fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အိပ်ရေးပျက်ခြင်းနှင့်ဝိတ်တက်ခြင်းအကြောင်း တစေ့တစောင်း

747
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/04/2023
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အိပ်ရင် ဝတယ် ခန္ဓာကိုယ် အလေးချိန်တက်မယ်ဆိုပြီး တချို့လူကြီးတွေက ပြောတတ်ကြပါတယ်။ အမှန်တကယ်ပဲ အိပ်ရင် ဝတာလား? အိပ်ရေးပျက်ရင်ရော ဝိတ်တက်ပြီး ဝလာနိုင်သလားဆိုတာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေအရ လေ့လာကြည့်ကြရအောင်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေဆီက အမေရိကန်နိုင်ငံသားတွေမှာ အဝလွန်သူတွေ အလွန်များပြား လာခဲ့ပါတယ်။ အရပ်နဲ့ ကိုယ်အလေးချိန် မျှခြေကိုကြည့်ပြီး ပိန်သလား၊ ပုံမှန်လား၊ အဝလွန်သလား ဆုံးဖြတ်တဲ့ body mass index (BMI) တက်တဲ့သူတွေ သိသိသာသာ များလာတာပါ။ သုတေသနတွေ လုပ်ကြည့်တဲ့အခါ ညဘက်ပျမ်းမျှ အိပ်ချိန် လျော့နည်းတာကြောင့် ဆိုတဲ့ ရလဒ်ကို တွေ့ခဲ့ကြပါတယ်။

• ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မလုပ်ငန်းတွေဟာ တစ်နေ့တာမှာ သူ့အချိန်နဲ့သူ လည်ပတ်ပြီး လိုအပ်တဲ့ စွမ်းအင်တွေကို ထုတ်လုပ်ပေးလျက် ရှိပါတယ်။ အိပ်ချိန်မမှန်တဲ့အခါ ဇီဝက္မလုပ်ငန်းတွေလည်း ကမောက်ကမ ဖြစ်သွားပြီး ဆဲလ်တွေထဲမှာ oxidative stress ဖြစ်လာတာ၊ သွေးထဲမှာ ဂလူးကိုစ့်တွေ များလာတာ၊ ခန္ဓာကိုယ်ဆဲလ်တွေက အင်ဆူလင်ကို မတုန့်ပြန်တော့တာတွေ ဖြစ်ပြီး အိုမင်းရင့်ရော်လာတာ၊ ဆီးချိုရောဂါ ဖြစ်နိုင်တာအပြင် အဝလွန်နိုင်ခြေလည်းရှိလာပါတယ်။

• ညဘက်အိပ်မပျော်တဲ့အခါ ဗိုက်ပိုဆာတတ်ပါတယ်။ ခန္ဓာကိုယ်မှာ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းတွေ ရှိပြီး ဟော်မုန်းတွေဟာ တစ်နေ့တာမှာ သူ့အချိန်နဲ့သူ အတက်အကျ ရှိပါတယ်။ Ghrelin ဟော်မုန်း ထွက်တဲ့ အချိန်တွေမှာ ဗိုက်ဆာတတ်ပြီး leptin ကတော့ ဗိုက်ပြည့်တဲ့ ခံစားချက်ကို ရစေတဲ့ ဟော်မုန်းပါ။

ညဘက် အိပ်ချိန်နည်းတဲ့အခါ ဟော်မုန်းတွေက ကမောက်ကမ ဖြစ်လာပါတယ်။ Ghrelin တွေ ပိုများလာပြီး leptin တွေ နည်းလာတတ်ပါတယ်။ ဒါကြောင့် ညဘက်အိပ်မပျော်တဲ့အခါ ဗိုက်ဆာတတ်ပြီး ဗိုက်ပြည့်တဲ့ ခံစားချက်နည်းသွားလို့ ပိုစားမိတတ်ကြပါတယ်။ ညဘက်ဗိုက်ဆာလို့ စားတဲ့အခါမှာလည်း ကယ်လိုရီများတဲ့ အစားအစာတွေ (ခေါက်ဆွဲပြုတ်၊ ကိတ်မုန့်၊ အချိုရည်၊ အာလူးကြော်မျိုးတွေ) ကို ပိုပြီး ရွေးချယ်မိတတ်ကြတာက ဝိတ်တက်စေတဲ့ အကြောင်းတစ်ခုပါ။

• ညဘက်အိပ်မပျော်တဲ့အခါ မနက်ဘက်ကျရင် တက်ကြွလန်းဆန်းမှု မရှိဘဲ လေးလံထိုင်းမှိုင်းပြီး မလှုပ်မရှားချင် ဖြစ်နေတာကလည်း ဝိတ်တက်ခြင်းရဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ အိပ်ရာထနောက်ကျတဲ့အခါ မနက်စာ လွတ်သွားတတ်ပါတယ်။ မနက်စာ မစားဖြစ်တဲ့သူတွေဟာ ကျန်တဲ့ တစ်နေ့လုံးမှာ တစွတ်စွတ် စားဖြစ်တတ်တာကလည်း ဝိတ်တက်စေတဲ့ အကြောင်းရင်းပါပဲ။

အိပ်ရေးပျက်လို့ လေးလံထိုင်းမှိုင်းနေတဲ့သူတွေဟာ တစ်နေ့တာအတွက်အစာစားဖို့ ရွေးချယ်တဲ့အခါ သကြားနဲ့ အချိုတွေ၊ ဆီကြော်တွေ၊ ပြုပြင်ထားတဲ့ ရယ်ဒီမိတ် အစားအစာတွေကို ပိုမိုရွေးချယ်ဖြစ်တတ်ကြတယ်လို့ သုတေသနတွေက ဆိုထားပါတယ်။ ဒါကလည်း ဝိတ်တက်စေတဲ့ အကြောင်းရင်း တစ်ခုပါပဲ။

အိပ်မပျော်စေတဲ့ အကြောင်းတွေက အမျိုးမျိုးတော့ ရှိမှာပါပဲ။ စိုးရိမ်ကြောက်လန့် နေရလို့လား၊ စိတ်ဖိစီးမှု များလို့လား၊ လက်ဖက်ရည်၊ ကော်ဖီတွေ သောက်မိလို့လား၊ ဂိမ်းဆော့၊ ဖုန်းသုံး၊ ကွန်ပြူတာသုံးနေလို့လား စသဖြင့် အိပ်မပျော်ရတဲ့ အကြောင်းရင်းကို သေသေချာချာ သိမှသာ အိပ်ပျော်အောင် ကြိုးစားဖို့ အဆင်ပြေနိုင်မှာပါ။

ညဘက်အိပ်မပျော်တာမျိုး ဖြစ်နေရင်…
– လက်ဖက်၊ ကော်ဖီ၊ အရက်တွေ သောက်ခြင်းမှ ရှောင်ပါ။ ညနေဘက် ဗိုက်တင်းအောင် အများကြီးစားတာမျိုး မလုပ်ပါနဲ့။
– မအိပ်ခင် ရေနွေးနွေးလေးနဲ့ ရေချိုးပါ။ နွးနို့ပူပူ၊ အိုဗာတင်း ပူပူလေး သောက်တာမျိုး လုပ်ပါ။ အိပ်ပျော်စေတဲ့ ရနံ့ဆီလေးတွေ လိမ်းတာ၊ ဖျန်းထားတာမျိုးလည်း လုပ်လို့ရပါတယ်။
– အိပ်ခန်းကို အိပ်ဖို့အတွက် သီးသန့်အသုံးပြုပါ (အိပ်ယာထဲမှာ အလုပ်လုပ်တာ၊ ဖုန်းသုံးတာ၊ ကွန်ပြူတာသုံးတာ ရှောင်ပါ)။
– အိပ်မပျော်ရင် စာဖတ်တာ၊ အိပ်ပျော်စေမယ့် relaxing music လေးတွေ ဖွင့်ထားတာမျိုး လုပ်ပါ။
– နေ့စဉ်ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ။
– တရားထိုင်ပါ။
– နေ့ခင်းဘက် အကြာကြီး အိပ်တာမျိုး ရှောင်ပါ။
– ဘယ်လိုမှ အိပ်မပျော်ဘူး ဖြစ်နေရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး အကူအညီ ရယူပါ။

အိပ်စက်ခြင်းဟာ ဇီဝကမ္မလုပ်ငန်းတွေအတွက်အရေးကြီးသလို ကိုယ်အလေးချိန် ထိန်းညှိရာမှာလည်း အရေးပါပါတယ်။ ဒါ့ကြောင့် ပိန်ချင်တယ်၊ ဝိတ်တက်မှာ ကြောက်တယ် ဆိုရင် နေ့စဉ်အိပ်ချိန်မှန်မှန် အိပ်သင့်ပြီး အိပ်ရေးမပျက်ရအောင် ဂရုစိုက်သင့်ပါတယ်။ စောစောအိပ်ပြီး စောစောထမှသာ ဝိတ်မတက်ပဲ လှပတဲ့သူလေးတွေ ဖြစ်နိုင်မှာပါ။

Author: Dr.Yee Mon

Previous Post

အသည်းအင်ဇိုင်းတက်ခြင်းအကြောင်း

Next Post

အသည်းအဆီဖုံးခြင်းဆိုတာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
822
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အသည်းအဆီဖုံးခြင်းဆိုတာ

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

အရက်မသောက်ဘဲ အသည်းရောဂါဖြစ်နိုင်လား?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.