fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အသည်းရောင်အသားဝါရောဂါ

186
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/06/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

အသည္းေရာင္အသားဝါေရာဂါ ကိုျဖစ္ေစတဲ့ ေရာဂါပိုးအမ်ိဳးမ်ိဳးရွိပါတယ္။ ကူးစက္ပုံကလည္း တစ္ခုနဲ႔တစ္ခု မတူၾကပါဘူး။ ဒါေပမယ့္ အသည္းေရာင္ အသားဝါ ဘီပိုးနဲ႔ စီပိုးကေတာ့ အႏၲရာယ္အေပးႏိုင္ဆုံး ေရာဂါေတြထဲမွာ ပါဝင္ၿပီး အျဖစ္အမ်ားဆုံးအသည္းေရာဂါဆိုလည္း မမွားပါဘူး။ အခုဆိုရင္ အသည္းေရာင္အသားဝါေရာဂါပိုး ကူးစက္ခံရသူဟာ တစ္ကမာၻလုံးမွာဆိုရင္ လူဦးေရ သန္း ၄၀၀ ခန႔္ရွိၿပီး ႏွစ္စဥ္ႏွစ္တိုင္းမွာလည္း လူသန္းေပါင္း ၆ သန္းကေန ၁၀ သန္းထိအသားေရာင္အသားဝါေရာဂါပိုးကို ကူးစက္ခံေနရပါတယ္။

ေရာဂါပိုးကူးစက္ခံရသူရဲ႕ ၉၅% ခန႔္ဟာ သူတို႔ကိုယ္သူတို႔ ကူးစက္ခံေနရမွန္းမသိပါဘူး။ အသည္းေရာင္အသားဝါ ဘီပိုးေၾကာင့္ နာတာရွည္ အသည္းေရာင္ေဝဒနာကို ခံစားေနရတဲ့လူ ၂၀% ေလာက္ဟာ အသည္းေျခာက္ျခင္း ၊ အသည္းကင္ဆာျဖစ္ျခင္း စတဲ့ အသက္အႏၲရာယ္ကို ထိပါးေစႏိုင္ေလာက္တဲ့ထိ ျပင္းထန္တဲ့ ေနာက္ဆက္တြဲေတြ ျဖစ္ေစပါတယ္။ ဒါေၾကာင့္ ကမာၻ႔က်န္းမာေရး အဖြဲ႕အစည္း WHO အေနနဲ႔ ဒီေရာဂါကို သတိျပဳမိေစႏိုင္ဖို႔အတြက္ ဇြန္လ ၂၈ ရက္ေန႔ကို ကမာၻ႔အသည္းေရာင္အသားဝါေန႔ဆိုၿပီး သတ္မွတ္ခဲ့ပါတယ္။

ဒါ့အျပင္ ၂၀၃၀ ခုႏွစ္မွာ အသည္းေရာင္အသားဝါ ေရာဂါကူးစက္မႈ ၉၀ % အထိေလ်ာ့ခ်ဖို႔ ၊ ဒီေရာဂါေၾကာင့္ အသည္းပ်က္စီးၿပီး ေသဆုံးမႈ ကို ၆၅% အထိေလ်ာ့ခ်ႏိုင္ဖို႔ကို ရည္မွန္းၿပီး စီမံကိန္းမ်ားကို ျပဳလုပ္လွ်က္ရွိပါတယ္။ ၂၀၁၅ ခုႏွစ္ စစ္တမ္းမ်ားအရ အသည္းေရာင္အသားဝါပိုးေၾကာင့္ လူသန္းေပါင္း ၁.၃၄ သန္းခန႔္ အသက္ဆုံးရႈံးမႈမ်ားျဖစ္ေပၚ ၿပီး သန္းေပါင္းမ်ားစြာဟာ အသည္းပ်က္စီးမႈမ်ားကို ေတြ႕ႀကဳံခံစားေနရပါတယ္။ ကာကြယ္ျခင္းဟာ အေကာင္းဆုံးကုသျခင္း နည္းလမ္းျဖစ္ပါတယ္။ အသည္းေရာင္အသားဝါ ဘီပိုးကို ကာကြယ္ေဆးထိုးၿပီး ႀကိဳတင္ကာကြယ္လို႔ ရပါတယ္။ အသည္းေရာင္အသားဝါ ဘီပိုးဟာ လူတိုင္းကို ကူးစက္ႏိုင္ပါတယ္။ အသက္ ၅ ႏွစ္နဲ႔ ၁၅ ႏွစ္အ႐ြယ္ေတြမွာ ကူးစက္ခံရမႈပိုမ်ားတတ္ပါတယ္။

ကေလးငယ္မ်ားကို ေမြးေမြးခ်င္းကာကြယ္ေဆးထိုးေပးထားျခင္းျဖင့္ ၅ ႏွစ္အ႐ြယ္မွာ ကူးစက္မႈႏႈန္းကို ေလ်ာ့ခ်ေပးႏိုင္ပါတယ္။ ဒါ့အျပင္ ကာကြယ္ေဆးထိုးေပးျခင္းျဖင့္ ေရာဂါပိုးရွိသူ မိခင္မွ ကေလးကူးစက္မႈကို သုညရာခိုင္ႏႈန္းကေန ၂၀ ရာခိုင္ႏႈန္းေလာက္ထိကို ကာကြယ္ေပးႏိုင္ပါတယ္။ လူႀကီးေတြမွာလည္း ကာကြယ္ေဆးေတြထိုးၿပီး ဒီေရာဂါဆိုးကို ကာကြယ္လို႔ ရေနပါၿပီ။ ဒါေပမယ့္ ကာကြယ္ေဆးထိုးျခင္းကို ကမာၻ႔လူဦးေရ ၂၀% ခန႔္သာ ရရွိပါေသးတယ္။ ဒီေရာဂါပိုးေတြရဲ႕ ကူးစက္ႏိုင္တဲ့ အေျခအေနေတြကို သိတယ္ဆိုရင္ လည္း ႀကိဳတင္ကာကြယ္မႈေတြျပဳလုပ္ႏိုင္ၾကမွာပါ။ ေရာဂါပိုးရွိသူ၏ ေသြးကို သြင္းမိျခင္း ၊ အကာအကြယ္မဲ့ လိင္ဆက္ဆံျခင္း ၊ မသန႔္ရွင္းေသာ ေဆးထိုးအပ္မ်ားမွ တဆင့္ေသာ္လည္းေကာင္း ၊ ေရာဂါပိုးရွိေသာ အေမမွ ကေလးသို႔ လည္းေကာင္း ကူးစက္ႏိုင္ပါတယ္။ ေရာဂါ ကူးစက္ခံရတဲ့ အခ်ိန္မွာလည္း လကၡဏာ ထူးထူးျခားျခားျပသေလ့မရွိတတ္ပါဘူး။

အခ်ိဳ႕လူေတြမွာေတာ့ မ်က္စိဝါျခင္း ၊ ကိုယ္လက္မအီမသာျဖစ္ျခင္းမ်ားကို ခဏတာ ခံစားရတာမ်ိဳးျဖစ္တတ္ပါတယ္။ ဒီေရာဂါဟာ ကူးစက္ခံေနရတာလည္းမသိ ျဖစ္ေနမွန္းလည္းမသိဘဲ အသည္းအရမ္း ပ်က္စီးမွသိတာမ်ိဳး ၊ အသည္းကင္ဆာျဖစ္မွ သိတာမ်ိဳးေတြ ျဖစ္ေလ့ရွိပါတယ္။ ဒါေၾကာင့္ မိမိက်န္းမာေနတယ္ ဆိုၿပီးလည္း မေပါ့ဆသင့္ပါဘူး။ ပိုးရွိမရွိစစ္ေဆးၿပီး ကာကြယ္ေဆးထိုးတာမ်ိဳးေတြ လုပ္သင့္ပါတယ္လို႔ တိုက္တြန္းရင္း ဒီေဆာင္းပါးေလးကို နိဂုံးခ်ဳပ္လိုက္ပါတယ္။ Author ; Dr.ေမ

(Unicode)

အသည်းရောင်အသားဝါရောဂါ ကိုဖြစ်စေတဲ့ ရောဂါပိုးအမျိုးမျိုးရှိပါတယ်။ ကူးစက်ပုံကလည်း တစ်ခုနဲ့တစ်ခု မတူကြပါဘူး။ ဒါပေမယ့် အသည်းရောင် အသားဝါ ဘီပိုးနဲ့ စီပိုးကတော့ အန္တရာယ်အပေးနိုင်ဆုံး ရောဂါတွေထဲမှာ ပါဝင်ပြီး အဖြစ်အများဆုံးအသည်းရောဂါဆိုလည်း မမှားပါဘူး။

အခုဆိုရင် အသည်းရောင်အသားဝါရောဂါပိုး ကူးစက်ခံရသူဟာ တစ်ကမ္ဘာလုံးမှာဆိုရင် လူဦးရေ သန်း ၄၀၀ ခန့်ရှိပြီး နှစ်စဉ်နှစ်တိုင်းမှာလည်း လူသန်းပေါင်း ၆ သန်းကနေ ၁၀ သန်းထိအသားရောင်အသားဝါရောဂါပိုးကို ကူးစက်ခံနေရပါတယ်။ ရောဂါပိုးကူးစက်ခံရသူရဲ့ ၉၅% ခန့်ဟာ သူတို့ကိုယ်သူတို့ ကူးစက်ခံနေရမှန်းမသိပါဘူး။ အသည်းရောင်အသားဝါ ဘီပိုးကြောင့် နာတာရှည် အသည်းရောင်ဝေဒနာကို ခံစားနေရတဲ့လူ ၂၀% လောက်ဟာ အသည်းခြောက်ခြင်း ၊ အသည်းကင်ဆာဖြစ်ခြင်း စတဲ့ အသက်အန္တရာယ်ကို ထိပါးစေနိုင်လောက်တဲ့ထိ ပြင်းထန်တဲ့ နောက်ဆက်တွဲတွေ ဖြစ်စေပါတယ်။

ဒါကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO အနေနဲ့ ဒီရောဂါကို သတိပြုမိစေနိုင်ဖို့အတွက် ဇွန်လ ၂၈ ရက်နေ့ကို ကမ္ဘာ့အသည်းရောင်အသားဝါနေ့ဆိုပြီး သတ်မှတ်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၃၀ ခုနှစ်မှာ အသည်းရောင်အသားဝါ ရောဂါကူးစက်မှု ၉၀ % အထိလျော့ချဖို့ ၊ ဒီရောဂါကြောင့် အသည်းပျက်စီးပြီး သေဆုံးမှု ကို ၆၅% အထိလျော့ချနိုင်ဖို့ကို ရည်မှန်းပြီး စီမံကိန်းများကို ပြုလုပ်လျှက်ရှိပါတယ်။

၂၀၁၅ ခုနှစ် စစ်တမ်းများအရ အသည်းရောင်အသားဝါပိုးကြောင့် လူသန်းပေါင်း ၁.၃၄ သန်းခန့် အသက်ဆုံးရှုံးမှုများဖြစ်ပေါ် ပြီး သန်းပေါင်းများစွာဟာ အသည်းပျက်စီးမှုများကို တွေ့ကြုံခံစားနေရပါတယ်။ ကာကွယ်ခြင်းဟာ အကောင်းဆုံးကုသခြင်း နည်းလမ်းဖြစ်ပါတယ်။ အသည်းရောင်အသားဝါ ဘီပိုးကို ကာကွယ်ဆေးထိုးပြီး ကြိုတင်ကာကွယ်လို့ ရပါတယ်။ အသည်းရောင်အသားဝါ ဘီပိုးဟာ လူတိုင်းကို ကူးစက်နိုင်ပါတယ်။ အသက် ၅ နှစ်နဲ့ ၁၅ နှစ်အရွယ်တွေမှာ ကူးစက်ခံရမှုပိုများတတ်ပါတယ်။ ကလေးငယ်များကို မွေးမွေးချင်းကာကွယ်ဆေးထိုးပေးထားခြင်းဖြင့် ၅ နှစ်အရွယ်မှာ ကူးစက်မှုနှုန်းကို လျော့ချပေးနိုင်ပါတယ်။

ဒါ့အပြင် ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ရောဂါပိုးရှိသူ မိခင်မှ ကလေးကူးစက်မှုကို သုညရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းလောက်ထိကို ကာကွယ်ပေးနိုင်ပါတယ်။ လူကြီးတွေမှာလည်း ကာကွယ်ဆေးတွေထိုးပြီး ဒီရောဂါဆိုးကို ကာကွယ်လို့ ရနေပါပြီ။ ဒါပေမယ့် ကာကွယ်ဆေးထိုးခြင်းကို ကမ္ဘာ့လူဦးရေ ၂၀% ခန့်သာ ရရှိပါသေးတယ်။ ဒီရောဂါပိုးတွေရဲ့ ကူးစက်နိုင်တဲ့ အခြေအနေတွေကို သိတယ်ဆိုရင် လည်း ကြိုတင်ကာကွယ်မှုတွေပြုလုပ်နိုင်ကြမှာပါ။

ရောဂါပိုးရှိသူ၏ သွေးကို သွင်းမိခြင်း ၊ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း ၊ မသန့်ရှင်းသော ဆေးထိုးအပ်များမှ တဆင့်သော်လည်းကောင်း ၊ ရောဂါပိုးရှိသော အမေမှ ကလေးသို့ လည်းကောင်း ကူးစက်နိုင်ပါတယ်။ ရောဂါ ကူးစက်ခံရတဲ့ အချိန်မှာလည်း လက္ခဏာ ထူးထူးခြားခြားပြသလေ့မရှိတတ်ပါဘူး။

အချို့လူတွေမှာတော့ မျက်စိဝါခြင်း ၊ ကိုယ်လက်မအီမသာဖြစ်ခြင်းများကို ခဏတာ ခံစားရတာမျိုးဖြစ်တတ်ပါတယ်။ ဒီရောဂါဟာ ကူးစက်ခံနေရတာလည်းမသိ ဖြစ်နေမှန်းလည်းမသိဘဲ အသည်းအရမ်း ပျက်စီးမှသိတာမျိုး ၊ အသည်းကင်ဆာဖြစ်မှ သိတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် မိမိကျန်းမာနေတယ် ဆိုပြီးလည်း မပေါ့ဆသင့်ပါဘူး။ ပိုးရှိမရှိစစ်ဆေးပြီး ကာကွယ်ဆေးထိုးတာမျိုးတွေ လုပ်သင့်ပါတယ်လို့ တိုက်တွန်းရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါတယ်။

Author ; Dr.မေ

Previous Post

မြီးကောင်ပေါက်အရွယ်တို့သဘာဝ

Next Post

ဆန္ဒလျော့နည်းခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
876
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
850
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.4k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆန္ဒလျော့နည်းခြင်း

ပျိုမေတို့ မျက်ခုံမို့မှောက်ခြင်း

နေ့တိုင်းသင့်ကျောက်ကပ်အားဖျက်စီးနေသော အကျင့်ဆိုး(၈)ချက်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.