ပုံမှန်ကျန်းမာတဲ့ လူတစ်ယောက်မှာဆို ဘတ်တီးရီးယားပိုးတွေဟာ ကျင်ချောင်းရဲ့ အောက်ပိုင်းမှာ ရှိတတ်ကြပါတယ်။ ကျန်တဲ့ ဆီးလမ်းကြောင်းတွေကတော့ ပိုသန့်ကြပါတယ်။
ဆီးလမ်းကြောင်း ပိုးဝင်တာဟာ အမျိုးသမီးတွေမှာ ၅၀ ရာခိုင်နှုန်းလောက် ဖြစ်တတ်ကြပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းခံးစားရနိုင်ချေက အသက် ၂၀ လောက်ဆို သုံးရာခိုင်နှုန်းလောက်က စခံစားရတတ်ပါတယ်။ ယောကျာ်းလေးတွေမှာက သိပ်မတွေ့ရပေ။ သူတို့က ဖြစ်တတ်ချိန်ကတော့ အသက်တစ်နှစ်အရွယ်နဲ့ အသက် ၆၀ အရွယ်တွေမှာဘဲ ဖြစ်တတ်ပါတယ်။ ဒါဟာလည်း ဆီးကြိတ်ကြီးပြီး ဆီးလမ်းကြောင်းပိတ်သွားလို့ပါ။ အမျိုးသမီးတွေမှာကျ ဆီးအိမ်ကထွက်လာတဲ့ ဆီးလမ်းကြောင်းဟာ တိုပါတယ်။ နောက်ပြီးဘတ်တီးရီးယားသတ်နိုင်တဲ့ ဆီးကြိတ်က ထွက်တဲ့ အရည်တစ်မျိုး မရှိတဲ့အတွက် ပိုဖြစ်တတ်ပါတယ်။
ဆီးလမ်းကြောင်းထဲ ဘယ်လိုအခြေအနေကြောင့် ပိုးဝင်နိုင်လဲဆိုရင် ဆီးအိမ်ထဲက ဆီးအကုန် မစင်နိုင်သော အခြေအနေဖြစ်တဲ့ ဆီးလမ်းကြောင်းကျဉ်းခြင်း၊ အာရုံကြောဆိုင်ရာ ချို့ယွင်းခြင်း၊ သားဖွားမီးယပ် ဆိုင်ရာရောဂါ (ဥပမာ- သားအိမ်ကျွံကျခြင်း) ကြောင့် ဖြစ်နိုင်သလို ပြင်ပက ပစ္စည်းထည့်ထားခြင်း (ဥပမာ- ဆီးပိုက်ရှည်ကြာစွာ ထည့်ထားခြင်း၊ ဆီးလမ်းကြောင်း ပိုက်ထည့်ထားခြင်) ဖြစ်နိုင်သလို ဆီးချိုသမားနဲ့ သွေးဆုံး သော အမျိုးသမီးတွေမှာ ခုခံအားကျဆင်းကာ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ပါသည်။
ဆီးလမ်းကြောင်းပိုးဝင်ခြင်းမှာမှ ငါးမျိုးရှိပါတယ်။ တစ်ခုက လက္ခဏာ မပြဘဲ ဆီးတွင်းပိုးရှိခြင်း၊ နောက်တစ်ခုက လက္ခဏာပြသော ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ နောက်တစ်ခုက လတ်တလော ကျောက်ကပ် ရောင်ခြင်း၊ နောက်တစ်ခုက ဆီးကြိတ်ရောင်ခြင်းနဲ့ နောက်ဆုံးတစ်ခုက သွေးတွင်းပိုးဝင်ခြင်းတွေပါ။
ဆီးလမ်းကြောင်း ပိုးဝင်ကာ ဆီးအိမ်နဲ့ ဆီးအိမ်မှထွက်လာသော ပြွန်ချောင်းရောင်တဲ့အခါမှာ လူနာက ဘယ်လိုလက္ခဏာတွေ ခံစားရမလဲဆိုရင် ခဏ ခဏ ဆီးသွားခြင်း၊ ဆီးမထိန်းနိုင်ဖြစ်ခြင်း၊ ဆီးသွားလျှင် နာကျင်ခြင်း၊ ဆီးသွားပြီးတိုင်း ဆီးခုံအပေါ်ပိုင်းမှ နာကျင်မယ်။ ဆီးသွားပြီးလျှင် မဝခြင်း ဆီးအရောာင်ဟာလည်း နောက်နေပါမယ်။ အနံ့အသက်လည်း မကောင်းပေ။ ဆီးထဲမှာတောင် သွေးပါလာနိုင်ပါတယ်။ ဆီးလမ်းကြောင်း ဆိုင်ရာ လက္ခဏာနဲ့ အတူလူနာဟာ ဖျားမယ်။ ချမ်းတုန်မယ်။ အန်မယ်။ သွေးပေါင်ကျမယ်။ ဆီးလမ်းကြောင်း ပိုးဝင်တာဟာ ဘာနဲ့မှားတတ်လဲဆိုရင် STG လို့ခေါ်တဲ့ ကာလသားပိုးဝင်ခြင်းနဲ့လည်း မှားတတ်ပါတယ်။ ဆီးလမ်းကြောင်းထဲ ပိုးဝင်ကြောင်း သေချာအောင် ဆီးစစ်ရပါမယ်။ အလွယ်ကူဆုံးက Dipaticls လို့ခေါ်တဲ့ ဆီးစစ်တံပါ။ အဲဒီမှာ နိုက်ထရိုက်ဓတ်၊ အချိုဓာတ်သိနိုင်ပါတယ်။ ဆီးကို အနုကြည့်မှန်ပြောင်းကြည့့်ပြီး ပိုးရှိမရှိ သွေးဖြူဥရှိမရှိ သိနိုင်ပါတယ်။ ဆီးပိုးမွေးလို့ရပါတယ်။ ကလေးတွေ၊ နောက်ပြီး အဖျားဝင်နေတဲ့ လူနာတွေ အတွက်ဆိုရင်တော့ သွေးစစ်လို့ရပါတယ်။ ယောကျာ်း၊ မိန်းမ၊ ကလေး၊ ခဏ ခဏဖြစ်နေတဲ့ လူနာတွေအတွက် ကျတော့ ဆီးလမ်းကြောင်း အာထရာဆောင်း၊ ကွန်ပျူတာ ဓာတ်မှန်ရိုက်သင့်ပါတယ်။ အမျိုးသမီးတွေမှာဆို ညှပ်ရိုးကွင်းတွေကိုပါ စမ်းသပ်သင့်သလို၊ ယောကျာ်းတွေမှာဆို စအိုလမ်းကြောင်း စမ်းသပ်သင့် ပါတယ်။ ဆီးလမ်းကြောင်းထဲကနေ သွေးပါ ပါလာရင်တော့ မှန်ပြောင်းကြည့်သင့်ပါတယ်။
ဆီးလမ်းကြောင်း ပိုးဝင်ရင် ပေးရမဲ့ ဆေးကတော့ ပိုးသတ်ဆေးပါ။ ဆီးတွင်းသွေးတွင်း ပိုးမွေးထားတဲ့ အဖြေကို စောင့်မနေဘဲ ပိုးသတ်ဆေးစတိုက်သင့်ပါတယ်။ ဆီးလမ်းကြောင်း အပေါ်ပိုင်းထဲပိုးဝင်လျှင် ပထမဆုံး ပေးတဲ့ ဆေးကတော့ Trimethoprim ပါ။ တစ်နေ့ငါးကြိမ် သောက်ရပါမယ်။ ဒုတိယသောက်သင့်တဲ့ ဆေးတွေ က amoxicillin တို့၊ co-amoxiclav တို့၊ Cifran တို့ သောက်သင့်ပါတယ်။ ဆေးတွေကို အမျိုးသမီးတွေဆို သုံးရက်လောက်သောက်သင့်ပါတယ်။ ယောကျာ်းတွေဆို ဆယ်ရက်လောက် သောက်သင့်ပါတယ်။
နောက်ထပ်မဖြစ်အောင် ကြိုတင်ကာကွယ်ချင်ရင်တော့ Trimethoprim ဆေးတွေကို ညအိပ်မှသာ နေ့တိုင်းဆက်သောက်သွားလို့ ရပါတယ်။
ဆီးလမ်းကြောင်း အောက်ပိုင်းဝင်ရင်တော့ ပထမဆုံး ပေးတာတော့ co-amoxiclav ပါ။ တစ်နေ့ သုံးကြိမ်လောက် သောက်သင့်ပါတယ်။ ၁၀ ရက်လောက် ဆက်သောက်ရပါမယ်။
အမျိုးသားတွေ ရွှေဥရောင်ယောင်တယ် ဆိုရင်တော့ Cifran ကို တစ်နေ့ နှစ်ကြိမ်နဲ့ နှစ်ပတ်သောက် သင့်ပါတယ်။ ဆီးကြိတ်ရောင်ရင်တော့ Trimethoprim နဲ့ Cifran ကို တစ်နေ့ နှစ်ကြိမ်နဲ့ သုံပတ်လောက် သောက်သင့်ပါတယ်။
ပိုးသတ်ဆေး သောက်တာအပြင် နောက်ထပ်လုပ်ရမဲ့ တစ်ခုက ရေသောက်ပေးရမယ်။ တစ်နေ့ကို နှစ်လီတာလောက် သောက်ပေးရပါမယ်။ ဆီးလမ်းကြောင်းထဲ ပိုးဝင်တာဆိုရင်တော့ လိုအပ်ရင် ထိုးဆေးထိုး သင့်ပါတယ်။
AUTHOR – ဒေါက်တာဇွဲကောင်းချစ်
Credit to Health Care Journal (Vol-7, No-27)