နှာရည်ယိုတာက နေ့စဉ်လူပ်ရှားမူတိုင်းအတွက် စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ တရွှဲရွှဲထွက်နေတဲ့ နှာရည်ကို တချိန်လုံးညှစ်ရသောကြောင့် နှာခေါင်းတစ်ခုလုံးနာ၊ ခေါင်းတခုလုံးအုံနဲ့ လူလည်ဖျားချင်ချင်ဖြစ်လာပါတယ်။ နှာပိတ်နေတဲ့အခါ နှာရည်မထွက်ဘဲ နှာရည်ကပ်နေတတ်ပါတယ်။ နှာစေးသက်သာအောင် သောက်ရတဲ့ဆေးတွေကလည်း အိပ်ချင်စိတ်ဖြစ်စေတာကြောင့် သောက်ရသိပ်အဆင်မပြေပါဘူး။ ဒါကြောင့် အခုလို မိုးတွင်းမှာ နှရည်ာတရွှဲရွှဲ ဒါမှမဟုတ် နှာစေးနှာပိတ်ခြင်းကို အလွယ်တကူသက်သာစေသောနည်းလမ်းတွေကို ဝေမျှပေးလိုက်ပါတယ်။
နှာရည်ယို နှာစေးခြင်းဖြစ်စေနိုင်သောအကြောင်းရင်းများ
- တုပ်ကွေးမိခြင်း
- ဓာတ်မတည့်ခြင်း
- ရာသီဥတုပြောင်းလဲခြင်းစသောအခြေအနေများဖြစ်ပါတယ်။ အချိန်မီမကုသပါက ချောင်းဆိုးခြင်း၊ နားကိုက်ခြင်း၊ ခေါင်းကိုက်ခြင်းစတဲ့ တခြားလက္ခဏာများဖြစ်လာနိုင်ပါတယ်။ အလွယ်တကူသက်သာစေတဲ့ဆေးဝါးတွေရှိပေမယ့်လည်း ဆိုးကျိုးအနေနဲ့ မူးဝေခြင်းကိုမခံစားနိုင်လျှင် အောက်ပါအိမ်တွင်းနည်းလမ်းတွေကိုအသုံးပြုနိုင်ပါတယ်။
အိမ်တွင်းနည်းလမ်းများ
ဆားရေနွေး
ဆားရေနွေးဟာ နှာရည်ယို နှာပိတ်ခြင်းအတွက်သက်သာစေတဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ ဆားရေနွေးဟာ နှာခေါင်းချွဲကပ်နေခြင်းကို ပျော်စေကာ အလွယ်တကူထွက်စေနိုင်ပါတယ်။ ဆားလက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ ရေနွေး၂ခွက်ထဲထည့်ဖျော်ကာ ဆားရေနွေး၂ စက်ကို နှာခေါင်းထဲအစက်ချပါ။ ဆားရေနွေးကို နှာခေါင်းထဲသို့ရူသွင်းပေးပါ။ နေ့စဉ်မကြာခဏလုပ်ပေးပါက အထူးသက်သာစေနိုင်ပါတယ်။
ရေနွေးငွေ့ရူခြင်း
ရေနွေးငွေ့ရှူခြင်းဟာ နှာပိတ်ခြင်း၊နှာချေခြင်းကို သက်သာစေတဲ့အပြင် အချွဲကပ်ခြင်းကိုလည်း သက်သာစေပါတယ်။ရေနွေးပူထဲကို ပရုပ်အနည်းငယ်ထည့်ပြီး ထွက်လာတဲ့ အငွေ့ရူသွင်းပေးပါ။ နေ့စဉ်ပြုလုပ်ပေးပါက နှာပိတ်ခြင်းသက်သာစေပါတယ်။
မုန့်ညင်းဆီ
မုန့်ညင်းဆီက ပိုးသေစေနိုင်တဲ့၊ ဓာတ်မတည့်မှုသက်သာစေနိုင်တဲ့အစွမ်းရှိပါတယ်။ ရေနွေးထဲကို မုန်ညင်းဆီထည့်ကာ နှာခေါင်းထဲသို့ ရေနွေးတစ်စက် နှစ်စက်ထည့်ပေးပါ။ နှာခေါင်းအတွင်းအချွဲပျော်ပြီးသက်သာစေပါတယ်။အဆိုပါမုန်ညင်းဆီရေနွေးငွေ့ကိုရှုပေးပါက အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာများသက်သာစေပါတယ်။
နနွင်း
နနွင်းက ကျန်းမာရေးအတွက်သင့်တော်တဲ့ဆေးဝါးတစ်လက်ပါ။ နနွင်းဟာ ဓာတ်တိုးဆန့်ကျင်နိုင်စွမ်း၊ ပိုးသတ်ဆေးနိုင်တဲ့အစွမ်းနဲ့အရောင်ကျစေတဲ့အစွမ်းရှိပါတယ်။ နနွင်းမှုန့်ကို နှမ်းကြတ်ဆီနဲ့ရောပြီး အငွေ့ထွက်တဲ့ထိ အပူပေးပါ။ အဆိုပါအငွေ့ကို အထဲရောက်တဲ့အထိ ရှူရှိုက်ပေးပါ။ အအေးမိနှာစေးခြင်းအတွက်အထူးသက်သာစေပါတယ်။ နနွင်းမှုန့်ကိုနွားနို့ပူပူနဲ့ ညအိပ်ခါနီးတိုင်းသောက်ပေးပါက အအေးမိ ချောင်းဆိုးနှာစေးခြင်းကို ကာကွယ်ပေးပါတယ်။
ချင်း (ဂျင်း)
ချင်းမှာ ဓာတ်တိုးဆန့်ကျင်နိုင်စွမ်း၊ ပိုးသတ်ဆေးနိုင်တဲ့အစွမ်းနဲ့ အရောင်ကျစေတဲ့အစွမ်း၊ မှိုပိုးသေစေနိုင်တဲ့အစွမ်းရှိပါတယ်။ ချင်းကိုဆားနဲ့တို့ပြီး အနည်းငယ်စားပေးပါ။ ရေနွေးပူထဲသို့ ချင်းထည့်သောက်ပါ။ ချင်းပြုတ်ရည်အငွေ့ရှုပါ။ နှာရည်ယို နှာပိတ်ခြင်းအထူးသက်သာစေပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ ဓာတ်တိုးဆန့်ကျင်နိုင်စွမ်း၊ ပိုးသတ်ဆေးနိုင်တဲ့အစွမ်းနဲ့ အရောင်ကျစေတဲ့အစွမ်းရှိပါတယ်။ ကြက်သွန်ဖြူကိုရေနွေးပူပူထဲကိုပါးပါးလှီးကာစိမ်သောက်ပါ။ ကြက်သွန်ဖြူကို နေ့စဉ်စားပေးပါ။ တခြားသောကြက်သွန်ဖြူနဲ့ ပြုလုပ်ထားတဲ့ အစာအစားအစာတွေ စားပေးပါ။ ကြက်သွန်ဖြူဟာ နာရည်ယိုနှာပိတ်ခြင်းအတွက် အထူးသင့်လျော်ပါတယ်။
ပျားရည်
ပျားရည်ဟာ ပိုးသေစေနိုင်တဲ့ အစွမ်းရှိပါတယ်။ ပျားရည်၂ ဇွန်း၊ လိမ္မော်ရည်၂ဇွန်း နေ့စဉ်၂ကြိမ်သောက်ပါ။ ကိုယ်ခံအားကောင်းစေပြီး နှာစေး ၊နှာပိတ်ခြင်းကင်းစင်ပါတယ်။
ငရုတ်သီးမှုန့်
ငရုတ်သီးမူန့်ဟာ ဓာတ်မတည့်ခြင်းဖြစ်မှုကိုဆန့်ကျင်ကာ နှာခေါင်းပိတ်ခြင်းကို သက်သာစေပါတယ်။အစားအသောက်ထဲမှာ အနည်းငယ်စားပေးပါက နှာပိတ်ခြင်းသက်သာစေနိုင်ပါတယ်။
အထက်ပါနည်းလမ်းတွေ အသုံးပြုမယ်ဆိုလျှင် နှာရည်ယို၊ နှာပိတ်ခြင်းကို ရက်အနည်းငယ်အတွင်းသက်သာစေနိုင်ပါတယ်။ နှာရည်ယို နှာပိတ်ခြင်းအပြင် ဖျားနာ၊ ချောင်းဆိုး၊ ကိုယ်လက်ကိုက်ခဲပါက နီးစပ်ရာဆရာဝန်နဲ့ ပြသပေးပါ။
Author: Dr. ပြည့်ရှင်း