fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ဗီတာမင်စီ ချို့တဲ့ခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများ

Vitamin C deficiency and complications
555
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/08/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ဗီတာမင်စီ Vitamin C- ascorbic acid ဟာရေမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်ဓါတ်တစ်မျိုးဖြစ်ပါတယ်။ ဗီတာမင်စီကို လူ့ခန္ဓာကိုယ်မှ အလွယ်တကူစုပ်ယူနိုင်ပြီး အရေးကြီးဇီဝကမ္မဖြစ်စဉ်များတွင် ပါဝင်လုပ်ဆောင်ပေးနိုင်သော ဗီတာမင်တစ်မျိုလည်းဖြစ်ပါတယ်။ ဗီတာမင်စီဟာ ကိုယ်ခံအားစနစ်၊ ခန္ဓာကိုယ်ရှိ ဆဲလ်များဖွဲ့စည်းခြင်းနှင့် အရေပြားကျန်းမာရေးမှာလည်း အဓိကကျတဲ့ဓါတ် တစ်မျိုးဖြစ်ပါတယ်။

ဗီတာမင်စီကို ခန္ဓာကိုယ်မှမထုတ်လုပ်နိုင်ဘဲ အချဉ်အရသာရှိသော အသီးအနှံများမှ အဓိကရရှိပါတယ်။ဗီတာမင်စီ မလုံလောက်သော အစားအစာ စားသောက်မှုပုံစံရှိသူများ၊ အစာစားသောက်မှု ပုံမမှန်ဝေဒနာ အေနိုရက်စီးယား anorexia ရောဂါရှိသူများ၊ ဆေးလိပ်သောက်သူများနှင့် အရက်စွဲနေသောသူများ၊ စိတ်ကျန်းမာရေးမကောင်းသော ဝေဒနာရှင်များတွင် ဗီတာမင်စီဓါတ် ချို့တဲ့မှု ခံစားရတာကို အများဆုံးတွေ့ရလေ့ရှိပါတယ်။

GNC C-Boost

ခန္ဓာကိုယ်တွင်း ဆဲလ်များဓာတ်တိုးမှုကြောင့် ပျက်စီးခြင်း oxidative stress ကို ခံနိုင်ရည်ရှိအောင် ဗီတာမင်စီက ဓါတ်တိုးဆန့်ကျင်ပစ္စည်း antioxidants အနေဖြင့် ကူညီပေးပါတယ်။ ခန္ဓာကိုယ်ရှိဆဲလ်များ ယောင်ရမ်းမှုကိုလည်း သက်သာစေပါတယ်။ ခန္ဓာကိုယ်တွင်းသို့ ရောဂါပိုးမွှား ကူးစက်ခံရလျှင် သွေးဖြူဥဆဲလ်များ ထုတ်လုပ်မှုကို အားပေးပါတယ်။ ဒါ့ပြင် ဆဲလ်များ ဓာတ်တိုးမှုကြောင့် မပျက်စီးရအောင် ကာကွယ်ပေးခြင်းဖြင့် ခုခံအားကို ကောင်းစေပါတယ်။ ဗီတာမင်စီဓါတ် ချို့တဲ့လျှင် ကိုယ်ခံအားနည်းပြီး မကြာခဏ ဖျားနာတတ်ပါတယ်။

ဗီတာမင်စီဓါတ် VitaminC ဟာအရေပြားနှင့် သွေးကြောများကို ကျန်းမာစေပြီး ဒါဏ်ရာအနာများကို အနာကျက်မြန်စေပါတယ်။ ဒါ့ကြောင့် ဗီတာမင်စီဓါတ် ချို့တဲ့လျှင် အရေပြားခြောက်သွေ့ ကြမ်းတမ်းပျက်စီးခြင်း၊ အရေပြားတွင် အနီစက်များ ထွက်လာခြင်း၊အရေးအကြောင်း ၊ကြာဆူး၊ ဝက်ခြံ၊အဆီဖု၊ အမဲစက်ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ထိခိုက်ဒဏ်ရာကြောင့် အရေပြား အညိုအမဲ၊အကွက်စွဲ၊ အနာကျက်နှေးတာတွေ၊ ယောင်ယမ်းနာကျင်တာတွေလည်း ခံစားရနိုင်ပါတယ်။

GNC C-Boost

ဗီတာမင်စီဓါတ် ချို့တဲ့တာနဲ့ ဆံပင်များခြောက်သွေ့ခြင်း၊ ခန္ဓာကိုယ် အမွှေးအမျှင်ထွက်တဲ့ မွှေးညှင်းအိတ်လေးတွေမှာ ပုံမမှန်ဖြစ်ပြီး အမွှေးရဲ့အရင်းပိုင်းတွင် သွေးထွက်ကာ အဆို့ဖောက်တံပုံစံ အမွှေးများထွက်လာတတ်ပါတယ်။ သွားဖုံးများတွင် သွေးထွက်ခြင်းနှင့် သွားများကျွတ်ခြင်းတို့အထိ ခံစားရနိုင်ပါတယ်။ ခြေသည်းလက်သည်းခွံပေါ်မှာ အစင်းကြောင်းထွက်တာ spoon-shaped ဇွန်းပုံစံ လက်သည်းခွံပုံမမှန်ဖြစ်တာတွေလည်း ဖြစ်နိုင်ပါတယ်။

ဗီတာမင်စီဓါတ် ချို့တဲ့ခြင်းကို အချိန်မှီ ကုသမှုမပြုလျှင် ၂-၃ လအတွင်း ဗီတာမင်စီချို့တဲ့ရောဂါ စကာဗီ Scurvy ကို ခံစားရနိုင်ပါတယ်။ ရှေးဦးလက္ခဏာ အနေနဲ့ အစာစားချင်စိတ်မရှိခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ အလွယ်တကူ ပင်ပန်းနွမ်းနယ်ခြင်း၊ လုပ်ချင်ကိုင်ချင်စိတ်မရှိခြင်းတို့ စတင်ခံစားရတတ်ပါတယ်။ သွေးအားနည်းခြင်း၊ အရိုးနဲ့ကြွက်သားများ နာကျင်ခြင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ ယောင်ရမ်းခြင်း၊ စိတ်ခံစားမှု အပြောင်းအလဲများခြင်းနှင့် စိတ်ဓါတ်ကျခြင်းထိ ခံစားရနိုင်ပါတယ်။

လူကြီးတစ်ယောက်ရဲ့ တစ်နေ့တာ ဗီတာမင်စီ လိုအပ်ချက်ပမာဏဟာ ၉၀ မီလီဂရမ်ခန့် ရှိပါတယ်။ မိမိစားသောက်သော အစားအစာများမှတဆင့် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်စီပမာဏကို ရရှိနိုင်ပေမယ့် မကြာခဏ ဖျားနာတတ်သူများ၊ ရောဂါပိုးမွှား ကူးစက်နိုင်ချေ များသူများ၊ ကိုယ်ခံအားနည်းသူများ၊ ကိုယ်ဝန်ဆာင်များ အနေနဲ့ဗီတာမင်စီ ဖြည့်စွက်အားဆေးများ သောက်သုံးမယ်ဆိုရင် တစ်နေ့ကို ၁၀၀၀ မီလီဂရမ် ကျော်လွန်ပြီးမသောက်ရန် သတိပြုသင့်ပါတယ်။

 

Author: Dr.Yee Mon

Previous Post

မိုးရာသီနဲ့ တုပ်ကွေး

Next Post

စံပြမိခင်တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်လဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
822
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
What does it take to be an ideal mother?

စံပြမိခင်တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်လဲ?

Using the phone in the dark and the danger to the eyes

အမှောင်ထဲမှာ ဖုန်းသုံးခြင်းနှင့်မျက်စိအန္တရာယ်

About zinc and the reproductive system

ဇင့်နှင့် မျိုးပွားစနစ်အကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.