fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

မျက်လုံးတိမ်စွဲခြင်းက မျိုးရိုးလိုက်တတ်လား?

Is glaucoma hereditary?
555
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/08/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အရာဝတ္ထုများကို မျက်လုံးဖြင့်ကြည့်လျှင် ပြင်ပမှအလင်းရောင်သည် မျက်လုံးမှန်ဘီလူး lens မှဖြတ်၍ မျက်လုံးအတွင်း နောက်ဖက်မှာရှိတဲ့ အလင်းအာရုံခံအလွှာ Retina ဆီကို အလင်းရောက်ကာ ပုံရိပ်များကို ဖြစ်ပေါ်စေပြီး အမြင်အာရုံကို ပေးစွမ်းပါသည်။ မျိုးရိုးဗီဇကြောင့်ဖြစ်စေ၊ ထိခိုက်ဒါဏ်ရာကြောင့်ဖြစ်စေ၊ အသက်အရွယ် ကြီးလာ၍လည်းကောင်း ၊ တခြားရောဂါ အခံတစ်ခုခုကြောင့်လည်းကောင်း မျက်စိမှန်ဘီလူးရှိ တစ်ရှူးများပျက်စီးပြီး မှန်ဘီလူးကြည်လင်မှု crystalline lens ပျောက်ပြီးပိတ်ခြင်း opacity သို့ တိမ်ဖုံးအုပ်သကဲ့သို့ဖြစ်ခြင်း cloudiness ကို မျက်လုံးတိမ်စွဲခြင်း Cataract ဟု ခေါ်ပါသည်။

မျက်လုံးမှန်ဘီလူးရှိ တစ်ရှူးများနေရာတွင် high-molecular-weight (HMW) protein မော်လီကျူးအလေးချိန်များသည့် ပရိုတင်း အစုအဝေးများ မျက်လုံးတွင်းရှိ မှန်ဘီလူးတွင် စုပုံလာကာ ပုံရိပ်ကြည်လင် ပြတ်သားမှု အားနည်းပြီး တိမ်ဖြစ်လာခြင်းဖြစ်သည်။ မှန်ဘီလူးကို ဖွဲ့စည်းတည်ဆောက်ထားသော အဓိကပရိုတင်း တစ်မျိုးဖြစ်သည့် crystallins ၏ မျိုးဗီဇတစ်နေရာ ပုံပြောင်းခြင်းကြောင့် ကလေးအရွယ်ကစ မျက်လုံးတိမ်စွဲသည့် မျိုးရိုးလိုက်ရောဂါ ဖြစ်စေနိုင်ပါသည်။

အမြင်အာရုံဆုံးရှုံးရသည့် အကြောင်းအရင်းများအနက် မျက်လုံးတိမ်စွဲခြင်း Cataract သည် အဖြစ်အများဆုံး အခြေအနေတစ်ခု ဖြစ်ပါသည်။ မျက်လုံးတိမ်စွဲသူများ၏ ၃၇% မှ ၅၈% သည် မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်တတ်ပြီး ၁၁% မှ ၃၇ % သည် ပါတ်ဝန်းကျင်နှင့် အခြားအကြောင်းအရင်းများကြောင့် ဖြစ်တတ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

Aplha α A-crystallin မျိုးဗီဇတွင် မျိုးရိုးဗီဇပြောင်းလဲခြင်းဖြစ်စဉ် ကြောင့် မျိုးရိုးလိုက်သော မျက်လုံးတိမ်စွဲခြင်းရောဂါများ autosomal dominant & recessive cataracts ဖြစ်ပွါးတတ်သည်။ မျိုးရိုးဗီဇ လက်ဆင့်ကမ်းမှု ဖြစ်စဉ်ကြောင့် မိသားစုအတွင်း အတွင်းတိမ် ဖြစ်သည့်လူရှိရင် မိမိတွင်ဖြစ်နိုင်ချေ ပိုများတတ်ပါသည်။

မျိုးရိုးလိုက်သော မျက်လုံးတိမ်စွဲခြင်းသည် အချို့သူများတွင် မွေးရာပါအတွင်းတိမ် congential cataracts အနေဖြင့် တွေ့ရနိုင်သည်။ မွေးရာပါ မျက်လုံးတိမ်စွဲခြင်း ခံစားရသူများ၏ ၈.၃ -၂၅ % သည် မျိုးရိုးလိုက်သော မျက်လုံးတိမ်စွဲခြင်းဖြစ်သည်။ Lowe syndrome သို့ Nance Horan Syndrome ခေါ်သော ခရိုမိုဇုန်းပုံမမှန်သည့် မျိုးရိုးဗီဇရောဂါတွင်လည်း ကိုယ်ခန္ဓာအဖွဲ့အကိုယ်တွင်းအဂ်ါ အဖွဲ့အစည်းများထိခိုက်ပြီး မျက်လုံးမှန်ဘီလူးကြည်လင်မှု ပျက်စီးပြီးပိတ်ခြင်း opacity ဖြစ်ကာ တိမ်စွဲတတ်သည်။

မျက်လုံးတိမ်စွဲခြင်းကို တိမ်စွဲသည့် အစိတ်အပိုင်းပေါ် မူတည်ပြီး အမျိုးအစားခွဲခြားလျှင် မှန်ဘီလူးအပြည့်တိမ်စွဲခြင်း total (mature or complete)၊ အစွန်းနှစ်ဖက်တွင် တိမ်စွဲခြင်း polar (anterior or posterior)၊ အပိုင်းလိုက်တိမ်စွဲခြင်း zonular (nuclear, lamellar, sutural, etc.)၊ နှင့် ဖုံးအုပ်အမြှေးပါးတွင် တိမ်စွဲခြင်း capsular or membranous ဟူ၍ ခွဲခြားနိုင်ပါသည်။ အတွင်းတိမ်သည် မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးတွင် ဖြစ်နိုင်ပါသည်။

မျိုးရိုးဗီဇပြောင်းလဲမှု mutations ဖြစ်စဉ်တူညီသော်လည်း ပါတ်ဝန်းကျင်အခြေအနေ၊ ဆီးချိုကဲ့သို့ ရောဂါအခံနှင့် အခြားအကြောင်းအရာမျိုးစုံ multifactorials ပေါင်းစုံကာ အသက်ကြီးသည့်အခါ မျက်လုံးတိမ်ဖြစ်လာတတ်ပါသည်။ ထို့ကြောင့် မိမိမိသားစုတွင် အတွင်းတိမ်မျိုးရိုးရှိလျှင် မျက်လုံးကျန်းမာရေး ပုံမှန်စစ်ဆေးခြင်း၊ အမြင်မှုန်ဝါးခြင်း၊ ညဖက်အမြင်အာရုံ အားနည်းလာခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ခြင်း၊ အလင်းရောင် ပတ်လည်တွင် အကွင်းမြင်ခြင်းနှင့် နေ့စဉ်လုပ်ငန်းဆောင်ရွက်နိုင်မှု ထိခိုက်လာခြင်းရှိလျှင် မျက်စိအထူးကုနှင့် တိုင်ပင်စစ်ဆေး ကုသမှုခံယူသင့်ပါသည်။

 

Author: Dr.Yee Mon

Previous Post

ခုခံအားစနစ်မြှင့်တင်ခြင်းနှင့် ဇင့်၏အရေးပါပုံများအကြောင်း

Next Post

ကိုယ်ပူချိန်ဘယ်လောက်ဆိုရင် အဖျားရှိတယ်လို့ သတ်မှတ်လဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
823
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
What is the temperature of the body to define a fever?

ကိုယ်ပူချိန်ဘယ်လောက်ဆိုရင် အဖျားရှိတယ်လို့ သတ်မှတ်လဲ?

Flu that should go to the hospital

ဆေးရုံသွားသင့်တဲ့ တုပ်ကွေး

အဆီချပြီး အဆီမကျဖြစ်နေပြီလား?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.