fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ရေရှည်ကျောက်ကပ်အားနည်းရောဂါ

442
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/07/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ေရရွည္ေက်ာက္ကပ္အားနည္းေရာဂါ

ေရရွည္ေက်ာက္ကပ္အားနည္းေရာဂါ ဆိုတာ ေက်ာက္ကပ္ရဲ႕ပုံမွန္လုပ္ငန္းမ်ားျဖစ္ေသာ ခႏၶာကိုယ္ ရွိေသြးမ်ားကို စစ္ထုတ္သန႔္စင္ျခင္း၊ ခႏၶာကိုယ္အတြက္ပိုေနေသာ အရည္ႏွင့္ဆားဓာတ္မ်ား ဖယ္ထုတ္ျခင္းနဲ႔ ၊လိုေသာေရဓါတ္မ်ားျပန္စုပ္ျခင္း လုပ္ငန္းတို႔ ေႏွာင့္ေႏွးသြားၿပီး ေနာက္ဆုံးတြင္ ထိုလုပ္ငန္းမ်ားရပ္တန႔္သြားျခင္းျဖစ္သည္။

ဒီေရာဂါျဖစ္ရင္ ဘယ္လိုခံစားရမလဲ
ေရာဂါက အဆင့္၅ဆင့္ရွိပါတယ္။ ပထမအစတြင္ မည္သည့္လကၡဏာမွ မခံစားရေသးပါ ။ေရာဂါပိုဆိုးလာမွသာ(ေက်ာက္ကပ္ရဲ႕၅၀ရာခိုင္ႏႈန္း ပ်က္စီးလာမွသာ)ေအာက္ပါလကၡဏာမ်ား ခံစားရပါမည္။

စစခ်င္းတြင္ ေက်ာက္ကပ္ကေရျပန္မစုပ္ႏိုင္တဲ့အခါမွာ ဆီးအမ်ားႀကီးသြားပါမယ္။ ေနာက္ပိုင္းစစ္ထုတ္တဲ့လုပ္ငန္းပ်က္သြားရင္ေတာ့ ဆီးသြားနည္းလာပါမယ္။ မ်က္ႏွာ၊ ေျခေထာက္၊ ေျခက်င္းဝတ္ နဲ႔ေျခသလုံးမ်ားေဖာေယာင္လာျခင္း ၊ အစားအေသာက္ ပ်က္၍ ပ်ိဳ႕ျခင္း၊ အန္ျခင္း၊ အိပ္မေပ်ာ္ျခင္း ၊ ေသြးေပါင္တက္လာျခင္း(ယခင္ ေသြးတိုးေရာဂါရွိပါက ေသြးေပါင္ထိန္းရခက္လာျခင္း) ၊ ေမာပန္းႏြမ္းနယ္ျခင္း၊ ေသြးအားနည္းျခင္း ၊အ႐ိုးထိခိုက္လာျခင္း (ဥပမာ အ႐ိုးေပ်ာ့ျခင္း က်ိဳးလြယ္လာျခင္း) ၊အေရျပားယားယံျခင္း စတာေတြလည္းခံစားရႏိုင္ပါတယ္။

ေရရွည္ေက်ာက္ကပ္အားနည္းေရာဂါဘာလို႔ျဖစ္ရတာလဲ
ဆီးခ်ိဳေရာဂါရွိျခင္း ၊ေက်ာက္ကပ္ကိုေထာက္ပံ့တဲ့ေသြးေၾကာက်ဥ္းျခင္း ၊ အေရျပားေလးဖက္နာရွိျခင္း ၊ အကိုက္အခဲေပ်ာက္ေဆးအျပင္းမ်ားေရရွည္စြဲေသာက္ျခင္းစတာေတြေၾကာင့္ျဖစ္ႏိုင္ပါတယ္ ။

ေရရွည္ေက်ာက္ကပ္အားနည္းေရာဂါရွိမရွိဘယ္လိုစစ္ေဆးႏိုင္လဲ
အာထရာေဆာင္း႐ိုက္တာ ၊ ဆီးစစ္တာ စတာေတြလုပ္ႏိုင္ပါတယ္ ။

ေရရွည္ေက်ာက္ကပ္အားနည္းေရာဂါျဖစ္ပါက ေက်ာက္ကပ္ပိုမို မပ်က္စီးရန္ မည္သို႔လုပ္ေဆာင္ရမည္နည္း ။
ေသြးတိုးေနသူတို႔သည္ ေသြးက်ေဆးမ်ားကို ဆရာဝန္ၫြန္ၾကားသည့္အတိုင္း ေန႔စဥ္အခ်ိန္မွန္ေသာက္ပါ။ ေသြးေပါင္မွန္မွန္ ျပန္စစ္ပါ ။(ေန႔စဥ္စစ္ေဆးႏိုင္လွ်င္ အေကာင္းဆုံးျဖစ္သည္) ။ ဆီးခ်ိဳေရာဂါ ရွိေသာလူနာမ်ားသည္ ဆီးခ်ိဳကို က်န္းမာေရး အတြက္ သင့္ေတာ္ေသာ သတ္မွတ္ထားသည့္ ပမာဏအတြင္း ရွိေအာင္ထိန္းထားပါ။ အစားအေသာက္ ကိုဆရာဝန္ ဆရာမ ၫြန္ၾကားသည့္အတိုင္း စားေသာက္ပါ ။အသားကိုလည္းလိုအပ္သေလာက္သာစားပါ ။အရည္႐ႊမ္းေသာအသီးအႏွံေရွာင္ပါ ။

အ႐ိုးအားနည္းျခင္းအတြက္ကယ္လ္ဆီယံေသာက္ပါ။ ေသြးအားနည္းျခင္းအတြက္က သမားေတာ္နဲ႔ျပသပါ ။ေက်ာက္ကပ္အားနည္းျခင္းကိုပိုမိုဆိုးေစမည့္ အကိုက္အခဲေပ်ာက္ေဆးေတြကို မိမိသေဘာနဲ႔ေသာက္ျခင္းကိုေရွာင္ပါ။ ေဆးအသစ္မ်ားေသာက္မည္ဆိုပါက ဆရာဝန္နဲ႔ တိုင္ပင္ၿပီး လိုမွေသာက္ပါ ။

ေရရွည္ေက်ာက္ကပ္အားနည္းေရာဂါျဖစ္ပါက ဘယ္လိုကုသမႈခံယူရမလဲ။
ေရရွည္ေက်ာက္ကပ္အားနည္းျခင္းတြင္ အဆင့္၅ဆင့္ရွိပါသည္။ ေက်ာက္ကပ္စြန႔္ထုတ္မႈ လုပ္ငန္း(GFR)ေပၚမႈတည္ၿပီး စားေဆး ထိုးေဆးတို႔ျဖင့္ ပိုမဆိုးေအာင္ ထိန္းထားႏိုင္သည္။ အေကာင္းပတိျပန္ေကာင္းေအာင္ေတာ့ကုမရပါ။အဆင့္မတက္ ပိုမဆိုးေအာင္သာထိန္းႏိုင္သည္။ စားေဆးထိုးေဆးတို႔ကို သက္ဆိုင္ရာဆရာဝန္ ဆရာမတို႔ၫြန္ၾကားသည့္အတိုင္း မွန္မွန္ ေသာက္ရန္အေရးႀကီးသည္။ ၫြန္ၾကားသည့္အတိုင္း ေသာက္သုံးေနစဥ္ ေဆးရဲ႕ေဘးထြက္ဆိုးက်ိဳးမ်ားႀကဳံလာပါက သက္ဆိုင္ရာဆရာဝန္ ထံျပန္လည္ေဆြးေႏြးပါ ။

ေက်ာက္ကပ္လုပ္ငန္းမ်ား လုံးဝရပ္ဆိုင္းသြားလွ်င္ မည္သို႔လုပ္ေဆာင္ရမည္နည္း။ (တနည္းအားျဖင့္ ေနာက္ဆုံးအဆင့္ အဆင့္၅ End Stage Renal Failure ျဖစ္သြားလွ်င္ဘယ္လိုလုပ္ရမလဲ) ။

သင္ရဲ႕ေက်ာက္ကပ္လုပ္ငန္းမ်ား အစြမ္းကုန္ပ်က္စီးသြားပါက ေအာက္ပါကုထုံးမ်ားကို ေ႐ြးခ်ယ္ကုသႏိုင္သည္။
ကုထုံး၁။ ။ ေက်ာက္ကပ္အစားထိုးႏိုင္သည။္ အစားထိုးလိုက္ေသာေက်ာက္ကပ္အသစ္သည္ ယခင္ေက်ာက္ကပ္လုပ္ငန္းမ်ားကို ျပန္လည္လုပ္ေပးႏိုင္ေပလိမ့္မည္။ သို႔ေသာ္ေက်ာက္ကပ္အစားထိုးၿပီးပါက ယင္းအစားထိုးေသာေက်ာက္ကပ္ကို ခႏၶာကိုယ္ မွဆိုးဝါးစြာ ျပန္လည္တြန္းလွန္ျခင္းမျဖစ္ရန္ လိုအပ္ေသာေဆးမ်ား ဆက္ေသာက္ဖို႔လိုသည္။

ကုထုံး၂။ ။ စက္ျဖင့္ေက်ာက္ကပ္ေဆးျခင္း(Haemodialysis)
တစ္ခါေဆးလွ်င္ နာရီအနည္းငယ္ၾကာပါသည္။ အၾကမ္းအားျဖင့္ ၂နာရီမွ ၄နာရီ ထိၾကာႏိုင္ပါသည္။ ေက်ာက္ကပ္ရဲ႕စြန႔္ထုတ္မႈေကာင္းမေကာင္းေပၚမႈတည္ၿပီး လိုအပ္သလို ေဆးရသည္။ တစ္ပတ္၂ႀကိမ္လည္းေဆးရႏိုင္သည္ ။ေက်ာက္ကပ္မေဆးမီ အေသးစားခြဲစိတ္မႈလုပ္ရပါသည္။ အဘယ္ေၾကာင့္ဆိုေသာ္ အေရရွည္ေက်ာက္ကပ္ေဆးႏိုင္ရန္ ေသြးေၾကာျပင္ဆင္ျခင္းကို ခြဲစိတ္ဆရာဝန္မွ လုပ္ေပးျခင္းျဖစ္သည္။ တနည္းအားျဖင့္အေၾကာေမြးတယ္လို႔လည္းေခၚၾကသည္။ ယင္းေသြးေၾကာေကာင္းစြာအလုပ္လုပ္မွ ေက်ာက္ကပ္စေဆးသည္။

ကုထုံး၃။ ။ ဝမ္းဗိုက္ေခါင္းအတြင္းေဆးရည္ထည့္ၿပီး ေန႔စဥ္ေရရွည္ေက်ာက္ကပ္ေဆးျခင္း (CAPD- Continuous Automated Peritoneal Dialysis) ယင္းကုထုံးကိုေ႐ြးပါက ဝမ္းဗိုက္အတြင္းသို႔ ပိုက္ထည့္ႏိုင္ရန္ခြဲစိတ္မႈခံယူရသည္။

Author: Dr.528

(Unicode)

ရေရှည်ကျောက်ကပ်အားနည်းရောဂါ ဆိုတာ ကျောက်ကပ်ရဲ့ပုံမှန်လုပ်ငန်းများဖြစ်သော ခန္ဓာကိုယ် ရှိသွေးများကို စစ်ထုတ်သန့်စင်ခြင်း၊ ခန္ဓာကိုယ်အတွက်ပိုနေသော အရည်နှင့်ဆားဓာတ်များ ဖယ်ထုတ်ခြင်းနဲ့ ၊လိုသောရေဓါတ်များပြန်စုပ်ခြင်း လုပ်ငန်းတို့ နှောင့်နှေးသွားပြီး နောက်ဆုံးတွင် ထိုလုပ်ငန်းများရပ်တန့်သွားခြင်းဖြစ်သည်။

ဒီရောဂါဖြစ်ရင် ဘယ်လိုခံစားရမလဲ
ရောဂါက အဆင့်၅ဆင့်ရှိပါတယ်။ ပထမအစတွင် မည်သည့်လက္ခဏာမှ မခံစားရသေးပါ ။ရောဂါပိုဆိုးလာမှသာ(ကျောက်ကပ်ရဲ့၅၀ရာခိုင်နှုန်း ပျက်စီးလာမှသာ)အောက်ပါလက္ခဏာများ ခံစားရပါမည်။

စစချင်းတွင် ကျောက်ကပ်ကရေပြန်မစုပ်နိုင်တဲ့အခါမှာ ဆီးအများကြီးသွားပါမယ်။ နောက်ပိုင်းစစ်ထုတ်တဲ့လုပ်ငန်းပျက်သွားရင်တော့ ဆီးသွားနည်းလာပါမယ်။ မျက်နှာ၊ ခြေထောက်၊ ခြေကျင်းဝတ် နဲ့ခြေသလုံးများဖောယောင်လာခြင်း ၊ အစားအသောက် ပျက်၍ ပျို့ခြင်း၊ အန်ခြင်း၊ အိပ်မပျော်ခြင်း ၊ သွေးပေါင်တက်လာခြင်း(ယခင် သွေးတိုးရောဂါရှိပါက သွေးပေါင်ထိန်းရခက်လာခြင်း) ၊ မောပန်းနွမ်းနယ်ခြင်း၊ သွေးအားနည်းခြင်း ၊အရိုးထိခိုက်လာခြင်း (ဥပမာ အရိုးပျော့ခြင်း ကျိုးလွယ်လာခြင်း) ၊အရေပြားယားယံခြင်း စတာတွေလည်းခံစားရနိုင်ပါတယ်။

ရေရှည်ကျောက်ကပ်အားနည်းရောဂါဘာလို့ဖြစ်ရတာလဲ
ဆီးချိုရောဂါရှိခြင်း ၊ကျောက်ကပ်ကိုထောက်ပံ့တဲ့သွေးကြောကျဉ်းခြင်း ၊ အရေပြားလေးဖက်နာရှိခြင်း ၊ အကိုက်အခဲပျောက်ဆေးအပြင်းများရေရှည်စွဲသောက်ခြင်းစတာတွေကြောင့်ဖြစ်နိုင်ပါတယ် ။

ရေရှည်ကျောက်ကပ်အားနည်းရောဂါရှိမရှိဘယ်လိုစစ်ဆေးနိုင်လဲ
အာထရာဆောင်းရိုက်တာ ၊ ဆီးစစ်တာ စတာတွေလုပ်နိုင်ပါတယ် ။

ရေရှည်ကျောက်ကပ်အားနည်းရောဂါဖြစ်ပါက ကျောက်ကပ်ပိုမို မပျက်စီးရန် မည်သို့လုပ်ဆောင်ရမည်နည်း ။
သွေးတိုးနေသူတို့သည် သွေးကျဆေးများကို ဆရာဝန်ညွန်ကြားသည့်အတိုင်း နေ့စဉ်အချိန်မှန်သောက်ပါ။ သွေးပေါင်မှန်မှန် ပြန်စစ်ပါ ။(နေ့စဉ်စစ်ဆေးနိုင်လျှင် အကောင်းဆုံးဖြစ်သည်) ။ ဆီးချိုရောဂါ ရှိသောလူနာများသည် ဆီးချိုကို ကျန်းမာရေး အတွက် သင့်တော်သော သတ်မှတ်ထားသည့် ပမာဏအတွင်း ရှိအောင်ထိန်းထားပါ။ အစားအသောက် ကိုဆရာဝန် ဆရာမ ညွန်ကြားသည့်အတိုင်း စားသောက်ပါ ။အသားကိုလည်းလိုအပ်သလောက်သာစားပါ ။အရည်ရွှမ်းသောအသီးအနှံရှောင်ပါ ။

အရိုးအားနည်းခြင်းအတွက်ကယ်လ်ဆီယံသောက်ပါ။ သွေးအားနည်းခြင်းအတွက်က သမားတော်နဲ့ပြသပါ ။ကျောက်ကပ်အားနည်းခြင်းကိုပိုမိုဆိုးစေမည့် အကိုက်အခဲပျောက်ဆေးတွေကို မိမိသဘောနဲ့သောက်ခြင်းကိုရှောင်ပါ။ ဆေးအသစ်များသောက်မည်ဆိုပါက ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုမှသောက်ပါ ။

ရေရှည်ကျောက်ကပ်အားနည်းရောဂါဖြစ်ပါက ဘယ်လိုကုသမှုခံယူရမလဲ။
ရေရှည်ကျောက်ကပ်အားနည်းခြင်းတွင် အဆင့်၅ဆင့်ရှိပါသည်။ ကျောက်ကပ်စွန့်ထုတ်မှု လုပ်ငန်း(GFR)ပေါ်မှုတည်ပြီး စားဆေး ထိုးဆေးတို့ဖြင့် ပိုမဆိုးအောင် ထိန်းထားနိုင်သည်။ အကောင်းပတိပြန်ကောင်းအောင်တော့ကုမရပါ။အဆင့်မတက် ပိုမဆိုးအောင်သာထိန်းနိုင်သည်။ စားဆေးထိုးဆေးတို့ကို သက်ဆိုင်ရာဆရာဝန် ဆရာမတို့ညွန်ကြားသည့်အတိုင်း မှန်မှန် သောက်ရန်အရေးကြီးသည်။ ညွန်ကြားသည့်အတိုင်း သောက်သုံးနေစဉ် ဆေးရဲ့ဘေးထွက်ဆိုးကျိုးများကြုံလာပါက သက်ဆိုင်ရာဆရာဝန် ထံပြန်လည်ဆွေးနွေးပါ ။

ကျောက်ကပ်လုပ်ငန်းများ လုံးဝရပ်ဆိုင်းသွားလျှင် မည်သို့လုပ်ဆောင်ရမည်နည်း။ (တနည်းအားဖြင့် နောက်ဆုံးအဆင့် အဆင့်၅ End Stage Renal Failure ဖြစ်သွားလျှင်ဘယ်လိုလုပ်ရမလဲ) ။

သင်ရဲ့ကျောက်ကပ်လုပ်ငန်းများ အစွမ်းကုန်ပျက်စီးသွားပါက အောက်ပါကုထုံးများကို ရွေးချယ်ကုသနိုင်သည်။
ကုထုံး၁။ ။ ကျောက်ကပ်အစားထိုးနိုင်သည။် အစားထိုးလိုက်သောကျောက်ကပ်အသစ်သည် ယခင်ကျောက်ကပ်လုပ်ငန်းများကို ပြန်လည်လုပ်ပေးနိုင်ပေလိမ့်မည်။ သို့သော်ကျောက်ကပ်အစားထိုးပြီးပါက ယင်းအစားထိုးသောကျောက်ကပ်ကို ခန္ဓာကိုယ် မှဆိုးဝါးစွာ ပြန်လည်တွန်းလှန်ခြင်းမဖြစ်ရန် လိုအပ်သောဆေးများ ဆက်သောက်ဖို့လိုသည်။

ကုထုံး၂။ ။ စက်ဖြင့်ကျောက်ကပ်ဆေးခြင်း(Haemodialysis)
တစ်ခါဆေးလျှင် နာရီအနည်းငယ်ကြာပါသည်။ အကြမ်းအားဖြင့် ၂နာရီမှ ၄နာရီ ထိကြာနိုင်ပါသည်။ ကျောက်ကပ်ရဲ့စွန့်ထုတ်မှုကောင်းမကောင်းပေါ်မှုတည်ပြီး လိုအပ်သလို ဆေးရသည်။ တစ်ပတ်၂ကြိမ်လည်းဆေးရနိုင်သည် ။ကျောက်ကပ်မဆေးမီ အသေးစားခွဲစိတ်မှုလုပ်ရပါသည်။ အဘယ်ကြောင့်ဆိုသော် အရေရှည်ကျောက်ကပ်ဆေးနိုင်ရန် သွေးကြောပြင်ဆင်ခြင်းကို ခွဲစိတ်ဆရာဝန်မှ လုပ်ပေးခြင်းဖြစ်သည်။ တနည်းအားဖြင့်အကြောမွေးတယ်လို့လည်းခေါ်ကြသည်။ ယင်းသွေးကြောကောင်းစွာအလုပ်လုပ်မှ ကျောက်ကပ်စဆေးသည်။

ကုထုံး၃။ ။ ဝမ်းဗိုက်ခေါင်းအတွင်းဆေးရည်ထည့်ပြီး နေ့စဉ်ရေရှည်ကျောက်ကပ်ဆေးခြင်း (CAPD- Continuous Automated Peritoneal Dialysis) ယင်းကုထုံးကိုရွေးပါက ဝမ်းဗိုက်အတွင်းသို့ ပိုက်ထည့်နိုင်ရန်ခွဲစိတ်မှုခံယူရသည်။

Author: Dr.528

Previous Post

ဦးနှောက်ထဲကရေတွေ

Next Post

သြားေတြက အရင္လို မျဖဴ ၊ဝါက်င့္က်င့္ နီတီတီ အစြန္းအထင္းေတြ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
852
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သြားေတြက အရင္လို မျဖဴ ၊ဝါက်င့္က်င့္ နီတီတီ အစြန္းအထင္းေတြ

လူငယ်များနှင့် စီးကရက်သောက်ခြင်း

အသားတွေယားတာ ဘာလို့လဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.