fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ဆီးချိုရောဂါနှင့် မှိုရောဂါ

97
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/08/2016
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

ဆီးခ်ိဳေရာဂါႏွင့္ မႈိေရာဂါ

တစ္ရက္ ညေနခင္းေဆးခန္းပိတ္ခါနီးအခ်ိန္ ကြၽန္မရဲ႕ေဆးခန္းထဲကို အမ်ိဳးသမီးတစ္ေယာက္ အေမာ တေကာနဲ႔ဝင္လာတယ္။အသက္ကေလးဆယ္ေလာက္ရွိမယ္လို႔ခန႔္မွန္းရၿပီး ျဖဴျဖဴဝဝခန႔္ခန႔္ႀကီးပါ။

အေမာခဏေျဖၿပီးေတာ့သူက”ဆရာမေရနားနဲ႔မနာဖဝါးနဲ႔သာနာပါ။ ဒီကိစၥမ်ိဳးျဖစ္လို႔လည္း ေဆးခန္းပိတ္ခ်ိန္ ေ႐ြးၿပီးလာရတာ။ ျဖစ္တဲ့ေရာဂါကေတာ့ကြၽန္မရဲ႕မိန္းမကိုယ္ကေန အျဖဴအဖတ္အဖတ္ေတြဆင္းေနလို႔ပါ။ယားလည္းယားတယ္။ တခါတေလက်ရင္မခံမရပ္ႏိုင္ေလာက္ေအာင္ကိုယားတယ္။တစ္ခ်ိန္လုံးကိုကုတ္ခ်င္ ေနေတာ့တာပဲ။ အဆိုးဆုံးအခ်ိန္ကေတာ့ဓမၼတာလာခါနီးအခ်ိန္။ယားတာကလူၾကားသူၾကားထဲေတာင္မထြက္ရဲေလာက္ေအာင္ကိုပဲ။ယားေတာ့တခါတခါကုတ္လည္းကုတ္မိတယ္။ ကုတ္ေတာ့ တခ်ိဳ႕ေနရာ ေတြဆို နာေတာင္နာေနတယ္။ ဒီလိုျဖစ္ေနတာ ၂ လ၊ ၃ လေလာက္ေတာ့ရွိၿပီ။ တျဖည္းျဖည္းနဲ႔ ပိုဆိုးလာပါတယ္။ဆီးသြားရင္း ဆီးက်င္ေနတာလည္း တစ္ပတ္ေလာက္ရွိၿပီ။ အနံ႔ကေတာ့ ဆိုးဆိုး႐ြား႐ြားႀကီး မနံဘူး။ ကြၽန္မက အပ်ိဳႀကီးပါ။ အနံ႔သာနံရင္ကြၽန္မေတာ့ ရွက္လို႔ေသမွာပဲ ” ဆိုၿပီးျဖစ္ေၾကာင္းကုန္စင္ ရွင္းျပပါတယ္။

ဒါနဲ႔အရင္ဆုံးအန္တီ့မွာအရင္ကဘာေရာဂါေတြျဖစ္ဖူးလဲလို႔ေမးေတာ့တစ္ခါမွႀကီးႀကီးမားမားမျဖစ္ဖူးဘူး။ ေဆးလည္းမစစ္ဖူးဘူးတဲ့။စမ္းသပ္ၾကည့္ေတာ့လည္းေသြးေပါင္ခ်ိန္ကပုံမွန္။ လက္ထိပ္ေဖာက္ၿပီးေသြးစစ္ၾကည့္ေတာ့မွ ေသြးတြင္းသၾကားဓာတ္ကအဆမတန္ကိုတက္ေနတာ ေတြ႕ရပါတယ္။ ဒါနဲ႔ ထမင္းဘယ္အခ်ိန္ကစားခဲ့လဲဆိုေတာ့ စားၿပီးတာ သုံးနာရီေလာက္ရွိပါၿပီတဲ့။ ဟုတ္လည္း ဟုတ္တယ္။ လာျပတဲ့အခ်ိန္က ကိုးနာရီေက်ာ္ေနၿပီ။ ဒါဆို ဆီးခ်ိဳစျဖစ္ေနၿပီလို႔ေျပာလို႔ရေနၿပီ။ သာမန္လူေတြ ထင္တတ္ၾကတာက ဆီးထဲမွာ သၾကားဓာတ္မ်ားေနမွ ဆီးခ်ိဳလို႔ပါ။ ဒါေပမယ့္ ေသြးထဲမွာ သၾကားဓာတ္ မ်ားေနတာက ဆီးခ်ိဳေရာဂါျဖစ္ပါတယ္။ အေဒၚႀကီးကို ဆီးခ်ိဳစစ္ဖူးလားလို႔ ေမးေတာ့ မစစ္ဖူးပါဘူးတဲ့။ သူ႔ရဲ႕ မိန္းမကိုယ္ကေနအျဖဴဖတ္ဆင္းၿပီး ယားတဲ့ လကၡဏာ ရဲ႕ေယဘုယ်ေကာက္ခ်က္ေတာ့ဆြဲလို႔ရပါၿပီ။

ေရာဂါကမိန္းမကိုယ္မွာမႈိေရာဂါစြဲကပ္တာပါ။Candidaဆိုတဲ့မႈိတစ္မ်ိဳးေၾကာင့္ ျဖစ္ပြားတာျဖစ္ႏိုင္ပါတယ္။ ေရာဂါကို ေတာ့ Candidiasis လို႔ေခၚပါတယ္။ Candida မႈိဟာပတ္ဝန္းက်င္မွာ ေနရာတိုင္းမွာရွိတတ္ပါတယ္။ ဒါ့အျပင္လူေတြရဲ႕ပါးစပ္ေတြ၊အေရျပားေပၚေတြ၊အစာအိမ္နဲ႔အူလမ္းေၾကာင္းအထဲမွာနဲ႔အမ်ိဳးသမီးေတြရဲ႕ ေမြးလမ္းေၾကာင္းမွာလည္းရွိေနတတ္ပါတယ္။ပုံမွန္ကိုယ္ခံအား ေကာင္းေနတဲ့ အခ်ိန္မွာေတာ့ဘာဒုကၡမွမေပးပါဘူး။ ဒါေပမယ့္ ကိုယ္ခံအားနည္းေနတဲ့အခ်ိန္၊ အသက္အ႐ြယ္ အရမ္းႀကီးတဲ့ လူႀကီးေတြ၊အရမ္းငယ္လြန္းတဲ့ကေလးေတြ၊အမ်ိဳးသမီးေတြမွာဆိုရင္ကိုယ္ဝန္ေဆာင္ ေနတဲ့အခ်ိန္ ေသြးဆုံးတဲ့အခ်ိန္နဲ႔ဆီးခ်ိဳေရာဂါရွိရင္ ေရာဂါလကၡဏာေတြျပတတ္ပါတယ္။ဆီးပိုက္အၾကာႀကီးတပ္ထားရတဲ့လူနာေတြမွာလည္းေတြ႕ရတတ္ပါတယ္။HIV/AIDS ေရာဂါသည္ေတြနဲ႔Leukaemiaလို႔ေခၚတဲ့ ေသြးကင္ဆာေရာဂါသည္ေတြမွာလည္းကိုယ္ခံအားက်ဆင္းျခင္းရဲ႕အက်ိဳးဆက္အျဖစ္မႈိေတြအဆင္မတန္ပြားမ်ားလာၿပီး ေရာဂါဆိုးဆိုး႐ြား႐ြား ျဖစ္ပြားတတ္ပါတယ္။

ဒါနဲ႔ အေဒၚႀကီးကို မိန္းမကိုယ္စစ္ေဆးပါရေစ လို႔ခြင့္ေတာင္းလိုက္ပါတယ္။ ခြင့္မျပဳပါဘူး။ မိန္းကေလး ဆရာဝန္ျဖစ္ေနတာေတာင္မွပါ။ ဒီလို လူနာသည္နဲ႔ဆရာဝန္ၾကား ေျဖရွင္းရမယ့္ ေျဖရွင္းသင့္တဲ့ အရာေတြ ကလည္း ေရာဂါရွာေဖြေရး ကုသေရးေတြမွာ မ်ားစြာ အေရးပါပါတယ္။ ယခုလူနာလို အျဖဴအဖတ္ေတြ အမ်ားႀကီးဆင္းတာ၊ အရမ္းကိုယားယံေနတတ္တာ၊ မိန္းမကိုယ္က နာေနတယ္လို႔ ေျပာေန႐ုံနဲ႔ မႈိေရာဂါလို႔ ဆရာဝန္ေတြသိေပမယ့္လည္း ဆရာဝန္ေတြ အေနနဲ႔ ေမြးလမ္းေၾကာင္းတစ္ေလွ်ာက္ေယာင္ရမ္းေနတာ ရွိ မရွိ၊ နီရဲေနတာရွိ မရွိ၊ ယားလြန္းလို႔ ကုတ္တာမ်ားသြားၿပီး စုုတ္ၿပဲဒဏ္ရာရွိ မရွိ၊ တျခားေရာဂါေတြရွိ ႏိုင္မရွိႏိုင္ အစရွိတာေတြကိုကိုယ္တိုင္မ်က္စိနဲ႔ ေသခ်ာစြာစမ္းသပ္ၾကည့္ၿပီးမွသာထိေရာက္တဲ့ ကုသမႈမ်ိဳးကို ေပးႏိုင္မယ္လို႔ အာမခံခ်က္ရွိပါတယ္။ ျမန္မာႏိုင္ငံမွာ ရွိတဲ့ အမ်ိဳးသမီးလူနာအမ်ားစုက ရွက္တတ္ၾကပါတယ္။အိမ္ေထာင္မရွိတဲ့အပ်ိဳႀကီးေတြငယ္ငယ္႐ြယ္႐ြယ္အပ်ိဳေလးေတြဆိုပိုရွက္တတ္ၾကပါတယ္။ဆရာဝန္ကိုမျပခ်င္ၾကပါဘူး။ဒီလိုနဲ႔မလိုလားအပ္တဲ့ဆိုးက်ိဳးေတြေပၚလာမွကိုယ္က်ိဳးနည္းကုန္ၾကရင္မခက္လားရွင္။တကယ္လို႔ဒီလိုရွက္တတ္တယ္ဆိုရင္လည္းအမ်ိဳးသမီးဆရာဝန္ေတြဆီေတာ့အနည္းဆုံးေရာက္အာင္ သြားသင့္လွပါတယ္။
ဒီလိုနဲ႔ပဲ ကြၽန္မရဲ႕လူနာကို မစစ္ေဆးရတာ့လည္း ကုေတာ့ကုရဦးမွာပါပဲ။ ဆီးခ်ိဳျဖစ္ေနတယ္ဆိုလို႔ရွိရင္ မႈိေရာဂါကိုတၿပိဳင္တည္းကုသေနတဲ့အခ်ိန္မွာ ဆီးခ်ိဳေရာဂါကိုလည္း တၿပိဳင္တည္းကုသရပါမယ္။ မႈိေရာဂါ အတြက္ေသာက္ေဆးေတြေပးလိုက္ရင္း ဆီးခ်ိဳေရာဂါအတြက္ ေဆးေတြကိုပါေပးလိုက္ရပါမယ္။ ဆီးခ်ိဳ ေရာဂါ ရွိေနတဲ့သူတစ္ေယာက္ ဘယ္လိုျပဳမူေနထိုင္သင့္တယ္၊ ဘယ္လိုစားေသာက္ရမယ္ ဆိုတာေတြကိုပါ ရွင္းျပ ရပါတယ္။ ဆီးခ်ိဳကို ထိန္းခ်ဳပ္ဖို႔ အစားအစာကလည္းအေရးႀကီးပါတယ္။

ေနာက္ဆုံးနဲ႔ အေရးႀကီးဆုံး တစ္ခ်က္ကေတာ့ မိန္းမကိုယ္မႈိေရာဂါ ႀကိဳတင္ကာကြယ္ေရးအပိုင္းနဲ႔လည္း သက္ဆိုင္ပါတယ္။အမ်ိဳးသမီးေတြအေနနဲ႔အတြင္းခံေဘာင္းဘီနဲ႔ထမီေတြကိုသန႔္သန႔္ရွင္းရွင္းနဲ႔ ေလွ်ာ္ဖြတ္ရပါမယ္။ ဒါ့အျပင္ ေနေရာင္ေအာက္ခံမွာ အေျခာက္ခံၿပီး မီးပူေသခ်ာ တိုက္ၿပီးမွ ဝတ္ဆင္တာဟာ အေကာင္းဆုံးျဖစ္ပါတယ္။အတြင္းခံေဘာင္းဘီေတြကိုလည္းတစ္ေန႔တစ္ထည္လဲဝတ္ပါ။ ေနာက္တစ္ေန႔ ျပန္ဝတ္ရင္ အဆင္မေျပပါဘူး။ ညအိပ္တဲ့ အခ်ိန္မွာ လည္း အတြင္းခံ မခံရင္အေကာင္းဆုံးပါ။ ညအိပ္ထမီ ကိုလည္း တစ္ေန႔တစ္ထည္ လဲဝတ္ရပါမယ္။
အိမ္ေထာင္ရွိတဲ့အမ်ိဳးသမီးေတြ မႈိေရာဂါရွိေနတဲ့အခ်ိန္ ဆိုရင္ ေတာ့ အိမ္ေထာင္ဖက္နဲ႔ အတူေနတဲ့ အခ်ိန္ေတြမွာcondomသုံးေပးရပါမယ္။နိဂုံးခ်ဳပ္အေနနဲ႔ကေတာ့မႈိေရာဂါဆိုတာကုသလို႔ရတဲ့ေရာဂါ ျဖစ္တဲ့အတြက္ေၾကာင့္ ေရာဂါျဖစ္ပြားရင္ ရွက္ေၾကာက္မေနပဲ နီးစပ္ရာ ဆရာဝန္နဲ႔ျပသၿပီး ကုသမႈခံယူ သင့္ေၾကာင္း တိုက္တြန္းလိုက္ပါတယ္။ ႐ႊင္လန္းခ်မ္းေျမ့ၾကပါေစ။

AUTHOR – ေဒါက္တာေအးခ်မ္းမိုး

(Unicode)

တစ်ရက် ညနေခင်းဆေးခန်းပိတ်ခါနီးအချိန် ကျွန်မရဲ့ဆေးခန်းထဲကို အမျိုးသမီးတစ်ယောက် အမော တကောနဲ့ဝင်လာတယ်။အသက်ကလေးဆယ်လောက်ရှိမယ်လို့ခန့်မှန်းရပြီး ဖြူဖြူဝဝခန့်ခန့်ကြီးပါ။

အမောခဏဖြေပြီးတော့သူက”ဆရာမရေနားနဲ့မနာဖဝါးနဲ့သာနာပါ။ ဒီကိစ္စမျိုးဖြစ်လို့လည်း ဆေးခန်းပိတ်ချိန် ရွေးပြီးလာရတာ။ ဖြစ်တဲ့ရောဂါကတော့ကျွန်မရဲ့မိန်းမကိုယ်ကနေ အဖြူအဖတ်အဖတ်တွေဆင်းနေလို့ပါ။ယားလည်းယားတယ်။ တခါတလေကျရင်မခံမရပ်နိုင်လောက်အောင်ကိုယားတယ်။တစ်ချိန်လုံးကိုကုတ်ချင် နေတော့တာပဲ။ အဆိုးဆုံးအချိန်ကတော့ဓမ္မတာလာခါနီးအချိန်။ယားတာကလူကြားသူကြားထဲတောင်မထွက်ရဲလောက်အောင်ကိုပဲ။ယားတော့တခါတခါကုတ်လည်းကုတ်မိတယ်။ ကုတ်တော့ တချို့နေရာ တွေဆို နာတောင်နာနေတယ်။ ဒီလိုဖြစ်နေတာ ၂ လ၊ ၃ လလောက်တော့ရှိပြီ။ တဖြည်းဖြည်းနဲ့ ပိုဆိုးလာပါတယ်။ဆီးသွားရင်း ဆီးကျင်နေတာလည်း တစ်ပတ်လောက်ရှိပြီ။ အနံ့ကတော့ ဆိုးဆိုးရွားရွားကြီး မနံဘူး။ ကျွန်မက အပျိုကြီးပါ။ အနံ့သာနံရင်ကျွန်မတော့ ရှက်လို့သေမှာပဲ ” ဆိုပြီးဖြစ်ကြောင်းကုန်စင် ရှင်းပြပါတယ်။

ဒါနဲ့အရင်ဆုံးအန်တီ့မှာအရင်ကဘာရောဂါတွေဖြစ်ဖူးလဲလို့မေးတော့တစ်ခါမှကြီးကြီးမားမားမဖြစ်ဖူးဘူး။ ဆေးလည်းမစစ်ဖူးဘူးတဲ့။စမ်းသပ်ကြည့်တော့လည်းသွေးပေါင်ချိန်ကပုံမှန်။ လက်ထိပ်ဖောက်ပြီးသွေးစစ်ကြည့်တော့မှ သွေးတွင်းသကြားဓာတ်ကအဆမတန်ကိုတက်နေတာ တွေ့ရပါတယ်။ ဒါနဲ့ ထမင်းဘယ်အချိန်ကစားခဲ့လဲဆိုတော့ စားပြီးတာ သုံးနာရီလောက်ရှိပါပြီတဲ့။ ဟုတ်လည်း ဟုတ်တယ်။ လာပြတဲ့အချိန်က ကိုးနာရီကျော်နေပြီ။ ဒါဆို ဆီးချိုစဖြစ်နေပြီလို့ပြောလို့ရနေပြီ။ သာမန်လူတွေ ထင်တတ်ကြတာက ဆီးထဲမှာ သကြားဓာတ်များနေမှ ဆီးချိုလို့ပါ။ ဒါပေမယ့် သွေးထဲမှာ သကြားဓာတ် များနေတာက ဆီးချိုရောဂါဖြစ်ပါတယ်။ အဒေါ်ကြီးကို ဆီးချိုစစ်ဖူးလားလို့ မေးတော့ မစစ်ဖူးပါဘူးတဲ့။ သူ့ရဲ့ မိန်းမကိုယ်ကနေအဖြူဖတ်ဆင်းပြီး ယားတဲ့ လက္ခဏာ ရဲ့ယေဘုယျကောက်ချက်တော့ဆွဲလို့ရပါပြီ။

ရောဂါကမိန်းမကိုယ်မှာမှိုရောဂါစွဲကပ်တာပါ။Candidaဆိုတဲ့မှိုတစ်မျိုးကြောင့် ဖြစ်ပွားတာဖြစ်နိုင်ပါတယ်။ ရောဂါကို တော့ Candidiasis လို့ခေါ်ပါတယ်။ Candida မှိုဟာပတ်ဝန်းကျင်မှာ နေရာတိုင်းမှာရှိတတ်ပါတယ်။ ဒါ့အပြင်လူတွေရဲ့ပါးစပ်တွေ၊အရေပြားပေါ်တွေ၊အစာအိမ်နဲ့အူလမ်းကြောင်းအထဲမှာနဲ့အမျိုးသမီးတွေရဲ့ မွေးလမ်းကြောင်းမှာလည်းရှိနေတတ်ပါတယ်။ပုံမှန်ကိုယ်ခံအား ကောင်းနေတဲ့ အချိန်မှာတော့ဘာဒုက္ခမှမပေးပါဘူး။ ဒါပေမယ့် ကိုယ်ခံအားနည်းနေတဲ့အချိန်၊ အသက်အရွယ် အရမ်းကြီးတဲ့ လူကြီးတွေ၊အရမ်းငယ်လွန်းတဲ့ကလေးတွေ၊အမျိုးသမီးတွေမှာဆိုရင်ကိုယ်ဝန်ဆောင် နေတဲ့အချိန် သွေးဆုံးတဲ့အချိန်နဲ့ဆီးချိုရောဂါရှိရင် ရောဂါလက္ခဏာတွေပြတတ်ပါတယ်။ဆီးပိုက်အကြာကြီးတပ်ထားရတဲ့လူနာတွေမှာလည်းတွေ့ရတတ်ပါတယ်။HIV/AIDS ရောဂါသည်တွေနဲ့Leukaemiaလို့ခေါ်တဲ့ သွေးကင်ဆာရောဂါသည်တွေမှာလည်းကိုယ်ခံအားကျဆင်းခြင်းရဲ့အကျိုးဆက်အဖြစ်မှိုတွေအဆင်မတန်ပွားများလာပြီး ရောဂါဆိုးဆိုးရွားရွား ဖြစ်ပွားတတ်ပါတယ်။

ဒါနဲ့ အဒေါ်ကြီးကို မိန်းမကိုယ်စစ်ဆေးပါရစေ လို့ခွင့်တောင်းလိုက်ပါတယ်။ ခွင့်မပြုပါဘူး။ မိန်းကလေး ဆရာဝန်ဖြစ်နေတာတောင်မှပါ။ ဒီလို လူနာသည်နဲ့ဆရာဝန်ကြား ဖြေရှင်းရမယ့် ဖြေရှင်းသင့်တဲ့ အရာတွေ ကလည်း ရောဂါရှာဖွေရေး ကုသရေးတွေမှာ များစွာ အရေးပါပါတယ်။ ယခုလူနာလို အဖြူအဖတ်တွေ အများကြီးဆင်းတာ၊ အရမ်းကိုယားယံနေတတ်တာ၊ မိန်းမကိုယ်က နာနေတယ်လို့ ပြောနေရုံနဲ့ မှိုရောဂါလို့ ဆရာဝန်တွေသိပေမယ့်လည်း ဆရာဝန်တွေ အနေနဲ့ မွေးလမ်းကြောင်းတစ်လျှောက်ယောင်ရမ်းနေတာ ရှိ မရှိ၊ နီရဲနေတာရှိ မရှိ၊ ယားလွန်းလို့ ကုတ်တာများသွားပြီး စုုတ်ပြဲဒဏ်ရာရှိ မရှိ၊ တခြားရောဂါတွေရှိ နိုင်မရှိနိုင် အစရှိတာတွေကိုကိုယ်တိုင်မျက်စိနဲ့ သေချာစွာစမ်းသပ်ကြည့်ပြီးမှသာထိရောက်တဲ့ ကုသမှုမျိုးကို ပေးနိုင်မယ်လို့ အာမခံချက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ အမျိုးသမီးလူနာအများစုက ရှက်တတ်ကြပါတယ်။အိမ်ထောင်မရှိတဲ့အပျိုကြီးတွေငယ်ငယ်ရွယ်ရွယ်အပျိုလေးတွေဆိုပိုရှက်တတ်ကြပါတယ်။ဆရာဝန်ကိုမပြချင်ကြပါဘူး။ဒီလိုနဲ့မလိုလားအပ်တဲ့ဆိုးကျိုးတွေပေါ်လာမှကိုယ်ကျိုးနည်းကုန်ကြရင်မခက်လားရှင်။တကယ်လို့ဒီလိုရှက်တတ်တယ်ဆိုရင်လည်းအမျိုးသမီးဆရာဝန်တွေဆီတော့အနည်းဆုံးရောက်အာင် သွားသင့်လှပါတယ်။
ဒီလိုနဲ့ပဲ ကျွန်မရဲ့လူနာကို မစစ်ဆေးရတာ့လည်း ကုတော့ကုရဦးမှာပါပဲ။ ဆီးချိုဖြစ်နေတယ်ဆိုလို့ရှိရင် မှိုရောဂါကိုတပြိုင်တည်းကုသနေတဲ့အချိန်မှာ ဆီးချိုရောဂါကိုလည်း တပြိုင်တည်းကုသရပါမယ်။ မှိုရောဂါ အတွက်သောက်ဆေးတွေပေးလိုက်ရင်း ဆီးချိုရောဂါအတွက် ဆေးတွေကိုပါပေးလိုက်ရပါမယ်။ ဆီးချို ရောဂါ ရှိနေတဲ့သူတစ်ယောက် ဘယ်လိုပြုမူနေထိုင်သင့်တယ်၊ ဘယ်လိုစားသောက်ရမယ် ဆိုတာတွေကိုပါ ရှင်းပြ ရပါတယ်။ ဆီးချိုကို ထိန်းချုပ်ဖို့ အစားအစာကလည်းအရေးကြီးပါတယ်။

နောက်ဆုံးနဲ့ အရေးကြီးဆုံး တစ်ချက်ကတော့ မိန်းမကိုယ်မှိုရောဂါ ကြိုတင်ကာကွယ်ရေးအပိုင်းနဲ့လည်း သက်ဆိုင်ပါတယ်။အမျိုးသမီးတွေအနေနဲ့အတွင်းခံဘောင်းဘီနဲ့ထမီတွေကိုသန့်သန့်ရှင်းရှင်းနဲ့ လျှော်ဖွတ်ရပါမယ်။ ဒါ့အပြင် နေရောင်အောက်ခံမှာ အခြောက်ခံပြီး မီးပူသေချာ တိုက်ပြီးမှ ဝတ်ဆင်တာဟာ အကောင်းဆုံးဖြစ်ပါတယ်။အတွင်းခံဘောင်းဘီတွေကိုလည်းတစ်နေ့တစ်ထည်လဲဝတ်ပါ။ နောက်တစ်နေ့ ပြန်ဝတ်ရင် အဆင်မပြေပါဘူး။ ညအိပ်တဲ့ အချိန်မှာ လည်း အတွင်းခံ မခံရင်အကောင်းဆုံးပါ။ ညအိပ်ထမီ ကိုလည်း တစ်နေ့တစ်ထည် လဲဝတ်ရပါမယ်။
အိမ်ထောင်ရှိတဲ့အမျိုးသမီးတွေ မှိုရောဂါရှိနေတဲ့အချိန် ဆိုရင် တော့ အိမ်ထောင်ဖက်နဲ့ အတူနေတဲ့ အချိန်တွေမှာcondomသုံးပေးရပါမယ်။နိဂုံးချုပ်အနေနဲ့ကတော့မှိုရောဂါဆိုတာကုသလို့ရတဲ့ရောဂါ ဖြစ်တဲ့အတွက်ကြောင့် ရောဂါဖြစ်ပွားရင် ရှက်ကြောက်မနေပဲ နီးစပ်ရာ ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူ သင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။

AUTHOR – ဒေါက်တာအေးချမ်းမိုး

Previous Post

အာသီးရောင်ခြင်း အပိုင်း (၁)

Next Post

ဝက်ခြံတွေ ဘာလို့မပျောက်သေးတာလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဝက်ခြံတွေ ဘာလို့မပျောက်သေးတာလဲ

ကပ်ဘေးသဖွယ်ဖြစ်လာသော စိတ်ကစဉ့်ကလျားဖြစ်မှုဝေဒနာ

အာသီးရောင်ခြင်း (အပိုင်း ၂)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.