fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

Rose Hips အကြောင်းသိကောင်းစရာ

Good to know about Rose Hips
210
VIEWS
Share on FacebookShare on TwitterShare on Linkedin
09/08/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

Rose hips ဟာ သဘာဝနှင်းဆီရိုင်း အနွယ်ဝင်ပင်များဖြစ်သော Rosa rugosa / rock roses ၊ Rosa canina / dog-rose တို့တွင် တွေ့ရလေ့ရှိသော အသီး accessory fruit တစ်မျိုးဖြစ်ပါတယ်။ Rose hips ဟာ စားသုံးနိုင်တဲ့နှင်းဆီပင်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး berry ဘယ်ရီသီး အရသာနဲ့ဆင်တူပါတယ်။ အဓိကအားဖြင့် အမေရိကတိုက် တောင်ဖက်ပိုင်းနှင့် ဥရောပ၊ အာဖရိက အနောက်မြောက်ဖက် ဒေသများနှင့် အာရှအနောက်ပိုင်းဒေသများတွင် ပေါက်လေ့ရှိသော နှင်းဆီရိုင်းပင်တွေမှာ တွေ့ရလေ့ရှိပါတယ်။

Rose hips ဟာ ဓါတ်တိုးဆန့်ကျင်သတ္တိရှိသည့် ဒြပ်ပေါင်းများဖြစ်သော ပိုလီဖီနော phenolic compounds နှင့် ဗီတာမင်စီ ascorbic acid၊ အကျိုးပြုအက်ဆစ်အဆီဓာတ် healthy fatty acids ကြွယ်ဝသော အသီးတစ်မျိုးဖြစ်ပါတယ်။ ဒါ့ကြောင့် oxidative stress(ခေါ်) ဓါတ်တိုးဖိစီးမှု ဖြစ်ပေါ်သော ရောဂါများတွင် antioxidants ဓါတ်တိုးဆန့်ကျင်အာနိသင်ရှိ Rose Hips အသုံးပြုမှုကို လေ့လာမှုများ ပို၍ပြုလုပ်လာကြပါတယ်။

GNC C-Boost

ယခုနောက်ပိုင်းတွင် Rose hips နှင့် ပါတ်သက်ပြီး မှီဝဲကုသနိုင်သော အရေပြားရောဂါ၊ အသည်းနှင့် ကျောက်ကပ်ရောဂါ၊ အဆစ်ယောင်ခြင်းကဲ့သို့ ယောင်ရမ်းမှုရောဂါ၊ အဝလွန်ရောဂါ၊ သွေးတွင်းအဆီများခြင်း၊ ဆီးချိုနှင့် ကင်ဆာရောဂါ ကုသမှုများတွင် သုတေသနလေ့လာမှုများ ပြုလုပ်လာကြပါတယ်။ ယောင်ရမ်းမှု၊ ဓါတ်တိုးမှုများကို ကာကွယ်ပေးခြင်းကြောင့် နှလုံးနှင့် အရေပြားကျန်းမာရေး၊ ကိုယ်ခံစွမ်းအားနှင့် ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း၊ အရေပြားကျန်းမာလှပရေးတို့ကို အထောက်အပံ့ပေးနိုင်ပါတယ်။

Rose hips ဟာ ခန္ဓာကိုယ်ရဲ့ ရောဂါကာကွယ်မှုကို လုပ်ဆောင်ပေးသော lymphocytes သွေးဖြူဥ ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပြီး သွေးဖြူဥရဲ့ လုပ်ငန်းဆောင်ရွက်မှုများကို အားကောင်းစေပါတယ်။ ဒါ့ပြင် ပိုလီဖီနော polyphenols ၊ ဗီတာမင် အေနှင့်အီး vitamins A ၊ E တို့ ကြွယ်ဝတာကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေသောအာနိသင်ရှိပါတယ်။

Rose hips ဟာ အသီးအနှံ၊ ပန်းများအနက် ဗီတာမင်စီပါဝင်မှု အမြင့်မားဆုံးဖြစ်တာကြောင့် ပါဝင်သော ဗီတာမင်စီဟာ ခန္ဓာကိုယ်တွင်း ဆဲလ်များရဲ့ ဆဲလ်နံရံကိုထောက်ပံ့ပေးသော ကော်လဂျင်ထုတ်လုပ်မှုကို အားပေးပြီး ကော်လဂျင်ကို ပျက်စီးစေသော oxidation ဓာတ်တိုးမှုကို ဆန့်ကျင်ပေးပါတယ်။ ခန္ဓာကိုယ်ရဲ့ ရေဓာတ်ကိုထိန်းပြီး အစိုဓာတ်ဖြည့်ပေးကာ အရေပြား ကျန်းမာစိုပြေ နူးညံ့လှပစေပြီး အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်သော antioxidant တစ်မျိုးဖြစ်ပါတယ်။

GNC C-Boost

Rose hips ရဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးများကြောင့် rose hips ပါဝင်သော သဘာဝလက်ဖက်ရည် rose hips tea၊ rose hips မှရရှိသောအဆီ rose hips oil ပါဝင်သော ဖြည့်စွက်အာဟာရ၊ ဆေးများကို တွင်တွင်ကျယ်ကျယ် ထုတ်လုပ်အသုံးပြုလျက်ရှိလာပါတယ်။ သို့သော် Rose hips မှရရှိသော အစားအစာ၊ ဆေးများဟာ G6PD အင်ဇိုင်းချို့တဲ့ရောဂါ ရှိသူများ Glucose-6-phosphate dehydrogenase deficiency၊ သံဓါတ်လွန်ကဲမှု ရောဂါရှိသူများ Hemochromatosis၊ တံဇဉ်းပုံသွေးနီဥပုံမမှန်ရောဂါ ရှိသူများ Sickle cell disease နှင့် Sideroblastic anemia သွေးအားနည်းရောဂါ၊ Thalassemia သာလာဆီးမီးယား သွေးအားနည်းရောဂါ ရှိသူများနှင့် Lithium ဆေးကို သုံးစွဲနေရသူများ သောက်သုံးရန် မသင့်လျော်ဟု ဖော်ပြကြပါတယ်။

ကျန်းမာရေးအတွက် အကျိုးကျေးဇူးများသော rose hips ကို မှီဝဲချင်သူများအနေဖြင့် သိထားသင့်သောအချက်မှာ rose hips အသုံးပြုမှုကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတွင် သုတေသနလေ့လာမှုများ ပြုလုပ်ထားခြင်းမရှိပါ။ ဗီတာမင်စီပါဝင်မှု မြင့်မားတာကြောင့် အချို့သူတွေမှာ ကျောက်ကပ်တွင် ဆီးကျောက်တည်နိုင်ချေရှိတာကို သတိပြုသင့်ပါတယ်။ မိမိရဲ့ရောဂါ ရာဇဝင်အခြေအနေအပေါ် မူတည်ပြီး မှီဝဲရမယ့်ပမာဏကိုတော့ တတ်ကျွမ်းနားလည်သော ဆရာဝန်၊ ဆေးပညာရှင်များနှင့် တိုင်ပင်သောက်သုံးသင့်ပါတယ်။

 

Author: Dr.Yee Mon

Previous Post

မျက်ကပ်မှန်တပ်ခြင်းရဲ့ ကောင်းကျိုးနှင့်ဆိုးကျိုးများ

Next Post

ခုခံအားစနစ်မြှင့်တင်ခြင်းနှင့် ဇင့်၏အရေးပါပုံများအကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
823
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
About the importance of zinc in boosting the immune system

ခုခံအားစနစ်မြှင့်တင်ခြင်းနှင့် ဇင့်၏အရေးပါပုံများအကြောင်း

Is glaucoma hereditary?

မျက်လုံးတိမ်စွဲခြင်းက မျိုးရိုးလိုက်တတ်လား?

What is the temperature of the body to define a fever?

ကိုယ်ပူချိန်ဘယ်လောက်ဆိုရင် အဖျားရှိတယ်လို့ သတ်မှတ်လဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.