fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ပါရာစီတမော အဆိပ်သင့်ခြင်း

642
VIEWS
Share on FacebookShare on TwitterShare on Linkedin
09/08/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

ပါရာစီတေမာသည္ ျမန္မာႏိုင္ငံလို ဖြံၿဖိဳးဆဲႏိုင္ငံမ်ားတြင္ ေခါင္းကိုက္တိုင္း ကိုယ္လက္ကိုက္တိုင္း ဖ်ားတိုင္း ကေလးေရာ လူႀကီးပါ လြယ္ကူစြာ ေသာက္ေနၾကသည္။ ထို႔ေၾကာင့္ ပါရာစီတေမာသည္ လူေတာ္ေတာ္မ်ားမ်ားနဲ႔ရင္းႏွီးေနေသာ ဒါ့အျပင္ အိမ္တိုင္းနီးပါးေဆာင္ထားေလ့ရွိေသာ ေဆးျဖစ္သည္။

သို႔ေသာ္ တန္ေဆး၊လြန္ေဘးဆိုတဲ့အတိုင္း သင့္ေတာ္သေလာက္မေသာက္ဘဲ မိမိထင္သလိုေလွ်ာက္ေသာက္ပါက ပမာဏတအားမ်ားသြားလွ်င္ ေရာဂါေပ်ာက္ေအာင္ကုေသာေဆးသည္ပင္ အဆိပ္ျဖစ္သြားကာ ခႏၵာကိုယ္အတြက္ ေဘးအႏၲရာယ္ျဖစ္ေစႏိုင္သည္။

ပါရာစီတေမာသည္လည္း ထိုအတိုင္းပင္။ ေဆးၫြန္းအတိုင္းမဟုတ္ဘဲ လြန္ကဲစြာေသာက္သုံးပါက အဆိပ္ျဖစ္ကာ အသက္အႏၲရာယ္ေပးႏိုင္သည္။ ပါရာစီတေမာကိုလြန္ကဲစြာေသာက္သုံးသည့္အတြက္ေၾကာင့္ ေဆးကအဆိပ္ျဖစ္သြားကာ အသက္အႏၲာရယ္ေပးျခင္းကို Paracetamol Poisoning ဟုေခၚသည္။

ဘယ္ေလာက္ပမဏဆိုအဆိပ္ျဖစ္လဲ။
သုေတသနေတြအရ ၂၄နာရီအတြင္းမွာ 10 gram ထက္ သို႔မဟုတ္ 150mg/kg နဲ႔အထက္ေသာက္ခဲ့ရင္ အဆိပ္ျဖစ္ေစႏိုင္ပါတယ္။

သို႔ေသာ္ အာဟာရခ်ိဳ႕တဲ့သူေတြ ေရာဂါအခံတစ္ခုခုရွိသူေတြ၊ အရက္စြဲေနတဲ့သူေတြ၊ ကေလးငယ္ေတြ၊ အတက္က်ေဆးေတြေသာက္ေနတဲ့သူေတြမွာ ဆိုရင္ ခုနကေျပာထားတဲ့ပမာဏရဲ႕တစ္ဝက္ေလာက္နဲ႔ပဲ အဆိပ္ျဖစ္ေစႏိုင္ပါတယ္။

အဆိပ္ျဖစ္တဲ့ျဖစ္စဥ္ ကိုရွင္းျပခ်င္ပါတယ္။
ပုံမွန္ပမာဏအတိုင္းပဲဆိုရင္ ပါရာစီတေမာေဆးကို အသည္းမွာရွိတဲ့ glutathione ဆိုတဲ့ အင္ဇိုင္းက ေရတြင္ေပ်ာ္ဝင္ေစၿပီး ဆီးကေနတဆင့္စြန႔္ထုတ္ေပးပါတယ္။ အဆိပ္ျဖစ္ေစတဲ့ပမာဏဆိုရင္ အသည္းမွာရွိတဲ့ glutathione အင္ဇိုင္းပမာဏက ပါရာစီတေမာကို ေရတြင္ေပ်ာ္ဝင္ေအာင္လုပ္ဖို႔ ဆီးကေနတဆင့္စြန႔္ထုတ္ဖို႔ လုံေလာက္တဲ့ပမာဏ မရွိေတာ့ပါဘူး။

ဒီအခါမွာ cytochrome P450 အင္ဇိုင္းကေနၿပီး ပါရာစီတေမာကို NAPQI (N acetyl p benzoquinoneimine)အျဖစ္ေျပာင္းလိုက္ပါတယ္။ ဒီ NAPQI က ဆဲလ္ေတြကို အႏၲရာယ္ေပးပါတယ္။

ဘာေၾကာင့္ Paracetamol Poisoning ျဖစ္ရတာလဲ။
၂ခုရွိပါတယ္။ မေတာ္တဆ ေသာက္မိလို႔ျဖစ္ႏိုင္တယ္။ ဥပမာ စိတ္မမွန္တဲ့သူေတြ၊ ကေလးေတြ က ပါရာစီတေမာအရည္ပုလင္းကို ေဆးမွန္းမသိဘဲေသာက္မိတာမ်ိဳးပါ။

ေနာက္တစ္ခုက တမင္တကာ ေသေၾကာင္းႀကံတဲ့အေနနဲ႔ေသာက္တာမ်ိဳးပါ။ ဥပမာ စိတ္ဖိစီးမႈမ်ားတဲ့သူေတြ၊ စိတ္က်ေရာဂါခံစားေနရတဲ့သူေတြ က ကိုယ့္ကိုကိုယ္ သတ္ေသတဲ့အေနနဲ႔ တမင္ေသာက္တာမ်ိဳးပါ။

Paracetamol Poisoning ရဲ႕ လကၡဏာေတြကေတာ့…..
ေသာက္ၿပီး ပထမ၂၄နာရီအတြင္းမွာဆိုရင္ ပ်ိဳ႕အန္တာ၊ မအီမသာျဖစ္တာေလာက္ သို႔မဟုတ္ ဘာလကၡဏာမွမျပတာမ်ိဳးလည္းျဖစ္ႏိုင္ပါတယ္။

၂၄နာရီေနာက္ပိုင္းမွာေတာ့ အသည္းဆဲလ္မ်ားပ်က္စီးတာစတင္ပါၿပီ။ အဲ့အခါမွာ ဗိုက္ရဲ႕ညာအေပၚျခမ္းကနာတာ၊ အသားဝါလာတာေတြျဖစ္ႏိုင္ပါတယ္။ ဒီအခ်ိန္မွာ အသည္းအင္ဇိုင္းစစ္ၾကည့္ရင္ စတက္ေနပါၿပီ။ မကုဘဲထားမယ္ဆိုရင္ ဒီအေျခအေနကေန ဆီးနည္းလာတာ၊ ေက်ာက္ကပ္ထိၿပီးဆီးမသြားႏိုင္ေတာ့တာ၊ သတိလစ္သြားတာ စတာေတြထိျဖစ္ႏိုင္ပါတယ္။

Paracetamol ကို အလြန္အကြၽံေသာက္မိရင္ ဘယ္လိုလုပ္ရမလဲ။
ေဆး႐ုံကိုသာအျမန္သြားပါလို႔ တိုက္တြန္းခ်င္ပါတယ္။

ေဆး႐ုံေရာက္ရင္ ေသာက္မိတဲ့ပမာဏကို ဆရာဝန္ေတြကေမးပါမယ္။ တျခားတြဲေသာက္မိတဲ့ေဆးေတြရွိမရွိလည္းေမးပါမယ္။ ဘာေရာဂါအခံေတြရွိလဲ။ ဘာေဆးေတြစြဲေသာက္ေနတာမ်ိဳးရွိလဲ။ အရက္ေသာက္လား စတာေတြလည္းေမးပါမယ္။ ေသာက္တဲ့အခ်ိန္နာရီကိုလည္းေမးပါမယ္။ တမင္ေသာက္တာလား မေတာ္တဆေသာက္မိတာမ်ိဳးလားလည္းေမးပါမယ္။

ဒီေတာ့လမ္းမွာကတည္းက ႀကိဳစဥ္းစားထားပါ။ ဘာလို႔လဲဆိုေတာ့ ေသာက္ၿပီး ၁ နာရီကေန ၂နာရီအတြင္းမွာ ဆိုရင္ အစာအိမ္ထဲပိုက္ထည့္ၿပီး စုပ္ထုတ္တာ သို႔မဟုတ္ Activated Charcoal ေပးတာလုပ္ပါတယ္။ဘ၂နာရီေက်ာ္ ကေန ၈နာရီအတြင္း သို႔မဟုတ္ ၂၄နာရီအတြင္းမွာဆိုရင္ေတာ့ N – acetylcysteine therapy ေပးပါတယ္။

တခ်ိန္တည္းမွာပဲ ေသြးေဖာက္ၿပီး ေသြးထဲမွာ ပါရာစီတေမာ ဘယ္ေလာက္ရွိတယ္၊ အသည္းအင္ဇိုင္းျမင့္၊ မျမင့္ ေက်ာက္ကပ္ေကာင္း၊ မေကာင္း အခ်ိဳဓါတ္က်သြားတာမ်ိဳးရွိမရွိ စစ္ရပါတယ္။ စသိသိျခင္း မလာဘဲ အခ်ိန္လြန္မွလာတဲ့သူေတြအတြက္ကေတာ့ အသည္းအစားထိုးရတာမ်ိဳးေတြအထိ ျဖစ္ႏိုင္ပါတယ္။

Paracetamol Poisoning မျဖစ္ေအာင္ ဘယ္လိုကာကြယ္မလဲ။
မေတာ္တဆျဖစ္တာအတြက္ကေတာ့ ကေလးေတြ၊ စိတ္ေပါ့သြပ္တဲ့သူေတြ အိမ္မွာရွိရင္ ေဆးေတြကို အလြယ္တကူမထားပါနဲ႔။ ေသခ်ာသိမ္းဆည္းထားပါ။ ကေလးေတြလက္လွမ္းမမီတဲ့ေနရာမွာထားပါ။

တမင္တကာႀကံစည္တာမ်ိဳးဆိုရင္ေတာ့ အခ်ိန္မွီကုသလို႔ ျပန္ေကာင္းခဲ့ပါက စိတ္က်န္းမာဆရာဝန္နဲ႔ျပေပးပါ။ မိသားစုအေနနဲ႔လည္း သူ႔ကိုနားလည္မႈေပးပါ။

Author : Dr 528

(Unicode)

ပါရာစီတမောသည် မြန်မာနိုင်ငံလို ဖွံဖြိုးဆဲနိုင်ငံများတွင် ခေါင်းကိုက်တိုင်း ကိုယ်လက်ကိုက်တိုင်း ဖျားတိုင်း ကလေးရော လူကြီးပါ လွယ်ကူစွာ သောက်နေကြသည်။ ထို့ကြောင့် ပါရာစီတမောသည် လူတော်တော်များများနဲ့ရင်းနှီးနေသော ဒါ့အပြင် အိမ်တိုင်းနီးပါးဆောင်ထားလေ့ရှိသော ဆေးဖြစ်သည်။

သို့သော် တန်ဆေး၊လွန်ဘေးဆိုတဲ့အတိုင်း သင့်တော်သလောက်မသောက်ဘဲ မိမိထင်သလိုလျှောက်သောက်ပါက ပမာဏတအားများသွားလျှင် ရောဂါပျောက်အောင်ကုသောဆေးသည်ပင် အဆိပ်ဖြစ်သွားကာ ခန္ဒာကိုယ်အတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သည်။

ပါရာစီတမောသည်လည်း ထိုအတိုင်းပင်။ ဆေးညွန်းအတိုင်းမဟုတ်ဘဲ လွန်ကဲစွာသောက်သုံးပါက အဆိပ်ဖြစ်ကာ အသက်အန္တရာယ်ပေးနိုင်သည်။ ပါရာစီတမောကိုလွန်ကဲစွာသောက်သုံးသည့်အတွက်ကြောင့် ဆေးကအဆိပ်ဖြစ်သွားကာ အသက်အန္တာရယ်ပေးခြင်းကို Paracetamol Poisoning ဟုခေါ်သည်။

ဘယ်လောက်ပမဏဆိုအဆိပ်ဖြစ်လဲ။
သုတေသနတွေအရ ၂၄နာရီအတွင်းမှာ 10 gram ထက် သို့မဟုတ် 150mg/kg နဲ့အထက်သောက်ခဲ့ရင် အဆိပ်ဖြစ်စေနိုင်ပါတယ်။

သို့သော် အာဟာရချို့တဲ့သူတွေ ရောဂါအခံတစ်ခုခုရှိသူတွေ၊ အရက်စွဲနေတဲ့သူတွေ၊ ကလေးငယ်တွေ၊ အတက်ကျဆေးတွေသောက်နေတဲ့သူတွေမှာ ဆိုရင် ခုနကပြောထားတဲ့ပမာဏရဲ့တစ်ဝက်လောက်နဲ့ပဲ အဆိပ်ဖြစ်စေနိုင်ပါတယ်။

အဆိပ်ဖြစ်တဲ့ဖြစ်စဉ် ကိုရှင်းပြချင်ပါတယ်။
ပုံမှန်ပမာဏအတိုင်းပဲဆိုရင် ပါရာစီတမောဆေးကို အသည်းမှာရှိတဲ့ glutathione ဆိုတဲ့ အင်ဇိုင်းက ရေတွင်ပျော်ဝင်စေပြီး ဆီးကနေတဆင့်စွန့်ထုတ်ပေးပါတယ်။ အဆိပ်ဖြစ်စေတဲ့ပမာဏဆိုရင် အသည်းမှာရှိတဲ့ glutathione အင်ဇိုင်းပမာဏက ပါရာစီတမောကို ရေတွင်ပျော်ဝင်အောင်လုပ်ဖို့ ဆီးကနေတဆင့်စွန့်ထုတ်ဖို့ လုံလောက်တဲ့ပမာဏ မရှိတော့ပါဘူး။

ဒီအခါမှာ cytochrome P450 အင်ဇိုင်းကနေပြီး ပါရာစီတမောကို NAPQI (N acetyl p benzoquinoneimine)အဖြစ်ပြောင်းလိုက်ပါတယ်။ ဒီ NAPQI က ဆဲလ်တွေကို အန္တရာယ်ပေးပါတယ်။

ဘာကြောင့် Paracetamol Poisoning ဖြစ်ရတာလဲ။
၂ခုရှိပါတယ်။ မတော်တဆ သောက်မိလို့ဖြစ်နိုင်တယ်။ ဥပမာ စိတ်မမှန်တဲ့သူတွေ၊ ကလေးတွေ က ပါရာစီတမောအရည်ပုလင်းကို ဆေးမှန်းမသိဘဲသောက်မိတာမျိုးပါ။

နောက်တစ်ခုက တမင်တကာ သေကြောင်းကြံတဲ့အနေနဲ့သောက်တာမျိုးပါ။ ဥပမာ စိတ်ဖိစီးမှုများတဲ့သူတွေ၊ စိတ်ကျရောဂါခံစားနေရတဲ့သူတွေ က ကိုယ့်ကိုကိုယ် သတ်သေတဲ့အနေနဲ့ တမင်သောက်တာမျိုးပါ။

Paracetamol Poisoning ရဲ့ လက္ခဏာတွေကတော့…..
သောက်ပြီး ပထမ၂၄နာရီအတွင်းမှာဆိုရင် ပျို့အန်တာ၊ မအီမသာဖြစ်တာလောက် သို့မဟုတ် ဘာလက္ခဏာမှမပြတာမျိုးလည်းဖြစ်နိုင်ပါတယ်။

၂၄နာရီနောက်ပိုင်းမှာတော့ အသည်းဆဲလ်များပျက်စီးတာစတင်ပါပြီ။ အဲ့အခါမှာ ဗိုက်ရဲ့ညာအပေါ်ခြမ်းကနာတာ၊ အသားဝါလာတာတွေဖြစ်နိုင်ပါတယ်။ ဒီအချိန်မှာ အသည်းအင်ဇိုင်းစစ်ကြည့်ရင် စတက်နေပါပြီ။ မကုဘဲထားမယ်ဆိုရင် ဒီအခြေအနေကနေ ဆီးနည်းလာတာ၊ ကျောက်ကပ်ထိပြီးဆီးမသွားနိုင်တော့တာ၊ သတိလစ်သွားတာ စတာတွေထိဖြစ်နိုင်ပါတယ်။

Paracetamol ကို အလွန်အကျွံသောက်မိရင် ဘယ်လိုလုပ်ရမလဲ။
ဆေးရုံကိုသာအမြန်သွားပါလို့ တိုက်တွန်းချင်ပါတယ်။

ဆေးရုံရောက်ရင် သောက်မိတဲ့ပမာဏကို ဆရာဝန်တွေကမေးပါမယ်။ တခြားတွဲသောက်မိတဲ့ဆေးတွေရှိမရှိလည်းမေးပါမယ်။ ဘာရောဂါအခံတွေရှိလဲ။ ဘာဆေးတွေစွဲသောက်နေတာမျိုးရှိလဲ။ အရက်သောက်လား စတာတွေလည်းမေးပါမယ်။ သောက်တဲ့အချိန်နာရီကိုလည်းမေးပါမယ်။ တမင်သောက်တာလား မတော်တဆသောက်မိတာမျိုးလားလည်းမေးပါမယ်။

ဒီတော့လမ်းမှာကတည်းက ကြိုစဉ်းစားထားပါ။ ဘာလို့လဲဆိုတော့ သောက်ပြီး ၁ နာရီကနေ ၂နာရီအတွင်းမှာ ဆိုရင် အစာအိမ်ထဲပိုက်ထည့်ပြီး စုပ်ထုတ်တာ သို့မဟုတ် Activated Charcoal ပေးတာလုပ်ပါတယ်။ဘ၂နာရီကျော် ကနေ ၈နာရီအတွင်း သို့မဟုတ် ၂၄နာရီအတွင်းမှာဆိုရင်တော့ N – acetylcysteine therapy ပေးပါတယ်။

တချိန်တည်းမှာပဲ သွေးဖောက်ပြီး သွေးထဲမှာ ပါရာစီတမော ဘယ်လောက်ရှိတယ်၊ အသည်းအင်ဇိုင်းမြင့်၊ မမြင့် ကျောက်ကပ်ကောင်း၊ မကောင်း အချိုဓါတ်ကျသွားတာမျိုးရှိမရှိ စစ်ရပါတယ်။ စသိသိခြင်း မလာဘဲ အချိန်လွန်မှလာတဲ့သူတွေအတွက်ကတော့ အသည်းအစားထိုးရတာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။

Paracetamol Poisoning မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။
မတော်တဆဖြစ်တာအတွက်ကတော့ ကလေးတွေ၊ စိတ်ပေါ့သွပ်တဲ့သူတွေ အိမ်မှာရှိရင် ဆေးတွေကို အလွယ်တကူမထားပါနဲ့။ သေချာသိမ်းဆည်းထားပါ။ ကလေးတွေလက်လှမ်းမမီတဲ့နေရာမှာထားပါ။

တမင်တကာကြံစည်တာမျိုးဆိုရင်တော့ အချိန်မှီကုသလို့ ပြန်ကောင်းခဲ့ပါက စိတ်ကျန်းမာဆရာဝန်နဲ့ပြပေးပါ။ မိသားစုအနေနဲ့လည်း သူ့ကိုနားလည်မှုပေးပါ။

Author : Dr 528

Previous Post

လျှို့ဝှက်ခဲ့ရမှု ပျောက်ဆုံးတော့မှာလား

Next Post

နှလုံးအားနည်းတယ်ဆိုတာ ဘာလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

12 months ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
806
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
834
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

နှလုံးအားနည်းတယ်ဆိုတာ ဘာလဲ

လက္ဖက္ရည္က အရသာတင္ ေကာင္းတာလား

ကြည်လင်ဝင်းပတဲ့ မျက်နှာအလှ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.