fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အသားတွေယားတာ ဘာလို့လဲ

665
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/07/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

အသားေတြယားတာ ဘာလိုု႔လဲ

အေရျပားမွာ အဖိန႔္ေတြထြက္ ၊ နီရဲၿပီး မခံမရပ္ႏိုင္ေအာင္ ယားတာမ်ိဳးျဖစ္ဖူးၾကပါသလား။ လူငါးေယာက္မွာ တစ္ေယာက္ေလာက္ကေတာ့ ဒီလိုအျဖစ္ေတြနဲ႔ ေတြ႕ႀကဳံေနရပါတယ္။ လူတစ္ေယာက္နဲ႔ တစ္ေယာက္ျဖစ္တဲ့ ပုံစံမတူၾကပါဘူး။ အဖိန႔္ေတြဟာ ပုံသ႑န္မ်ိဳးစုံ အ႐ြယ္အစားမ်ိဳးစုံနဲ႔ ေတြ႕ရတတ္ပါတယ္။ မ်က္ႏွာ ၊ ကိုယ္လုံး နဲ႔ ေျခလက္ေတြမွာ ျဖစ္တတ္ပါတယ္။ လည္ေခ်ာင္းအတြင္းပိုင္း၊ မ်က္စိ ၊ ပါးႏွစ္ဖက္နဲ႔ ႏႈတ္ခမ္းေတြ ၊ လက္ေတြေျခေထာက္ေတြနဲ႔ မ်ိဳးပြားအဂၤါေတြမွာ နာက်င္တာေတြ ပူေနသလိုမ်ိဳးေတြလည္း ခံစားရႏိုင္ပါတယ္။ ျဖစ္လိုက္ေပ်ာက္လိုက္ ပုံသ႑န္မ်ိဳးျဖစ္ပါတယ္။ တစ္ခါနဲ႔ တစ္ခါလည္း ျပန္ျဖစ္ခ်ိန္က ခန႔္မွန္းလို႔ မရႏိုင္ပါဘူး။ တစ္ခါတစ္ေလ မၾကာခဏေတြ႕တတ္ေပမယ့္ တစ္ခါတစ္ေလ လခ်ီႏွစ္ခ်ီၿပီးမွ ျပန္ျဖစ္တာေတြ ျဖစ္တတ္ပါတယ္။

ဘာေၾကာင့္ျဖစ္တာလဲဆိုရင္ ေသြးထဲမွာ Histamine နဲ႔ အျခားေသာ ဓာတ္ေတြ မ်ားလာလို႔ျဖစ္တာပါ။ အခ်ိဳ႕ေသာ အကိုက္အခဲေပ်ာက္ေဆးေတြ ၊ အင္းဆက္ သို႔မဟုတ္ ပိုးမႊားကိုက္ျခင္းေတြ ၊ ခႏၶာကိုယ္ထဲကို ပိုးဝင္တာေတြေၾကာင့္ ပိုျဖစ္ႏိုင္ပါတယ္။ ပူလြန္းျခင္း ၊ ေအးလြန္းျခင္း ၊ ျပင္းထန္ေသာ ေနေရာင္ျခည္နဲ႔ စိတ္ဖိစီးမႈေတြေၾကာင့္လည္း ျဖစ္ႏိုင္ေခ်ရွိပါတယ္။ တင္းၾကပ္လြန္းတဲ့ အဝတ္အစားေတြ ၊ အရက္နဲ႔ အခ်ိဳ႕ေသာ အစားအစာေတြကလည္း ယားယံျခင္းကို အစပ်ိဳးေစတဲ့ အခ်က္ေတြပါပဲ။ အျဖစ္အမ်ားဆုံး အစားအစာေတြကေတာ့ ပင္လယ္စာေတြ ၊ ပဲေတြ ၊ ႏို႔ထြက္ ပစၥည္းေတြ ျဖစ္ပါတယ္။ အခ်ိဳ႕ ေပါင္ဒါေတြ ေရေမြးေတြေၾကာင့္လည္း ျဖစ္တတ္ပါေသးတယ္။ အမ်ိဳးသမီးေတြမွာ အမ်ိဳးသားေတြထက္ ျဖစ္ႏိုင္ေခ် ၂ ဆေလာက္ပိုျမင့္ပါတယ္။

မ်ားေသာအားျဖင့္ေတာ့ အႏၲရာယ္မရွိတတ္ပါဘူး။ ဒါေပမယ့္ တစ္ခါတစ္ေလမွာ အသက္ရႈလမ္းေၾကာင္း ေရာင္ရမ္းမႈေတြ ပါလာတဲ့အခါမွာ အသက္ရႈရခက္ၿပီး အသက္အႏၲရာယ္ရွိတတ္ပါတယ္။ ဒါ့အျပင္ အရမ္းဆိုးလာရင္ ေသြးလန႔္ျခင္းေတြျဖစ္တတ္ပါေသးတယ္။ ဒီလိုအသားယားယံတတ္တဲ့သူေတြဟာ လည္ပင္းေရာဂါေတြ ၊ အေရျပားေလးဖက္နာေရာဂါေတြ ၊ ေသြးေလးဖက္နာေရာဂါေတြ နာတာရွည္အူေရာင္ရမ္းနာ ေရာဂါေတြ ( Celiac disease ) ၊Sjogren’s syndrome ေတြ ျဖစ္ႏိုင္ေခ်ပိုမ်ားပါေသးတယ္။

ဒီလိုေတြ မျဖစ္ရေစဖို႔အတြက္ သက္ေတာင့္သက္တာ ရွိတယ့္ ေပါ့ေပါ့ပါးပါး အဝတ္အစားေတြကို ဝတ္ပါ။ ကုတ္ျခစ္ျခင္း ေတြမလုပ္ပါနဲ႔။ ဆပ္ျပာအျပင္းစားေတြကို မသုံးပါနဲ႔။ ယားတဲ့ေနရာကို ေရခဲဝတ္ေလးကပ္ေပးပါ။ ယားယံမႈကို ျဖစ္ေစတဲ့ ပစၥည္းမ်ား အစားအစာမ်ားကို ေရးမွတ္ထားပါ။ ေရွာင္ႏိုင္လွ်င္ ေရွာင္ရွားေပးပါ။ တစ္ခါတစ္ေလမွာ သန္ေကာင္ တုတ္ေကာင္ေတြေၾကာင့္ လည္း အသားယားယံမႈေတြ ျဖစ္တတ္ပါေသးတယ္။ ဒါေၾကာင့္ ပုံမွန္သန္ခ်သင့္ပါတယ္။ ယားယံမႈေတြ ျဖစ္လာတဲ့အခါမွာ anti histamine ေဆးအာနိသင္ရွိတဲ့ ဘာမီတြန္လိုမ်ိဳး ၊ cetirizine လိုမ်ိဳးေဆးေတြ ေသာက္လို႔ရပါတယ္။

အိမ္တြင္း ေဆးကုသမႈအေနနဲ႔ေတာ့ ရွားေစာင္းလက္ပတ္ကို ေရစင္ၾကယ္ေအာင္ ေဆး ထက္ျခမ္းလွီးၿပီး ထြက္လာတဲ့ gel ကို ယားယံေနတဲ့ ေနရာမွာ လိမ္းေပးလို႔ရပါတယ္။ ၁၅ မိနစ္ေလာက္ထားၿပီး ေရေႏြးေႏြးေလးနဲ႔ ျပန္ေဆးခ်ေပးလို႔ ရပါတယ္။ အလြယ္ကူဆုံးနည္းလမ္းကေတာ့ ယားယံလာခဲ့ရင္ ေရေအးနဲ႔ ေရခ်ိဳးလိုက္ပါ။ ေရခ်ိဳးလိုက္ျခင္းအားျဖင့္ ယားယံျခင္းေတြကို သက္သာသြားေစႏိုင္ပါတယ္။ ဒီေဆာင္းပါးေလး ဖတ္ျခင္းျဖင့္ ယားယံျခင္းကို ျဖစ္လာရင္ ဘာေတြလုပ္ေဆာင္သင့္တယ္ ၊ ဘာေတြ ေရွာင္ရွားရမယ္ဆိုတာကို အနည္းငယ္ သိရွိသြားမယ္လို႔ ေမွ်ာ္လင့္ရင္း ေဆာင္းပါးေလးကို နိဂုံးခ်ဳပ္အပ္ပါတယ္။

Author; Dr.ေမ

(Unicode)

အသားတွေယားတာ ဘာလို့လဲ

အရေပြားမှာ အဖိန့်တွေထွက် ၊ နီရဲပြီး မခံမရပ်နိုင်အောင် ယားတာမျိုးဖြစ်ဖူးကြပါသလား။ လူငါးယောက်မှာ တစ်ယောက်လောက်ကတော့ ဒီလိုအဖြစ်တွေနဲ့ တွေ့ကြုံနေရပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ဖြစ်တဲ့ ပုံစံမတူကြပါဘူး။ အဖိန့်တွေဟာ ပုံသဏ္ဍန်မျိုးစုံ အရွယ်အစားမျိုးစုံနဲ့ တွေ့ရတတ်ပါတယ်။ မျက်နှာ ၊ ကိုယ်လုံး နဲ့ ခြေလက်တွေမှာ ဖြစ်တတ်ပါတယ်။ လည်ချောင်းအတွင်းပိုင်း၊ မျက်စိ ၊ ပါးနှစ်ဖက်နဲ့ နှုတ်ခမ်းတွေ ၊ လက်တွေခြေထောက်တွေနဲ့ မျိုးပွားအင်္ဂါတွေမှာ နာကျင်တာတွေ ပူနေသလိုမျိုးတွေလည်း ခံစားရနိုင်ပါတယ်။ ဖြစ်လိုက်ပျောက်လိုက် ပုံသဏ္ဍန်မျိုးဖြစ်ပါတယ်။ တစ်ခါနဲ့ တစ်ခါလည်း ပြန်ဖြစ်ချိန်က ခန့်မှန်းလို့ မရနိုင်ပါဘူး။ တစ်ခါတစ်လေ မကြာခဏတွေ့တတ်ပေမယ့် တစ်ခါတစ်လေ လချီနှစ်ချီပြီးမှ ပြန်ဖြစ်တာတွေ ဖြစ်တတ်ပါတယ်။

ဘာကြောင့်ဖြစ်တာလဲဆိုရင် သွေးထဲမှာ Histamine နဲ့ အခြားသော ဓာတ်တွေ များလာလို့ဖြစ်တာပါ။ အချို့သော အကိုက်အခဲပျောက်ဆေးတွေ ၊ အင်းဆက် သို့မဟုတ် ပိုးမွှားကိုက်ခြင်းတွေ ၊ ခန္ဓာကိုယ်ထဲကို ပိုးဝင်တာတွေကြောင့် ပိုဖြစ်နိုင်ပါတယ်။ ပူလွန်းခြင်း ၊ အေးလွန်းခြင်း ၊ ပြင်းထန်သော နေရောင်ခြည်နဲ့ စိတ်ဖိစီးမှုတွေကြောင့်လည်း ဖြစ်နိုင်ချေရှိပါတယ်။ တင်းကြပ်လွန်းတဲ့ အဝတ်အစားတွေ ၊ အရက်နဲ့ အချို့သော အစားအစာတွေကလည်း ယားယံခြင်းကို အစပျိုးစေတဲ့ အချက်တွေပါပဲ။ အဖြစ်အများဆုံး အစားအစာတွေကတော့ ပင်လယ်စာတွေ ၊ ပဲတွေ ၊ နို့ထွက် ပစ္စည်းတွေ ဖြစ်ပါတယ်။ အချို့ ပေါင်ဒါတွေ ရေမွေးတွေကြောင့်လည်း ဖြစ်တတ်ပါသေးတယ်။ အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ဖြစ်နိုင်ချေ ၂ ဆလောက်ပိုမြင့်ပါတယ်။

များသောအားဖြင့်တော့ အန္တရာယ်မရှိတတ်ပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေမှာ အသက်ရှုလမ်းကြောင်း ရောင်ရမ်းမှုတွေ ပါလာတဲ့အခါမှာ အသက်ရှုရခက်ပြီး အသက်အန္တရာယ်ရှိတတ်ပါတယ်။ ဒါ့အပြင် အရမ်းဆိုးလာရင် သွေးလန့်ခြင်းတွေဖြစ်တတ်ပါသေးတယ်။ ဒီလိုအသားယားယံတတ်တဲ့သူတွေဟာ လည်ပင်းရောဂါတွေ ၊ အရေပြားလေးဖက်နာရောဂါတွေ ၊ သွေးလေးဖက်နာရောဂါတွေ နာတာရှည်အူရောင်ရမ်းနာ ရောဂါတွေ ( Celiac disease ) ၊Sjogren’s syndrome တွေ ဖြစ်နိုင်ချေပိုများပါသေးတယ်။

ဒီလိုတွေ မဖြစ်ရစေဖို့အတွက် သက်တောင့်သက်တာ ရှိတယ့် ပေါ့ပေါ့ပါးပါး အဝတ်အစားတွေကို ဝတ်ပါ။ ကုတ်ခြစ်ခြင်း တွေမလုပ်ပါနဲ့။ ဆပ်ပြာအပြင်းစားတွေကို မသုံးပါနဲ့။ ယားတဲ့နေရာကို ရေခဲဝတ်လေးကပ်ပေးပါ။ ယားယံမှုကို ဖြစ်စေတဲ့ ပစ္စည်းများ အစားအစာများကို ရေးမှတ်ထားပါ။ ရှောင်နိုင်လျှင် ရှောင်ရှားပေးပါ။ တစ်ခါတစ်လေမှာ သန်ကောင် တုတ်ကောင်တွေကြောင့် လည်း အသားယားယံမှုတွေ ဖြစ်တတ်ပါသေးတယ်။ ဒါကြောင့် ပုံမှန်သန်ချသင့်ပါတယ်။ ယားယံမှုတွေ ဖြစ်လာတဲ့အခါမှာ anti histamine ဆေးအာနိသင်ရှိတဲ့ ဘာမီတွန်လိုမျိုး ၊ cetirizine လိုမျိုးဆေးတွေ သောက်လို့ရပါတယ်။

အိမ်တွင်း ဆေးကုသမှုအနေနဲ့တော့ ရှားစောင်းလက်ပတ်ကို ရေစင်ကြယ်အောင် ဆေး ထက်ခြမ်းလှီးပြီး ထွက်လာတဲ့ gel ကို ယားယံနေတဲ့ နေရာမှာ လိမ်းပေးလို့ရပါတယ်။ ၁၅ မိနစ်လောက်ထားပြီး ရေနွေးနွေးလေးနဲ့ ပြန်ဆေးချပေးလို့ ရပါတယ်။ အလွယ်ကူဆုံးနည်းလမ်းကတော့ ယားယံလာခဲ့ရင် ရေအေးနဲ့ ရေချိုးလိုက်ပါ။ ရေချိုးလိုက်ခြင်းအားဖြင့် ယားယံခြင်းတွေကို သက်သာသွားစေနိုင်ပါတယ်။ ဒီဆောင်းပါးလေး ဖတ်ခြင်းဖြင့် ယားယံခြင်းကို ဖြစ်လာရင် ဘာတွေလုပ်ဆောင်သင့်တယ် ၊ ဘာတွေ ရှောင်ရှားရမယ်ဆိုတာကို အနည်းငယ် သိရှိသွားမယ်လို့ မျှော်လင့်ရင်း ဆောင်းပါးလေးကို နိဂုံးချုပ်အပ်ပါတယ်။

Author; Dr.မေ

Previous Post

လူငယ်များနှင့် စီးကရက်သောက်ခြင်း

Next Post

မုသားဖြူ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
852
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
845
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မုသားဖြူ

ဆီးချိုရောဂါသည်များတွင်ဖြစ်လေ့ရှိသော သွေးတွင်းအချိုဓါတ် တက်ခြင်း

ဆီးချိုရောဂါသည်များတွင် ဖြစ်တတ်သော သွေးတွင်းအချိုဓါတ်ကျခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.