fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အသည်းရောင် စီပိုးရှိသူတွေ ဆောင်ရန်၊ ရှောင်ရန်အချက်များ

540
VIEWS
Share on FacebookShare on TwitterShare on Linkedin
01/06/2023
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အသည်းကင်ဆာ ဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေထဲမှာ အသည်းရောင်အသားဝါ စီပိုးကလည်း တစ်ခုအပါအဝင်ပါ။ အသည်းရောင် စီပိုးကို ကုသပျောက်ကင်းနိုင်တဲ့ ဆေးတွေ ရှိနေပြီ ဖြစ်ပေမယ့် ရောဂါပိုးကြောင့် ပျက်စီးသွားပြီးတဲ့ အသည်းရဲ့ အစိတ်အပိုင်းတွေကိုတော့ ပြန်ကောင်းအောင် ကုသလို့ မရပါဘူး။

ဒါကြောင့် ဆေးကုသမှု မခံယူခင်၊ ကုသမှု ခံယူနေစဉ်အတွင်း နဲ့ ကုသမှု ခံယူပြီးချိန်မှာပါ အနေအထိုင်၊ အစားအသောက် ဂရုစိုက်ဖို့ လိုအပ်တာမို့ အသည်းရောင် စီပိုးရှိသူတွေ ဆောင်ရမယ့် အချက်တွေနဲ့ ရှောင်ရမယ့် အချက်တွေကို ကြည့်လိုက်ကြရအောင်နော်။

ဘာတွေ ဆောင်ရမလဲ?

• အသည်းရောင် စီပိုးကို သေသေချာချာ ကုသပေးမယ့် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပုံမှန် ပြသဖို့ လိုအပ်ပါတယ်။
• ဆရာဝန်နဲ့ အဆက်အသွယ် မပြတ်ဖို့ လိုသလို ဘဝတူ အသည်းရောင် စီပိုးရှိသူတွေနဲ့ တိုင်ပင်ဆွေးနွေးတာ၊ အချင်းချင်း အားပေးတာ၊ အတွေ့အကြုံ ဖလှယ်တာတွေ လုပ်သင့်ပါတယ်။
• အသည်းရောင် စီပိုးအကြောင်းကို သေသေချာချာ သိရအောင်လည်း လေ့လာထားသင့်ပါတယ်။
• အသည်းရောင် ဘီပိုး နဲ့ အေပိုး ရှိမရှိ စစ်ဆေးပြီး မရှိသေးရင် ကာကွယ်ဆေး ထိုးထားပါ။
• စီပိုးအတွက် သောက်ရမယ့်ဆေးတွေကို ပုံမှန်သောက်ပါ။ ဆရာဝန်နဲ့ ဆွေးနွေးပြီး သင့်တော်တဲ့ ဗီတာမင်နဲ့ ဖြည့်စွက်စာတွေကိုလည်း သုံးစွဲပါ။
• ဆေးမှတ်တမ်းတွေကို ဂရုတစိုက် သိမ်းဆည်းထားပါ။ လိုအပ်ရင် မိတ္ထူကူးထားပါ။
• တစ်နေ့ကို ရေ ၈ ဖန်ခွက် သို့မဟုတ် ၃ လီတာခန့် သောက်ပါ။ အငန်နဲ့ အဆီအစိမ့်တွေ ရှောင်ပါ။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပါ။
• လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ ရေကူးတာ စသဖြင့် နေ့စဉ်ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း နာရီဝက်ခန့် လုပ်ပါ။
• မုတ်ဆိတ်ရိတ် ကိရိယာ၊ လက်သည်းညှပ်၊ သွားတိုက်တံ စသည်ကို မိမိ တကိုယ်ရည်အတွက် သီးသန့်သုံးပါ။ တကိုယ်ရည် သန့်ရှင်းရေး ပစ္စည်းတွေကို ဂရုတစိုက် စွန့်ပစ်ပါ။
• ဒဏ်ရာတွေ ရှိရင် ပတ်တီး သို့မဟုတ် ပလာစတာနဲ့ လုံခြုံစွာ ဖုံးအုပ်ထားပါ။
• စိတ်ဖိစီးမှု နည်းအောင် နေပါ။

ဘာတွေ ရှောင်ရမလဲ?

• ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေးတွေ သုံးစွဲခြင်းမှ ရှောင်ပါ။
• ပါရာစီတမောလ်လို ဆရာဝန် ညွှန်ကြားချက် မလိုတဲ့ ဆေးပဲဖြစ်ဖြစ် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။ အထူးသဖြင့် ပါရာစီတမောလ်ဆေးဟာ လိုအပ်တာထက် ပိုပြီး သောက်သုံးမိရင် အသည်းကို ထိခိုက်နိုင်ပါတယ်။
• အားဆေးတွေ၊ ဖြည့်စွက်စာတွေ၊ herbal products တွေကို မိမိသဘောနဲ့ မိမိ မသောက်ပါနဲ့။
• သွေးလှူခြင်းမှ ရှောင်ကြဉ်ပါ။
• အသည်းရောင် စီပိုးဟာ သွေးကနေ၊ ဆေးထိုးအပ်တွေကနေ ကူးစက်နိုင်တာမို့ ဆေးထိုးအပ်၊ ဆေးထိုးပိုက်၊ ထိုးဆေးတွေ နဲ့ ရှူဆေးတွေ (ဥပမာ…ပန်းနာရင်ကြပ်သူတွေ ရှူတဲ့ ဂေါက်ရှူဆေး) တွေကို မျှဝေသုံးစွဲခင်းမှ ရှောင်ကြဉ်ပါ။
• အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းမှ ရှောင်ကြဉ်ပါ။
• အသည်းရောင် စီပိုးက တစ်ဦးကနေ တစ်ဦးကိုဘယ်လို ကူးစက်နိုင်လဲ ဆိုတာကို သေချာစွာ လေ့လာပြီး သူတစ်ပါးအား မကူးစက်ရအောင် ဂရုပြုပါ။
• မိမိကို ခွဲခြားဆက်ဆံတာတွေ၊ နှိမ့်ချဆက်ဆံတာတွေကို ခွင့်မပြုကြောင်း ပြသပါ။

အသည်းရောင် စီပိုးက ကုသမှု ခံယူရင် လုံးဝပျောက်ကင်းသွားနိုင်တဲ့ ရောဂါဆိုတာ အမြဲ သတိရပါ။ စီပိုးကို ပျောက်ကင်းအောင် ကုသနိုင်ပြီး စီပိုးကြောင့် အသည်းအဆီဖုံး၊ အသည်းခြောက်၊ အသည်းကင်ဆာ ဖြစ်တာမျိုး မရှိရင် သက်တမ်းစေ့ နေနိုင်မှာမို့ အခုပြောခဲ့တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ဂရုတစိုက် လိုက်နာပြီး စီပိုးကင်းစင်သွားတဲ့ အသည်းလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

Author: Dr.Yee Mon

Previous Post

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

Next Post

အအေးမိ၊ နှာစေး၊ ခေါင်းကိုက်၊ နှာရည်ယိုခြင်းတွေကို သက်သာစေမယ့် နည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
820
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အအေးမိ၊ နှာစေး၊ ခေါင်းကိုက်၊ နှာရည်ယိုခြင်းတွေကို သက်သာစေမယ့် နည်းလမ်းများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

မိုးရာသီမှာ အဖြစ်များတဲ့ရောဂါလက္ခဏာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.