fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း
ဖိစီးနေတဲ့ စိတ်တွေရယ် ဘယ်လိုလျော့ရမယ်
32
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/08/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A
(Zawgyi)
Author : Dr 528
(Unicode)
လူသားများခံစားနေရသော ရောဂါများအားလုံးသည် ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်ပိုးများ၊ ပရိုတိုဇိုးဝါးများနဲ့ မှိုများကြောင့်ပဲဖြစ်ရတာမဟုတ်ပေ။
စိတ်ဖိစီးမှုကြောင့်လည်းရောဂါဖြစ်နိုင်သည်။လူဦးရေထူထပ်လာခြင်း၊နေ့စဉ်ရုန်းကန်လှုပ်ရှားနေရခြင်း၊ပတ်ဝန်းကျင်မသန့်ရှင်းခြင်း၊ဆူညံသံများကိုကြားရခြင်း စသည့်အကြောင်းအရာများဟာ လူသားတွေအပေါ် စိတ်ဖိစီးမှုဖြစ်စေပါတယ်။
စိတ်ထောင်းလျှင်ကိုယ်ကြေဆိုတဲ့စကားအတိုင်း စိတ်ဖိစီးမှုကို ကြာရှည်စွာခံရပါက အာရုံကြောရောင်ရမ်းတာ၊ ဗိုက်အောင့်တာ၊ ခေါင်းကိုက်တာ၊ နှလုံးနဲ့ပတ်သက်သောရောဂါ၊ သွေးကြောကျဉ်းရောဂါ အပြင် စိတ်ကျရောဂါဖြစ်ပြီး တဖြည်းဖြည်းစိတ်ကစဉ့်ကလျားပါဖြစ်နိုင်ပါတယ်။
ဒါကြောင့်ကျွန်တော်တို့ဟာ စိတ်ဖိစီးမှုတွေကို အတတ်နိုင်ဆုံးလျှော့ချနိုင်အောင် ကြိုးစားရပါမယ်။
ရုံးစဖွင့်တဲ့တနလာင်္နေ့ကစပြီး အလုပ်တွေ မနားတန်းလုပ်လာခဲ့ရင် သောကြာနေ့လိုနေ့မျိုးမှာ သင်သည် စိတ်ဖိစီးစရာတွေနဲ့ ပင်ပန်းမှုတွေရောပြီး စိတ်ရောကိုယ်ပါ နွမ်းနယ်နေပါလိမ့်မယ်။ ရှေ့ဆက်လုပ်ရမယ့် အလုပ်တွေရယ် မိမိကျန်းမာရေးအတွက်ရယ် စိတ်ဖိစီးမှုလျှော့ဖို့လိုပါတယ်။ စနေ၊ တနင်္ဂနွေအားလပ် ရက်မှာ အချိန်ရမယ်ဆိုရင် နီးနီးနားနားခရီးထွက်တာ၊ သူငယ်ချင်းတွေနဲ့ခရီးတိုထွက်တာ၊ ပျော်ပွဲစားထွက်တာ၊ လျှောက်လည်စားသောက်တာတွေလုပ်ပါ။
နေ့စဉ်စိတ်ဖိစီးမှုများတဲ့အခါလျှော့ချတဲ့နည်းလမ်းတွေကတော့
၁။မျက်လုံးကိုခဏလောက်စုံမှိတ်ထားပြီး ၁၅မိနစ်လောက်အနားယူပါ။ သီချင်းနားထောင်ပါ။
၂။အညိုရောင်ချောကလက်စားပေးပါ။ ဆွစ်ဇာလန်နိုင်ငံမှ သုတေသီတွေရဲ့လေ့လာချက်အရ နေ့စဉ်အညိုရောင်ချောကလက် ၁ဒသာမ ၄အောင်စ စားပေးပါက ခန္ဓာကိုယ်အတွင်း စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ကော်တီဇောနဲ့ ကတ်တီကောလမင်းဓါတ်တွေကို လျော့နည်းစေပြီး စိုးရိမ်သောကဖြစ်မှုတွေကိုဖယ်ရှားနိုင်ပါတယ်တဲ့။
၃။ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။
လေ့ကျင့်ခန်းလုပ်တာဟာ စိတ်ခံစားမှုတိုးတက်ကောင်းမွန်စေပါတယ်။ အားကစားခန်းမသွားပြီး လေ့ကျင့်ခန်းမလုပ်နိုင်ရင်တောင်မှ အိမ်မှာပဲ အခွေဖွင့်ပြီး  လေ့ကျင့်ခန်းလှုပ်ရှားမှုမျိုးတွေ လုပ်နိုင်ပါတယ်။ သို့မဟုတ် သစ်ပင်စိုက်တာ၊ ပေါင်းပင်ရှင်းတာတွေလုပ်ခြင်းဖြင့် ကယ်လိုရီကိုလောက်ကျွမ်းစေပြီး စိတ်ဖိစီးမှုကိုလည်း အတိုင်းအတာတစ်ခုထိသက်သာစေပါတယ်။
၄။ညီညွတ်မျှတသောအစာအာဟာရကိုစားပါ။
အရက်၊ အချိုမုန့်များ၊ အဆီများလွန်းတဲ့အစားစာများဟာ သွေးတွင်းသကြားဓါတ်ကို  ချက်ချင်းတက်စေပြီး ချက်ချင်းဆိုသလိုပြန်ကျသွားတာကြောင့် စိတ်ဖိစီးမှုကိုပိုဆိုးစေနိုင်ပါတယ်။ အသား၊ ငါး၊ ဟင်းရွက် ၊ သစ်သီးဝလံတို့ကို မျှတအောင်စားသုံးတာဟာ စိတ်ဖိစီးမှုကိုသက်သာဖို့အတိုင်းအတာတစ်ခုထိကူညီပေးပါတယ်။
၅။တစ်ယောက်တည်းမနေပါနဲ့။
အားလပ်ချိန်တွေမှာ မိသားစုနဲ့အတူအိမ်မှာ ချက်ပြုတ်စားတာ ၊ရယ်စရာဟာသပြောဆိုပြီး အတူပျော်ရွှင်ရယ်မောတာတွေက စိတ်ဖိစီးမှုကိုသက်သာစေပြီး ကျန်းမာစေပါတယ်။
၆။အကောင်းမြင်စိတ်ဓါတ်မွေးပါ။
သင့်ရဲ့တွေးခေါ်မှုကလည်း သင့်ရဲ့စိတ်နဲ့ခန္ဓာကိုယ်ကို ကျန်းမာစေရုံသာမက သင့်ဘဝတစ်လျှောက်လုံးကိုပါ နေပျော်စေပါတယ်။
Author : Dr 528
Previous Post
ကလေးများတွင် ဝမ်းလျှောခြင်း
Next Post
ကလေးဖြည့်စွက်စာ နှင့် အာဟာရတန်ဖိုး
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
Vitamin B12 Deficiency and Neuropathy
ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း
12 months ago
2.1k
An eye cloud that should not be neglected
မပေါ့ဆသင့်သော မျက်စိတိမ်
1 year ago
810
UV rays and eye health
ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး
1 year ago
834
Why is memory weak at a young age?
ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?
1 year ago
1.2k
The consequences of a weak immune system
ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ
1 year ago
1.3k
နွေရာသီနှင့်မိတ်ပြဿနာ
1 year ago
1.4k
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
ကလေးဖြည့်စွက်စာ နှင့် အာဟာရတန်ဖိုး
အမျိုးသားများအတွက် ကျန်းမာရေးကောင်းကျိုးပေးနိုင်မည့်အစားအစာများ
မွေးလမ်းကြောင်းပိုးဝင်ခြင်း
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.