fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

နှလုံးပိုးဝင်ရောင်ရမ်းခြင်း

Woman is clutching her chest, acute pain possible heart attack

Woman is clutching her chest, acute pain possible heart attack

145
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/08/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

ႏွလုံးပိုးဝင္ေရာင္ရမ္းျခင္းဆိုသည္မွာ ႏွလုံးမွာရွိေသာ အဆို႔ရွင္မ်ား၊ ႏွလုံးအတြင္းလႊာ၊ ႏွလုံးအခန္းတစ္ခုနဲ႔တစ္ခုျခားထားေသာအလႊာပ်က္ေနေသာေနရာ စသည္တို႔တြင္ ပိုးဝင္ၿပီး ႏွလုံးေရာင္ျခင္းျဖစ္သည္။ ဝင္တဲ့ပိုးအမ်ားစုကေတာ့ ဘက္တီးရီးယားအုပ္စုျဖစ္ပါတယ္။တျခား Rickettsiaeတို႔ Fungi တို႔ Chlamydia အုပ္စုေတြလည္း ဝင္ႏိုင္ပါတယ္။

ဒီပိုးေတြကအျပင္မွာရွိေနရာကေန ဘယ္လိုဝင္လာတာလဲ။
စားတာ၊ ေသာက္တာ၊ အေရျပားမွာ ထိခိုက္ရွနာရတာ
သြားက်န္းမာေရးမေကာင္းတာ၊ သြားနဲ႔ခံတြင္းမသန႔္ရွင္းတာ၊ သြားပိုးစားတာ
မသန႔္တဲ့ေနရာမွာသြားႏုတ္တာ၊ သြားစိုက္တာ
တစ္ကိုယ္ေရသန႔္ရွင္းေရးအားနည္းတာ
မူးယစ္ေဆးဝါးကို အေၾကာထဲ မသန႔္ရွင္းတဲ့ အပ္နဲ႔ထိုးသြင္းတာ စတဲ့နည္းေတြနဲ႔ ဝင္ႏိုင္ပါတယ္။

သို႔ေသာ္ ဒီပိုးေတြခႏၵာကိုယ္ထဲဝင္တိုင္း ႏွလုံးပိုးဝင္ေရာင္ရမ္းျခင္း ျဖစ္လားဆိုေတာ့ မျဖစ္ပါဘူး။ အမ်ားအားျဖင့္ ခႏၵာကိုယ္ထဲကို ပိုးဝင္ရင္ ခႏၵာကိုယ္ခုံခံအားစနစ္ကတိုက္ထုတ္လိုက္ပါတယ္။သို႔ေသာ္ ခုခံအားက်ဆင္းေနသူမ်ား၊ ေမြးရာပါ ႏွလုံးေရာဂါအခံရွိသူမ်ား၊ ေလးဖက္နာပိုးရွိသူမ်ား၊ ႏွလုံးအဆို႔ရွင္ပ်က္စီးေနသူမ်ား ၊ႏွလုံးအဆို႔ရွင္အစားထိုးထားရသူမ်ား တြင္ေတာ့ ပိုးဝင္တဲ့အခါမွာ ႏွလုံးပိုးဝင္ေရာင္ရမ္းျခင္း ျဖစ္တာမ်ားပါတယ္။

ဘယ္လိုလကၡဏာေတြျပလဲ။
အၾကမ္းအားျဖင့္ကေတာ့ ျဖဴဖတ္ျဖဴေရာ္ျဖစ္လာတာ၊ ခ်မ္းတုန္ဖ်ားတာ၊ ညဘက္ေခြၽးေစးထြက္တာ၊
အ႐ိုးအဆစ္နဲ႔ႂကြက္သားေတြနာတာ၊ ပိန္လာတာ၊ အေရျပားမွာ အနီစက္ေပၚတာ၊ မ်က္လုံးအျဖဴသားမွာေသြးကြက္လိုမ်ိဳးေလးေပၚလာတာ မ်က္ခမ္း မွာအနီစက္ေပၚတာ၊ လက္သည္းမွာအနီစက္လိုေပၚတာ၊ အစားအေသာက္စားခ်င္စိတ္နည္းတာေတြပါ။

ပိုဆိုးတဲ့အဆင့္ဆိုရင္ေတာ့
-ဆီးထဲမွာေသြးပါတာ
-ေျခေထာက္ေတြ ေရာင္လာတာ
-ေမာတာ
-ေဘလုံးႀကီးၿပီးဗိုက္နာတာ
-ရင္ဘတ္ကိုနားၾကပ္နဲ႔နားေထာင္လိုက္ရင္ ႏွလုံးခုန္သံေျပာင္းေနတာေတြျဖစ္ႏိုင္ပါတယ္။

ေရာဂါလကၡဏာေတြက တစ္ယာက္နဲ႔တစ္ယာက္မတူႏိုင္ပါဘူး။ ေနာက္ၿပီးအခ်ိန္နဲ႔အမွ်လည္းေျပာင္းလဲႏိုင္ပါတယ္။ တကယ္လို႔ သင္မွာႏွလုံးနဲ႔ပတ္သက္တဲ့ေရာဂါတစ္ခုခုရွိရင္ သို႔မဟုတ္ အရင္ကႏွလုံးခြဲစိတ္ဖူးရင္ တစ္ခုခုထူးျခားမႈရွိတာနဲ႔ ဆရာဝန္နဲ႔ တန္းျပသင့္ပါတယ္။

ဘာေတြစစ္ေဆးရမလဲ
-ေသြးစစ္တာ
-အက္ခိုး႐ိုက္တာ
-အီးစီဂ်ီဆြဲတာ
-ရင္ဘတ္ဓါတ္မွန္႐ိုက္တာ စတာေတြလုပ္ၾကည့္ရပါမယ္။

ဘယ္လိုကုသရမလဲ
ပိုးဝင္တာျဖစ္တဲ့အတြက္ ပိုးေသေဆးေသာက္တာ ထိုးတာေတြကိုလုပ္ရပါတယ္။ေလးပတ္ကေန ေျခာက္ပတ္ေလာက္ထိ ေဆးေသာက္ ေဆးထိုးဖို႔ လိုႏိုင္ပါတယ္။ေနာက္ၿပီးပိုးဝင္တဲ့အရင္းအျမစ္ ရွိေနရင္ ဖယ္ရွားရပါမယ္။ (ဥပမာ သြားပိုးစားတာရွိရင္ သန႔္တဲ့ေဆးခန္းမွာပိုးစားတဲ့သြားကိုႏုတ္တာမ်ိဳး)
ႏွလုံးအဆို႔ရွင္မေကာင္းရင္ မေကာင္းတဲ့အပိုင္းကို ျခစ္ထုပ္တာ သို႔မဟုတ္ လိုအပ္ရင္ တစ္ခုလုံးလဲတာ စသျဖင့္ ခြဲစိတ္မႈလုပ္ဖို႔လည္းလိုႏိုင္ပါတယ္။

ပိုးမဝင္ေအာင္ဘယ္လိုကာကြယ္ရမလဲ
-တစ္ကိုယ္ေရသန႔္ရွင္းေရးလုပ္တာ
-အစာစားၿပီးတိုင္းပလုတ္က်င္းတာ
-သြားေသခ်ာတိုက္တာ လုပ္ပါ။
-မူးယစ္ေဆးဝါးသုံးတာ တက္တူးထိုးတာ နားေဖာက္တာ ေတြေရွာင္ပါ။ႏွလုံးနဲ႔ပတ္သက္ၿပီး ေရာဂါအခံတစ္ခုခုရွိရင္ ဖ်ားတာနဲ႔ ေဆးခန္းခ်က္ခ်င္းျပပါလို႔ အႀကံျပဳပါရေစ။

Author : Dr 528

(Unicode)

နှလုံးပိုးဝင်ရောင်ရမ်းခြင်းဆိုသည်မှာ နှလုံးမှာရှိသော အဆို့ရှင်များ၊ နှလုံးအတွင်းလွှာ၊ နှလုံးအခန်းတစ်ခုနဲ့တစ်ခုခြားထားသောအလွှာပျက်နေသောနေရာ စသည်တို့တွင် ပိုးဝင်ပြီး နှလုံးရောင်ခြင်းဖြစ်သည်။ ဝင်တဲ့ပိုးအများစုကတော့ ဘက်တီးရီးယားအုပ်စုဖြစ်ပါတယ်။တခြား Rickettsiaeတို့ Fungi တို့ Chlamydia အုပ်စုတွေလည်း ဝင်နိုင်ပါတယ်။

ဒီပိုးတွေကအပြင်မှာရှိနေရာကနေ ဘယ်လိုဝင်လာတာလဲ။
စားတာ၊ သောက်တာ၊ အရေပြားမှာ ထိခိုက်ရှနာရတာ
သွားကျန်းမာရေးမကောင်းတာ၊ သွားနဲ့ခံတွင်းမသန့်ရှင်းတာ၊ သွားပိုးစားတာ
မသန့်တဲ့နေရာမှာသွားနုတ်တာ၊ သွားစိုက်တာ
တစ်ကိုယ်ရေသန့်ရှင်းရေးအားနည်းတာ
မူးယစ်ဆေးဝါးကို အကြောထဲ မသန့်ရှင်းတဲ့ အပ်နဲ့ထိုးသွင်းတာ စတဲ့နည်းတွေနဲ့ ဝင်နိုင်ပါတယ်။

သို့သော် ဒီပိုးတွေခန္ဒာကိုယ်ထဲဝင်တိုင်း နှလုံးပိုးဝင်ရောင်ရမ်းခြင်း ဖြစ်လားဆိုတော့ မဖြစ်ပါဘူး။ အများအားဖြင့် ခန္ဒာကိုယ်ထဲကို ပိုးဝင်ရင် ခန္ဒာကိုယ်ခုံခံအားစနစ်ကတိုက်ထုတ်လိုက်ပါတယ်။သို့သော် ခုခံအားကျဆင်းနေသူများ၊ မွေးရာပါ နှလုံးရောဂါအခံရှိသူများ၊ လေးဖက်နာပိုးရှိသူများ၊ နှလုံးအဆို့ရှင်ပျက်စီးနေသူများ ၊နှလုံးအဆို့ရှင်အစားထိုးထားရသူများ တွင်တော့ ပိုးဝင်တဲ့အခါမှာ နှလုံးပိုးဝင်ရောင်ရမ်းခြင်း ဖြစ်တာများပါတယ်။

ဘယ်လိုလက္ခဏာတွေပြလဲ။
အကြမ်းအားဖြင့်ကတော့ ဖြူဖတ်ဖြူရော်ဖြစ်လာတာ၊ ချမ်းတုန်ဖျားတာ၊ ညဘက်ချွေးစေးထွက်တာ၊
အရိုးအဆစ်နဲ့ကြွက်သားတွေနာတာ၊ ပိန်လာတာ၊ အရေပြားမှာ အနီစက်ပေါ်တာ၊ မျက်လုံးအဖြူသားမှာသွေးကွက်လိုမျိုးလေးပေါ်လာတာ မျက်ခမ်း မှာအနီစက်ပေါ်တာ၊ လက်သည်းမှာအနီစက်လိုပေါ်တာ၊ အစားအသောက်စားချင်စိတ်နည်းတာတွေပါ။

ပိုဆိုးတဲ့အဆင့်ဆိုရင်တော့
-ဆီးထဲမှာသွေးပါတာ
-ခြေထောက်တွေ ရောင်လာတာ
-မောတာ
-ဘေလုံးကြီးပြီးဗိုက်နာတာ
-ရင်ဘတ်ကိုနားကြပ်နဲ့နားထောင်လိုက်ရင် နှလုံးခုန်သံပြောင်းနေတာတွေဖြစ်နိုင်ပါတယ်။

ရောဂါလက္ခဏာတွေက တစ်ယာက်နဲ့တစ်ယာက်မတူနိုင်ပါဘူး။ နောက်ပြီးအချိန်နဲ့အမျှလည်းပြောင်းလဲနိုင်ပါတယ်။ တကယ်လို့ သင်မှာနှလုံးနဲ့ပတ်သက်တဲ့ရောဂါတစ်ခုခုရှိရင် သို့မဟုတ် အရင်ကနှလုံးခွဲစိတ်ဖူးရင် တစ်ခုခုထူးခြားမှုရှိတာနဲ့ ဆရာဝန်နဲ့ တန်းပြသင့်ပါတယ်။

ဘာတွေစစ်ဆေးရမလဲ
-သွေးစစ်တာ
-အက်ခိုးရိုက်တာ
-အီးစီဂျီဆွဲတာ
-ရင်ဘတ်ဓါတ်မှန်ရိုက်တာ စတာတွေလုပ်ကြည့်ရပါမယ်။

ဘယ်လိုကုသရမလဲ
ပိုးဝင်တာဖြစ်တဲ့အတွက် ပိုးသေဆေးသောက်တာ ထိုးတာတွေကိုလုပ်ရပါတယ်။လေးပတ်ကနေ ခြောက်ပတ်လောက်ထိ ဆေးသောက် ဆေးထိုးဖို့ လိုနိုင်ပါတယ်။နောက်ပြီးပိုးဝင်တဲ့အရင်းအမြစ် ရှိနေရင် ဖယ်ရှားရပါမယ်။ (ဥပမာ သွားပိုးစားတာရှိရင် သန့်တဲ့ဆေးခန်းမှာပိုးစားတဲ့သွားကိုနုတ်တာမျိုး)
နှလုံးအဆို့ရှင်မကောင်းရင် မကောင်းတဲ့အပိုင်းကို ခြစ်ထုပ်တာ သို့မဟုတ် လိုအပ်ရင် တစ်ခုလုံးလဲတာ စသဖြင့် ခွဲစိတ်မှုလုပ်ဖို့လည်းလိုနိုင်ပါတယ်။

ပိုးမဝင်အောင်ဘယ်လိုကာကွယ်ရမလဲ
-တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်တာ
-အစာစားပြီးတိုင်းပလုတ်ကျင်းတာ
-သွားသေချာတိုက်တာ လုပ်ပါ။
-မူးယစ်ဆေးဝါးသုံးတာ တက်တူးထိုးတာ နားဖောက်တာ တွေရှောင်ပါ။နှလုံးနဲ့ပတ်သက်ပြီး ရောဂါအခံတစ်ခုခုရှိရင် ဖျားတာနဲ့ ဆေးခန်းချက်ချင်းပြပါလို့ အကြံပြုပါရစေ။

Author : Dr 528

Previous Post

ကလေးယူမယ့် အိမ်ထောင်သည်များ

Next Post

Leptospirosis(လက်ပ်တိုစပိုင်ရိုးဆစ်)သို့မဟုတ် Weil’s disease

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
871
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
849
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.4k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

Leptospirosis(လက်ပ်တိုစပိုင်ရိုးဆစ်)သို့မဟုတ် Weil’s disease

မုတ်ဆိတ်မွေးနာ

ရေကျောက် ၊ပဲသီတာ ဆိုသည်မှာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.