fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ခုခံအားစနစ်မြှင့်တင်ခြင်းနှင့် ဇင့်၏အရေးပါပုံများအကြောင်း

About the importance of zinc in boosting the immune system
310
VIEWS
Share on FacebookShare on TwitterShare on Linkedin
10/08/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ခန္ဓာကိုယ်အတွက် မရှိမဖြစ်အရေးပါသောဓါတ်များဟုဆိုလျှင် ဗီတာမင်နှင့် သတ္တုဓါတ်များအကြောင်း ချန်လှပ်ထား၍ မရနိုင်ပါ။ မရှိမဖြစ် လိုအပ်သောသတ္တုဓါတ်များအနက်မှ ခန္ဓာကိုယ်တစ်ခုလုံးရှိ ဆဲလ်များတွင် ပါဝင်သောဓါတ်တစ်မျိုးမှာ ဇင့်ဓါတ်ဖြစ်ပါသည်။ အထူးသဖြင့် ခန္ဓာကိုယ်၏ ခုခံအားစနစ် innate immunity ကို ဖြစ်စေသော ဆဲလ်များ NK cells ၊သွေးဖြူဥများ neutrophils ၏ ပုံမှန်ဖွဲ့စည်းတည်ဆောက်မှုနှင့် လုပ်ငန်းဆောင်ရွက်မှုများတွင် ဇင့်ဓါတ်သည် မရှိမဖြစ်အရေးပါပါသည်။

ဇင့်ဓါတ်အားနည်းလျှင် ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာသည့် ရောဂါပိုးမွှားများကို ဖယ်ရှားပေးသည့် macrophages ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ phagocytosis ခေါ် ရောဂါပိုးများ ရှင်းလင်းဖယ်ရှားခြင်းနှင့် ဆဲလ်အတွင်း ရောဂါပိုးများကို သေစေခြင်းဖြစ်စဉ်များကို ထိခိုက်စေနိုင်သည်။ ထို့ပြင် ဇင့်ဓါတ်ချို့တဲ့လျှင် ကိုယ်ခံအားစနစ်တွင် ပါဝင်သော T cell နှင့် B cell တို့အပေါ် မကောင်းသော အကျိုးသက်ရောက်မှုရှိစေသဖြင့် ရောဂါပိုးမွှားများကို ခုခံကာကွယ်နိုင်စွမ်း ကျဆင်းတတ်သည်။

Dr.K Zn Boost

ဇင့်ဓါတ်သည် antioxidant ဓါတ်တိုးဆန့်ကျင်နိုင်သည့် သတ္တိရှိပြီး ခန္ဓာကိုယ်ရှိဆဲလ်များ၏ ဆဲလ်နံရံများကို ထောက်ပံ့သောလုပ်ငန်းကို လုပ်ဆောင်ပေးခြင်းဖြင့် free radicals ကြောင့် ဆဲလ်များပျက်စီးမှုကို ကာကွယ်ပေးသည်။ ခန္ဓာကိုယ်ရှိ ယောင်ရမ်းမှုများ ဖြစ်ပေါ်မှုကိုလည်း တားဆီပေးသောကြောင့် ခုခံအားစနစ်ကို ထိန်းညှိပေးသည့် အစွမ်းသတ္တိလည်း ရှိပါသည်။ ထို့ကြောင့် ဇင့်ဓါတ်ချို့တဲ့လျှင် ရောဂါပိုးများ အလွယ်တကူ ကူးစက်နိုင်ပြီး ခုခံအားစနစ် လုပ်ဆောင်မှု ချို့တဲ့ခြင်းတို့ ကြုံတွေ့ရနိုင်ပါသည်။

ဆဲလ်နံရံဖွဲ့စည်းမှုတွင် ဇင့်ပါဝင်သောကြောင့် ခန္ဓာကိုယ်ရှိ ကိုယ်တွင်းအင်္ဂါများ အတွင်းသို့ ရောဂါပိုးကူးစက် ဝင်ရောက်မှုမှလည်း ခုခံကာကွယ်ပေးနိုင်သည်။ ခုခံအားစနစ်တွင် အရေးပါသည့် အင်္ဂါအစိတ်အပိုင်းများဖြစ်သော T ဆဲလ်ထုတ်ပေးသော သိုင်းမတ်ဂလင်း thymus နှင့် ရိုးတွင်းခြင်ဆီ bone marrow ၏ ဖွဲ့စည်းလုပ်ဆောင်မှုတွင်လည်း ဇင့်ပါဝင်ပါသည်။

ခန္ဓာကိုယ်၏ တစ်နေ့တာ ဇင့်လိုအပ်ချက်သည် အသက်၊ လိင်စသည်တို့ပေါ် မူတည်ပြီး အမျိုးသား တစ်ဦးလျှင် ၁၁ မီလီဂရမ်၊ အမျိုးသမီး တစ်ဦးလျှင် ၈ မီလီဂရမ်၊ နို့တိုက်မိခင်များ အနေဖြင့် ၁၁ မှ ၁၂ မီလီဂရမ် အထိ လိုအပ်မှု ကွာခြားနိုင်ပါသည်။ ကြက်သား၊ဝက်သား၊ အမဲသား၊ အသားအမျိုးမျိုး၊ ပုစွန် အမျိုးမျိုး၊ ခရု၊ ကမာ၊ ဂုံး၊ ယောက်သွား စသော ပင်လယ်စာများ၊ ပဲအမျိုးမျိုး၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ဥအမျိုးမျိုး၊ အသီးအရွက်၊ သစ်သီးများ၊ အနက်ရောင် ချောကလက်(dark chocolate) စသည်တို့စားသုံးခြင်းဖြင့် ဇင့်ဓါတ်ကို ရရှိနိုင်ပါသည်။ ဇင့်ဓါတ်ကို တစ်နေ့တာလိုအပ်မှု လုံလောက်အောင်မှီဝဲရာတွင် ၁၀-၄၀ မီလီဂရမ်အတွင်းသာ မှီဝဲသင့်ပါသည်။

Dr.K Zn Boost

လေ့လာတွေ့ရှိချက်များအရ ဇင့်ဓါတ်မှီဝဲခြင်းဖြင့် ကူးစက်ရောဂါပိုးများကြောင့် အအေးမိဖျားနာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး အအေးမိဖျားနာ ခံစားရသောအချိန်ကာလကို လျော့စေနိုင်ပြီး အမြန်ပြန်လည် သက်သာစေနိုင်သည်။ ထို့ပြင် ကင်ဆာရောဂါသည်များ၏ ကင်ဆာကုထုံးများကြောင့်လည်း ဇင့်ဓါတ်အားနည်းပြီး ကိုယ်ခံအား ပိုကျဆင်းတတ်သည်ကို သတိပြုသင့်ပါသည်။

ယခင်က ဇင့်ဓါတ်ချို့တဲ့သည့် အခြေအနေကို တွေ့ရနည်းပါးလိမ့်မည်ဟု ယူဆထားက​ြသော်လည်း ယနေ့ကမ္ဘာတဝှမ်းတွင် ဇင့်ဓါတ်ချို့တဲ့သူပမာဏ ၂ဘီလီယံခန့်ရှိမည်ဟု ခန့်မှန်းကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဇင့်ဓါတ်ချို့တဲ့မှုပိုများပြီး ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အသက်အရွယ်ကြီးသူများတွင် ဇင့်ဓါတ်ချို့တဲ့မှု ပိုများပါသည်။ ထို့ကြောင့် အသက်ကြီးငယ်မရွေး ခုခံအားစနစ် မြှင့်တင်မှုပေးစွမ်းသည့် ဇင့်ဓါတ်ကို နေ့စဉ်စားသုံးသော အစားအစာ၊ ဖြည့်စွက်ဆေးများမှ လုံလောက်အောင် ဖြည့်စွက်မှီဝဲပေးသင့်ပါသည်။

 

Author: Dr.Yee Mon

Previous Post

Rose Hips အကြောင်းသိကောင်းစရာ

Next Post

မျက်လုံးတိမ်စွဲခြင်းက မျိုးရိုးလိုက်တတ်လား?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.4k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
893
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
856
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.4k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Is glaucoma hereditary?

မျက်လုံးတိမ်စွဲခြင်းက မျိုးရိုးလိုက်တတ်လား?

What is the temperature of the body to define a fever?

ကိုယ်ပူချိန်ဘယ်လောက်ဆိုရင် အဖျားရှိတယ်လို့ သတ်မှတ်လဲ?

Flu that should go to the hospital

ဆေးရုံသွားသင့်တဲ့ တုပ်ကွေး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.