fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ရေတိမ်

335
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/08/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

 

(unicode)

GLAUCOMA (ရေတိမ်)

အကြမ်းအားဖြင့်ဆိုရလျှင် လူသားမျက်စိသည် ပင်ပေါင်ဘောလုံးအရွယ်နီးပါးရှိသော ပူစီဖောင်းနဲ့တူသည်။ ထိုအထဲတွင်ရေဓါတ်များနဲ့အာရုံခံပစ္စည်းများအာရုံကြောများရှိသည်။ မျက်စိအဆုံး၊နားအရှုံးဟူသောစကားပုံသည် မျက်စိသည်လူတစ်ယောက်အတွက်မည်မျှအရေးကြီးသည်ကို ဆိုထားသောစကားပုံဖြစ်သည်။ မျက်စိမမြင်ရပါက လူဖြစ်တစ်ပန်းရှုံးပါသည်။ ထို့ကြောင့်မိမိရဲ့မျက်စိကိုအစဉ်အမြဲဂရုစိုက်နေဖို့လိုသည်။ အခုနောက်ပိုင်းတွင် ရေတိမ်ရောဂါကြောင့် မျက်စိအမြင်ဆုံးရှုံးရသူများများပြားလာသည်။

ဘာလို့ရေတိမ်ဖြစ်တာလဲ?

ရေတိမ်ဆိုတာ မျက်လုံးထဲမှာရှိတဲ့အရည်ဖိအား ( Intraocular Pressure)မြင့်တက်လာတဲ့အခါမှာ မျက်လုံးနဲ့ ဦးနှောက်ကို ဆက်သွယ်ထားတဲ့ ပုံရိပ်သယ်တဲ့ အာရုံကြော(Optic Nerve) ကို သွားဖိပါတယ်။ အဲ့ဒီအခါ အာရုံကြောတွေပျက်စီးပြီး မြင်ကွင်းများ မှောင်ခြင်း ကျဉ်းခြင်းတို့ဖြစ်လာတဲ့အခြေအနေတစ်ရပ် ကိုခေါ်တာပါ။ ဖိအားများလာလေ အာရုံကြောပျက်စီးမှုများလာလေပါပဲ။ မကုဘဲထားပါက နှစ်အနည်းငယ်အတွင်းမှာ မျက်စိလုံးဝကွယ်တဲ့အထိဖြစ်နိုင်ပါတယ်။

အရည်ဖိအားကဘာလို့မြင့်တက်လာရတာလဲ?

မျက်နက်ဆံနဲ့မျက်သားဖြူအစပ် ပတ်လည်နေရာတွင် အရည်ကြည်ထုတ်ပေးသော အသားတစ်သျူးရှိသည်။ ထိုမှ အချိန်တိုင်းတွင် သင့်တော်သောပမာဏရှိသည့် အရည်ကြည် (Aqueous humor)ကိုမျက်လုံးအတွင်းထဲတွင်ထုတ်ပေးနေသည်။ ထိုအရည်ကြည်သည်မျက်လုံးအတွင်းမှ မျက်လုံးအပြင်ဘက်ရှိသွေးကြောများထဲသို့ စီးဆင်းသည်။ ထိုအပြင်သို့စီးဆင်းသည့်သွေးကြောများပိတ်နေသောအခါတွင် မျက်လုံးအတွင်းရှိ အရည်ဖိအားသည်မြင့်တက်လာသည်။ ပုံမှန်တွင်မျက်လုံးတွင်းရှိအရည်ဖိအားမှာ ၁၁ကနေ၂၀ မီလီမီတာမာကျူရီ ရှိပါသည်။ ဒီထက်ပိုများပါက ဖိအားများရင်များသလောက် အာရုံကြောများကိုပျက်စီးစေပါသည်။

ရေတိမ်ဖြစ်မဖြစ်ဘယ်လိုစမ်းသပ်ရမလဲ? မိမိဘာသာကောစမ်းသပ်တဲ့နည်းရှိလား?

မနက်အိပ်ရာထမျက်နှာသစ်လျှင် မိမိရဲ့ဘယ်မျက်စိကို လက်နဲ့ကာပြီး ညာမျက်စိတစ်ဖက်တည်းနဲ့ ရှေ့တည့်တည့်သို့ ငြိမ်ငြိမ်ထားပြီး ကြည့်ပါ။ညာမြင်ကွင်းရဲ့ အပေါ် အောက် အလယ် ဘေး အထိအကျယ်အဝန်းရယ် မြင်ကွင်းထဲမှာ အမှောင်ကွက်ဖြစ်နေတာမျိုးရှိမရှိရယ် သေချာကြည့်ပါ။ ထို့နောက်ညာဘက်မျက်စိကိုအုပ်ပြီး ဘယ်ဘက်မျက်စိကိုလည်းဒီနည်းအတိုင်းကြည့်ပါ။

ရေတိမ်လက္ခဏာများကတော့
အမြင်အာရုံတွင် အမဲစက်များ မြင်နေရခြင်း၊ ၂ဖက်စလုံးတွင် မကြာခဏ ဖြစ်တတ်ပါသည်။ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ မျက်လုံးကိုက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊အမြင်ဝေဝါးခြင်း၊အရိပ်များမြင်နေရခြင်းနှင့်မျက်လုံးနီခြင်း တို့ဖြစ်နိုင်ပါသည်။မျက်လုံးနီတိုင်းတော့ ရေတိမ်လို့ပြောလို့မရပါဘူး။မျက်နက်ဝန်းနှင့် မျက်ဖြူဆံတို့၏အစပ်ပတ်လည်တွင်နီရဲပြီးအမြင်အာရုံကျဆင်းလာမှသာ ရေတိမ်ဖြစ်နိုင်ချေများသည်။ မျက်လုံးရဲ့နေရာအနှံ့တွင် နီရဲခြင်းသည် ရိုးရိုးမျက်စိနာခြင်း ဖြစ်ပြီး အမြင်ကျဆင်းမှုမရှိပါ။ ဒါကြောင့်မျက်လုံးနီလာရင် မျက်စိဆရာဝန်နဲ့အမြင်အာရုံစမ်းသပ်ကြည့်ဖို့အရေးကြီးပါတယ်။သို့မဟုတ်ဘဲ ရိုးရိုးတုပ်ကွေးဟုထင်ကာ သောက်ဆေး ထိုးဆေးလောက်နဲ့ပြီးသွားပါက ရေတိမ်ဖြစ်နေလျှင် နောက်ပိုင်းတွင် ကိုယ်ကျိုးနည်းနိုင်သည်။

ရေတိမ်သည် လူကြီးများတွင်ပဲဖြစ်သာမဟုတ် ကလေးများတွင်လည်းဖြစ်နိုင်သည်။ မွေးစကနေ ၂နှစ်အတွင်းမှာဖြစ်ရင်  (infantile glaucoma)လို့ခေါ်ပြီး ၃နှစ်ကျော်မှဖြစ်ရင် (Juvenile Glaucoma)လို့ခေါ်သည်။ အဓိကလက္ခဏာတွေကတော့ မျက်ရည်တွေအကြောင်းမဲ့ ကျဆင်း နေခြင်း၊အလင်းရောင်ကို မကြည့်နိုင်ဘဲမျက်စိစူးလို့မျက်စိမှိတ်တုတ် မှိတ်တုတ်သာလုပ်နေခြင်းနဲ့ မျက်နက်အိမ်ကြီးမားနေခြင်းတို့ဖြစ်ပါတယ်။ ဒီလက္ခဏာတွေကလည်း ရေတိမ်ဖြစ်တဲ့ကလေးတွေရဲ့၃၀ရာခိုင်နှုန်းလောက်မှာပဲတွေ့နိုင်ပြီး ကလေးအများစုကတော့ လက္ခဏာမပြတတ်ပါဘူး။

ကလေးတွေမှာဖြစ်ရတဲ့အကြောင်းရင်းတွေကတော့

မျက်စိရဲ့ ရှေ့ပိုင်း အင်္ဂါအစိတ် အပိုင်းများ မွေးရာပါ ချွတ်ယွင်းချက် ပါရှိခြင်း၊မျက်စိ ၂ဖက်လုံးရှိ မျက်နက်ဝန်း (Iris) ၊ မှန်ဘီလူး(Lens) ၊ကော်နီယာ (Cornea) စတာတွေမှာ မွေးရာပါချွတ်ယွင်းမှု ရှိခြင်း၊ မွေးရာပါ တိမ်စွဲရောဂါ (Congenital Cataract)ပါခြင်း၊ မှန်ဘီလူးအနေ အထား မှားယွင်းခြင်း (Ectopia Lens) စတာတွေကြောင့်လည်း ငယ် ငယ်ရွယ်ရွယ်လေးနဲ့ ရေတိမ်ရောဂါ စွဲကပ်လာရပါတယ်။ ဒါအပြင် လမစေ့ ဘဲ မွေးတဲ့ကလေးတွေမှာ မျက်စိ အာရုံကြောမဖွံ့ဖြိုးတဲ့ Retinopathy ရောဂါကြောင့်လည်း ရေတိမ်ဖြစ်လွယ်လာပါတယ်။

မျက်စိထိခိုက်မိခြင်း၊ မျက်လုံး အတွင်း သွေးယိုစီးခြင်း၊ မျက်စိ ရောင်ရမ်းခြင်း၊ မျက်စိအတွင်း ကျူမာအကျိတ်ရောဂါဖြစ်ခြင်း စတာ တွေရဲ့ နောက်ဆက်တွဲအဖြစ် ကလေး တွေမှာ ရေတိမ်ရောဂါ ခံစားလာနိုင် သေးတယ်။ တခြားရောဂါတွေကြောင့် ရေတိမ်ဖြစ်လာ နိုင်တာတွေကတော့ စတာ့ဝီဘားရောဂါစု (Sturge Weber Syndrome) ၊မာဖင်ရောဂါစု(Marfan Syndrome) ၊ မွေးရာပါရူဗဲ လားရောဂါ (Congenital Rubella) နဲ့ နျူရိုဖိုင် ဘရိုမက်တိုးဆစ် (Neurofibromatosis) ရောဂါတွေကြောင့်လည်း ရေတိမ်ဖြစ် ပေါ်လာနိုင်ပါတယ်။ မွေးရာပါတိမ်စွဲ(Congenital Cataracts) ရောဂါရှိတဲ့ ကလေး တွေရဲ့ ၂၅ ရာခိုင်နှုန်းမှာ ငယ်ရွယ်စဉ် တိမ်ခွဲ ထုတ်အပြီးမှာ ရေတိမ်ရောဂါ ဖြစ်လာနိုင်တာတွေ့ရတယ်။ အဲဒါ ကြောင့်မို့ တိမ်ရောဂါကို ငယ်ရွယ်စဉ် ကတည်းက ခွဲစိတ်ကုသဖူးရင် ရေတိမ် ဖြစ်လာနိုင်ခြေ ရှိ၊ မရှိ အစောကြီးက တည်းက စောင့်ကြည့်ပြီး Follow up မှန်မှန်ပြသင့်ပါတယ်။

အဆုံးသတ်အနေနဲ့ပြောချင်တာက အင်မတန် နုနယ်တဲ့ကလေးရဲ့ မျက်လုံး လေးတွေမှာအမြင်အာရုံ တစ်သက်လုံး မဆုံးရှုံး ရအောင် ထူးခြားမှု တစ်ခုခု တွေ့တာနဲ့ တစ်ပြိုင်နက် ဆေးရုံ ဆေးခန်းသို့ အမြန်ဆုံး သွားရောက် ပြသသင့်ပါတယ်။လူကြီးတွေမှာလည်း ထို့အတူပါပဲ မျက်စိကြည့်ရတာမကောင်းရင်ပဲဖြစ်ဖြစ် နီနေတာပဲဖြစ်ဖြစ် မျက်စိဆရာဝန်နဲ့ပြပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။

Author: Dr 528

(Zawgyi)

GLAUCOMA (ေရတိမ္)

အၾကမ္းအားျဖင့္ဆိုရလွ်င္ လူသားမ်က္စိသည္ ပင္ေပါင္ေဘာလုံးအ႐ြယ္နီးပါးရွိေသာ ပူစီေဖာင္းနဲ႔တူသည္။ ထိုအထဲတြင္ေရဓါတ္မ်ားနဲ႔အာ႐ုံခံပစၥည္းမ်ားအာ႐ုံေၾကာမ်ားရွိသည္။ မ်က္စိအဆုံး၊နားအရႈံးဟူေသာစကားပုံသည္ မ်က္စိသည္လူတစ္ေယာက္အတြက္မည္မွ်အေရးႀကီးသည္ကို ဆိုထားေသာစကားပုံျဖစ္သည္။ မ်က္စိမျမင္ရပါက လူျဖစ္တစ္ပန္းရႈံးပါသည္။ ထို႔ေၾကာင့္မိမိရဲ႕မ်က္စိကိုအစဥ္အၿမဲဂ႐ုစိုက္ေနဖို႔လိုသည္။ အခုေနာက္ပိုင္းတြင္ ေရတိမ္ေရာဂါေၾကာင့္ မ်က္စိအျမင္ဆုံးရႈံးရသူမ်ားမ်ားျပားလာသည္။

ဘာလို႔ေရတိမ္ျဖစ္တာလဲ?

ေရတိမ္ဆိုတာ မ်က္လုံးထဲမွာရွိတဲ့အရည္ဖိအား ( Intraocular Pressure)ျမင့္တက္လာတဲ့အခါမွာ မ်က္လုံးနဲ႔ ဦးေႏွာက္ကို ဆက္သြယ္ထားတဲ့ ပုံရိပ္သယ္တဲ့ အာ႐ုံေၾကာ(Optic Nerve) ကို သြားဖိပါတယ္။ အဲ့ဒီအခါ အာ႐ုံေၾကာေတြပ်က္စီးၿပီး ျမင္ကြင္းမ်ား ေမွာင္ျခင္း က်ဥ္းျခင္းတို႔ျဖစ္လာတဲ့အေျခအေနတစ္ရပ္ ကိုေခၚတာပါ။ ဖိအားမ်ားလာေလ အာ႐ုံေၾကာပ်က္စီးမႈမ်ားလာေလပါပဲ။ မကုဘဲထားပါက ႏွစ္အနည္းငယ္အတြင္းမွာ မ်က္စိလုံးဝကြယ္တဲ့အထိျဖစ္ႏိုင္ပါတယ္။

အရည္ဖိအားကဘာလို႔ျမင့္တက္လာရတာလဲ?

မ်က္နက္ဆံနဲ႔မ်က္သားျဖဴအစပ္ ပတ္လည္ေနရာတြင္ အရည္ၾကည္ထုတ္ေပးေသာ အသားတစ္သ်ဴးရွိသည္။ ထိုမွ အခ်ိန္တိုင္းတြင္ သင့္ေတာ္ေသာပမာဏရွိသည့္ အရည္ၾကည္ (Aqueous humor)ကိုမ်က္လုံးအတြင္းထဲတြင္ထုတ္ေပးေနသည္။ ထိုအရည္ၾကည္သည္မ်က္လုံးအတြင္းမွ မ်က္လုံးအျပင္ဘက္ရွိေသြးေၾကာမ်ားထဲသို႔ စီးဆင္းသည္။ ထိုအျပင္သို႔စီးဆင္းသည့္ေသြးေၾကာမ်ားပိတ္ေနေသာအခါတြင္ မ်က္လုံးအတြင္းရွိ အရည္ဖိအားသည္ျမင့္တက္လာသည္။ ပုံမွန္တြင္မ်က္လုံးတြင္းရွိအရည္ဖိအားမွာ ၁၁ကေန၂၀ မီလီမီတာမာက်ဴရီ ရွိပါသည္။ ဒီထက္ပိုမ်ားပါက ဖိအားမ်ားရင္မ်ားသေလာက္ အာ႐ုံေၾကာမ်ားကိုပ်က္စီးေစပါသည္။

ေရတိမ္ျဖစ္မျဖစ္ဘယ္လိုစမ္းသပ္ရမလဲ? မိမိဘာသာေကာစမ္းသပ္တဲ့နည္းရွိလား?

မနက္အိပ္ရာထမ်က္ႏွာသစ္လွ်င္ မိမိရဲ႕ဘယ္မ်က္စိကို လက္နဲ႔ကာၿပီး ညာမ်က္စိတစ္ဖက္တည္းနဲ႔ ေရွ႕တည့္တည့္သို႔ ၿငိမ္ၿငိမ္ထားၿပီး ၾကည့္ပါ။ညာျမင္ကြင္းရဲ႕ အေပၚ ေအာက္ အလယ္ ေဘး အထိအက်ယ္အဝန္းရယ္ ျမင္ကြင္းထဲမွာ အေမွာင္ကြက္ျဖစ္ေနတာမ်ိဳးရွိမရွိရယ္ ေသခ်ာၾကည့္ပါ။ ထို႔ေနာက္ညာဘက္မ်က္စိကိုအုပ္ၿပီး ဘယ္ဘက္မ်က္စိကိုလည္းဒီနည္းအတိုင္းၾကည့္ပါ။

ေရတိမ္လကၡဏာမ်ားကေတာ့
အျမင္အာ႐ုံတြင္ အမဲစက္မ်ား ျမင္ေနရျခင္း၊ ၂ဖက္စလုံးတြင္ မၾကာခဏ ျဖစ္တတ္ပါသည္။ျပင္းထန္စြာ ေခါင္းကိုက္ျခင္း၊ မ်က္လုံးကိုက္ျခင္း၊ ပ်ိဳ႕ျခင္း၊ အန္ျခင္း၊အျမင္ေဝဝါးျခင္း၊အရိပ္မ်ားျမင္ေနရျခင္းႏွင့္မ်က္လုံးနီျခင္း တို႔ျဖစ္ႏိုင္ပါသည္။မ်က္လုံးနီတိုင္းေတာ့ ေရတိမ္လို႔ေျပာလို႔မရပါဘူး။မ်က္နက္ဝန္းႏွင့္ မ်က္ျဖဴဆံတို႔၏အစပ္ပတ္လည္တြင္နီရဲၿပီးအျမင္အာ႐ုံက်ဆင္းလာမွသာ ေရတိမ္ျဖစ္ႏိုင္ေခ်မ်ားသည္။ မ်က္လုံးရဲ႕ေနရာအႏွံ႔တြင္ နီရဲျခင္းသည္ ႐ိုး႐ိုးမ်က္စိနာျခင္း ျဖစ္ၿပီး အျမင္က်ဆင္းမႈမရွိပါ။ ဒါေၾကာင့္မ်က္လုံးနီလာရင္ မ်က္စိဆရာဝန္နဲ႔အျမင္အာ႐ုံစမ္းသပ္ၾကည့္ဖို႔အေရးႀကီးပါတယ္။သို႔မဟုတ္ဘဲ ႐ိုး႐ိုးတုပ္ေကြးဟုထင္ကာ ေသာက္ေဆး ထိုးေဆးေလာက္နဲ႔ၿပီးသြားပါက ေရတိမ္ျဖစ္ေနလွ်င္ ေနာက္ပိုင္းတြင္ ကိုယ္က်ိဳးနည္းႏိုင္သည္။

ေရတိမ္သည္ လူႀကီးမ်ားတြင္ပဲျဖစ္သာမဟုတ္ ကေလးမ်ားတြင္လည္းျဖစ္ႏိုင္သည္။ ေမြးစကေန ၂ႏွစ္အတြင္းမွာျဖစ္ရင္  (infantile glaucoma)လို႔ေခၚၿပီး ၃ႏွစ္ေက်ာ္မွျဖစ္ရင္ (Juvenile Glaucoma)လို႔ေခၚသည္။ အဓိကလကၡဏာေတြကေတာ့ မ်က္ရည္ေတြအေၾကာင္းမဲ့ က်ဆင္း ေနျခင္း၊အလင္းေရာင္ကို မၾကည့္ႏိုင္ဘဲမ်က္စိစူးလို႔မ်က္စိမွိတ္တုတ္ မွိတ္တုတ္သာလုပ္ေနျခင္းနဲ႔ မ်က္နက္အိမ္ႀကီးမားေနျခင္းတို႔ျဖစ္ပါတယ္။ ဒီလကၡဏာေတြကလည္း ေရတိမ္ျဖစ္တဲ့ကေလးေတြရဲ႕၃၀ရာခိုင္ႏႈန္းေလာက္မွာပဲေတြ႕ႏိုင္ၿပီး ကေလးအမ်ားစုကေတာ့ လကၡဏာမျပတတ္ပါဘူး။

ကေလးေတြမွာျဖစ္ရတဲ့အေၾကာင္းရင္းေတြကေတာ့

မ်က္စိရဲ႕ ေရွ႕ပိုင္း အဂၤါအစိတ္ အပိုင္းမ်ား ေမြးရာပါ ခြၽတ္ယြင္းခ်က္ ပါရွိျခင္း၊မ်က္စိ ၂ဖက္လုံးရွိ မ်က္နက္ဝန္း (Iris) ၊ မွန္ဘီလူး(Lens) ၊ေကာ္နီယာ (Cornea) စတာေတြမွာ ေမြးရာပါခြၽတ္ယြင္းမႈ ရွိျခင္း၊ ေမြးရာပါ တိမ္စြဲေရာဂါ (Congenital Cataract)ပါျခင္း၊ မွန္ဘီလူးအေန အထား မွားယြင္းျခင္း (Ectopia Lens) စတာေတြေၾကာင့္လည္း ငယ္ ငယ္႐ြယ္႐ြယ္ေလးနဲ႔ ေရတိမ္ေရာဂါ စြဲကပ္လာရပါတယ္။ ဒါအျပင္ လမေစ့ ဘဲ ေမြးတဲ့ကေလးေတြမွာ မ်က္စိ အာ႐ုံေၾကာမဖြံ႕ၿဖိဳးတဲ့ Retinopathy ေရာဂါေၾကာင့္လည္း ေရတိမ္ျဖစ္လြယ္လာပါတယ္။

မ်က္စိထိခိုက္မိျခင္း၊ မ်က္လုံး အတြင္း ေသြးယိုစီးျခင္း၊ မ်က္စိ ေရာင္ရမ္းျခင္း၊ မ်က္စိအတြင္း က်ဴမာအက်ိတ္ေရာဂါျဖစ္ျခင္း စတာ ေတြရဲ႕ ေနာက္ဆက္တြဲအျဖစ္ ကေလး ေတြမွာ ေရတိမ္ေရာဂါ ခံစားလာႏိုင္ ေသးတယ္။ တျခားေရာဂါေတြေၾကာင့္ ေရတိမ္ျဖစ္လာ ႏိုင္တာေတြကေတာ့ စတာ့ဝီဘားေရာဂါစု (Sturge Weber Syndrome) ၊မာဖင္ေရာဂါစု(Marfan Syndrome) ၊ ေမြးရာပါ႐ူဗဲ လားေရာဂါ (Congenital Rubella) နဲ႔ န်ဴ႐ိုဖိုင္ ဘ႐ိုမက္တိုးဆစ္ (Neurofibromatosis) ေရာဂါေတြေၾကာင့္လည္း ေရတိမ္ျဖစ္ ေပၚလာႏိုင္ပါတယ္။ ေမြးရာပါတိမ္စြဲ(Congenital Cataracts) ေရာဂါရွိတဲ့ ကေလး ေတြရဲ႕ ၂၅ ရာခိုင္ႏႈန္းမွာ ငယ္႐ြယ္စဥ္ တိမ္ခြဲ ထုတ္အၿပီးမွာ ေရတိမ္ေရာဂါ ျဖစ္လာႏိုင္တာေတြ႕ရတယ္။ အဲဒါ ေၾကာင့္မို႔ တိမ္ေရာဂါကို ငယ္႐ြယ္စဥ္ ကတည္းက ခြဲစိတ္ကုသဖူးရင္ ေရတိမ္ ျဖစ္လာႏိုင္ေျခ ရွိ၊ မရွိ အေစာႀကီးက တည္းက ေစာင့္ၾကည့္ၿပီး Follow up မွန္မွန္ျပသင့္ပါတယ္။

အဆုံးသတ္အေနနဲ႔ေျပာခ်င္တာက အင္မတန္ ႏုနယ္တဲ့ကေလးရဲ႕ မ်က္လုံး ေလးေတြမွာအျမင္အာ႐ုံ တစ္သက္လုံး မဆုံးရႈံး ရေအာင္ ထူးျခားမႈ တစ္ခုခု ေတြ႕တာနဲ႔ တစ္ၿပိဳင္နက္ ေဆး႐ုံ ေဆးခန္းသို႔ အျမန္ဆုံး သြားေရာက္ ျပသသင့္ပါတယ္။လူႀကီးေတြမွာလည္း ထို႔အတူပါပဲ မ်က္စိၾကည့္ရတာမေကာင္းရင္ပဲျဖစ္ျဖစ္ နီေနတာပဲျဖစ္ျဖစ္ မ်က္စိဆရာဝန္နဲ႔ျပေပးၾကပါလို႔ တိုက္တြန္းခ်င္ပါတယ္။

Author: Dr 528

Previous Post

ဝမ်းချုပ်တတ်သောကလေးငယ်

Next Post

ကင်ဆာဖြစ်စေတဲ့ အရာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

12 months ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
809
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
834
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကင်ဆာဖြစ်စေတဲ့ အရာများ

ကလေးများတွင် ဆီးပိုးဝင်ခြင်း

နေ့စဉ်လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.