများတွင် ဦးနှောက်သွေးခဲပိတ်ခြင်း (cerebral embolisms) ဖြစ်နိုင်ခြေများပြီး ကိုကင်း (cocaine) သုံးစွဲသူများတွင် ရုတ်တရက်နှလုံးဖောက်ခြင်းနှင့် လေဖြတ်ခြင်းဖြစ်နိုင်ပါသည်။

အရေပြားလေးဖက်နာကဲ့သို့ ကိုယ်ခံအားစံလွဲရောဂါများ (autoimmune disease)၊ ဦးနှောက်သွေးကြောဖောင်းရောဂါ (berry aneurysm) မျိုးရိုးရှိခြင်း၊ သွေးကြောများရောင်ရမ်းခြင်း၊ သွေးကြောများပုံမမှန်ခြင်း၊ မွေးရာပါနှင့် အခြားနှလုံးရောဂါအခံရှိသူများ၊ ဦးနှောက်သွေးပြန်ကြော ပိတ်ဆို့ခြင်း၊ အိပ်ပျော်နေစဉ် ဟောက်တတ်သူ သို့မဟုတ် လေပြွန်ပိတ်ဆို့ပြီး အသက်ရှူရပ်ရောဂါ (Obstructive Sleep Apnea) ရောဂါရှိသူများတွင် လေဖြတ်နိုင်ခြေပိုများသည်။

သွေးတွင်း red blood cells သွေးနီဥ ပမာဏများပြီး သွေးပျစ်ခြင်းသည်လည်း သွေးခဲများဖြစ်ခြင်းကို အားပေးပြီး လေဖြတ်နိုင်ပါသည်။ သွေးမတိတ်ရောဂါကဲ့သို့ သွေးရောဂါအခံရှိသူများ၊ သွေးခဲရန်လိုအပ်သည့် အချိန်ပမာဏ (CT) ကြာရှည်သူများ၊ သွေးတွင်းရှိ အရေးကြီး ဓါတ်ပစ္စည်းပမာဏ ပုံမမှန်သည့်ရောဂါများ၊ သွေးဥမွှားအရေအတွက် ပုံမမှန်ခြင်းတို့ကြောင့် ဦးနှောက်တွင်းသွေးယိုစီးခြင်း သို့မဟုတ် မူမမှန်သွေးခဲခြင်းတို့ ဖြစ်စေနိုင်ပြီး လေဖြတ်နိုင်သည်။

လည်ပင်းသွေးလွှတ်ကြောတွင် သွေးခဲများပိတ်ဆို့ရာမှ ပြုတ်ထွက်ပြီး ဦးနှောက်သွေးကြောကို ပိတ်ကာ လေဖြတ်နိုင်သည်။

ရာသီဥတု ပူလွန်း၊ အေးလွန်းသော အချိန်နှင့်နေရာဒေသများတွင် နေထိုင်သူများသည် လေဖြတ်နိုင်ခြေရှိသည်။ ကိုယ်ဝန်ဆောင်သွေးတိုးနှင့် ကိုယ်ဝန်ဆိပ်တက်နေသည့် အမျိုးသမီးများ၊ ကိုယ်ဝန်တားဆေး၊ အီစထရိုဂျင်ကဲ့သို့ ဟော်မုန်းဆေးများနှင့် စတီးရွိုက်ပါဝင်သော အချို့ဆေးဝါးများကြောင့် လေဖြတ်နိုင်ချေပိုများပါသည်။ အဆီအဆိမ့်အစားများပြီး

ကိုယ်လက်လှုပ်ရှားမှု မရှိသောသူများ sedentary lifestyle သည်လည်း လေဖြတ်နိုင်ခြေ ပိုများပါသည်။

 

Author: Dr. Yee Mon

Previous Post

Collagen ရဲ့အကျိုးကျေးဇူးများ

Next Post

အအေးမိတုပ်ကွေးမဖြစ်အောင် ဘာတွေဆင်ခြင်လိုက်နာရမလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
821
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Prevent Cold Flu

အအေးမိတုပ်ကွေးမဖြစ်အောင် ဘာတွေဆင်ခြင်လိုက်နာရမလဲ

anemia after childbirth

က​လေး​မီးဖွားပြီး​ သွေးအားနည်းခြင်း

can we eat mangosteen with sugar

မင်းဂွတ်သီးနဲ့ သကြား တူတူစားလို့ရသလား?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.