fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

နှလုံးအားနည်းတယ်ဆိုတာ ဘာလဲ

364
VIEWS
Share on FacebookShare on TwitterShare on Linkedin
09/08/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ဆေးခန်းလာပြတဲ့ တစ်ချို့သော လူနာတွေကို တခြားဘာရောဂါအခံရှိလဲ မေးလိုက်တဲ့ အခါတွေမှာ နှလုံးအားနည်းတဲရောဂါ ရှိတယ် ဆိုတာတွေ ကြားရတတ်ပါတယ်။ အများအားဖြင့် လူငယ်ပိုင်းတွေ ပြောတတ်ကြတယ်။ အမျိုးသားတွေလည်း ပြောတတ်ပေမယ့် အမျိုးသမီးတွေပြောတာ ပိုများပါတယ်။ ဘယ်လိုခံစားရလို့လဲ လို့ ဆက်မေးလိုက်တော့ အမောမခံနိုင်ဘူး။ ရင်တုန်တတ်တယ်။ စိတ်မကောင်းစရာတစ်ခုခုဆို မူးလဲမတတ်ခံစားရတယ်။ ရင်ဘတ်ထဲ အောင့်တက်လာတတ်တယ် စသဖြင့်ပြောတတ်ကြတယ်။

နှလုံးအားနည်းတယ်ဆိုတာ ဘာရောဂါလဲ။
ပုံမှန်အားဖြင့်တော့ တိုက်ရိုက်ဘာသာပြန်ကြည့်ရင် နှလုံးအားနည်းတဲ့ ရောဂါဆိုတာ မရှိပါဘူး။ သွေးအားနည်းလို့ ဖြစ်လာတဲ့ နှလုံးရောဂါ ဆိုတာပဲရှိတယ်။
သွေးအားနည်းပြီလို့ဆိုတိုင်းတော့ နှလုံးရောဂါ တန်းမဖြစ်ပါဘူး။ သွေးအားနည်းတာ ကြာရှည်လာမှ နှလုံးရောဂါ ဖြစ်စေပါတယ်။

သွေးအားနည်းတယ်ဆိုတာက သွေးထဲမှာ ဟေမိုဂလိုဘင်ပမာဏ ကျလာတာကို ပြောတာပါ။ ဟေမိုဂလိုဘင်က အဆုတ်ကနေရှူသွင်းလိုက်တဲ့ အောက်ဆီဂျင်ကို ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ တစ်ရှူးတွေဆီကို သယ်ဆောင်ပေးရတာပါ။ ဟေမိုဂလိုဘင်နည်းနေတဲ့အခါ လုံလောက်တဲ့ အောက်ဆီဂျင်ပမာဏ ကို ခန္ဓာကိုယ်အစိတ်အပိုင်းတွေက မရနိုင်တော့ မနိုင်ဝန်ထမ်းနေရသလို ဖြစ်လာတယ်။ ကြာလာတဲ့အခါ ပျက်စီးလာပါတယ်။

သွေးအားနည်းတဲ့အခါတိုင်းမှာ ဖြူဖတ်ဖြူရော်ဖြစ်ခြင်း၊ မောပန်းလွယ်ခြင်၊း ရင်တုန်ခြင်၊း ရင်ဘတ်ထဲစူးအောင့်ခြင်း၊ အစားစားချင်စိတ်မရှိခြင်၊း အိပ်မပျော်ခြင်း နဲ့ မူးလဲခြင်း စတာတွေဖြစ်လာတတ်ပါတယ်။ သွေးအားနည်းတာနဲ့ သွေးပေါင်ကျတာနဲ့မဆိုင်ပါဘူး။ သွေးအားနည်းပေမယ့်လည်း သွေးပေါင်ကျချင်ကျမယ်။ တက်ချင်တက်မယ်။ ပုံမှန်ဖြစ်ချင်ဖြစ်နေမှာပါ။ သွေးအားနည်းတဲ့အခါ နှလုံးကလည်း အလုပ်ပိုလုပ်ရတော့ ကြာလာတာနဲ့ နှလုံးကြီးတာတွေ၊ နှလုံးညှစ်အားမကောင်းတာတွေ လည်းဖြစ်လာနိုင်ပါတယ်။

သွေးအားနည်းတဲ့ရောဂါကို သံသယရှိလာပြီဆို နည်းနေတာကိုပြန်ဖြည့်ရုံတင်မကဘဲ ဘာကြောင့်သွေးအားနည်းရတာလဲ ဆိုတာကို လိုက်ရှာပေးဖို့လိုပါတယ်။ ဒါမှ အိတ်ပေါက်နဲ့ဖားကောက်တာမဖြစ်မှာပါ။ သွေးအားနည်းတယ်ဆိုတိုင်း သံဓာတ်ဖြည့်ပေးရမယ် မဟုတ်ပါဘူး။ တစ်ခါတစ်လေ vitamin b 12 နဲ့ Folic acid ဖြည့်ပေးဖို့လိုသလို၊ တစ်ခါတစ်လေ သွေးသွင်းဖို့လည်းလိုတတ်ပါတယ်။

စိတ်မကောင်းစရာကြုံတိုင်း ရင်ဘတ်အောင့်တက်လာတာ၊ မူးမေ့လဲတာတွေက စိတ်ခံစားမှု ပြင်းထန်တဲ့ သူတွေမှာလည်းဖြစ်နိုင်တယ်။ နှလုံးရောဂါနဲ့ အမြဲ ဆိုင်ချင်မှ ဆိုင်ပါမယ်။ လူနာတွေမှာ အပေါ်ကပြောသလိုတွေ ခံစားနေရတယ်ဆိုရင် ငါတော့နှလုံးရောဂါများဖြစ်နေပြီလားဆိုတဲ့အတွေးကိုက စိတ်ကိုတစ်ခါထပ်ပြီး ပင်ပန်းစေပါတယ်။

အသက်ငယ်ငယ် နှလုံးရောဂါမဖြစ်ဘူးလို့တော့မဆိုလိုပါဘူး။ ဒါပေမယ့် ဒီလိုလက္ခဏာတွေကြုံလာတိုင်း နှလုံးအားနည်းတဲ့ ရောဂါလို့ ထင်မှားနေကြတာတွေ များလာလို့ပါ။ အဓိကကတော့ စိတ်ကိုမဖိစီးအောင် အတတ်နိုင်ဆုံးလျှော့ထားပါ။ အစားအသောက်အနေအထိုင်ကို ကျန်းမာရေးနဲ့ညီညွတ်ဖို့ ကြိုးစားပါ။ လိုအပ်လာရင် အားဆေးတွေ သောက်ပါ။ နှလုံးအားနည်းတဲ့ ရောဂါဆိုတာ မရှိပေမယ့် နှလုံးအားကောင်းဖို့တော့ လူနေမှုဘဝပုံစံနဲ့ ပြုပြင်ထိန်းသိမ်းနေထိုင်သွားလို့ရပါတယ်။

Author : Dr. CST

Previous Post

ပါရာစီတမော အဆိပ်သင့်ခြင်း

Next Post

လက်ဖက်ရည်က အရသာတင် ကောင်းတာလား


ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

12 months ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
806
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
834
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လက်ဖက်ရည်က အရသာတင် ကောင်းတာလား

ကြည်လင်ဝင်းပတဲ့ မျက်နှာအလှ

ကိုယ်ဝန်ဆောင်များ မသောက်သုံးသင့်သည့် ဆေးဝါးများနှင့်ဆိုးကျိုးများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.