fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

မိုဘိုင်းဖုန်းသုံးခြင်းနှင့် လည်ပင်းအရိုးအဆစ် ပြဿနာ

mobile phone use and neck problems
376
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/05/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A
ယခုလို ခေတ်ရေစီးကြောင်းအရ မိုဘိုင်းဖုန်းနဲ့ အင်တာနက်သုံးစွဲလာသူများလာတာနဲ့အမျှ ကလေးများနဲ့ သက်ကြီးရွယ်အိုများအထိ မိုဘိုင်းဖုန်းကို လွယ်ကူစွာအသုံးပြုလာနိုင်ကြပါတယ်။ ဒါပေမယ့် သည်လို လွယ်ကူစွာသုံးလာနိုင်တဲ့နောက်မှာ လူအများစုဟာ ကျန်းမာရေးကိုထိခိုက်လာတဲ့အထိ ဖုန်းကိုစွဲလန်းလာကြပါတယ်။
မိုဘိုင်းဖုန်းနှင့်ကျန်းမာရေး ပြဿနာများ
ဖုန်းကြည့်ပါများတဲ့အခါ အဓိကထိခိုက်တာဟာ လည်ပင်း အရိုးအဆစ်နေရာဖြစ်ပါတယ်။ ဖုန်းကြည့်ချိန်ခေါင်းကိုငုံ့ထားတဲ့အခါ လည်ပင်း အရိုးအဆစ်များက ဦးခေါင်းရဲ့ အလေးချိန်ကို  ထမ်းပေးထားရတဲ့အတွက် အချိန်ကြာလာတဲ့အခါ လည်ပင်းအရိုးအဆစ်များဟာ ဒဏ်ဖြစ်ပြီး ထိခိုက်လာပါတယ်။အ‌‌သေးစိတ်‌ပြောရရင် ဦးခေါင်းဟာ ရှေ့ကို ၁၅ ဒီဂရီခန့်ငုံ့ထားချိန်မှာ လည်ပင်းပေါ်မှာ ၂၇ပေါင်ခန့် အလေးချိန် သက်ရောက်မှု ရှိပါတယ်။ ၃၀ဒီဂရီ ခန့်ငုံ့ထားတဲ့အခါမှာ ပေါင်၄၀ ဦးခေါင်းပေါ်မှာ သက်ရောက်မှုရှိနေပြီး ခေါင်းကို ပိုပိုငုံ့လေ လည်ပင်းပေါ်မှာ အလေးချိန် ပိုပိုသက်ရောက်လေဖြစ်ပါတယ်။  ဒါကြောင့် အချိန်ကြာလာတာနဲ့အမျှ လည်ပင်းနဲ့ဆိုင်တဲ့ ပြဿနာတွေ ပေါ်လာပါတော့တယ်။ ဖုန်းသုံးလို့ လည်ပင်းကြွက်သားများနာရတာကြောင့် ‘Text neck pain’ လို့လည်း အလွယ်ခေါ်ကြပါတယ်။
အဓိက အဖြစ်အများဆုံး လက္ခဏာတွေကတော့
လည်ပင်းတောင့်ခြင်း – လည်ပင်းကို လှုပ်ရှားမှု ပြုလုပ်တိုင်း နာပြီး တောင့်တင်းနေခြင်း၊ လည်ပင်း လှည့်ရခက်နေခြင်း၊
လည်ပင်းတစ်ဝိုက် နာနေခြင်း – အထူးသဖြင့် လည်ပင်းအောက်နားက ကိုက်ခဲနေသလို ပုံစံမျိုးနာနေတတ်ပြီး ပိုဆိုးတဲ့သူတွေဆို စူးပြီး အောင့်နေသလို ခံစားရတတ်ပါတယ်။
မထင်မှတ်သော နေရာများ နာကျင်တတ်ခြင်း – တခါတရံ ပုခုံးနဲ့ လက်မောင်းကြွက်သားများပါ တောင့်တင်းနာကျင်နေတတ်ပါတယ်။
ကြွက်သားအားနည်းခြင်း – ပုခုံးနဲ့ လက်မောင်းကြွက်သားများ အားနည်းမှုကြောင့် ပစ္စည်းများကြာကြာ မကိုင်နိုင်ခြင်း၊ လေးလံနေခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ လက္ခဏာများခံစားရတတ်ပါတယ်။
ဒီလို ခံစားလာရရင် ဘယ်လိုကုသရမလဲ?
အရင်ဆုံး လုပ်သင့်တာဟာ နာကျင်ခြင်းကို သက်သာစေဖို့အတွက်ပါ။
 နာကျင်ခြင်းကို သက်သာဖို့အတွက် –
(၁) အကိုက်အခဲပျောက်ဆေးများ သုံးစွဲပေးရပါမယ်။ သောက်ဆေး၊ ထိုးဆေးများဟာ ဆိုးကျိုးများတာကြောင့် မသုံးစွဲလိုရင် လိမ်းဆေးများ သုံးနိုင်ပါတယ်။
(၂) လည်ပင်းလေ့ကျင့်ခန်းများ – ဘေး ဘယ်၊ညာ လှည့်၊ ခေါင်းမော့၊ ခေါင်းငုံ့ လေ့ကျင့်ခန်းကို ဖြည်းဖြည်းချင်း ပြုလုပ်ပေးပါ။
(၃) နှိပ်နယ်ပေးခြင်း
(၄) ရေခဲကပ်ခြင်း၊ ကြပ်ထုပ်ထိုးခြင်း
အလွန်အခြေအနေဆိုးဝါးပြီး ကြာရှည်စွာ နာ‌ကျင်နေတဲ့သူတွေမှာဆို နာ‌တဲ့ အရိုးအဆစ်ထဲကို ဆေးထိုးခြင်းများပြုလုပ်နိုင်ပါတယ်။
ဒီလို မဖြစ်အောင် ဘယ်လိုလုပ်ရမလဲ?
  • ဖုန်းကို တောက်လျှောက် ကြည့်တာမျိုးမလုပ်ပဲ ကြားမှာ နားချိန်ပေးသင့်ပါတယ်။ နားနေချိန်မှာ လည်ပင်းကို လေ့ကျင့်ခန်း အနည်းငယ်ပြုလုပ်ပေးသင့်ပါတယ်။
  • ဖုန်းသုံးတဲ့အခါ ဖုန်းကို မိမိကို သက်တောင့်သက်သာဖြစ်စေမယ့် အနေအထားနဲ့ကြည့်ပါ။ ဥပမာ- လက်ကကိုင်ပြီးကြည့်ရင် ခေါင်းငုံ့ထားရတဲ့အတွက် စားပွဲပေါ်မှာ phone stand နဲ့တင်ပြီး ခေါင်းငုံစရာမလိုအောင် ထားတာမျိုးပါ။
  • မျက်စိ ပိုမိုညောင်းစေတဲ့ ဖုန်းနဲ့အကြာကြီး typing ရိုက်ခြင်း၊ ဖုန်းကြည့်နေရင်း screen ကိုပွတ်ဆွဲပြီး မြန်မြန်ကြည့်ခြင်း စတာတွေကို အတတ်နိုင်ဆုံးရှောင်ပါ။ လက်တဖက်တည်းနဲ့ ဖုန်းကို အကြာကြီးကိုင်ပြီး ကြည့်နေခြင်းကို ရှောင်ပါ။
Author – Dr. Aye Myat Mon
Previous Post

သဘာဝနဲ့ထိတွေ့ပြီး စိတ်ဖိစီးမှုတွေ လျှော့ချမယ်

Next Post

​ကျောက်ကပ်​ရောဂါရှိသူ​တွေ ဘာလို့​သွေးအားနည်းလဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
820
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
why do people with kidney disease have anemia

​ကျောက်ကပ်​ရောဂါရှိသူ​တွေ ဘာလို့​သွေးအားနည်းလဲ?

what can happen when you are stressed

စိတ်ဖိစီးမှုများလာရင် ဘာတွေဖြစ်နိုင်လဲ?

why do facial massage

မျက်နှာနှိပ်နယ်ခြင်း ဘာကြောင့်လုပ်သင့်တာလဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.