fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ဦးနှောက်ထဲကရေတွေ

198
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/07/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

Hydrocephalus ဒီစကားဟာဂရိဘာသာကေနဆင္းသက္လာတာပါ/ hydro=ေရ cephalus=ဦးေခါင္း ။ဆီေလ်ာ္ေအာင္ဘာသာျပန္ရရင္ ဦးေခါင္းခြံထဲက ဦးေႏွာက္မွာ ေရေတြ စုျခင္းျဖစ္ပါတယ္။ ဒီေနရာမွာေရဆိုတာ ဦးေႏွာက္အရည္ၾကည္ (cerebrospinal fluid) ကိုဆိုလိုတာပါ ။အဲ့လိုအရည္ေတြအမ်ားႀကီးလာစုတဲ့အခါမွာ ဦးေႏွာက္အခန္းေတြကက်ယ္လာပါတယ္။ အဲအခါမွာဦးေႏွာက္အေပၚကို မလိုလားအပ္တဲ့ဖိအားသက္ေရာက္ေစပါတယ္။

ဦးေႏွာက္မွာအခန္း၄ခုရွိပါတယ္။ အခန္းေလးခုကိုဆက္သြယ္ထားတဲ့ေျမာင္းအေသးေလးေတြရွိတယ္။ ဦးေႏွာက္အရည္ၾကည္ကို choroid plexus ဆိုတဲ့ဦးေႏွာက္ထဲမွာရွိတဲ့ေနရာတစ္ခုကေနထုတ္ပါတယ္ ။အဲ့ေနရာကေန ဦးေႏွာက္အခန္းေလးခန္းကိုျဖတ္စီးၿပီး ဦးေႏွာက္ေအာက္ေျခကထြက္ၿပီး ေက်ာ႐ိုးထဲေရာက္ပါတယ္။ ထို႔ေနာက္အဲ့အရည္ကို ေသြးေၾကာကေနျပန္စုပ္ပါတယ္။ ဒါပုံမွန္ပါ ။

ဘယ္အခါမွာဦးေႏွာက္ထဲအရည္(CSF)ေတြအမ်ားႀကီးလာစုလဲ။
အခ်က္၃ခ်က္ရွိပါတယ္။
၁။အရည္ထုတ္တာမ်ားလာတာ
၂။ျပန္မစုပ္ႏိုင္တာ
၃။စီးဆင္းတဲ့လမ္းေၾကာင္းပ်က္သြားတာ၊ က်ဥ္းသြားတာ ၊ပိတ္တာ တို႔ေၾကာင့္ျဖစ္ပါတယ္။

ဒီအခ်က္၃ခ်က္ကိုျဖစ္ေစတဲ့အေၾကာင္းရင္းေတြကေတာ့
ေမြးကင္းစကေလးေတြမွာဆိုရင္(ေမြးရာပါဆိုရင္)
-အေမ့ဗိုက္ထဲမွာကတည္းကပိုးဝင္ခဲ့တာ
-Aqueductal Stenosis(လမ္းေၾကာင္းက်ဥ္းတာ)
-Dandy Walker Syndrome (လမ္းေၾကာင္းပ်က္တာ)စတာေတြေၾကာင့္ပါ

ႀကီးမွျဖစ္တာဆိုရင္ေတာ့
– ဦးေခါင္းကိုခိုက္မိတာ
– ဦးေႏွာက္ထဲမွာအလုံး(Tumor)ျဖစ္တာ
– ဦးေႏွာက္အေျမးေရာင္တာ
– Choroid Plexus Papilloma စတာေတြေၾကာင့္ပါ။

ဦးေႏွာက္ထဲအရည္အမ်ားႀကီးစုတဲ့ေရာဂါဟာ ဦးေခါင္းခြံမပိတ္ေသးတဲ့ကေလးေတြမွာျဖစ္ရင္ ေခါင္းအ႐ြယ္အစားႀကီးလာပါတယ္။ ဦးေခါင္းခြံပိတ္ၿပီးမွျဖစ္ရင္ေတာ့ ေခါင္းအ႐ြယ္အစားမႀကီးပါဘူး။ ေရာဂါလကၡဏေတြကေတာ့ ျဖစ္တဲ့အသက္အ႐ြယ္နဲ႔လိုက္ၿပီး ကြဲျပားႏိုင္ပါတယ္ ။ ေမြးကင္းစေတြမွာဆိုရင္ ေခါင္းအ႐ြယ္အစားႀကီးလာမယ္။ မ်က္လုံးကအေပၚဖက္ကိုမၾကည့္ႏိုင္ေတာ့ဘူး ။ပ်ိဳ႕အန္တာေတြလည္းျဖစ္ႏိုင္တယ္။

ႀကီးတဲ့အ႐ြယ္ေတြမွာျဖစ္ရင္ ေခါင္းကိုက္မယ္။ အန္မယ္။ အျမင္ဝါးမယ္။ေသြးတိုးမယ္ ။မွတ္ဉာဏ္ေတြေလ်ာ့လာမယ္။ ဆီးမထိန္းႏိုင္တာစတာေတြျဖစ္ႏိုင္တယ္ ။ေခါင္းႀကီးတိုင္းေတာ့ Hydrocephalus လို႔မေျပာႏိုင္ပါဘူး ။

အထက္ပါလကၡဏေတြရွိရင္ေတာ့ ဆရာဝန္နဲ႔ျပသၿပီး အာထရာေဆာင္း႐ိုက္တာ ၊စီတီ႐ိုက္တာ၊ ေခါင္းဓါတ္မွန္႐ိုက္တာ စတာေတြလုပ္ႏိုင္ပါတယ္။ ဘယ္လိုကုသရမလဲဆိုေတာ့ ကေလးရဲ႕ေခါင္းအက်ယ္အဝန္း(Occipitofrontal Circumference) ကို ေန႔တိုင္းတိုင္းၾကည့္ရပါမယ္။ ေခါင္းႀကီးလာတာက ျဖည္းျဖည္းခ်င္းပဲႀကီးတယ္။ ဆက္လည္းမႀကီးေတာ့ဘူးဆိုရင္ ေသာက္ေဆး ေလာက္နဲ႔ရႏိုင္ပါတယ္။ တကယ္လို႔ ေခါင္းက အခ်ိန္ခဏေလးအတြင္းမွာ တအားျမန္ျမန္ႀကီးလာတယ္ဆိုရင္ေတာ့ ခြဲစိတ္ရပါမယ္။
Author; Dr528

(Unicode)

Hydrocephalus ဒီစကားဟာဂရိဘာသာကနေဆင်းသက်လာတာပါ/ hydro=ရေ cephalus=ဦးခေါင်း ။ဆီလျော်အောင်ဘာသာပြန်ရရင် ဦးခေါင်းခွံထဲက ဦးနှောက်မှာ ရေတွေ စုခြင်းဖြစ်ပါတယ်။ ဒီနေရာမှာရေဆိုတာ ဦးနှောက်အရည်ကြည် (cerebrospinal fluid) ကိုဆိုလိုတာပါ ။အဲ့လိုအရည်တွေအများကြီးလာစုတဲ့အခါမှာ ဦးနှောက်အခန်းတွေကကျယ်လာပါတယ်။ အဲအခါမှာဦးနှောက်အပေါ်ကို မလိုလားအပ်တဲ့ဖိအားသက်ရောက်စေပါတယ်။

ဦးနှောက်မှာအခန်း၄ခုရှိပါတယ်။ အခန်းလေးခုကိုဆက်သွယ်ထားတဲ့မြောင်းအသေးလေးတွေရှိတယ်။ ဦးနှောက်အရည်ကြည်ကို choroid plexus ဆိုတဲ့ဦးနှောက်ထဲမှာရှိတဲ့နေရာတစ်ခုကနေထုတ်ပါတယ် ။အဲ့နေရာကနေ ဦးနှောက်အခန်းလေးခန်းကိုဖြတ်စီးပြီး ဦးနှောက်အောက်ခြေကထွက်ပြီး ကျောရိုးထဲရောက်ပါတယ်။ ထို့နောက်အဲ့အရည်ကို သွေးကြောကနေပြန်စုပ်ပါတယ်။ ဒါပုံမှန်ပါ ။

ဘယ်အခါမှာဦးနှောက်ထဲအရည်(CSF)တွေအများကြီးလာစုလဲ။
အချက်၃ချက်ရှိပါတယ်။
၁။အရည်ထုတ်တာများလာတာ
၂။ပြန်မစုပ်နိုင်တာ
၃။စီးဆင်းတဲ့လမ်းကြောင်းပျက်သွားတာ၊ ကျဉ်းသွားတာ ၊ပိတ်တာ တို့ကြောင့်ဖြစ်ပါတယ်။

ဒီအချက်၃ချက်ကိုဖြစ်စေတဲ့အကြောင်းရင်းတွေကတော့
မွေးကင်းစကလေးတွေမှာဆိုရင်(မွေးရာပါဆိုရင်)
-အမေ့ဗိုက်ထဲမှာကတည်းကပိုးဝင်ခဲ့တာ
-Aqueductal Stenosis(လမ်းကြောင်းကျဉ်းတာ)
-Dandy Walker Syndrome (လမ်းကြောင်းပျက်တာ)စတာတွေကြောင့်ပါ

ကြီးမှဖြစ်တာဆိုရင်တော့
– ဦးခေါင်းကိုခိုက်မိတာ
– ဦးနှောက်ထဲမှာအလုံး(Tumor)ဖြစ်တာ
– ဦးနှောက်အမြေးရောင်တာ
– Choroid Plexus Papilloma စတာတွေကြောင့်ပါ။

ဦးနှောက်ထဲအရည်အများကြီးစုတဲ့ရောဂါဟာ ဦးခေါင်းခွံမပိတ်သေးတဲ့ကလေးတွေမှာဖြစ်ရင် ခေါင်းအရွယ်အစားကြီးလာပါတယ်။ ဦးခေါင်းခွံပိတ်ပြီးမှဖြစ်ရင်တော့ ခေါင်းအရွယ်အစားမကြီးပါဘူး။ ရောဂါလက္ခဏတွေကတော့ ဖြစ်တဲ့အသက်အရွယ်နဲ့လိုက်ပြီး ကွဲပြားနိုင်ပါတယ် ။ မွေးကင်းစတွေမှာဆိုရင် ခေါင်းအရွယ်အစားကြီးလာမယ်။ မျက်လုံးကအပေါ်ဖက်ကိုမကြည့်နိုင်တော့ဘူး ။ပျို့အန်တာတွေလည်းဖြစ်နိုင်တယ်။

ကြီးတဲ့အရွယ်တွေမှာဖြစ်ရင် ခေါင်းကိုက်မယ်။ အန်မယ်။ အမြင်ဝါးမယ်။သွေးတိုးမယ် ။မှတ်ဉာဏ်တွေလျော့လာမယ်။ ဆီးမထိန်းနိုင်တာစတာတွေဖြစ်နိုင်တယ် ။ခေါင်းကြီးတိုင်းတော့ Hydrocephalus လို့မပြောနိုင်ပါဘူး ။

အထက်ပါလက္ခဏတွေရှိရင်တော့ ဆရာဝန်နဲ့ပြသပြီး အာထရာဆောင်းရိုက်တာ ၊စီတီရိုက်တာ၊ ခေါင်းဓါတ်မှန်ရိုက်တာ စတာတွေလုပ်နိုင်ပါတယ်။ ဘယ်လိုကုသရမလဲဆိုတော့ ကလေးရဲ့ခေါင်းအကျယ်အဝန်း(Occipitofrontal Circumference) ကို နေ့တိုင်းတိုင်းကြည့်ရပါမယ်။ ခေါင်းကြီးလာတာက ဖြည်းဖြည်းချင်းပဲကြီးတယ်။ ဆက်လည်းမကြီးတော့ဘူးဆိုရင် သောက်ဆေး လောက်နဲ့ရနိုင်ပါတယ်။ တကယ်လို့ ခေါင်းက အချိန်ခဏလေးအတွင်းမှာ တအားမြန်မြန်ကြီးလာတယ်ဆိုရင်တော့ ခွဲစိတ်ရပါမယ်။
Author; Dr528

Previous Post

သားအိမ်ရောင်ရမ်းခြင်း

Next Post

ရေရှည်ကျောက်ကပ်အားနည်းရောဂါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
851
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရေရှည်ကျောက်ကပ်အားနည်းရောဂါ

သြားေတြက အရင္လို မျဖဴ ၊ဝါက်င့္က်င့္ နီတီတီ အစြန္းအထင္းေတြ

လူငယ်များနှင့် စီးကရက်သောက်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.