fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အအေးမိ၊ နှာစေး၊ ခေါင်းကိုက်၊ နှာရည်ယိုခြင်းတွေကို သက်သာစေမယ့် နည်းလမ်းများ

608
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/06/2023
in အထွေထွေရောဂါများအကြောင်း
1 min read
A A

မုတ်သုန်မိုးတွေနဲ့အတူ မိုးရာသီကို ဝင်ရောက်လာတဲ့ အချိန်မှာ အအေးမိ၊ တုပ်ကွေးဖြစ်ပြီး နှာစေး၊ နှာရည်ယို၊ ခေါင်းကိုက်တာတွေလည်း အဖြစ်များလာပါပြီ။ ကိုယ်ခံအားနည်းတဲ့ အခါ၊ မိုးရေခဏခဏ စိုတဲ့အခါ အအေးမိ၊ တုပ်ကွေး ဖြစ်တတ်တာက ဓမ္မတာပါပဲ။ တုပ်ကွေးဟာ တစ်ဦးကနေ တစ်ဦးကို ကူးစက်နိုင်တဲ့ ရောဂါလည်း ဖြစ်လို့ သတိထားဖို့ လိုအပ်ပါတယ်။ဒါကြောင့် အအေးမိ၊ နှာစေး၊ နှာရည်ယို၊ ခေါင်းကိုက်ခဲ့ရင် သက်သာအောင် ဘာတွေ လုပ်သင့်သလဲဆိုတာကို ပြောပြချင်ပါတယ်။

• အိမ်မှာပဲနေပြီး အနားယူပါ
အိမ်မှာပဲ နေပြီး အနားယူတာက ရောဂါသက်သာဖို့ အထောက်အကူ ဖြစ်သလို တခြားသူတွေကို မကူးစက်အောင်လည်း ကာကွယ်ပေးပါတယ်။ မိသားစုဝင်တွေနဲ့လည်း နီးနီးကပ်ကပ် မနေဘဲ အိပ်တာ၊ စာဖတ်တာ၊ ဇာတ်ကားကြည့်တာမျိုး လုပ်ပြီး ပြည့်ပြည့်ဝဝ အနားယူသင့်ပါတယ်။

• အရည်များများ သောက်ပါ
အရည်များများသောက်တာက အသက်ရှူလမ်းကြောင်းတစ်လျှောက်ကို ရေဓာတ်ဖြည့်ပေးပြီး ခြောက်သွေ့ခြင်းကို သက်သာစေသလို စေးပျစ်နေတဲ့ ချွဲသလိပ်တွေကို ပျော်စေပြီး ဟပ်ထုတ်ရလွယ်စေပါတယ်။ ဒါကြောင့် ရေ၊ ရေနွေး၊ သစ်သီးဖျော်ရည်၊ စွပ်ပြုတ်ရည် စသဖြင့် အရည်များများ သောက်ဖို့လိုအပ်ပါတယ်။

• အာဟာရဖြစ်အောင်စားပါ
ပရိုးတင်းဖြစ်တဲ့ အသားနဲ့ပဲတွေ၊ antioxidants နဲ့ ဗီတာမင်တွေ ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ များများစားတာက ကိုယ်ခံအားကောင်းပြီး မြန်မြန်နလန်ထဖို့ အကူအညီပေးပါတယ်။ ပျော့ပြောင်းပြီး အစာကြေလွယ်တဲ့ အစားအစာတွေ ဦးစားပေးစားပါ။

• အဖျားကျဆေးနဲ့ အကိုက်အခဲပျောက်ဆေး သောက်ပါ
အဖျားကျဖို့နဲ့ကိုယ်လက်ကိုက်ခဲတာ၊ ခေါင်းကိုက်တာသက်သာစေဖို့ အလွယ်ကူဆုံး သောက်နိုင်တဲ့ဆေးက ပါရာစီတမောလ်ပါပဲ။ ပါရာစီတမောလ်ဟာ ဆရာဝန်ညွှန်ကြားချက် မလိုဘဲသောက်နိုင်သလို အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်မှုလည်း မရှိတဲ့ဆေးပါ။ လိုတာထက် ပိုပြီး သောက်သုံးမိရင်တော့ အသည်းကို ထိခိုက်နိုင်ပါတယ်။ ပါရာစီတမောလ်နဲ့ မသက်သာရင် Ibuprofen နဲ့ diclofenac လို အကိုက်အခဲပျောက်ဆေးတွေ သောက်နိုင်ပါတယ်။ အစာနဲ့တွဲသောက်ဖို့တော့ ဂရုပြုရပါမယ်။

• နှာစေး၊ နှာရည်ယိုတာကို ကုသပါ
နှာစေး၊ နှာရည်ယိုတာတွေ အတွက် antihistamine ပါတဲ့ဆေးတွေ ( ဘာမီတွန်၊ cetrizine စသည်) နဲ့ decongestants (pseudoephedrine သို့မဟုတ် phenylephrine) ပါတဲ့ ဆေးတွေ သောက်နိုင်ပါတယ်။

• နှာခေါင်းကို သန့်ရှင်းရေးလုပ်ပါ
နှာခေါင်းထဲက ခြောက်ကပ်နေတဲ့ အညစ်အကြေးတွေကို လက်နဲ့နှိုက်ခွာရင် သွေးကြောလေးတွေ ထိခိုက်မိပြီး သွေးထွက်နိုင်ပါတယ်။ Saline အရည်နဲ့ဖြစ်ဖြစ်၊ nasal spray နဲ့ဖြစ်ဖြစ် နှာခေါင်းတွင်းကို သန့်ရှင်းရေး လုပ်တာက အသက်ရှုရအဆင်ပြေဖို့ အထောက်အကူဖြစ်မှာပါ။

• ချောင်းဆိုးပျောက်ဆေး သောက်ပါ
လည်ချောင်းခြောက်သွေ့ ယားယံတာတွေအတွက် pholcodine သို့မဟုတ် dextromethorphan ပါတဲ့ ချောင်းဆိုးပျောက်ဆေး၊ carbocysterine ပါတဲ့ ချွဲသလိပ်ပျော်ဆေးတွေလည်း လိုအပ်သလို သောက်သင့်ပါတယ်။ ပျားရည်စစ်စစ်ကို ဖျော်သောက်တာကလည်း ကိုယ်ခံအားကောင်းစေသလို ချောင်းဆိုးတာကိုလည်း သက်သာစေပါတယ်။

• ငုံဆေး ငုံပါ
ငုံဆေးတွေ ငုံတာက လည်းချောင်းနာတာကို သက်သာစေပါတယ်။ ဆားကို ရေနွေးနွေးလေးနဲ့ ဖျော်ပြီး ပလုတ်ကျင်းပေးတာကလည်း လည်ချောင်းနာတာကို သက်သာစေပါတယ်။

• အစိုထိန်းစက် (humidifier) အသုံးပြုပါ
အခန်းတွင်းလေထုက ခြောက်သွေ့နေတဲ့အခါ နှာခေါင်းပိတ်တာနဲ့ လည်ချောင်းယားယံတာကို ပိုဆိုးစေတာမို့ humidifier သုံးပြီး လေထုရဲ့ အစိုဓာတ်ကို ထိန်းပေးဖို့ လိုအပ်နိုင်ပါတယ်။ ရေနွေးငွေ့ရှူတာကလည်း အသက်ရှူလမ်းကြောင်း ခြောက်သွေ့ခြင်းကို သက်သာစေပါတယ်။

မိုးရာသီကို ရောက်တာနဲ့ အအေးမိတုပ်ကွေးကာကွယ်ဆေး ထိုးထားတာက အအေးမိတုပ်ကွေး မဖြစ်အောင် ကာကွယ်ပေးနိုင်သလို ဖြစ်လာခဲ့ရင်လည်း ရောဂါလက္ခဏာတွေ မပြင်းထန်အောင် ကာကွယ်ပေးနိုင်ပါတယ်။
အကယ်၍ အဖျားက ၁၀၄ ဒီဂရီဖာရင်ဟိုက်ထက် ကျော်နေတာ၊ အန်တာ၊ အစိမ်းရောင် သို့မဟုတ် အဝါရောင်ပြစ်ပြစ် သလိပ်တွေထွက်တာ၊ နားပြည်ယိုတာ၊ အသက်ရှူကြပ်တာ၊ မောတာ၊ ရင်ဘတ်ထဲက ရွှီရွှီသံမြည်နေတာမျိုးဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါလိမ့်မယ်။

Author: Dr.Yee Mon

Previous Post

အသည်းရောင် စီပိုးရှိသူတွေ ဆောင်ရန်၊ ရှောင်ရန်အချက်များ

Next Post

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
820
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

မိုးရာသီမှာ အဖြစ်များတဲ့ရောဂါလက္ခဏာများ

မယ်လတိုနင်ဆိုတာ ဘာလဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.