သွေးဆိပ်တက်ခြင်း
သွေးဆိပ်တက်ခြင်းကို ကျွန်ုပ်တို့အားလူံး ကြားဖူးကြမှာပါ။ သွေးဆိပ်တက်ခြင်းသည် ပိုးဆိပ်တက်ခြင်းပင် ဖြစ်ပါတယ်။ ပိုးဆိပ်တက်ခြင်းသည် အသက်ဆုံးရူံးနိုင်သော အခြေအနေဆိုးပင်ဖြစ်ပါတယ်။
သွေး၊ ဆီး၊ အဆုတ်၊ အရေပြား၊ အသားအတွင်းသို့ ရောဂါပိုး ကူးစက်ဝင်ရောက် ပျံနှံ့ခြင်းမှစ၍ ကိုယ်ခန္ဓာတစ်ခုလုံး ပိုးဆိပ်တက်ရောင်ရဲခြင်း ဖြစ်ပွားခြင်းဖြစ်ပါတယ်။
ရောဂါပိုးဝင်ရောက်လာလျှင် ကိုယ်ခန္ဓာမှ ခုခံတားဆီးကာ တုံပြန်တတ်ပါတယ်။ ၎င်းမှတဆင့် ကိုယ်တွင်းအင်္ဂါများ ပျက်ဆီးတတ်ပြီး သေချာမကုသလျှင် သေဆုံးတတ်ပါတယ်။ သွေးဆိပ်တက်ခြင်းသည် သွေးထဲအဆိပ်ရှိခြင်းမဟုတ်ပါ ပိုးရှိခြင်းဖြစ်ပါတယ်။
သွေးဆိပ်တက်သော လက္ခဏာများမှာ
(၁) အဖျားကြီးခြင်း
(၂) ချမ်းတုန်ခြင်း
(၃) နှလုံးခုန်မြန်ခြင်း
(၄) အနီရောင်အကွက်ထခြင်း
(၅) ခြေဆစ်လက်ဆစ်နာကျင်ခြင်း
(၆) သတိမကောင်းတော့ခြင်း
(၇) ပျို့အန်ခြင်းစသည့် အကြောင်းများမှတဆင့် ပိုးပျံ့နှံ့ပြီး သွေးဖြူဥများခြင်း၊ ကိုယ်ခန္ဓာ တစ်ခုလုံးရောင်ရဲခြင်း၊ သွေးပေါင်ကျခြင်း၊ ကိုယ်တွင်းကလီစာများ အလုပ်မလုပ်တော့ခြင်း၊ အသက်ရူဖို့ခက်ခဲခြင်းစသည်ပြဿနာများဖြင့် ရင်ဆိုင်ကြရပါတယ်။
ပိုးဝင်ခဲ့လျှင် ကိုယ်ခန္ဓာ မှရောင်ရမ်းအားဖြင့် တုံပြန်တတ်ပါတယ်။ သွေးဖြူဥများက ထိုနေရာရှိပိုးကို ဖျက်ဆီးပြီး မပျံ့ပွားအောင် ကာကွယ်ပေးပါတယ်။ ပြင်းထန်သော ပိုးကူးစက်ခံရလျှင် သွေးမှတဆင့် တစ်ကိုယ်လုံးပျံ့နှံ့ပြီး ပိုးဆိပ်တက်ခြင်း ဖြစ်ပွားပါတယ်။ သွေးဆိပ်တက်ခြင်းဖြစ်နိုင်သော ရောဂါပိုးကူးစက်မှုများမှာ အောက်ပါရောဂါများဖြစ်ပါတယ်။
၁) တုပ်ကွေးရောဂါ
၂) ဆီးလမ်းကြောင်းပိုးဝင်ခြင်း
၃) အကြောဆေးသွင်းသော နေရာများမှတဆင့်
၄) အရေပြားအနာများ
၅) ခွဲစိတ်ပြီးနောက်ပိုးဝင်ခြင်း
၆) ဦးနှောက်အမြှေးပါးရောင်ခြင်း
၇) ကိုယ်ဝန်ဖျက်ချခြင်း စသည်တို့ဖြစ်ပါတယ်။
သွေးဆိပ်တက်ခြင်း လက္ခဏာများကို စောင့်ကြည့်ပြီး သွေးမှတဆင့် ပိုးကို မွေးမြူ၍ ရောဂါရှာဖွေရပါတယ်။ ဆေးရုံတက်ကုသဖို့ လိုအပ်ပါတယ်။ ပိုးဆိပ်တက်ပြီး ကိုယ်တွင်းအင်္ဂါများအလုပ်မလုပ်တော့ခြင်းကို ကြိုတင်ကာကွယ် ကုသရပါမယ်။ သွေးဆိပ်တက်ခြင်းကို သင့်တော်သေ ာပိုးသတ်ဆေးအကြောထဲရက်ပြည့် သွင်းခြင်းဖြင့် ကုသမူခံယူရပါမယ်။
အခြားသောကုသမူဖြစ်သည့် သွေးသွင်းခြင်း၊ ကျောက်ကပ်ဆေးခြင်းစသည်ဖြင့် ကုသရပါတယ်။ ပြင်းထန်သော ပိုးဆိပ်ပျံ့နှံ့မူဖြစ်ခဲ့လျှင် ရက်ပေါင်း ၃၀ အတွင်း သေဆုံးမူရာခိုင်နူန်း ၂၀ – ၃၀ ရာခိုင်ႏႈန်းရှိပါတယ်။ ဒါကြောင့် သေချာဆေးရုံတက်ကုသဖို့ အလွန်အရေးကြီးပါတယ်။
Dr.ပြည့်ရှင်း