(Zawgyi ျဖင့္ ဖတ္ရန္)
လူတစ္ေယာက္ေနရင္းထိုင္ရင္ကေန ႐ုတ္တရက္ ရင္ဘတ္ထေအာင့္တယ္။ ဒါမဟုတ္ တေျဖးေျဖးခ်င္း ပိုပိုေအာင့္လာတယ္ဆို သတိထားသင့္ပါတယ္။ ရင္ဘတ္ေအာင့္တယ္ဆိုတာ ႏွလုံးေရာဂါရဲ႕ အေတြ႕အမ်ားဆုံး၊ အျဖစ္အမ်ားဆုံး လကၡဏာတစ္ခုပါပဲ။ ဒါေပမဲ့ စိုးရိမ္ပူပန္မႈမ်ားလာတဲ့အခါ အဆုတ္ေရာဂါ၊ အ႐ိုးနဲ႔ ႂကြက္သားဆိုင္ရာေရာဂါ၊ အစာအိမ္ေရာဂါျဖစ္ေနလွ်င္လည္း ရင္ဘတ္ေအာင့္တတ္ပါတယ္။ ဒါေၾကာင့္ ရင္ဘတ္ေအာင့္တိုင္း ႏွလုံးေရာဂါလို႔ မေျပာႏိုင္ေပမယ့္ ႏွလုံးေရာဂါတြင္ ရင္ဘတ္ေအာင့္တတ္ပါတယ္။ ႏွလုံးေရာဂါထဲမွာမွ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါမွာ ပိုျဖစ္တတ္ပါတယ္။
ႏွလုံးေၾကာင့္ ရင္ဘတ္ေအာင့္တာဆိုလွ်င္ ဘယ္လိုမ်ိဳး ေအာင့္တတ္လဲ။ အရင္ဆုံး စေအာင့္တဲ့ ေနရာသည္ ရင္ဘတ္၏ အလယ္တည့္တည္ ေအာင့္တတ္ပါတယ္။ ၿပီးလွ်င္ ထိုးေအာင့္တဲ့ေနရာကေန လည္ပင္း၊ ေမး႐ိုး၊ အတြင္းလက္ေမာင္းေတြဆီ ပ်ံ႕သြားတတ္ပါတယ္။ တစ္ခါတေလ ေက်ာသို႔လည္း ပ်ံ႕သြားၿပီး နာတတ္ေအာင့္တတ္ပါတယ္။ ႏွလုံးေၾကာင့္ ေအာင့္လွ်င္ စူးကနဲ ညႇစ္ထားသလို က်ပ္တတ္တတ္လို အေလးတစ္ခုခုဖိထားသလို စုပ္ၿဖဲလိုက္သလို ပူေလာင္သလိုမ်ိဳး ခံစားရတတ္ပါတယ္။ ဒါေပမယ့္ ဓားနဲ႔ထိုးသလိုမ်ိဳး မနာတတ္ပါဘူး။
ႏွလုံးေၾကာင့္ ရင္ဘတ္ေအာင့္တာဆို လႈပ္ရွားမႈ ျပဳလုပ္ေနစဥ္အတြင္းမွာဘဲ ေအာင့္တတ္ပါတယ္။ လႈပ္ရွားမႈလုပ္ၿပီး ေနာက္ပိုင္းတြင္ မေအာင့္တတ္ပါ။ ၿပီးလွ်င္ နားလိုက္လွ်င္ ငါးမိနစ္အတြင္း ေအာင့္တာ သက္သာသြားတတ္ပါတယ္။ ထိုရင္ဘတ္ေအာင့္ျခင္းနဲ႔ တျခားလကၡဏာေတြပါ တြဲတတ္ပါတယ္။ ဘာေတြလဲဆိုေတာ့ ရင္ဘတ္ေအာင့္ေနစဥ္ ေဇာေခြၽးျပန္ျခင္း၊ ပ်ိဳ႕ျခင္း၊ အသက္ရွဴက်ပ္ျခင္းေတြ တြဲျဖစ္တတ္ပါတယ္။ အသက္ရွဴက်ပ္ျခင္း မဝျခင္းဟာ အဆုတ္ေရာဂါနဲ႔လည္း ပတ္သက္ေနလို႔ ေခ်ာင္းဆိုးျခင္း၊ အသက္ရွဴလွ်င္ တ႐ႊီ႐ႊီၾကားလွ်င္ တျခားအဆုတ္လကၡဏာတြဲမွသာ ထိုအသက္ရွဴက်ပ္ျခင္းသည္ အဆုတ္ေၾကာင့္ ျဖစ္တာပါ။
ဒါဆိုရင္ ရင္ဘတ္ေအာင့္တာဟာ တျခားဘာေတြမွာေရာ ျဖစ္တတ္ေသးသလဲ၊၊ စိတ္ပိုင္းဆိုင္ရာမွာ ျဖစ္တတ္ပါတယ္။ ဘယ္လိုစိတ္ပိုင္းဆိုင္ရာလည္းဆိုေတာ့ စိတ္ခံစားခ်က္ျပင္းထန္တဲ့အခါ စိတ္အရမ္းညစ္တဲ့အခါ ေအာင့္တတ္ပါတယ္။ ထိုးေအာင့္တဲ့အခါ စိုးရိမ္ပူပန္မႈ ရွိေနၿပီး ေအာင့္တာဟာ ေလ့က်င့္ခန္းျပဳလုပ္တာနဲ႔ ပတ္သက္မႈမရွိလွ်င္ စိတ္ပိုင္းဆိုင္ရာေၾကာင့္ ေအာင့္တာလို႔ သတ္မွတ္ပါတယ္။
ရင္ဘတ္ေအာင့္တာက ရင္ၫြန႔္ရဲ႕ ေနာက္က ဒါမွမဟုတ္ ဘယ္ဘက္ေလာက္က၊ ဘယ္၊ ညာ၊ ပုခုံးေအာက္က နာတယ္။ လႈပ္ရွားမႈ၊ အသက္ရွဴတာနဲ႔ ပတ္သက္ေနရင္ ဒါဟာ ႏွလုံးေရာင္တာ ပိုျဖစ္ႏိုင္ပါတယ္။ ႏွလုံးေရာင္လို႔ နာက်င္ အသက္ရွဴလိုက္တဲ့အခါ ေခ်ာင္းဆိုးတဲ့အခါ၊ လွဲေနတဲ့အခါ စူးကနဲ စူးကနဲ ေအာင့္တတ္ပါတယ္။ တကယ္လို႔ နာက်င္မႈက မခံမရပ္ျဖစ္တယ္။ စူးကနဲႏွင့္ ဆြဲၿဖဲလိုက္သလို ခံစားရမယ္။ ေက်ာဘက္ေအာက္က ခံစားရလွ်င္ ႏွလုံးအတြက္ Aorta လို႔ေခၚတဲ့ ေသြးလႊတ္ေၾကာမ နံရံၿပဲသြားတာပါ။
<p.
အစာေရမ်ိဳမွာ တစ္ခုခုျဖစ္လို႔ နာက်င္လွ်င္လည္း ႏွလုံးေၾကာင့္ရင္ဘတ္ေအာင့္တာနဲ႔ မွားတတ္ပါတယ္။ တစ္ခါတစ္ေလ ေလ့က်င့္ခန္းလုပ္လွ်င္ ပိုဆိုးမယ္။ Nitrate လို ေဆးေတြနဲ႔ သက္သာသြားတတ္ပါတယ္။ ဒါ့အျပင္ လူနာဟာ ပက္လက္လွန္တဲ့အခါ၊ အစာစားတဲ့အခါ ေရေသာက္တဲ့အခါ နာက်င္လာၿပီး ျပန္အန္ထြက္တတ္ပါတယ္။ အစာေရမ်ိဳမဟုတ္ဘဲ ေလလမ္းေၾကာင္းနဲ႔ဆိုင္ေသာ ဥပမာ- ပန္းနာရင္က်ပ္ေတြမွာလည္း လႈပ္ရွားလွ်င္ ရင္ဘတ္ကက်ပ္လာၿပီး နားလွ်င္ သက္သာသြားတတ္ပါတယ္။ ဒါေၾကာင့္ ဒါဟာ ႏွလုံးေၾကာင့္ ရင္က်ပ္တာလား ခြဲျခားဖို႔ ခက္ခဲပါတယ္။
တစ္ခါတစ္ေလ ရင္ဘတ္ကေအာင့္ေနတယ္။ နာေနတာကလည္း အ႐ိုး၊ ႂကြက္သားေတြေၾကာင့္လည္း ျဖစ္ႏိုင္ပါေသးတယ္။ အ႐ိုး၊ ႂကြက္သားေၾကာင့္ဆို နာက်င္မႈဟာ ခႏၶာကိုယ္ အေနအထား လႈပ္ရွားသြားလာမႈနဲ႔ ပတ္သက္ေျပာင္းလဲ ေနတတ္ပါတယ္။ တစ္ခါတေလ နံ႐ိုးေပၚ ဖိလိုက္လွ်င္ တစ္ေနရာတည္း ကြက္နာေနတတ္ပါတယ္။ အ႐ိုး၊ ႂကြက္သားဆိုင္ရာ ေရာဂါမွာမွ ထိခိုက္ထားျခင္း၊ အ႐ိုးေရာင္ျခင္း၊ နံ႐ိုးအ႐ိုးႏုေရာင္ျခင္း၊ နံ႐ိုးႂကြက္သား ဒဏ္ရာရျခင္း၊ ဗိုင္းရပ္စ္ပိုးေတြေၾကာင့္ ျဖစ္တတ္ပါတယ္။
တျခားျဖစ္ေစ၊ မွားႏိုင္ေသးတဲ့ ေရာဂါကေတာ့ အာ႐ုံေၾကာဆိုင္ရာ ေရာဂါျဖစ္တဲ့ခါးဆစ္႐ိုးကြၽံျခင္း၊ ေရယုံေပါက္ျခင္းေတြမွာလည္း ရင္ဘတ္ေအာင့္တာ၊ နာတာျဖစ္တတ္ပါတယ္။
ရင္ဘတ္ေအာင့္တာကိုလည္း အဆင့္သတ္မွတ္ထားပါတယ္။ အဆင့္တစ္အမ်ိဳးအစားဆိုလွ်င္ ပုံမွန္လုပ္ေနက် အလုပ္လုပ္လွ်င္ မေအာင့္တတ္ေပ။ အဆင့္ႏွစ္ဆိုလွ်င္ ပုံမွန္အလုပ္လုပ္တာနဲ႔တင္ နည္းနည္းေအာင့္လာပါတယ္။ အဆင့္သုံးဆိုလွ်င္ ပုံမွန္အလုပ္ကေလးလုပ္တာနဲ႔ ေတာ္ေတာ္သိသိသာသာေလး ေအာင့္လာၿပီး နားလိုက္လွ်င္ သက္သာသြားပါတယ္။ အဆင့္ေလးဆိုလွ်င္ ပုံမွန္အလုပ္ေတာင္ မလုပ္ႏိုင္ေတာ့ပါ။ ပိုဆိုးတာက နားေနတာမွာလည္း ခံစားေနရတုန္းပါတဲ့။
အဲေတာ့ လူတစ္ေယာက္ရင္ဘတ္ေအာင့္ေနရင္ ေရာဂါကို ေသခ်ာေမးၿပီး ႏွလုံးေၾကာင့္လား၊ တျခားအေၾကာင္းေၾကာင့္လား အရင္ခြဲဖို႔ လိုပါတယ္။ ႏွလုံးက ပိုအေရးႀကီးပါတယ္။ ဘာလို႔လဲဆို အဲထဲမွာမွ ႏွလုံးေသြးေၾကာက်ဥ္း ေရာဂါက ဒုကၡေပးႏိုင္လို႔ပါ။ အျဖစ္လည္းမ်ားေနလို႔ပါ။ အခန႔္မသင့္ရင္ အသက္အႏၲရာယ္ပါ ထိခိုက္ႏိုင္ပါတယ္။
ခုမွစစခ်င္း ရင္ဘတ္ေအာင့္ဖူးတယ္ဆိုရင္ ျပႆနာမရွိေပမယ့္ ဘာေၾကာင့္ေအာင့္ရသလဲဆိုတာ လိုက္ရွာဖို႔ လိုအပ္ၿပီး လိုအပ္ေသာ ေဆးဝါးကုသမႈ ခံယူသင့္ပါတယ္။ ေနာက္ပိုင္းကိုလည္း သတိထားေစာင့္ၾကည့္ၿပီး အေနအထိုင္ အစားအေသာက္ဆင္ျခင္ဖို႔ လိုပါတယ္။ လူတစ္ေယာက္ေတြ႕ဖူးပါတယ္။ အဲဒီလူက အရင္က ရင္ဘတ္ေအာင့္ဖူးတယ္။ ေဆးေသာက္ၿပီး သက္သာေနတယ္။ ဒီရက္ပိုင္းတြင္ ေအာင့္လာလို႔ဆို ေဆး႐ုံသြားျပတာ ေဆး႐ုံမွာတင္ ေသဆုံးသြားခဲ့ပါတယ္။ ထို႔ေၾကာင့္ ရင္ဘတ္ေအာင့္တာကို ေပါ့ေသးေသးဟု မယူဆၾကပါႏွင့္။
Author: ေဒါက္တာဇြဲေကာင္းခ်စ္, healthcare Journal, Vol 8,no 21 ( 9.6.17)
(Unicode)
လူတစ်ယောက်နေရင်းထိုင်ရင်ကနေ ရုတ်တရက် ရင်ဘတ်ထအောင့်တယ်။ ဒါမဟုတ် တဖြေးဖြေးချင်း ပိုပိုအောင့်လာတယ်ဆို သတိထားသင့်ပါတယ်။ ရင်ဘတ်အောင့်တယ်ဆိုတာ နှလုံးရောဂါရဲ့ အတွေ့အများဆုံး၊ အဖြစ်အများဆုံး လက္ခဏာတစ်ခုပါပဲ။ ဒါပေမဲ့ စိုးရိမ်ပူပန်မှုများလာတဲ့အခါ အဆုတ်ရောဂါ၊ အရိုးနဲ့ ကြွက်သားဆိုင်ရာရောဂါ၊ အစာအိမ်ရောဂါဖြစ်နေလျှင်လည်း ရင်ဘတ်အောင့်တတ်ပါတယ်။ ဒါကြောင့် ရင်ဘတ်အောင့်တိုင်း နှလုံးရောဂါလို့ မပြောနိုင်ပေမယ့် နှလုံးရောဂါတွင် ရင်ဘတ်အောင့်တတ်ပါတယ်။ နှလုံးရောဂါထဲမှာမှ နှလုံးသွေးကြောကျဉ်းရောဂါမှာ ပိုဖြစ်တတ်ပါတယ်။
နှလုံးကြောင့် ရင်ဘတ်အောင့်တာဆိုလျှင် ဘယ်လိုမျိုး အောင့်တတ်လဲ။ အရင်ဆုံး စအောင့်တဲ့ နေရာသည် ရင်ဘတ်၏ အလယ်တည့်တည် အောင့်တတ်ပါတယ်။ ပြီးလျှင် ထိုးအောင့်တဲ့နေရာကနေ လည်ပင်း၊ မေးရိုး၊ အတွင်းလက်မောင်းတွေဆီ ပျံ့သွားတတ်ပါတယ်။ တစ်ခါတလေ ကျောသို့လည်း ပျံ့သွားပြီး နာတတ်အောင့်တတ်ပါတယ်။ နှလုံးကြောင့် အောင့်လျှင် စူးကနဲ ညှစ်ထားသလို ကျပ်တတ်တတ်လို အလေးတစ်ခုခုဖိထားသလို စုပ်ဖြဲလိုက်သလို ပူလောင်သလိုမျိုး ခံစားရတတ်ပါတယ်။ ဒါပေမယ့် ဓားနဲ့ထိုးသလိုမျိုး မနာတတ်ပါဘူး။
နှလုံးကြောင့် ရင်ဘတ်အောင့်တာဆို လှုပ်ရှားမှု ပြုလုပ်နေစဉ်အတွင်းမှာဘဲ အောင့်တတ်ပါတယ်။ လှုပ်ရှားမှုလုပ်ပြီး နောက်ပိုင်းတွင် မအောင့်တတ်ပါ။ ပြီးလျှင် နားလိုက်လျှင် ငါးမိနစ်အတွင်း အောင့်တာ သက်သာသွားတတ်ပါတယ်။ ထိုရင်ဘတ်အောင့်ခြင်းနဲ့ တခြားလက္ခဏာတွေပါ တွဲတတ်ပါတယ်။ ဘာတွေလဲဆိုတော့ ရင်ဘတ်အောင့်နေစဉ် ဇောချွေးပြန်ခြင်း၊ ပျို့ခြင်း၊ အသက်ရှူကျပ်ခြင်းတွေ တွဲဖြစ်တတ်ပါတယ်။ အသက်ရှူကျပ်ခြင်း မဝခြင်းဟာ အဆုတ်ရောဂါနဲ့လည်း ပတ်သက်နေလို့ ချောင်းဆိုးခြင်း၊ အသက်ရှူလျှင် တရွှီရွှီကြားလျှင် တခြားအဆုတ်လက္ခဏာတွဲမှသာ ထိုအသက်ရှူကျပ်ခြင်းသည် အဆုတ်ကြောင့် ဖြစ်တာပါ။
ဒါဆိုရင် ရင်ဘတ်အောင့်တာဟာ တခြားဘာတွေမှာရော ဖြစ်တတ်သေးသလဲ၊၊ စိတ်ပိုင်းဆိုင်ရာမှာ ဖြစ်တတ်ပါတယ်။ ဘယ်လိုစိတ်ပိုင်းဆိုင်ရာလည်းဆိုတော့ စိတ်ခံစားချက်ပြင်းထန်တဲ့အခါ စိတ်အရမ်းညစ်တဲ့အခါ အောင့်တတ်ပါတယ်။ ထိုးအောင့်တဲ့အခါ စိုးရိမ်ပူပန်မှု ရှိနေပြီး အောင့်တာဟာ လေ့ကျင့်ခန်းပြုလုပ်တာနဲ့ ပတ်သက်မှုမရှိလျှင် စိတ်ပိုင်းဆိုင်ရာကြောင့် အောင့်တာလို့ သတ်မှတ်ပါတယ်။
ရင်ဘတ်အောင့်တာက ရင်ညွန့်ရဲ့ နောက်က ဒါမှမဟုတ် ဘယ်ဘက်လောက်က၊ ဘယ်၊ ညာ၊ ပုခုံးအောက်က နာတယ်။ လှုပ်ရှားမှု၊ အသက်ရှူတာနဲ့ ပတ်သက်နေရင် ဒါဟာ နှလုံးရောင်တာ ပိုဖြစ်နိုင်ပါတယ်။ နှလုံးရောင်လို့ နာကျင် အသက်ရှူလိုက်တဲ့အခါ ချောင်းဆိုးတဲ့အခါ၊ လှဲနေတဲ့အခါ စူးကနဲ စူးကနဲ အောင့်တတ်ပါတယ်။ တကယ်လို့ နာကျင်မှုက မခံမရပ်ဖြစ်တယ်။ စူးကနဲနှင့် ဆွဲဖြဲလိုက်သလို ခံစားရမယ်။ ကျောဘက်အောက်က ခံစားရလျှင် နှလုံးအတွက် Aorta လို့ခေါ်တဲ့ သွေးလွှတ်ကြောမ နံရံပြဲသွားတာပါ။
<p.
အစာရေမျိုမှာ တစ်ခုခုဖြစ်လို့ နာကျင်လျှင်လည်း နှလုံးကြောင့်ရင်ဘတ်အောင့်တာနဲ့ မှားတတ်ပါတယ်။ တစ်ခါတစ်လေ လေ့ကျင့်ခန်းလုပ်လျှင် ပိုဆိုးမယ်။ Nitrate လို ဆေးတွေနဲ့ သက်သာသွားတတ်ပါတယ်။ ဒါ့အပြင် လူနာဟာ ပက်လက်လှန်တဲ့အခါ၊ အစာစားတဲ့အခါ ရေသောက်တဲ့အခါ နာကျင်လာပြီး ပြန်အန်ထွက်တတ်ပါတယ်။ အစာရေမျိုမဟုတ်ဘဲ လေလမ်းကြောင်းနဲ့ဆိုင်သော ဥပမာ- ပန်းနာရင်ကျပ်တွေမှာလည်း လှုပ်ရှားလျှင် ရင်ဘတ်ကကျပ်လာပြီး နားလျှင် သက်သာသွားတတ်ပါတယ်။ ဒါကြောင့် ဒါဟာ နှလုံးကြောင့် ရင်ကျပ်တာလား ခွဲခြားဖို့ ခက်ခဲပါတယ်။
တစ်ခါတစ်လေ ရင်ဘတ်ကအောင့်နေတယ်။ နာနေတာကလည်း အရိုး၊ ကြွက်သားတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ အရိုး၊ ကြွက်သားကြောင့်ဆို နာကျင်မှုဟာ ခန္ဓာကိုယ် အနေအထား လှုပ်ရှားသွားလာမှုနဲ့ ပတ်သက်ပြောင်းလဲ နေတတ်ပါတယ်။ တစ်ခါတလေ နံရိုးပေါ် ဖိလိုက်လျှင် တစ်နေရာတည်း ကွက်နာနေတတ်ပါတယ်။ အရိုး၊ ကြွက်သားဆိုင်ရာ ရောဂါမှာမှ ထိခိုက်ထားခြင်း၊ အရိုးရောင်ခြင်း၊ နံရိုးအရိုးနုရောင်ခြင်း၊ နံရိုးကြွက်သား ဒဏ်ရာရခြင်း၊ ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်တတ်ပါတယ်။
တခြားဖြစ်စေ၊ မှားနိုင်သေးတဲ့ ရောဂါကတော့ အာရုံကြောဆိုင်ရာ ရောဂါဖြစ်တဲ့ခါးဆစ်ရိုးကျွံခြင်း၊ ရေယုံပေါက်ခြင်းတွေမှာလည်း ရင်ဘတ်အောင့်တာ၊ နာတာဖြစ်တတ်ပါတယ်။
ရင်ဘတ်အောင့်တာကိုလည်း အဆင့်သတ်မှတ်ထားပါတယ်။ အဆင့်တစ်အမျိုးအစားဆိုလျှင် ပုံမှန်လုပ်နေကျ အလုပ်လုပ်လျှင် မအောင့်တတ်ပေ။ အဆင့်နှစ်ဆိုလျှင် ပုံမှန်အလုပ်လုပ်တာနဲ့တင် နည်းနည်းအောင့်လာပါတယ်။ အဆင့်သုံးဆိုလျှင် ပုံမှန်အလုပ်ကလေးလုပ်တာနဲ့ တော်တော်သိသိသာသာလေး အောင့်လာပြီး နားလိုက်လျှင် သက်သာသွားပါတယ်။ အဆင့်လေးဆိုလျှင် ပုံမှန်အလုပ်တောင် မလုပ်နိုင်တော့ပါ။ ပိုဆိုးတာက နားနေတာမှာလည်း ခံစားနေရတုန်းပါတဲ့။
အဲတော့ လူတစ်ယောက်ရင်ဘတ်အောင့်နေရင် ရောဂါကို သေချာမေးပြီး နှလုံးကြောင့်လား၊ တခြားအကြောင်းကြောင့်လား အရင်ခွဲဖို့ လိုပါတယ်။ နှလုံးက ပိုအရေးကြီးပါတယ်။ ဘာလို့လဲဆို အဲထဲမှာမှ နှလုံးသွေးကြောကျဉ်း ရောဂါက ဒုက္ခပေးနိုင်လို့ပါ။ အဖြစ်လည်းများနေလို့ပါ။ အခန့်မသင့်ရင် အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်။
ခုမှစစချင်း ရင်ဘတ်အောင့်ဖူးတယ်ဆိုရင် ပြဿနာမရှိပေမယ့် ဘာကြောင့်အောင့်ရသလဲဆိုတာ လိုက်ရှာဖို့ လိုအပ်ပြီး လိုအပ်သော ဆေးဝါးကုသမှု ခံယူသင့်ပါတယ်။ နောက်ပိုင်းကိုလည်း သတိထားစောင့်ကြည့်ပြီး အနေအထိုင် အစားအသောက်ဆင်ခြင်ဖို့ လိုပါတယ်။ လူတစ်ယောက်တွေ့ဖူးပါတယ်။ အဲဒီလူက အရင်က ရင်ဘတ်အောင့်ဖူးတယ်။ ဆေးသောက်ပြီး သက်သာနေတယ်။ ဒီရက်ပိုင်းတွင် အောင့်လာလို့ဆို ဆေးရုံသွားပြတာ ဆေးရုံမှာတင် သေဆုံးသွားခဲ့ပါတယ်။ ထို့ကြောင့် ရင်ဘတ်အောင့်တာကို ပေါ့သေးသေးဟု မယူဆကြပါနှင့်။
Author: ဒေါက်တာဇွဲကောင်းချစ်, healthcare Journal, Vol 8,no 21 ( 9.6.17)