fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အဆုတ်ကင်ဆာ

116
VIEWS
Share on FacebookShare on TwitterShare on Linkedin
19/07/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

အဆုတ္ကင္ဆာ ဆိုတာလူတိုင္းၾကားဖူးၾကတယ္။ အသက္အ႐ြယ္အားျဖင့္ သုံးဆယ္ေက်ာ္အ႐ြယ္ကစၿပီးျဖစ္ႏိုင္တယ္ အမ်ိဳးသားေတြ ပိုျဖစ္တတ္ေပမယ့္ အမ်ိဳးသမီးေတြမွာလည္းျဖစ္ႏိုင္တယ္။ အဆုတ္ကင္ဆာ ဘာေၾကာင့္ျဖစ္ႏိုင္လဲဆိုရင္ အမ်ားသိၾကတဲ့အတိုင္း ေဆးလိပ္ေသာက္တာမ်ားတာလည္းတစ္ခုအပါအဝင္ျဖစ္ပါတယ္။ တျခားေတြကေတာ့ အလုပ္အကိုင္ေတြေပၚမူတည္တယ္။ေနေရာင္ျခည္ ခဏခဏထိေတြ႕ေနရတဲ့အခါလည္းျဖစ္ႏိုင္တယ္။ အာစင္းနစ္ ခ႐ိုမီယမ္ asbestos စတဲ့ ဓာတ္ေတြနဲ႔ ထိေတြ႕မႈမ်ားေနရင္ ရွဴရႈိက္ေနရရင္လည္းျဖစ္တတ္တယ္။ ဘယ္လိုအလုပ္မ်ိဳးေတြပိုျဖစ္လဲဆိုရင္ အေဆာက္အအုံေဆာက္လုပ္တာမွာ မီးဒဏ္ခံႏိုင္ဖို႔ လုပ္ရတဲ့အခါေတြ လွ်ပ္စစ္ဝါယာႀကိဳးေတြ လုပ္ရတဲ့အခါေတြမွာ ျဖစ္ႏိုင္ပါတယ္။

အဆုတ္ကင္ဆာမွာမွ အမ်ိဳးအစားေတြ ထပ္ၿပီးခြဲထားပါတယ္။ အဆုတ္ကင္ဆာျဖစ္ၿပီဆိုတာနဲ႔ ေဆးကုသမႈအတြက္ အမ်ိဳးအစားကို ထပ္ၿပီး ရွာႏိုင္ရင္ပိုေကာင္းပါတယ္။ ကင္ဆာကုလို႔လြယ္မလြယ္ လည္း သိႏိုင္ပါတယ္။ အဆုတ္ကင္ဆာျဖစ္တဲ့သူေတြမွာ အဓိက ေခ်ာင္းဆိုးပါတယ္။ ေခ်ာင္းဆိုးတာကေနတဆင့္ ေသြးပါတာေတြျဖစ္တတ္တယ္။ အၿမဲေတာ့ပါခ်င္မွပါမယ္။ အက်ိတ္က ေလႁပြန္နဲ႔နီးမွပဲ ပါႏိုင္တယ္။ ေမာတာ ရင္ဘတ္ေအာင့္တာေတြ လည္း ျဖစ္တတ္တယ္။ ေခ်ာင္းစဆိုး႐ုံနဲ႔ေတာ့ ဘယ္သူမွ စၿပီးသတိမထားမိၾကပါဘူး။ ေခ်ာင္းဆိုးနည္းနည္းၾကာလာမွ ဘာလဲဆိုၿပီးျဖစ္ၾကတယ္။ ေသြးပါပါလာၿပီဆိုမွေဆး႐ုံေဆးခန္းသြားဖို႔သတိရတတ္ၾကတယ္။

အဆုတ္ကင္ဆာသမားေတြက တခ်ိဳ႕ ေခ်ာင္းဆိုးတာ နည္းနည္းပါးပါးေမာတာကလြဲၿပီး ဘာလကၡဏာမွ မျပတတ္ၾကဘူး။ အစားအေသာက္လည္း အရမ္းမပ်က္ေသးတဲ့အခါ ကိုယ္ခႏၶာလည္းအရမ္းမက်ေသးတဲ့အခါေတြဆို ကင္ဆာမွန္းေတာင္ မသိၾကဘူး။ စစ္ေဆးလို႔ေတြ႕လိုက္တယ္ဆိုလည္းမယုံတတ္ၾကဘူး။ အဆုတ္ကင္ဆာသမားေတြ အစားအေသာက္ပ်က္တယ္။ ပိန္တတ္တယ္။ ေသြးအားလည္းနည္းလာတယ္။ တေျဖးေျဖးလည္းအေမာမခံႏိုင္ေတာ့ဘူး။ တျခားေနရာေတြလည္းအက်ိတ္ေတြထြက္လာတတ္တယ္။ အ႐ိုးေတြနာတတ္တယ္။ ႂကြက္သားေတြလည္း ေညာင္းေနတတ္တယ္။

အဆုတ္ကင္ဆာက အနီးတဝိုက္ကအစိတ္အပိုင္းေတြကိုလည္းျပန႔္ႏိုင္တယ္။ အက်ိတ္က အနားကအာ႐ုံေၾကာေတြကိုဖိတဲ့အခါ အသံေျပာင္းလာတာ အသံဝင္လာတာေတြ ကိုယ္တစ္ျခမ္းေခြၽးမထြက္တာေတြ ျဖစ္တတ္တယ္။ ေသြးေၾကာေတြကိုဖိတဲ့အခါ မ်က္ႏွာေတြနီတာ အသက္ရွဴမဝတာေတြ ႐ုတ္တရက္ျဖစ္တာေတြ ရွိတတ္တယ္။ ကင္ဆာက ဦးေႏွာက္ အ႐ိုး အသည္း နဲ႔ adrenal gland ေတြကိုျပန႔္တတ္တယ္။ ကင္ဆာျပန႔္တာေပၚမူတည္ၿပီး ဦးေႏွာက္နဲ႔အာ႐ုံေၾကာေတြထိတတ္တယ္။ တက္တာေတြ သတိလစ္တာေတြ ထုံက်င္တာေတြျဖစ္ႏိုင္တယ္။ အသည္းမွာလည္း ကင္ဆာျဖစ္ေစႏိုင္တယ္။ အထိုင္အထမူးတာေတြ ေသြးေပါင္က်တာေတြျဖစ္ႏိုင္တယ္။

အဆုတ္ကင္ဆာအတြက္ဘာေတြစစ္ေဆးရမလဲေပါ့။ ေခ်ာင္းဆိုးတာရွည္တဲ့သူတိုင္းက မျဖစ္မေနေတာ့ ရင္ဘတ္ဓာတ္မွန္႐ိုက္ဖို႔လိုတတ္တယ္။ ကင္ဆာေရာဂါက ရင္ဘတ္ဓာတ္မွန္မွာ ဒါဆိုဒါပဲဆိုတဲ့ပုံေသျပခ်င္မွျပမယ္။ တခ်ိဳ႕ေတြ အေကာင္းအတိုင္းပဲ။ တခ်ိဳ႕အက်ိတ္ေတြ႕တယ္။ တခ်ိဳ႕မွာ အဆုတ္ေရဝိုင္းေနတာေတြ အဆုတ္မွာ မာခဲေနတာေတြ က်ဳံ႔ေနတာေတြ စသျဖင့္အမ်ိဳးမ်ိဳးျဖစ္တတ္တယ္။ ေတြ႕တဲ့အေျဖေပၚမူတည္ၿပီး ထပ္စစ္ေဆးရတယ္။ အက်ိတ္ေတြ႕တဲ့အခါဆိုရင္လည္း အသားစယူႏိုင္ရင္ပိုေကာင္းတယ္။ အရည္ဝိုင္းေနတာဆိုလည္း အရည္ကို စစ္ေပးဖို႔လိုတယ္။ ကင္ဆာအတြက္လိုအပ္လာရင္ CT Scan ေတြ bone scan ေတြပါ႐ိုက္ရတတ္တယ္။

တျခားေနရာမွ ကင္ဆာျဖစ္ၿပီးဘအဆုတိပါျပန႔္ေနတာမ်ိဳးလည္းျဖစ္တတ္တယ္။ ဒါမ်ိဳးေတြမွာေတာ့ ေခ်ာင္းဆိုးေသြးပါသိပ္မျဖစ္တတ္ဘူး။ျဖစ္တဲ့ကင္ဆာေပၚမူတည္ၿပီး ျပန႔္ေနတဲ့ပမာဏေပၚမူတည္ၿပီး ကုသရမယ့္နည္းလမ္းနဲ႔ကုသလို႔လြယ္မလြယ္ၾကည့္ရတယ္။ခြဲလို႔ရတဲ့အဆင့္နဲ႔အမ်ိဳးအစားဆို ခြဲၾကတယ္။ ၿပီးမွ ေဆးသြင္းတာ ဓာတ္ကင္တာေတြ ဆက္လုပ္တယ္။ တခ်ိဳ႕အမ်ိဳးအစားကေတာ့ စသိတည္းက ေနာက္က်ေနတတ္တယ္။ ခြဲစိတ္ဖို႔လည္းသိပ္မလြယ္တတ္ဘူး။ ေဆးသြင္းတာေလာက္ပဲ လုပ္လို႔ရႏိုင္တယ္။

ဘာပဲျဖစ္ျဖစ္ေတာ့အဆုတ္ကင္ဆာက အေသအေပ်ာက္ေတာ့ မ်ားေနတဲ့ကင္ဆာေတြထဲမွာ တစ္ခုအပါအဝင္ပဲရွိပါေသးတယ္။
လုပ္ႏိုင္တဲ့ဘက္ကတားမယ္ဆိုရင္ေတာ့ အဆုတ္ကင္ဆာျဖစ္ေစႏိုင္တဲ့ ေဆးလိပ္ေသာက္ျခင္းကို ေရွာင္ၾကဥ္ဖို႔၊ ကိုယ္တိုင္မေသာက္ေတာင္မွ တဆင့္ခံေဆးလိပ္ေငြ႕ရွဴေနရတဲ့အျဖစ္အပ်က္ေတြကို ေရွာင္ၾကည္ႏိုင္ဖို႔ လိုပါတယ္။

Author: Dr. CST

(Unicode)

အဆုတ်ကင်ဆာ ဆိုတာလူတိုင်းကြားဖူးကြတယ်။ အသက်အရွယ်အားဖြင့် သုံးဆယ်ကျော်အရွယ်ကစပြီးဖြစ်နိုင်တယ် အမျိုးသားတွေ ပိုဖြစ်တတ်ပေမယ့် အမျိုးသမီးတွေမှာလည်းဖြစ်နိုင်တယ်။ အဆုတ်ကင်ဆာ ဘာကြောင့်ဖြစ်နိုင်လဲဆိုရင် အများသိကြတဲ့အတိုင်း ဆေးလိပ်သောက်တာများတာလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ တခြားတွေကတော့ အလုပ်အကိုင်တွေပေါ်မူတည်တယ်။နေရောင်ခြည် ခဏခဏထိတွေ့နေရတဲ့အခါလည်းဖြစ်နိုင်တယ်။ အာစင်းနစ် ခရိုမီယမ် asbestos စတဲ့ ဓာတ်တွေနဲ့ ထိတွေ့မှုများနေရင် ရှူရှိုက်နေရရင်လည်းဖြစ်တတ်တယ်။ ဘယ်လိုအလုပ်မျိုးတွေပိုဖြစ်လဲဆိုရင် အဆောက်အအုံဆောက်လုပ်တာမှာ မီးဒဏ်ခံနိုင်ဖို့ လုပ်ရတဲ့အခါတွေ လျှပ်စစ်ဝါယာကြိုးတွေ လုပ်ရတဲ့အခါတွေမှာ ဖြစ်နိုင်ပါတယ်။

အဆုတ်ကင်ဆာမှာမှ အမျိုးအစားတွေ ထပ်ပြီးခွဲထားပါတယ်။ အဆုတ်ကင်ဆာဖြစ်ပြီဆိုတာနဲ့ ဆေးကုသမှုအတွက် အမျိုးအစားကို ထပ်ပြီး ရှာနိုင်ရင်ပိုကောင်းပါတယ်။ ကင်ဆာကုလို့လွယ်မလွယ် လည်း သိနိုင်ပါတယ်။ အဆုတ်ကင်ဆာဖြစ်တဲ့သူတွေမှာ အဓိက ချောင်းဆိုးပါတယ်။ ချောင်းဆိုးတာကနေတဆင့် သွေးပါတာတွေဖြစ်တတ်တယ်။ အမြဲတော့ပါချင်မှပါမယ်။ အကျိတ်က လေပြွန်နဲ့နီးမှပဲ ပါနိုင်တယ်။ မောတာ ရင်ဘတ်အောင့်တာတွေ လည်း ဖြစ်တတ်တယ်။ ချောင်းစဆိုးရုံနဲ့တော့ ဘယ်သူမှ စပြီးသတိမထားမိကြပါဘူး။ ချောင်းဆိုးနည်းနည်းကြာလာမှ ဘာလဲဆိုပြီးဖြစ်ကြတယ်။ သွေးပါပါလာပြီဆိုမှဆေးရုံဆေးခန်းသွားဖို့သတိရတတ်ကြတယ်။

အဆုတ်ကင်ဆာသမားတွေက တချို့ ချောင်းဆိုးတာ နည်းနည်းပါးပါးမောတာကလွဲပြီး ဘာလက္ခဏာမှ မပြတတ်ကြဘူး။ အစားအသောက်လည်း အရမ်းမပျက်သေးတဲ့အခါ ကိုယ်ခန္ဓာလည်းအရမ်းမကျသေးတဲ့အခါတွေဆို ကင်ဆာမှန်းတောင် မသိကြဘူး။ စစ်ဆေးလို့တွေ့လိုက်တယ်ဆိုလည်းမယုံတတ်ကြဘူး။ အဆုတ်ကင်ဆာသမားတွေ အစားအသောက်ပျက်တယ်။ ပိန်တတ်တယ်။ သွေးအားလည်းနည်းလာတယ်။ တဖြေးဖြေးလည်းအမောမခံနိုင်တော့ဘူး။ တခြားနေရာတွေလည်းအကျိတ်တွေထွက်လာတတ်တယ်။ အရိုးတွေနာတတ်တယ်။ ကြွက်သားတွေလည်း ညောင်းနေတတ်တယ်။

အဆုတ်ကင်ဆာက အနီးတဝိုက်ကအစိတ်အပိုင်းတွေကိုလည်းပြန့်နိုင်တယ်။ အကျိတ်က အနားကအာရုံကြောတွေကိုဖိတဲ့အခါ အသံပြောင်းလာတာ အသံဝင်လာတာတွေ ကိုယ်တစ်ခြမ်းချွေးမထွက်တာတွေ ဖြစ်တတ်တယ်။ သွေးကြောတွေကိုဖိတဲ့အခါ မျက်နှာတွေနီတာ အသက်ရှူမဝတာတွေ ရုတ်တရက်ဖြစ်တာတွေ ရှိတတ်တယ်။ ကင်ဆာက ဦးနှောက် အရိုး အသည်း နဲ့ adrenal gland တွေကိုပြန့်တတ်တယ်။ ကင်ဆာပြန့်တာပေါ်မူတည်ပြီး ဦးနှောက်နဲ့အာရုံကြောတွေထိတတ်တယ်။ တက်တာတွေ သတိလစ်တာတွေ ထုံကျင်တာတွေဖြစ်နိုင်တယ်။ အသည်းမှာလည်း ကင်ဆာဖြစ်စေနိုင်တယ်။ အထိုင်အထမူးတာတွေ သွေးပေါင်ကျတာတွေဖြစ်နိုင်တယ်။

အဆုတ်ကင်ဆာအတွက်ဘာတွေစစ်ဆေးရမလဲပေါ့။ ချောင်းဆိုးတာရှည်တဲ့သူတိုင်းက မဖြစ်မနေတော့ ရင်ဘတ်ဓာတ်မှန်ရိုက်ဖို့လိုတတ်တယ်။ ကင်ဆာရောဂါက ရင်ဘတ်ဓာတ်မှန်မှာ ဒါဆိုဒါပဲဆိုတဲ့ပုံသေပြချင်မှပြမယ်။ တချို့တွေ အကောင်းအတိုင်းပဲ။ တချို့အကျိတ်တွေ့တယ်။ တချို့မှာ အဆုတ်ရေဝိုင်းနေတာတွေ အဆုတ်မှာ မာခဲနေတာတွေ ကျုံ့နေတာတွေ စသဖြင့်အမျိုးမျိုးဖြစ်တတ်တယ်။ တွေ့တဲ့အဖြေပေါ်မူတည်ပြီး ထပ်စစ်ဆေးရတယ်။ အကျိတ်တွေ့တဲ့အခါဆိုရင်လည်း အသားစယူနိုင်ရင်ပိုကောင်းတယ်။ အရည်ဝိုင်းနေတာဆိုလည်း အရည်ကို စစ်ပေးဖို့လိုတယ်။ ကင်ဆာအတွက်လိုအပ်လာရင် CT Scan တွေ bone scan တွေပါရိုက်ရတတ်တယ်။

တခြားနေရာမှ ကင်ဆာဖြစ်ပြီးဘအဆုတိပါပြန့်နေတာမျိုးလည်းဖြစ်တတ်တယ်။ ဒါမျိုးတွေမှာတော့ ချောင်းဆိုးသွေးပါသိပ်မဖြစ်တတ်ဘူး။ဖြစ်တဲ့ကင်ဆာပေါ်မူတည်ပြီး ပြန့်နေတဲ့ပမာဏပေါ်မူတည်ပြီး ကုသရမယ့်နည်းလမ်းနဲ့ကုသလို့လွယ်မလွယ်ကြည့်ရတယ်။ခွဲလို့ရတဲ့အဆင့်နဲ့အမျိုးအစားဆို ခွဲကြတယ်။ ပြီးမှ ဆေးသွင်းတာ ဓာတ်ကင်တာတွေ ဆက်လုပ်တယ်။ တချို့အမျိုးအစားကတော့ စသိတည်းက နောက်ကျနေတတ်တယ်။ ခွဲစိတ်ဖို့လည်းသိပ်မလွယ်တတ်ဘူး။ ဆေးသွင်းတာလောက်ပဲ လုပ်လို့ရနိုင်တယ်။

ဘာပဲဖြစ်ဖြစ်တော့အဆုတ်ကင်ဆာက အသေအပျောက်တော့ များနေတဲ့ကင်ဆာတွေထဲမှာ တစ်ခုအပါအဝင်ပဲရှိပါသေးတယ်။
လုပ်နိုင်တဲ့ဘက်ကတားမယ်ဆိုရင်တော့ အဆုတ်ကင်ဆာဖြစ်စေနိုင်တဲ့ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ဖို့၊ ကိုယ်တိုင်မသောက်တောင်မှ တဆင့်ခံဆေးလိပ်ငွေ့ရှူနေရတဲ့အဖြစ်အပျက်တွေကို ရှောင်ကြည်နိုင်ဖို့ လိုပါတယ်။

Author: Dr. CST

Previous Post

ကိုယ်ဝန် ရှိ ၊မရှိ ဘယ်လို စစ်ကြမယ်

Next Post

အရေးအကြောင်းကင်းတဲ့ အလှမျက်နှာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
856
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
845
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အရေးအကြောင်းကင်းတဲ့ အလှမျက်နှာ

ရေကျောက်

မိခင်နို့ချိုတိုက်ကျွေးခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.